အေထြအေထြဗဟုသုတ

ကိုယ့္ဘ၀ကို အဆံုးစီရင္သြားသူမ်ားရဲ႕ စိတ္ေနစိတ္ထားမ်ား(ဘယ္လိုကုသမလဲ)

လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္ေလာက္တုန္းက ကိုယ့္အသိုင္းအဝိုင္းထဲက အမ်ိဳးသားတစ္ေယာက္ သူ႔ကိုယ္သူ ဆြဲႀကိဳးခ် သတ္ေသတဲ့ အျဖစ္တစ္ခု ၾကဳံးဖူး ၾကားခဲ့ဖူးတယ္..

သူက ငယ္ငယ္ေလးကတည္းက ႀကိဳးျမင္ရင္ သိပ္ေၾကာက္တာ..တဲ့..အဝတ္လွန္းႀကိဳး..စြန္ႀကိဳး..စသည္ျဖင့္ ႀကိဳးျမင္ရင္ ငိုေရာ..တဲ့..ေသေတာ့လည္း အသက္က ၂၀..ဝန္းက်င္ ခပ္ငယ္ငယ္ပဲ..အမ်ိဳးသမီးနဲ႔ စကားမ်ားၿပီး ေရခ်ိဳးခန္းထဲဝင္သြားရာက ျပန္ထြက္မလာေတာ့တာနဲ႔..တံခါးေတြဘာေတြ ဖ်က္ဖြင့္ၾကည့္ေတာ့..ႀကိဳးတစ္ေခ်ာင္းနဲ႔ hang လုပ္ၿပီးေသေနေတာ့တာပဲ..

ထူးေတာ့ထူးဆန္းတယ္..ႀကိဳးကိုသိပ္ေၾကာက္တဲ့ သူက ႀကိဳးနဲ႔ပဲ..ကိုယ့္ကိုယ္ကို အဆုံးစီရင္ဝံ့တယ္ဆိုတာ..။

ကိုယ့္ကိုယ္ကို သတ္ေသၾကတဲ့ ကိစၥေတြမွာ..ၾကည့္လိုက္ရင္ ဘာမဟုတ္တာေလးနဲ႔ ျဖစ္သြားၾကတာေတြရွိတယ္..

ဆိုက္ကားဆရာေလးက မိန္းမကို ၁၅၀၀က်ပ္ ေစ်းဖိုးမေပးနိုင္လို႔ ႀကိဳးဆြဲခ်ေသတယ္..သမီးေလးကို ေဆးကုမေပးနိုင္တဲ့အေဖဟာ..တံတားေပၚကေန..ေရထဲခုန္ခ်ၿပီးေသတယ္..

တခ်ိဳ႕လည္း အထုံပါလာတယ္လို႔ ဆိုၾကတယ္..ဘယ္လိုျဖစ္ျဖစ္..အသက္ေသတဲ့အထိျဖစ္ရၿပီဆိုတာ..စိတ္မေကာင္းစရာ ေၾကာက္စရာပါပဲ..

ကိုယ့္ကိုကိုယ္သတ္ေသၾကသူေတြဟာ စိတ္ပိုင္းဆိုင္ရာ ျပသနာေတြကို မေျဖရွင္းနိုင္သူေတြ ျဖစ္တတ္ၾကပါတယ္

လူတိုင္းမွာ..အားနည္းခ်က္ အားသာခ်က္ေတြရွိၾကပါတယ္..ကိုယ့္ အားနည္းခ်က္ကို ကိုယ္တိုင္ ေဝဖန္နိုင္တယ္ဆိုတာ ေကာင္းပါတယ္ဒါေပမဲ့ ကိုယ့္အားနည္းခ်က္ကို အျပစ္တစ္ခုလိုျမင္လာၿပီး ကိုယ့္ကိုကိုယ္ အဆိုးျမင္လာတတ္ျခင္းဟာ ေရရွည္မွာႀကီးမားတဲ့..စိတ္ပိုင္းဆိုင္ရာ ျပသနာေတြကို တည္ေဆာက္လိုက္သလို ျဖစ္လာနိုင္ပါတယ္

