အေထြအေထြဗဟုသုတ

ေနာက္ဆုံးပို႔ေဆာင္ဖို႔ လာႀကိဳသည့္သူႏွင့္အတူ..မိန္းကေလးတစ္ေယာက္ေသဆံုးသြားသည္…..

ေနာက္ဆုံးပို႔ေဆာင္ဖို႔ လာႀကိဳသည့္သူႏွင့္အတူ..မိန္းကေလးတစ္ေယာက္ေသဆံုးသြားသည္။

 

သူ … ဒါကို သတိထားမိတဲ့အခ်ိန္ ေသမင္းဟုယူဆရသည့္ ဝတ္ရံုနက္ျခံဳထားေသာလူႀကီးက သူ႔ေဘးေရာက္ႏွင့္ေနၿပီ၊

လက္ထဲမွာလည္း တစ္ဖက္က သူကိုင္ေနက် တူရႊင္းအ႐ွည္ႀကီးႏွင့္

ေနာက္တစ္ဖက္မွာ လက္ဆြဲေသတၱာေလးတစ္ခုႏွင့္

ေသမင္းက …ထိုမိန္းကေလးကုိေျပာသည္၊”လာ … ကေလးမေလး သြားဖို႔အခ်ိ္န္တန္ၿပီ

မိန္းကေလး

“ဟင္ … ျမန္လိုက္တာ … သမီးမွာ လုပ္စရာ အစီအစဥ္ေတြအမ်ားႀကီးက်န္ေသးတယ္၊

ေသမင္း

“တကယ္စိတ္မေကာင္းပါဘူး။ အခ်ိန္မ႐ွိေတာ့လို႔ပါ …

မိန္းကေလး

“ဦးလက္ထဲက ေသတၱာထဲမွာ …ဘာေတြထည့္ထားတာလဲ?”

ေသမင္း

“မင္းနဲ႔ ဆိုင္တဲ့ ဥစၥာေတြ”

မိန္းကေလး

“သမီးနဲ႔ ဆိုင္တဲ့ ဥစၥာေတြ ဟုတ္လား ? ဦးဆိုလိုတာ သမီးရဲ႕အဝတ္အစားေတြ၊ ေရႊေတြ ေငြေတြကုိလား …”

ေသမင္း

“အဲဒီဥစၥာေတြက မင္းနဲ႔ အစကတည္းက မဆိုင္ခဲ့ဘူး … အဲဒါေတြက ကမာၻႀကီးနဲ႔ပဲဆိုင္တာ

မိန္းကေလး – “ဒါဆို သမီးရဲ႕ မွတ္ဉာဏ္ေတြလား

ေသမင္း – “မွတ္ဉာဏ္က …အခ်ိန္နဲ႔ပဲဆိုင္တာ”

မိန္းကေလး – “ဒါဆို သမီးရဲ႕ ပညာလား”

ေသမင္း – “ပညာက…ပတ္ဝန္းက်င္နဲ႔ပဲ ဆိုင္ခဲ့တာ”

မိန္းကေလး – “ဒါဆို သမီးရဲ႕ မိတ္ေဆြေတြလား”

ေသမင္း – “မဟုတ္ဘူး… မိတ္ေဆြေတြက မင္းျဖတ္သန္းလာခဲ့တဲ့ဘဝရဲ႕ဧည့္သည္ေတြ

မိန္းကေလး – “ဒါဆို သမီးရဲ႕ ခ်စ္သူ လား”

ေသမင္း – “မဟုတ္ဘူး … သူက မင္းရဲ႕ အေတြးနဲ႔ပဲဆိုင္ခဲ့တာ

မိန္းကေလး – “ဒါဆို က်ိန္းေသၿပီ၊ အထဲထဲမွာ သမီးရဲ႕ ခႏၶာကိုယ္ပဲျဖစ္ရမယ္

ေသမင္း -“ဟင့္အင္း … ခႏၶာကိုယ္က ေျမမွဳန္နဲ႔ပဲဆိုင္တာ

မိန္းကေလး – “ဒါဆို ေနာက္ဆံုးျဖစ္တဲ့ သမီးရဲ႕ဝိညဥ္လား

ေသမင္း – “သနားစရာေကာင္းတဲ့ မိန္းကေလးရယ္ … မင္းရဲ႕ ဝိညဥ္က ငါနဲ႔ပဲဆိုင္တာ”

