အလွပေရးရာ

ဂျိုင်းမဲခြင်းကို သိသိသာသာဖြူဝင်းသွားစေမယ့် သဘာဝနည်းလမ်း

ဂျိုင်းမဲခြင်းကို သိသိသာသာဖြူဝင်းသွားစေမယ့် သဘာဝနည်းလမ်း

နနွင်းမှုန့်နဲ့သံပုရာသီးကိုသုံးပြီးဂျိုင်းဖြူလာအောင်လုပ်နည်း

လက်ပြတ်တွေဝတ်ချင်ပေမယ့် ဂျိုင်းမဲနေလို့ မဝတ်ရဲဘူး၊ ဂျိုင်းမဲလို့ စိတ်ညစ်ရတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးဆိုတဲ့သူတွေအတွက်

နနွင်းမှုန့်နဲ့ သံပုရာသီးကိုသုံးပြီး ဂျိုင်းဖြူလာအောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်လွန်း ပါတယ်နော်။

နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ပန်းကန်လုံးလေးထဲထည့်ပြီး သံပုရာသီး တစ်လုံး အရည်ညှစ်ချပါ။ ပြီးရင်တော့ ပျစ်ပျစ်လေးဖြစ်သွားအောင် သေချာသမအောင်မွှေလိုက်ပါ။

သေချာမွှေပြီးရင် ဂျိုင်းသားမှာ ပွတ်လိမ်းပြီး ၁၅ မိနစ် (သို့) ၁၀ မိနစ်ထားပေးပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချလိုက်ရုံပါပဲ။

ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။ မပျက်မကွက် တစ်ပတ် ၂ ကြိမ်လုပ်ပေးမှသာ ၆ ပတ်လောက်ကြာတဲ့အခါမှာ သိသာတဲ့ရလဒ်ကို ရရှိလာပါလိမ့်မယ်။

ချက်ချင်းကြီးဖြူလာတာမျိုးမဟုတ်ပဲ မဲနေတဲ့ဂျိုင်းသားက တစ်ဖြေးဖြေးချင်းစီ ပြန်ဖြူလာပါလိမ့်မယ်။

ပန်းသီးရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါ

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ပေါင်းစပ်ကာ မွှေပေးလိုက်ပါ။ အမြှုပ်လေးတွေ ထလာတာကို တွေ့မြင်ပါလိမ့်မယ်။

အမြှုပ်လေးတွေ ပျောက်သွားမှ ဂျိုင်းအောက်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာမှ ရေအေးအေးလေးနဲ့ ဆေးကြောပြီး အခြောက်ခံလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ် ၃ ရက်ခန့် ပြုလုပ်ပေးရပါမယ်။

နှင်းဆီရေနှင့် မုန့်ဖုတ်ဆိုဒါ

နှင်းဆီရေနဲ့ မုန့်ဖုတ်ဆိုဒါကို ဆတူရောနှောပြီးနောက် ရရှိလာတဲ့အနှစ်ကို မဲနေတဲ့ ဂျိုင်းကြားအသားအရေမှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်ခန့်ကြာမှ ရေအေးနဲ့ ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

နွားနို့၊ နနွင်းမှုန့်နှင့် ပျားရည်

နွားနို့ စားပွဲတင်ဇွန်း တစ်ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို ဂျိုင်းကြားမှာ သုတ်လိမ်းပေးလိုက်ပါ။ တစ်ရက်ခြား တစ်ခါစီ၊ တစ်ပတ်မှာ ၃ ရက်ခန့် မှန်မှန်ပြုလုပ်ပေးရပါမယ်။

သကြားညိုနှင့် သံလွင်ဆီ

သကြားညို စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို ရောနှောပေးလိုက်ပါ။ ထို့နောက် ဂျိုင်းကြားမှာ ၂ မိနစ်ခန့် ပွတ်တိုက်ပေးရပါမယ်။ ပွတ်တိုက်ပြီးတဲ့အခါ ၅ မိနစ်ခန့် ထားထားလိုက်ပါ။ ၅ မိနစ်ပြည့်မှ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။

တစ်ပတ်ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။

အာလူး

အာလူးကို အခွံခွာပြီး အချောင်းလေးများဖြစ်အောင် လှီးဖြတ်လိုက်ပါ။ ထို့နောက် အာလူးရည်များရလာအောင် ညှစ်လိုက်ပါ။ ရရှိလာတဲ့ အာလူးရည်ကို ဂျိုင်းကြားထဲမှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေအေးနဲ့ ဆေးချလိုက်ပါ။