တကယ္ေတာ့ လူတိုင္းဟာ ကိုယ့္ကိုကိုယ္ ရာခိုင္ႏႈန္းျပည့္ ႀကိဳက္ႏွစ္သက္ၿပီး ကိုယ့္ဘဝကို ေက်နပ္ေနၾကတာေတာ့မဟုတ္ပါဘူး

ကိုယ့္ရဲ့ ႐ုပ္ပိုင္းဆိုင္ရာ အသြင္အျပင္ဝလို႔ ပိန္လို႔..ျဖဴလို႔မဲလို႔..ဆိုတာေတြအျပင္..ေယာက်ာ္းစိတ္ျဖစ္ေနလို႔..မိန္းမစိတ္ျဖစ္ေနလို႔..ပညာေရး မွာ မေအာင္ျမင္လို႔ပတ္ဝန္းက်င္ရဲ့ ထိုးႏွက္မႈကို မခံနိုင္ေတာ့လို႔..အလုပ္မွာ တိုးတက္မႈမရွိလို႔အိမ္ေထာင္ကို တည္ျမဲသာယာေအာင္ မေစာင့္ေရွာက္နိုင္လို႔

ပိုက္ဆံေကာင္းေကာင္းမရွာနိုင္လို႔မိသားစုကို စိတ္ရွိသေလာက္ မပံ့ပိုးနိုင္လို႔က်န္းမာေရးမေကာင္းလို႔အိပ္မက္ေတြကို အေကာင္အထည္မေဖၚနိုင္လို႔စသည္ျဖင့္ ကိုယ့္ကိုကိုယ္ မႀကိဳက္တဲ့ မေက်နပ္တဲ့အရာေတြအမ်ားႀကီးရွိေနတတ္ၾကပါတယ္

ဒါေတြကို..ေျဖသာေအာင္မေတြးနိုင္တဲ့အခါပထမအဆင့္ စိတ္ဓါတ္က်လာၾကတယ္

လူတိုင္းဟာ..စိတ္ဓာတ္က်တယ္ဆိုတဲ့ခံစားမႉမ်ိဳးကို အနည္းနဲ႔အမ်ား ခံစားရဖူးတာခ်ည္းပါပဲ..အဲဒီအဆင့္မွာ ၾကာလာၿပီး..ကိုယ့္စိတ္ကို ကိုယ္မကုစားနိုင္ရင္..ကိုယ့္ကိုယ္ကို မုန္းတီးလာတဲ့ အဆင့္ကိုေရာက္လာတတ္ပါတယ္..ကိုယ့္ကိုကိုယ္မုန္းတာကို..အဂၤလိပ္လိုဆို Self Loathing လို႔ေခၚပါတယ္

ကိုယ့္ကိုကိုယ္ မုန္းတယ္ မႀကိဳက္ဘူးမေက်နပ္ဘူး..စိတ္ဓာတ္ေတြက်တယ္..အဆိုးျမင္စိတ္ေတြဝင္လာတယ္ ..ေသေတာင္ေသခ်င္တယ္ဆိုတာကို သတိျပဳမိၿပီဆိုရင္ပဲ..ဘယ္လိုကုစားၾကည့္မလဲ ဆိုတဲ့အခ်က္ကေလးေတြကို စဥ္းစားမိသေလာက္ေရးေပးလိုက္ပါတယ္

ေကာင္းတဲ့အေၾကာင္းေလးေတြရွာႀကံေတြးပါ..ေသးေသးေလးေတြပဲ ျဖစ္ေနပါေစ..ဘာမွမဟုတ္ဘူးထင္ရတာေလးကိုေတာင္ ေက်းဇူးတင္တတ္ေအာင္ႀကိဳးစားပါ..စားဝတ္ေနေရး ျပည့္စုံၿပီးေနတာ..ကိုယ္လက္အဂၤါ စုံလင္တာ..မိဘေတြရွိေနေသးတာ..က်န္းမာေရး ေကာင္းေနတာ..စသည္ျဖင့္ ေကာင္းတာေတြကိုရွာႀကံၿပီး ေတြးပါ..ဘြဲ႕ရလာဖို႔အတြက္..သူငယ္တန္းက..စတက္ခဲ့ရတာမဟုတ္လား..ေသးေသးေလးေတြစုၿပီးေနာက္ဆုံး အႀကီးႀကီး ျဖစ္သြားတတ္တာကို သတိရပါ..

