ဘာကြောင့်ဘုရားပန်းကပ်ရတာလဲ
ကျွန်တော်တို့အိမ်ကဘုရားစင်မှာ ဘုရားပန်းကပ်ကြတဲ့ဓလေ့ရှိပါတယ် အနံ့ရှိတဲ့ပန်း မရှိတဲ့ပန်း…ပန်းအလှ…အောင်သပြေ.စတဲ့ပန်းတွေထိုးကြတယ်
အဓိက က ဘာကြောင့်ဘုရားပန်းကပ်ကြရတာလဲ…..
မြတ်စွာဘုရားကပန်းကြိုက်လို့လား ပန်းကမွေးတဲ့အနံ့ကိုဘုရားကကြိုက်တာလား … ဒါမှမဟုတ်…. ဘုရားစင်လှနေအောင်လို့လား…..
ဘာသာခြားတစ်ချို့ကပြောလေ့ရှိတယ်မင်းတို့ဘုရားကပန်းကြိုက်တယ်….ငါတို့ဘုရားဆိုဘာပန်းမှမကြိုက်ဘူးဆိုပြီးပြောတတ်တယ်….
ကျွန်တေယ်လည်းငယ်ငယ်ကဆို အဲ့လိုအတွေးတစ်ချို့တွေးဖူးပါတယ်…ဘုရားက ပန်းမန်နံ့သာကိုတောင်မဆွတ်ဖြန်းရဘူးလို့ ကိုးပါးသောသီလမှာဟောကြားခဲ့ဖူးတယ်….
ဘာကြောင့်ငါတို့ပန်းကပ်စရာလိုသလဲလို့ပေါ့လေ
ကျွန်တော်အိမ်ဘုရားစင်မှာပန်းကပ်လေ့မရှိခဲ့ဘူး …
တစ်ခါသာတော့ဒီကိစ္စအမေနဲ့အကြီးအကျယ်အငြင်စအခုန်ဖြစ်ကြတယ်….ကျွန်တော်ကတော့ဘုရားပန်းကပ်စရာမလိုဘူးပေါ့လေ….အမေကရှင်းပြပါတယ်….
အမေကတော့ ဗုဒ္ဓဘာသာကို အကြွင်းမဲ့ယုံကြည်သူဆိုတော့ ပန်းကပ်တဲ့ဘက်ကပေါ့
နောက်ဆုံးအမေ့ရဲ့ အတွေးအခေါ်ကိုအနည်းငယ်တော့လက်ခံလိုက်ရတယ်
သဒ္ဒါဆိုတဲ့စကားပါပဲ
ကျွန်တော်အသက်ကြီးလာတာနဲ့အမျှတွေးမိတာတွေမှာ … ဒီသဒ္ဒါတရားဆိုတာလေးယှဉ်တွေးတတ်လာတယ်
သဒ္ဒါတရားဆိုတာ …စိတ်နှလုံးက အတိုင်းအဆမရှိထွက်ပေါ်လာတဲ့ ပေးကမ်းချင်စိတ်လှူဒါန်းချင်စိတ်…သာဖြစ်ပါတယ်….
သဒ္ဒါစိတ်များရင် ကိုယ့်ဝတ်ထားတာတွေတောင်ချွတ်လှူချင်တဲ့စိတ်ဖြစ်ဖူးမှာပါ
တကယ်တော့ကျွန်တော်တို့ဘုရားကိုပန်းကပ်တာဟာ … ဘုရားရှင်ကပန်းကြိုက်လို့လဲမဟုတ်ပါဘူး ပန်းရနံ့ကိုဘုရားကကြိုက်တာကြောင့်လည်းမဟုတ်ပါဘူး ဘုရားစင်တင့်တယ်ချင်လို့လည်းမဟုတ်ပါဘူး
မိမိရဲ့စိတ်ကဖြစ်ပေါ်လာတဲ့ ဘုရားရှင်အပေါ်ကြည်ညိုစိတ်ကြောင့်…. ကိုယ့်လှမယ်လို့ထင်တဲ့ပန်းနံ့သာတွေကို ကပ်ကြတာပါ…
နောက်ပြီးဒီသဒ္ဒါစိတ်ကြောင့်ပဲ….ဘုရားရဲ့အနားမှာအနံ့ဆိုးတွေမရှိအောင်အမွေးနံ့သာပါတဲ့ပန်းကိုကပ်ကြတယ်….
ဒီသေဘာပါပဲ..
ကိုယ်စိတ်ရဲ့သဒ္ဒါသာဖြစ်ပါတယ် …. ဘုရားရှင်ကြိုက်ခြင်းမကြိုက်ခြင်းနဲ့မဆိုင်ပါဘူး ….