ဒီနည်းလမ်းကိုတော့ မနက်တစ်ကြိမ် ညအိပ်ရာ မဝင်ခင် တစ်ကြိမ် တစ်ရက်ကို နှစ်ကြိမ် ပြုလုပ်ပေးရပါမယ်။

အယ်လ်မွန်ဆီ

အယ်လ်မွန်ဆီ အနည်းငယ်ကို ဂျိုင်းကြားထဲမှာ သုတ်လိမ်းပြီးနောက် ၈ မိနစ်၊ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ နေ့စဉ်မှန်မှန်ပြုလုပ်ပေးရပါမယ်။

အခုဖော်ပြသွားတဲ့ နည်းလမ်းတွေထဲကမှ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်ခုကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ ဂျိုင်းကြားအသားအရေက သိသိသာသာဖြူဝင်းလာပါလိမ့်မယ်။

Source: Brightsid

ဂ်ိဳင္းမဲျခင္းကို သိသိသာသာျဖဴဝင္းသြားေစမယ့္ သဘာဝနည္းလမ္း

နႏြင္းမႈန႔္နဲ႔သံပုရာသီးကိုသုံးၿပီးဂ်ိဳင္းျဖဴလာေအာင္လုပ္နည္း

လက္ျပတ္ေတြဝတ္ခ်င္ေပမယ့္ ဂ်ိဳင္းမဲေနလို႔ မဝတ္ရဲဘူး၊ ဂ်ိဳင္းမဲလို႔ စိတ္ညစ္ရတယ္၊ ကိုယ့္ကိုယ္ကို ယုံၾကည္မႈမရွိဘူးဆိုတဲ့သူေတြအတြက္

နႏြင္းမႈန႔္နဲ႔ သံပုရာသီးကိုသုံးၿပီး ဂ်ိဳင္းျဖဴလာေအာင္လုပ္နိုင္မယ့္ နည္းလမ္းေကာင္းတစ္ခုကို မၽွေဝေပးလိုက္ပါတယ္။ လုပ္ရတာလည္း အရမ္းလြယ္လြန္း ပါတယ္ေနာ္။

နႏြင္းမႈန႔္ – စားပြဲတင္ဇြန္း ၁ ဇြန္းကို ပန္းကန္လုံးေလးထဲထည့္ၿပီး သံပုရာသီး တစ္လုံး အရည္ညႇစ္ခ်ပါ။ ၿပီးရင္ေတာ့ ပ်စ္ပ်စ္ေလးျဖစ္သြားေအာင္ ေသခ်ာသမေအာင္ေမႊလိုက္ပါ။

ေသခ်ာေမႊၿပီးရင္ ဂ်ိဳင္းသားမွာ ပြတ္လိမ္းၿပီး ၁၅ မိနစ္ (သို႔) ၁၀ မိနစ္ထားေပးပါ။ အခ်ိန္ျပည့္ရင္ေတာ့ ေရေဆးခ်လိုက္႐ုံပါပဲ။

ဒီနည္းလမ္းကို တစ္ပတ္မွာ ၂ ႀကိမ္ ပုံမွန္လုပ္ေပးရပါမယ္။ မပ်က္မကြက္ တစ္ပတ္ ၂ ႀကိမ္လုပ္ေပးမွသာ ၆ ပတ္ေလာက္ၾကာတဲ့အခါမွာ သိသာတဲ့ရလဒ္ကို ရရွိလာပါလိမ့္မယ္။

ခ်က္ခ်င္းႀကီးျဖဴလာတာမ်ိဳးမဟုတ္ပဲ မဲေနတဲ့ဂ်ိဳင္းသားက တစ္ေျဖးေျဖးခ်င္းစီ ျပန္ျဖဴလာပါလိမ့္မယ္။

ပန္းသီးရွာလကာရည္ႏွင့္ မုန႔္ဖုတ္ဆိုဒါ

ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းကို မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းနဲ႔ ေပါင္းစပ္ကာ ေမႊေပးလိုက္ပါ။ အျမႇုပ္ေလးေတြ ထလာတာကို ေတြ႕ျမင္ပါလိမ့္မယ္။

အျမႇုပ္ေလးေတြ ေပ်ာက္သြားမွ ဂ်ိဳင္းေအာက္မွာ သုတ္လိမ္းေပးလိုက္ပါ။ မိနစ္အနည္းငယ္ၾကာမွ ေရေအးေအးေလးနဲ႔ ေဆးေၾကာၿပီး အေျခာက္ခံလိုက္ပါ။ ဒီနည္းလမ္းကိုေတာ့ တစ္ပတ္ ၃ ရက္ခန႔္ ျပဳလုပ္ေပးရပါမယ္။