လက္ထဲက အလုပ္ကိုပဲ အေကာင္းဆုံး လုပ္မယ္ဆိုတဲ့ စိတ္မ်ိဳးထားပါ..အခု..Now ကိုပဲအာ႐ုံစိုက္ပါ..ျဖစ္ခဲ့တာေတြ Past ကိုမေတြးဘူး..မျဖစ္ေသးတာေတြ.. Future ကိုမေတြးဘူး..The Power of Now ကိုသတိရေနတတ္ဖို႔ပါပဲ

တခ်ိဳ႕ လူေတြရဲ့ (နာမည္ေက်ာ္ေတြ..ကိုယ္ေလးစား ခ်စ္ခင္ရသူေတြ)ဘဝေနာက္ေၾကာင္းေတြကိုၾကည့္ပါ..သူတို႔မွာ ခက္ခဲ ၾကမ္းတမ္းတဲ့ ဘဝေနာက္ေၾကာင္းေတြ ရွိခဲ့တယ္..သူတို႔ ဘယ္လိုေက်ာ္ျဖတ္ခဲ့သလဲ..သူတို႔ကို ၾကည့္ၿပီး..ခြန္အားယူသင့္ပါတယ္..

ကိုယ့္ကိုယ္ကို သူမ်ားေတြနဲ႔ သိပ္မႏွိုင္းယွဥ္ပါနဲ႔..သူဟာသူ..ကိုယ္ဟာကိုယ္မို႔..မတူပါဘူး..ကိုယ့္ကိုယ္ကို မေက်နပ္စိတ္..အဆိုးျမင္စိတ္ဟာ..သူမ်ားေတြနဲ႔ႏွိုင္းယွဥ္မႈေတြကေနေပၚေပါက္လာတာမ်ားပါတယ္..Social Media မွာေပၚလာသမၽွေတြသိပ္မၾကည့္သင့္ပါဘူး

ကိုယ့္စိတ္ကို..ကိုယ္သိပ္ဖိအားမေပးပါနဲ႔..အရမ္းေမၽွာ္လင့္ထားၿပီးမွ ျဖစ္မလာရင္ အလကား စိတ္ဆင္းရဲရလိမ့္မယ္..ဘဝဟာ လုပ္တိုင္းလည္း..ျဖစ္ေစခ်င္သလို ျဖစ္မလာပါဘူး

ကိုယ့္ကိုကိုယ္ သိပ္မေဝဖန္ပါနဲ႔..သူသူငါငါ အမွားေတြရွိၾကတယ္..ကိုယ့္အမွားကိုယ္ ခြင့္လႊတ္မွ ေရွ႕ဆက္သြားလို႔ရပါတယ္

ကိုယ့္မွာ မေကာင္းတဲ့ စိတ္ဆိုးစိတ္ယုတ္ေတြရွိတတ္တယ္..ေၾကာက္စိတ္ေတြရွိေနတတ္တယ္သူတို႔ရွိေနတယ္ဆိုတာကို လက္ခံေပးပါ..လုံးဝမရွိဘူးလို႔ မျငင္းပယ္ပါနဲ႔..ဒါေပမဲ့ သူတို႔ကို ေအးေဆးတဲ့ေနရာတစ္ခုမွာ ေပးနားလိုက္ဖို႔ေတာ့ လိုလိမ့္မယ္..ဆိုးေနတဲ့ ကေလးကို ဘာမွေျပာမေနဘဲ စိုက္ၾကည့္ေပးလိုက္ရင္ ကုပ္သြားတဲ့သေဘာပါပဲ