သစ္စာလေးပါးကို…. ဆရာမကူပဲသိနိုင်တဲ့အင်အားဉာပညာကိုလေးစားကြည်ညိုလွန်းလို့ဖြစ်ခါတဲ့သဒ္ဒါတရားသာဖြစ်ပါတယ်
ဒီနောက်ပိုင်းတော့ ကျွန်တော်သဒ္ဒါတရားဖြစ်မိတိုင်းဘုရားရှင်ကို ပန်းကပ်ဖြစ်ပါတယ်
ပန်းမကပ်လို့ရောဘာဖြစ်သလဲဆို ဘာမှမဖြစ်ပါဘူး
တကယ်တမ်းတော့သဒ္ဒါတရားပါပဲ….ကိုယ့်ကြည်ညိုလွန်းသူကို ကျေးဇူးရှိသူကိုသဒ္ဒါစိတ်နဲ့ ကိုယ်လှမယ်ထင်တဲ့အရာတွေ….တန်ဖိုးရှိမယ်ထင်တဲ့အရာတွေကို သဒ္ဒါကြောင့်လှူပစ်တာပါပဲ
ဘုရားမှာနာရီတွေချွတ်လှူတာ ဝတ်ထားတဲ့လက်စွတ်တွေချွတ်လှူတယလည်းဒီစိတ်ပါပဲ ဘုရားနဲ့အသုံးတည့်တာမတည့်တာထက်…..စိတ်ကကြည်ညိုလွန်းတာကြောင့်ပေးချင်စိတ်ဖြစ်လာတာဖြစ်ပါတယ်
ဒါဟာ လှူဒါန်းခြင်းဒါနပါရမီရဲ့အလှတရားတစ်ခုပါပဲ
ဒီလောက်ဆို မင်းတို့ဘုရားကပန်းကြိုက်တယ်….ရွှေငွေကြိုက်တယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းရှင်းလောက်မယ်ထင်ပါတယ်
လင်းလွန်းညို
ဓမၼနဒီ
Zawgyi
ဘာေၾကာင့္ဘုရားပန္းကပ္ရတာလဲ
ကြၽန္ေတာ္တို႔အိမ္ကဘုရားစင္မွာ ဘုရားပန္းကပ္ၾကတဲ့ဓေလ့ရွိပါတယ္ အနံ႔ရွိတဲ့ပန္း မရွိတဲ့ပန္း…ပန္းအလွ…ေအာင္သေျပ.စတဲ့ပန္းေတြထိုးၾကတယ္
အဓိက က ဘာေၾကာင့္ဘုရားပန္းကပ္ၾကရတာလဲ…..
ျမတ္စြာဘုရားကပန္းႀကိဳက္လို႔လား ပန္းကေမြးတဲ့အနံ႔ကိုဘုရားကႀကိဳက္တာလား … ဒါမွမဟုတ္…. ဘုရားစင္လွေနေအာင္လို႔လား…..
ဘာသာျခားတစ္ခ်ိဳ႕ကေျပာေလ့ရွိတယ္မင္းတို႔ဘုရားကပန္းႀကိဳက္တယ္….ငါတို႔ဘုရားဆိုဘာပန္းမွမႀကိဳက္ဘူးဆိုၿပီးေျပာတတ္တယ္….
ကြၽန္ေတယ္လည္းငယ္ငယ္ကဆို အဲ့လိုအေတြးတစ္ခ်ိဳ႕ေတြးဖူးပါတယ္…ဘုရားက ပန္းမန္နံ႔သာကိုေတာင္မဆြတ္ျဖန္းရဘူးလို႔ ကိုးပါးေသာသီလမွာေဟာၾကားခဲ့ဖူးတယ္….
ဘာေၾကာင့္ငါတို႔ပန္းကပ္စရာလိုသလဲလို႔ေပါ့ေလ
ကြၽန္ေတာ္အိမ္ဘုရားစင္မွာပန္းကပ္ေလ့မရွိခဲ့ဘူး …
တစ္ခါသာေတာ့ဒီကိစၥအေမနဲ႔အႀကီးအက်ယ္အျငင္စအခုန္ျဖစ္ၾကတယ္….ကြၽန္ေတာ္ကေတာ့ဘုရားပန္းကပ္စရာမလိုဘူးေပါ့ေလ….အေမကရွင္းျပပါတယ္….