မိန္းကေလး မ်က္ႏွာမွာ အေၾကာက္တရားေတြနဲ႔ ျပည့္လာေနခဲ့ၿပီးေဇာေခြၽးျပန္လာသည္၊

သူ မေစာင့္နိဳင္ေတာ့ဘဲ ေသမင္းလက္ထဲက ေသတၱာေလးက္ိုဆြဲယူဖြင့္လိုက္သည္

အထဲမွာ ဘာမွ မပါ၊ ဗလာနတၱိျဖစ္ေနသည္။သူ အသည္းကြဲသြားသည္။မ်က္ရည္အျပည့္နဲ႔ ေသမင္းကို ေမးလိုက္သည္။

မိန္းကေလး – “သမီး ဘယ္တုန္းကမွ …ဘာမွ မပိုင္ဆိုင္ခဲ့ဘူးေပါ့ေလဟုတ္သလား …”

ေသမင္း – “ဟုတ္တယ္ … မင္း ဘယ္တုန္းကမွ ဘယ္အရာမွ မပိုင္ဆိုင္ခဲ့ဘူး”

မိန္းကေလး – “ဒါဆို ဘယ္အရာက …သမီးနဲ႔ ဆိုင္ခဲ့သလဲ …”

ေသမင္း – “မင္းရဲ႕ စကၠန္႔တိုင္း၊ မိနစ္တိုင္း၊မင္း အသက္႐ွိစဥ္အခါက မင္းရဲ႕ စကၠန္႔တိုင္း၊ မိနစ္တိုင္းကို မင္းပိုင္ဆိုင္ခဲ့တယ္၊

လူဘဝဆိုတာ မ်က္ေတာင္ တစ္ခ်က္ခတ္တိုင္းမွာ ျဖစ္ပ်က္သြားၾကတာပဲေလ”တဲ့ …။

မွတ္ခ်က္ ။ ။ေသမင္းသည္ သင္တို႔ထင္ခဲ့သလို ေၾကာက္မက္ဖြယ္ရာေကာင္းေသာသူမဟုတ္ပါ၊သင့္ရဲ႕ ေနာက္ဆံုးခရီးကိုလိုက္လံပို႔ေဆာင္ဖို႔ လာႀကိဳသည့္ သူသာပင္။

သင့္ရဲ႕ …စကၠန္႔တိုင္း၊ မိနစ္တိုင္းကို ေကာင္းေကာင္း တန္ဖိုးထားပါ။အသက္ကို တန္ဖိုးထားပါ။အသက္မွာ ေပ်ာ္ရႊင္ပါ။အသက္ကို ႐ွင္သန္ပါ။

ေသမင္းေသတၱာထဲမွာထည့္သြားနိဳင္တဲ့ …ဒါန၊သီလ၊ဘာဝနာ မ်ားကို ျပဳပါ။

Credit

ေလးစားစြာျဖင့္…

ေဇာ္လိွဳင္းထက္{တေကာင္းသား}

Unicode

နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ..မိန်းကလေးတစ်ယောက်သေဆုံးသွားသည်…..

 

နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ..မိန်းကလေးတစ်ယောက်သေဆုံးသွားသည်။

သူ … ဒါကို သတိထားမိတဲ့အချိန် သေမင်းဟုယူဆရသည့် ဝတ်ရုံနက်ခြုံထားသောလူကြီးက သူ့ဘေးရောက်နှင့်နေပြီ၊

လက်ထဲမှာလည်း တစ်ဖက်က သူကိုင်နေကျ တူရွှင်းအရှည်ကြီးနှင့်

နောက်တစ်ဖက်မှာ လက်ဆွဲသေတ္တာလေးတစ်ခုနှင့်

သေမင်းက …ထိုမိန်းကလေးကိုပြောသည်၊”လာ … ကလေးမလေး သွားဖို့အချိန်တန်ပြီ

မိန်းကလေး

“ဟင် … မြန်လိုက်တာ … သမီးမှာ လုပ်စရာ အစီအစဉ်တွေအများကြီးကျန်သေးတယ်၊

သေမင်း

“တကယ်စိတ်မကောင်းပါဘူး။ အချိန်မရှိတော့လို့ပါ …

မိန်းကလေး

“ဦးလက်ထဲက သေတ္တာထဲမှာ …ဘာတွေထည့်ထားတာလဲ?”