ပတ္ဝန္းက်င္ကို သိပ္ဂ႐ုမစိုက္ပါနဲ႔ကိုယ္လုပ္တာ မွန္တယ္လို႔ ယုံၾကည္ေနမယ္..ကိုယ့္လုပ္ရပ္ကလည္း..ဘယ္သူ႔ကိုမွ မထိခိုက္ေစဘူးဆိုရင္လူအမ်ား စကားတင္းဆိုတာေတြကို ဂ႐ုစိုက္ဖို႔မလိုပါဘူးပတ္ဝန္းက်င္ဆိုတာ..လူႀကိဳက္မ်ားတဲ့ စံႏႈန္းေတြထည့္ထားတဲ့ ပုံစံခြက္ႀကီးပါပဲ..ပုံစံခြက္ထဲ ဝင္ဆံ့ဖို႔ႀကိဳးစားရင္း..ကိုယ္တကယ္ ခ်စ္တဲ့အရာေတြကို လက္လႊတ္ဆုံးရႉံးလိုက္ရတတ္တယ္

ကိုယ္ႀကိဳက္တဲ့ ဝါသနာေလးေတြကိုလုပ္ၾကည့္ပါ..ဝါသနာကို ဖိအားမေပးပါနဲ႔..ပိုက္ဆံမရလည္း ဝါသနာဟာ ဝါသနာပဲ..ကိုယ္ႀကိဳက္တာေလးေတြ လုပ္ေနရရင္ စိတ္ညစ္ဖို႔ ေမ့ေနတတ္ၾကတယ္..ကိုယ္စိတ္ေပ်ာ္ဖို႔အခ်ိန္..တစ္ခုထားပါ

၁၀

ကိုယ့္ကိုယ္ကို သတ္ေသဖို႔ လုံးဝ မစဥ္းစားပါနဲ႔ေသသြားတိုင္း မၿပီးပါ..အခက္အခဲေတြကို ေက်ာ္လႊားနိုင္ခဲ့တယ္..ေက်ာ္လႊားေနတယ္..ေနာက္ထပ္လည္း ေက်ာ္ျဖတ္နိုင္လိမ့္ဦးမယ္လို႔..ယုံၾကည္ပါအဆိုးဆုံးျဖစ္ခဲ့တဲ့ အခ်ိန္ေတြကို စာနဲ႔ ခ်ေရးထားၾကည့္ပါ..

၁၁

ကိုးကြယ္ရာတစ္ခုကို ေလးေလးနက္နက္ ဆည္းကပ္ပါ..ယုံၾကည္ပါ..တရားထိုင္ပါ..

၁၂

ရင္းႏွီးတဲ့ သူငယ္ခ်င္းကို ရင္ဖြင့္ပါ..အားေပးစကားေျပာနိုင္တဲ့သူနဲ႔ စကားေျပာပါ…စာေတြမ်ားမ်ားဖတ္ပါ..

ဘဝတစ္ခုရဖို႔ဆိုတာ..တကယ္ကို မလြယ္ပါဘူး..ဘာေတြ..ဘယ္ေလာက္ပဲ..စိတ္ညစ္ရပါေစ..ဆက္ၿပီးေတာ့ ရွင္သန္ပါ..ရွင္သန္လိုစိတ္သည္ အဓိကပါ..

ဘဝကို ခ်စ္ပါ..

မြန္ေဟာ္စီ

၂၀၁၉ ဇြန္

ေလးစားစြာျဖင့္ credit

unicode

လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်လောက်တုန်းက ကိုယ့်အသိုင်းအဝိုင်းထဲက အမျိုးသားတစ်ယောက် သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေတဲ့ အဖြစ်တစ်ခု ကြုံးဖူး ကြားခဲ့ဖူးတယ်..

သူက ငယ်ငယ်လေးကတည်းက ကြိုးမြင်ရင် သိပ်ကြောက်တာ..တဲ့..အဝတ်လှန်းကြိုး..စွန်ကြိုး..စသည်ဖြင့် ကြိုးမြင်ရင် ငိုရော..တဲ့..သေတော့လည်း အသက်က ၂၀..ဝန်းကျင် ခပ်ငယ်ငယ်ပဲ..အမျိုးသမီးနဲ့ စကားများပြီး ရေချိုးခန်းထဲဝင်သွားရာက ပြန်ထွက်မလာတော့တာနဲ့..တံခါးတွေဘာတွေ ဖျက်ဖွင့်ကြည့်တော့..ကြိုးတစ်ချောင်းနဲ့ hang လုပ်ပြီးသေနေတော့တာပဲ..