အေမကေတာ့ ဗုဒၶဘာသာကို အႂကြင္းမဲ့ယုံၾကည္သူဆိုေတာ့ ပန္းကပ္တဲ့ဘက္ကေပါ့
ေနာက္ဆုံးအေမ့ရဲ႕ အေတြးအေခၚကိုအနည္းငယ္ေတာ့လက္ခံလိုက္ရတယ္
သဒၵါဆိုတဲ့စကားပါပဲ
ကြၽန္ေတာ္အသက္ႀကီးလာတာနဲ႔အမွ်ေတြးမိတာေတြမွာ … ဒီသဒၵါတရားဆိုတာေလးယွဥ္ေတြးတတ္လာတယ္
သဒၵါတရားဆိုတာ …စိတ္ႏွလုံးက အတိုင္းအဆမရွိထြက္ေပၚလာတဲ့ ေပးကမ္းခ်င္စိတ္လႉဒါန္းခ်င္စိတ္…သာျဖစ္ပါတယ္….
သဒၵါစိတ္မ်ားရင္ ကိုယ့္ဝတ္ထားတာေတြေတာင္ခြၽတ္လႉခ်င္တဲ့စိတ္ျဖစ္ဖူးမွာပါ
တကယ္ေတာ့ကြၽန္ေတာ္တို႔ဘုရားကိုပန္းကပ္တာဟာ … ဘုရားရွင္ကပန္းႀကိဳက္လို႔လဲမဟုတ္ပါဘူး ပန္းရနံ႔ကိုဘုရားကႀကိဳက္တာေၾကာင့္လည္းမဟုတ္ပါဘူး ဘုရားစင္တင့္တယ္ခ်င္လို႔လည္းမဟုတ္ပါဘူး
မိမိရဲ႕စိတ္ကျဖစ္ေပၚလာတဲ့ ဘုရားရွင္အေပၚၾကည္ညိဳစိတ္ေၾကာင့္…. ကိုယ့္လွမယ္လို႔ထင္တဲ့ပန္းနံ႔သာေတြကို ကပ္ၾကတာပါ…
ေနာက္ၿပီးဒီသဒၵါစိတ္ေၾကာင့္ပဲ….ဘုရားရဲ႕အနားမွာအနံ႔ဆိုးေတြမရွိေအာင္အေမြးနံ႔သာပါတဲ့ပန္းကိုကပ္ၾကတယ္….
ဒီေသဘာပါပဲ..
ကိုယ္စိတ္ရဲ႕သဒၵါသာျဖစ္ပါတယ္ …. ဘုရားရွင္ႀကိဳက္ျခင္းမႀကိဳက္ျခင္းနဲ႔မဆိုင္ပါဘူး ….
သစၥာေလးပါးကို…. ဆရာမကူပဲသိႏိုင္တဲ့အင္အားဉာပညာကိုေလးစားၾကည္ညိဳလြန္းလို႔ျဖစ္ခါတဲ့သဒၵါတရားသာျဖစ္ပါတယ္
ဒီေနာက္ပိုင္းေတာ့ ကြၽန္ေတာ္သဒၵါတရားျဖစ္မိတိုင္းဘုရားရွင္ကို ပန္းကပ္ျဖစ္ပါတယ္
ပန္းမကပ္လို႔ေရာဘာျဖစ္သလဲဆို ဘာမွမျဖစ္ပါဘူး
တကယ္တမ္းေတာ့သဒၵါတရားပါပဲ….ကိုယ့္ၾကည္ညိဳလြန္းသူကို ေက်းဇူးရွိသူကိုသဒၵါစိတ္နဲ႔ ကိုယ္လွမယ္ထင္တဲ့အရာေတြ….တန္ဖိုးရွိမယ္ထင္တဲ့အရာေတြကို သဒၵါေၾကာင့္လႉပစ္တာပါပဲ
ဘုရားမွာနာရီေတြခြၽတ္လႉတာ ဝတ္ထားတဲ့လက္စြတ္ေတြခြၽတ္လႉတယလည္းဒီစိတ္ပါပဲ ဘုရားနဲ႔အသုံးတည့္တာမတည့္တာထက္…..စိတ္ကၾကည္ညိဳလြန္းတာေၾကာင့္ေပးခ်င္စိတ္ျဖစ္လာတာျဖစ္ပါတယ္
ဒါဟာ လႉဒါန္းျခင္းဒါနပါရမီရဲ႕အလွတရားတစ္ခုပါပဲ
ဒီေလာက္ဆို မင္းတို႔ဘုရားကပန္းႀကိဳက္တယ္….ေ႐ႊေငြႀကိဳက္တယ္ဆိုတဲ့ပုဂၢိဳလ္လည္းရွင္းေလာက္မယ္ထင္ပါတယ္
လင္းလြန္းညိဳ
ဓမၼနဒီ