က်မၼာေရး ဗဟုသုတ

ခါးနာကျောနာခြင်းကို ငါးမိနစ်အတွင်းသက်သာသွားစေမယ့် နည်းလမ်းကောင်းများ

ခါးနာကျောနာခြင်းကို ငါးမိနစ်အတွင်းသက်သာသွားစေမယ့် နည်းလမ်းကောင်းများ

လူတော်တော်များများ အများဆုံးဖြစ်လေ့ ရှိတဲ့ဝေဒနာ ကိုပြောပါဆိုရင် နောက်ကျောဘက်နာကျင်ခြင်း ပါပဲ။ ခါးနာကြ တယ်။ ကျောနာကြတယ် စတဲ့ဝေဒနာတွေ ခံစားရတဲ့ အခါ လူကလည်း သက်တောင့် သက်သာ မရှိပဲ ပင်ပန်း ပါတယ်။

ဒီလိုဝေဒနာတွေ ခံစား လာရပြီ ဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေ ထဲက တစ်နည်းနည်းကို စမ်းသပ်ကြည့် သင့်ပါတယ်။ ဘယ်လို နည်းလမ်းတွေက ခါးနာကျောနာခြင်းကိုသက်သာစေ လဲဆိုရင်…

ကျောရိုးကိုအနားပေးခြင်း

အိမ်မှာရှိနေတဲ့ အချိန်ဆို ဒီနည်းလေးကို သုံးကြည့်သင့် ပါတယ်။ ပထမဆုံး ကြမ်းပြင်မှာ ထိုင်လိုက်ပါ။ ပြီးရင် ခြေထောက်နှစ်ချောင်းကိုဖြောင့်တန်းစွာ ထားလိုက်ပါ။ ခြေထောက်နှစ်ဖက် ၁၀ စင်တီမီတာလောက် ခြားထားပါ။

ပြီးရင် စောင်တစ်ထည်ကို ထူထူလေးဖြစ်အောင် လိပ်ပြီး ပုံထဲမှာ ပြထားသလို ဒူးအောက်မှာ ထားပါ။ ပြီးရင်ခေါင်းအုံးကို ခြေထောက်ပေါ်မှာ တင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကို ခေါင်းအုံးနဲ့ ထိတဲ့အထိ ကွေးလိုက်ပါ။

အဲ့ဒီ အနေအထားအတိုင်း ၅မိနစ်ကြာ မှာနေပါ။ ဒီနည်းလေးက နောက်ကျောဘက် ကြွက်သားတင်းအားတွေကို ပြေလျော့စေပြီး ခါးနာ၊ကျောနာခြင်းကို သက်သာ သွားစေပါတယ်။

ဆားခါးနဲ့ ခြေထောက်စိမ်ပါ

ခြေထောက်စိမ်ရရုံ အနေအထားလောက် ခပ်နွေးနွေး ရေဇလုံ တစ်ခုယူပါ။ အဲ့ဒီထဲကို ဆားခါး ခွက်တစ်ဝက်စာလောက်ရော ထည့်ပြီးမွှေ လိုက်ပါ။ ပြီးရင်ခြေထောက်ကို ၅မိနစ်ကနေ ၇မိနစ်လောက်ထိ ထည့်စိမ် ထားပါ။

အချိန်ပြည့်တဲ့အခါ ခြေထောက်ကိုထုတ်ပြီး ခပ်နွေးနွေးရေလေးနဲ့ ထပ်ပြီးဆေး လိုက်ပါ။ ပြီးရင်တော့ စောင်လေးနဲ့ဖြစ်စေ ခြေထောက်ကို ပတ်ထားလိုက်ပါ။ ဆားခါးက အကြောတွေ၊ ကြွက်သား နာကျင် တာတွေ ကိုပြေလျော့စေ တဲ့အတွက် ဆားခါးစိမ် လိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက စုပ်ယူလိုက်တဲ့ အတွက် နောက်ကျောဘက် နာကျင်မှုကိုလည်း သက်သာသွားစေ ပါတယ်။

ဒူးအနောက်ဘက်က အကြောလေးတွေကိုဖိပါ

ဒူးအနောက်ဘက် အလယ် တည့်တည့်မှာ အကြောအမှတ်လေးတွေ ရှိပါတယ်။ အဲ့ဒီအကြောနေရာလေးကို လက်မနဲ့ ဖိပေးပြီး အသက် ကိုပြင်းပြင်း ရှုပါ။၂မိနစ်ကနေ ၃မိနစ်ထိ ဖိထားပေးနိုင် ပါတယ်။ ဒီအကြောလေးတွေကို ဖိပေးတာ ကလည်း ခါးနေရာတစ်ဝိုက် ကြွက်သားနာကျင်မှု ကိုလျှော့ချပေးနိုင် တယ်လို့ သိရပါတယ်။