ထူးတော့ထူးဆန်းတယ်..ကြိုးကိုသိပ်ကြောက်တဲ့ သူက ကြိုးနဲ့ပဲ..ကိုယ့်ကိုယ်ကို အဆုံးစီရင်ဝံ့တယ်ဆိုတာ..။

ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ ကိစ္စတွေမှာ..ကြည့်လိုက်ရင် ဘာမဟုတ်တာလေးနဲ့ ဖြစ်သွားကြတာတွေရှိတယ်..

ဆိုက်ကားဆရာလေးက မိန်းမကို ၁၅ဝဝကျပ် စျေးဖိုးမပေးနိုင်လို့ ကြိုးဆွဲချသေတယ်..သမီးလေးကို ဆေးကုမပေးနိုင်တဲ့အဖေဟာ..တံတားပေါ်ကနေ..ရေထဲခုန်ချပြီးသေတယ်..

တချို့လည်း အထုံပါလာတယ်လို့ ဆိုကြတယ်..ဘယ်လိုဖြစ်ဖြစ်..အသက်သေတဲ့အထိဖြစ်ရပြီဆိုတာ..စိတ်မကောင်းစရာ ကြောက်စရာပါပဲ..

ကိုယ့်ကိုကိုယ်သတ်သေကြသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကို မဖြေရှင်းနိုင်သူတွေ ဖြစ်တတ်ကြပါတယ်

လူတိုင်းမှာ..အားနည်းချက် အားသာချက်တွေရှိကြပါတယ်..ကိုယ့် အားနည်းချက်ကို ကိုယ်တိုင် ဝေဖန်နိုင်တယ်ဆိုတာ ကောင်းပါတယ်ဒါပေမဲ့ ကိုယ့်အားနည်းချက်ကို အပြစ်တစ်ခုလိုမြင်လာပြီး ကိုယ့်ကိုကိုယ် အဆိုးမြင်လာတတ်ခြင်းဟာ ရေရှည်မှာကြီးမားတဲ့..စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကို တည်ဆောက်လိုက်သလို ဖြစ်လာနိုင်ပါတယ်

တကယ်တော့ လူတိုင်းဟာ ကိုယ့်ကိုကိုယ် ရာခိုင်နှုန်းပြည့် ကြိုက်နှစ်သက်ပြီး ကိုယ့်ဘဝကို ကျေနပ်နေကြတာတော့မဟုတ်ပါဘူး

ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ဝလို့ ပိန်လို့..ဖြူလို့မဲလို့..ဆိုတာတွေအပြင်..ယောကျာ်းစိတ်ဖြစ်နေလို့..မိန်းမစိတ်ဖြစ်နေလို့..ပညာရေး မှာ မအောင်မြင်လို့ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုကို မခံနိုင်တော့လို့..အလုပ်မှာ တိုးတက်မှုမရှိလို့အိမ်ထောင်ကို တည်မြဲသာယာအောင် မစောင့်ရှောက်နိုင်လို့

ပိုက်ဆံကောင်းကောင်းမရှာနိုင်လို့မိသားစုကို စိတ်ရှိသလောက် မပံ့ပိုးနိုင်လို့ကျန်းမာရေးမကောင်းလို့အိပ်မက်တွေကို အကောင်အထည်မဖေါ်နိုင်လို့စသည်ဖြင့် ကိုယ့်ကိုကိုယ် မကြိုက်တဲ့ မကျေနပ်တဲ့အရာတွေအများကြီးရှိနေတတ်ကြပါတယ်

ဒါတွေကို..ဖြေသာအောင်မတွေးနိုင်တဲ့အခါပထမအဆင့် စိတ်ဓါတ်ကျလာကြတယ်

လူတိုင်းဟာ..စိတ်ဓာတ်ကျတယ်ဆိုတဲ့ခံစားမှူမျိုးကို အနည်းနဲ့အများ ခံစားရဖူးတာချည်းပါပဲ..အဲဒီအဆင့်မှာ ကြာလာပြီး..ကိုယ့်စိတ်ကို ကိုယ်မကုစားနိုင်ရင်..ကိုယ့်ကိုယ်ကို မုန်းတီးလာတဲ့ အဆင့်ကိုရောက်လာတတ်ပါတယ်..ကိုယ့်ကိုကိုယ်မုန်းတာကို..အင်္ဂလိပ်လိုဆို Self Loathing လို့ခေါ်ပါတယ်

