ရာသီခွင်တစ်ခုချင်းစီရဲ့ ပြင်လို့မရတဲ့ အားနည်းချက်လေးများ ကိုယ့်ရဲ့ မွေးလရာသီခွင်အရ ကိုယ့်အားနည်းချက်က ဘာဖြစ်မလဲဆိုတာကို ဖတ်ကြည့်လိုက်ပါဦး။ကိုယ့်ရဲ့ မွေးလရာသီခွင်အရ ကိုယ့်အားနည်းချက်က ဘာဖြစ်မလဲဆိုတာကို ဖတ်ကြည့်လိုက်ပါဦး။
(1) Aries (March 20 – April 20)
မိဿရာသီဖွားတွေကတော့ အေးအေးဆေးဆေးနေတတ်ကြပေမယ့် နေရာတိုင်းမှာ အတော်ဆုံး၊ အကောင်းဆုံး၊ ထိပ်ဆုံးဖြစ်ချင်တဲ့ စိတ်လေးတွေရှိတတ်တာက သူတို့ရဲ့ အားနည်းချက်လိုဖြစ်နေပါတယ်။ အဲ့ဒီလို အမြဲတမ်း အကောင်းဆုံးဖြစ်ချင်တဲ့စိတ်ကြောင့် ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတဲ့စိတ်တွေက အမြဲလိုလို ဖိစီးနေတာပေါ့။
(2) Taurus (April 21 – May 20)
ပြိဿရာသီဖွားတွေရဲ့ အားနည်းချက်ကတော့ အရမ်းပျင်းပြီး သက်တောင့်သက်သာလေးပဲ အမြဲနေချင်ကြတာပါ။ တစ်ခုခုလုပ်မယ်လို့ဆုံးဖြတ်ပြီးရင်လည်း အရှုံးတွေနဲ့ကြုံရမှာစိုးရိမ်စိတ်က
ကြီးစိုးနေတာကြောင့် မလုပ်ဖြစ်လိုက်တာများပါတယ်။ ပြီးတော့ အကြောင်းတစ်ခုခုကြောင့် ကိုယ့်ကိုယ်ကိုပြုပြင်လိုက်ရတာမျိုးကို လုံးဝမကြိုက်တဲ့သူတွေဆိုလည်း မမှားပါဘူး။
(3) Gemini (May 21 – June 20)
အလုပ်ကြိုးစားတဲ့ မေထုန်ရာသီဖွားတွေရဲ့ အားနည်းချက်ကတော့ အလုပ်ထဲမှာ စိတ်နှစ်ထားပြီး ကိုယ့်အတွက် အားလပ်ချိန်၊ နားချိန်ရအောင် မလုပ်တတ်တာပဲဖြစ်ပါတယ်။
(4) Cancer (June 21 – July 21)
ကရကဋ်ရာသီဖွားတွေကတော့ လူတွေကို လွယ်လွယ်နဲ့မယုံတတ်တဲ့သူတွေပါ။ အားနည်းချက်ကတော့ သူစိမ်းတွေအပေါ် သံသယအရမ်းကြီးလွန်းပြီး မရင်းနှီးလွယ်တာကြောင့် ပေါင်းသင်းဆက်ဆံရေးညံ့တယ်လို့ အထင်ခံနေရတာပဲဖြစ်ပါတယ်။
(5) Leo (July 22 – August 22)
သိဟ်ရာသီဖွားတွေကတော့ ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်လို့ တခြားသူတွေရဲ့ အမြင်ကို အရမ်းဂရုစိုက်လွန်းတာက အားနည်းချက်တစ်ခုလို ဖြစ်နေတာပါ။
(6) Virgo (August 23 – September 22)
ကိစ္စတိုင်းကို စိုးရိမ်ပြီး၊ အရာအားလုံးအဆင်ပြေဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့ ထင်ပြီး စိတ်ဖိစီးနေတတ်တာကတော့ ကန်ရာသီဖွားတွေရဲ့ အားနည်းချက်ပါ။
(7) Libra (September 23 – October 22)
တစ်ဖက်သားကို ကူညီတတ်ပြီး တစ်ယောက်ယောက်က အကူအညီလာတောင်းလို့ မပေးလိုက်နိုင်ရင် စိတ်မကောင်းဖြစ်တတ်တဲ့ အားနည်းချက်လေးကို ပိုင်ဆိုင်ထားတာက တူရာသီဖွားတွေပါ။
(8) Scorpio (October 23 – November 21)
ဗြိစ္ဆာရာသီဖွားတွေရဲ့ အကြီးဆုံးအားနည်းချက်ကတော့ တစ်ယောက်ယောက်က သူတို့ကိုကျော်တက်သွားမှာကို မလိုလားတာပဲဖြစ်ပါတယ်။ ကိစ္စတိုင်းအတွက် အကောင်းဆုံးကြိုးစားတတ်ပြီး တခြားတစ်ယောက်ယောက်က သူတို့ကိုကျော်တက်သွားတာမျိုး လုံးဝမလိုချင်ပါဘူး။
(9)(November 22-December 20)
စွန့်စားရတာကြိုက်တဲ့ ဓနုရာသီဖွားတွေကတော့ လုပ်ချင်တာတွေများလွန်းပြီး ဘယ်တစ်ခုကိုမှ လက်လွတ်မခံနိုင်တာဟာ သူတို့ရဲ့ အားနည်းချက်ပါပဲ။
(10) Capricorn (December 21 – January 19
ဒီရာသီဖွားတွေကတော့ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့သူတွေဖြစ်ပြီး ရည်မှန်းချက်ကြီးမားတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အားနည်းချက်ကတော့ ကိုယ့်ရဲ့ အစွမ်းအစနဲ့ပတ်သက်ပြီး ယုံကြည်မှုလွန်ကဲနေတတ်တာနဲ့၊ အရာရာကို စိုးရိမ်ပူပန်မှု မရှိအေးအေးဆေးဆေး နေနိုင်လွန်းတာပါပဲ။
(11) Aquarius (January 20 – February 18)
အငြင်းပွားရမှာမုန်းတဲ့ ကုမ်ရာသီဖွားတွေက သူတို့ကို တိုက်ခိုက်တဲ့သူတွေကို ဥပေက္ခာပြုနိုင်အောင်ပဲကြိုးစားတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ရှောင်ထွက်သွားတတ်တဲ့ အကျင့်က ကြာလာတော့ သူတို့အတွက် အားနည်းချက်တစ်ခုလိုဖြစ်လာပါတယ်။
(12) Pisces (February 19 – March 19)
ကိုယ်ချင်းစာစိတ်ရှိတဲ့၊ စာနာတတ်တဲ့ မိန်ရာသီဖွားလေးတွေရဲ့ အားနည်းချက်ကတော့ ထိခိုက်ခံစားလွယ်လွန်းတာဖြစ်ပြီး နေရာတကာ စိတ်ခံစားချက်ကို ဦးစားပေးတတ်လွန်းတာဖြစ်ပါတယ်
credit to
MAY THAZINHTOO
Zawgyi