သေမင်း

“မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ”

မိန်းကလေး

“သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ? ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊ ရွှေတွေ ငွေတွေကိုလား …”

သေမင်း

“အဲဒီဥစ္စာတွေက မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး … အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲဆိုင်တာ

မိန်းကလေး “ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား

သေမင်း “မှတ်ဉာဏ်က …အချိန်နဲ့ပဲဆိုင်တာ”

မိန်းကလေး “ဒါဆို သမီးရဲ့ ပညာလား”

သေမင်း “ပညာက…ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ”

မိန်းကလေး “ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား”

သေမင်း – “မဟုတ်ဘူး… မိတ်ဆွေတွေက မင်းဖြတ်သန်းလာခဲ့တဲ့ဘဝရဲ့ဧည့်သည်တွေ

မိန်းကလေး “ဒါဆို သမီးရဲ့ ချစ်သူ လား”

သေမင်း – “မဟုတ်ဘူး … သူက မင်းရဲ့ အတွေးနဲ့ပဲဆိုင်ခဲ့တာ

မိန်းကလေး “ဒါဆို ကျိန်းသေပြီ၊ အထဲထဲမှာ သမီးရဲ့ ခန္ဓာကိုယ်ပဲဖြစ်ရမယ်

သေမင်း -“ဟင့်အင်း … ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲဆိုင်တာ

မိန်းကလေး – “ဒါဆို နောက်ဆုံးဖြစ်တဲ့ သမီးရဲ့ဝိညဉ်လား

သေမင်း – “သနားစရာကောင်းတဲ့ မိန်းကလေးရယ် … မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ”

မိန်းကလေး မျက်နှာမှာ အကြောက်တရားတွေနဲ့ ပြည့်လာနေခဲ့ပြီးဇောချွေးပြန်လာသည်၊

သူ မစောင့်နိုင်တော့ဘဲ သေမင်းလက်ထဲက သေတ္တာလေးကိုဆွဲယူဖွင့်လိုက်သည်

အထဲမှာ ဘာမှ မပါ၊ ဗလာနတ္တိဖြစ်နေသည်။သူ အသည်းကွဲသွားသည်။မျက်ရည်အပြည့်နဲ့ သေမင်းကို မေးလိုက်သည်။

မိန်းကလေး – “သမီး ဘယ်တုန်းကမှ …ဘာမှ မပိုင်ဆိုင်ခဲ့ဘူးပေါ့လေဟုတ်သလား …”

သေမင်း – “ဟုတ်တယ် … မင်း ဘယ်တုန်းကမှ ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး”

မိန်းကလေး – “ဒါဆို ဘယ်အရာက …သမီးနဲ့ ဆိုင်ခဲ့သလဲ …

သေမင်း – “မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊မင်း အသက်ရှိစဉ်အခါက မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မင်းပိုင်ဆိုင်ခဲ့တယ်၊

လူဘဝဆိုတာ မျက်တောင် တစ်ချက်ခတ်တိုင်းမှာ ဖြစ်ပျက်သွားကြတာပဲလေ”တဲ့ …။

မှတ်ချက် ။ ။သေမင်းသည် သင်တို့ထင်ခဲ့သလို ကြောက်မက်ဖွယ်ရာကောင်းသောသူမဟုတ်ပါ၊သင့်ရဲ့ နောက်ဆုံးခရီးကိုလိုက်လံပို့ဆောင်ဖို့ လာကြိုသည့် သူသာပင်။

သင့်ရဲ့ …စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းကောင်း တန်ဖိုးထားပါ။အသက်ကို တန်ဖိုးထားပါ။အသက်မှာ ပျော်ရွှင်ပါ။အသက်ကို ရှင်သန်ပါ။

သေမင်းသေတ္တာထဲမှာထည့်သွားနိုင်တဲ့ …ဒါန၊သီလ၊ဘာဝနာ များကို ပြုပါ။

Credit

လေးစားစွာဖြင့်…

ဇော်လှိုင်းထက်{တကောင်းသား}