ကိုယ့်ကိုကိုယ် မုန်းတယ် မကြိုက်ဘူးမကျေနပ်ဘူး..စိတ်ဓာတ်တွေကျတယ်..အဆိုးမြင်စိတ်တွေဝင်လာတယ် ..သေတောင်သေချင်တယ်ဆိုတာကို သတိပြုမိပြီဆိုရင်ပဲ..ဘယ်လိုကုစားကြည့်မလဲ ဆိုတဲ့အချက်ကလေးတွေကို စဉ်းစားမိသလောက်ရေးပေးလိုက်ပါတယ်

ကောင်းတဲ့အကြောင်းလေးတွေရှာကြံတွေးပါ..သေးသေးလေးတွေပဲ ဖြစ်နေပါစေ..ဘာမှမဟုတ်ဘူးထင်ရတာလေးကိုတောင် ကျေးဇူးတင်တတ်အောင်ကြိုးစားပါ..စားဝတ်နေရေး ပြည့်စုံပြီးနေတာ..ကိုယ်လက်အင်္ဂါ စုံလင်တာ..မိဘတွေရှိနေသေးတာ..ကျန်းမာရေး ကောင်းနေတာ..စသည်ဖြင့် ကောင်းတာတွေကိုရှာကြံပြီး တွေးပါ..ဘွဲ့ရလာဖို့အတွက်..သူငယ်တန်းက..စတက်ခဲ့ရတာမဟုတ်လား..သေးသေးလေးတွေစုပြီးနောက်ဆုံး အကြီးကြီး ဖြစ်သွားတတ်တာကို သတိရပါ..

လက်ထဲက အလုပ်ကိုပဲ အကောင်းဆုံး လုပ်မယ်ဆိုတဲ့ စိတ်မျိုးထားပါ..အခု..Now ကိုပဲအာရုံစိုက်ပါ..ဖြစ်ခဲ့တာတွေ Past ကိုမတွေးဘူး..မဖြစ်သေးတာတွေ.. Future ကိုမတွေးဘူး..The Power of Now ကိုသတိရနေတတ်ဖို့ပါပဲ

တချို့ လူတွေရဲ့ (နာမည်ကျော်တွေ..ကိုယ်လေးစား ချစ်ခင်ရသူတွေ)ဘဝနောက်ကြောင်းတွေကိုကြည့်ပါ..သူတို့မှာ ခက်ခဲ ကြမ်းတမ်းတဲ့ ဘဝနောက်ကြောင်းတွေ ရှိခဲ့တယ်..သူတို့ ဘယ်လိုကျော်ဖြတ်ခဲ့သလဲ..သူတို့ကို ကြည့်ပြီး..ခွန်အားယူသင့်ပါတယ်..

ကိုယ့်ကိုယ်ကို သူများတွေနဲ့ သိပ်မနှိုင်းယှဉ်ပါနဲ့..သူဟာသူ..ကိုယ်ဟာကိုယ်မို့..မတူပါဘူး..ကိုယ့်ကိုယ်ကို မကျေနပ်စိတ်..အဆိုးမြင်စိတ်ဟာ..သူများတွေနဲ့နှိုင်းယှဉ်မှုတွေကနေပေါ်ပေါက်လာတာများပါတယ်..Social Media မှာပေါ်လာသမျှတွေသိပ်မကြည့်သင့်ပါဘူး

ကိုယ့်စိတ်ကို..ကိုယ်သိပ်ဖိအားမပေးပါနဲ့..အရမ်းမျှော်လင့်ထားပြီးမှ ဖြစ်မလာရင် အလကား စိတ်ဆင်းရဲရလိမ့်မယ်..ဘဝဟာ လုပ်တိုင်းလည်း..ဖြစ်စေချင်သလို ဖြစ်မလာပါဘူး