ႏွင္းဆီေရႏွင့္ မုန႔္ဖုတ္ဆိုဒါ

ႏွင္းဆီေရနဲ႔ မုန႔္ဖုတ္ဆိုဒါကို ဆတူေရာေႏွာၿပီးေနာက္ ရရွိလာတဲ့အႏွစ္ကို မဲေနတဲ့ ဂ်ိဳင္းၾကားအသားအေရမွာ သုတ္လိမ္းေပးလိုက္ပါ။ ၁၀ မိနစ္ခန႔္ၾကာမွ ေရေအးနဲ႔ ေဆးေၾကာေပးလိုက္ပါ။ ဒီနည္းလမ္းကိုေတာ့ တစ္ပတ္မွာ ႏွစ္ႀကိမ္ခန႔္ ျပဳလုပ္ေပးရပါမယ္။

ႏြားနို႔၊ နႏြင္းမႈန႔္ႏွင့္ ပ်ားရည္

ႏြားနို႔ စားပြဲတင္ဇြန္း တစ္ဇြန္း၊ နႏြင္းမႈန႔္ လက္ဖက္ရည္ဇြန္းနဲ႔ ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ကို သမေအာင္ ေရာေမႊေပးလိုက္ပါ။ ရရွိလာတဲ့အႏွစ္ကို ဂ်ိဳင္းၾကားမွာ သုတ္လိမ္းေပးလိုက္ပါ။ တစ္ရက္ျခား တစ္ခါစီ၊ တစ္ပတ္မွာ ၃ ရက္ခန႔္ မွန္မွန္ျပဳလုပ္ေပးရပါမယ္။

သၾကားညိဳႏွင့္ သံလြင္ဆီ

သၾကားညိဳ စားပြဲတင္ဇြန္း ၃ ဇြန္းႏွင့္ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းကို ေရာေႏွာေပးလိုက္ပါ။ ထို႔ေနာက္ ဂ်ိဳင္းၾကားမွာ ၂ မိနစ္ခန႔္ ပြတ္တိုက္ေပးရပါမယ္။ ပြတ္တိုက္ၿပီးတဲ့အခါ ၅ မိနစ္ခန႔္ ထားထားလိုက္ပါ။ ၅ မိနစ္ျပည့္မွ ၾကက္သီးေႏြး ေရေႏြးေလးနဲ႔ ေဆးေၾကာေပးလိုက္ပါ။

တစ္ပတ္ကို ႏွစ္ႀကိမ္ခန႔္ ျပဳလုပ္ေပးလိုက္ပါ။

အာလူး

အာလူးကို အခြံခြာၿပီး အေခ်ာင္းေလးမ်ားျဖစ္ေအာင္ လွီးျဖတ္လိုက္ပါ။ ထို႔ေနာက္ အာလူးရည္မ်ားရလာေအာင္ ညႇစ္လိုက္ပါ။ ရရွိလာတဲ့ အာလူးရည္ကို ဂ်ိဳင္းၾကားထဲမွာ သုတ္လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္ခန႔္ၾကာမွ ေရေအးနဲ႔ ေဆးခ်လိုက္ပါ။

ဒီနည္းလမ္းကိုေတာ့ မနက္တစ္ႀကိမ္ ညအိပ္ရာ မဝင္ခင္ တစ္ႀကိမ္ တစ္ရက္ကို ႏွစ္ႀကိမ္ ျပဳလုပ္ေပးရပါမယ္။

အယ္လ္မြန္ဆီ

အယ္လ္မြန္ဆီ အနည္းငယ္ကို ဂ်ိဳင္းၾကားထဲမွာ သုတ္လိမ္းၿပီးေနာက္ ၈ မိနစ္၊ ၁၀ မိနစ္ခန႔္ ႏွိပ္နယ္ေပးလိုက္ပါ။ ဒီနည္းလမ္းကိုေတာ့ ေန႔စဥ္မွန္မွန္ျပဳလုပ္ေပးရပါမယ္။

အခုေဖာ္ျပသြားတဲ့ နည္းလမ္းေတြထဲကမွ မိမိႀကိဳက္ႏွစ္သက္ရာ နည္းလမ္းတစ္ခုကို မွန္မွန္ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ သင့္ရဲ့ ဂ်ိဳင္းၾကားအသားအေရက သိသိသာသာျဖဴဝင္းလာပါလိမ့္မယ္။

Source: Brightsid