ကိုယ့်ကိုကိုယ် သိပ်မဝေဖန်ပါနဲ့..သူသူငါငါ အမှားတွေရှိကြတယ်..ကိုယ့်အမှားကိုယ် ခွင့်လွှတ်မှ ရှေ့ဆက်သွားလို့ရပါတယ်

ကိုယ့်မှာ မကောင်းတဲ့ စိတ်ဆိုးစိတ်ယုတ်တွေရှိတတ်တယ်..ကြောက်စိတ်တွေရှိနေတတ်တယ်သူတို့ရှိနေတယ်ဆိုတာကို လက်ခံပေးပါ..လုံးဝမရှိဘူးလို့ မငြင်းပယ်ပါနဲ့..ဒါပေမဲ့ သူတို့ကို အေးဆေးတဲ့နေရာတစ်ခုမှာ ပေးနားလိုက်ဖို့တော့ လိုလိမ့်မယ်..ဆိုးနေတဲ့ ကလေးကို ဘာမှပြောမနေဘဲ စိုက်ကြည့်ပေးလိုက်ရင် ကုပ်သွားတဲ့သဘောပါပဲ

ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပါနဲ့ကိုယ်လုပ်တာ မှန်တယ်လို့ ယုံကြည်နေမယ်..ကိုယ့်လုပ်ရပ်ကလည်း..ဘယ်သူ့ကိုမှ မထိခိုက်စေဘူးဆိုရင်လူအများ စကားတင်းဆိုတာတွေကို ဂရုစိုက်ဖို့မလိုပါဘူးပတ်ဝန်းကျင်ဆိုတာ..လူကြိုက်များတဲ့ စံနှုန်းတွေထည့်ထားတဲ့ ပုံစံခွက်ကြီးပါပဲ..ပုံစံခွက်ထဲ ဝင်ဆံ့ဖို့ကြိုးစားရင်း..ကိုယ်တကယ် ချစ်တဲ့အရာတွေကို လက်လွှတ်ဆုံးရှူံးလိုက်ရတတ်တယ်

ကိုယ်ကြိုက်တဲ့ ဝါသနာလေးတွေကိုလုပ်ကြည့်ပါ..ဝါသနာကို ဖိအားမပေးပါနဲ့..ပိုက်ဆံမရလည်း ဝါသနာဟာ ဝါသနာပဲ..ကိုယ်ကြိုက်တာလေးတွေ လုပ်နေရရင် စိတ်ညစ်ဖို့ မေ့နေတတ်ကြတယ်..ကိုယ်စိတ်ပျော်ဖို့အချိန်..တစ်ခုထားပါ

၁၀

ကိုယ့်ကိုယ်ကို သတ်သေဖို့ လုံးဝ မစဉ်းစားပါနဲ့သေသွားတိုင်း မပြီးပါ..အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်..ကျော်လွှားနေတယ်..နောက်ထပ်လည်း ကျော်ဖြတ်နိုင်လိမ့်ဦးမယ်လို့..ယုံကြည်ပါအဆိုးဆုံးဖြစ်ခဲ့တဲ့ အချိန်တွေကို စာနဲ့ ချရေးထားကြည့်ပါ..

၁၁

ကိုးကွယ်ရာတစ်ခုကို လေးလေးနက်နက် ဆည်းကပ်ပါ..ယုံကြည်ပါ..တရားထိုင်ပါ..

၁၂

ရင်းနှီးတဲ့ သူငယ်ချင်းကို ရင်ဖွင့်ပါ..အားပေးစကားပြောနိုင်တဲ့သူနဲ့ စကားပြောပါ…စာတွေများများဖတ်ပါ..

ဘဝတစ်ခုရဖို့ဆိုတာ..တကယ်ကို မလွယ်ပါဘူး..ဘာတွေ..ဘယ်လောက်ပဲ..စိတ်ညစ်ရပါစေ..ဆက်ပြီးတော့ ရှင်သန်ပါ..ရှင်သန်လိုစိတ်သည် အဓိကပါ..

ဘဝကို ချစ်ပါ..

မွန်ဟော်စီ

၂၀၁၉ ဇွန်

လေးစားစွာဖြင့် credit