*အဝတ်ညှပ် ကလစ်ကိုသုံးပါ

အဝတ်လှန်းတဲ့ အခါမှာ လွင့်ပါ မသွားအောင်ချိတ်တဲ့ အဝတ်ညှပ်ကလစ်ကို နားရဲ့အပေါ်ဘက်မှာ ညှပ်ထားပါ။ ၅စက္ကန့်လောက်ကြာအောင် ညှပ်ပြီးဖြုတ် လိုက်ပါ။ နားတစ်ဖက်ဆီကို ၅ကြိမ်စီ ၅စက္ကန့်ကြာအောင် ညှပ်ပေးပါ။

ပညာရှင်တွေရဲ့အဆိုအရ နားအပေါ်ဘက်တစ် ဝိုက်နေရာဟာ ပုခုံးရယ်၊ နောက်ကျောရယ်နဲ့ ဆက်နွယ်မှုရှိတယ်လို့ သိရ ပါတယ်။ ဒါကြောင့် နားအပေါ် ဘက်နေရာကို ကလစ်နဲ့ ညှပ်ပေးတာဟာ နောက်ကျောဘက်ကြွက်သား နာကျင်မှုတွေ၊ တင်းအားတွေကို ဖြေလျော့ပေးနိုင်တာဖြစ် ပါတယ်။

Lavender ဆီ

အုန်းဆီ ဒါမှမဟုတ် ကြက်ဆူဆီ စားပွဲတင် ဇွန်းတစ်ဇွန်းကို Lavender ဆီအစက်အနည်းငယ်နဲ့ ရောစပ်ပြီး နာကျင်နေတဲ့ ကျောနေရာ တစ်ဝိုက်ကို ညင်သာစွာ ပွတ်လိမ်း နှိပ်နယ်ပေးပါ။

Lavender ဆီမှာ နာကျင်မှုကို ပြေလျော့ သက်သာစေတဲ့ အစွမ်းသတ္ထိတွေ ရှိပါတယ်။ ဒါကြောင့် ခါးနဲ့ကျော တစ်ဝိုက်ကို လိမ်းပေးမယ် ဆိုရင် နာကျင်မှုတွေကို ပြေလျော့ပေးနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်းလျော့နည်း သွားစေ ပါတယ်။

ခရက်ဒစ်

ခါးနာေက်ာနာျခင္းကို ငါးမိနစ္အတြင္းသက္သာသြားေစမယ့္ နည္းလမ္းေကာင္းမ်ား

လူေတာ္ေတာ္မ်ားမ်ား အမ်ားဆုံးျဖစ္ေလ့ ရွိတဲ့ေဝဒနာ ကိုေျပာပါဆိုရင္ ေနာက္ေက်ာဘက္နာက်င္ျခင္း ပါပဲ။ ခါးနာၾက တယ္။ ေက်ာနာၾကတယ္ စတဲ့ေဝဒနာေတြ ခံစားရတဲ့ အခါ လူကလည္း သက္ေတာင့္ သက္သာ မရွိပဲ ပင္ပန္း ပါတယ္။

ဒီလိုေဝဒနာေတြ ခံစား လာရၿပီ ဆိုရင္ သင့္အေနနဲ႔ ဒီနည္းလမ္းေကာင္းေတြ ထဲက တစ္နည္းနည္းကို စမ္းသပ္ၾကည့္ သင့္ပါတယ္။ ဘယ္လို နည္းလမ္းေတြက ခါးနာေက်ာနာျခင္းကိုသက္သာေစ လဲဆိုရင္…

ေက်ာရိုးကိုအနားေပးျခင္း

အိမ္မွာရွိေနတဲ့ အခ်ိန္ဆို ဒီနည္းေလးကို သုံးၾကည့္သင့္ ပါတယ္။ ပထမဆုံး ၾကမ္းျပင္မွာ ထိုင္လိုက္ပါ။ ၿပီးရင္ ေျခေထာက္ႏွစ္ေခ်ာင္းကိုေျဖာင့္တန္းစြာ ထားလိုက္ပါ။ ေျခေထာက္ႏွစ္ဖက္ ၁၀ စင္တီမီတာေလာက္ ျခားထားပါ။

ၿပီးရင္ ေစာင္တစ္ထည္ကို ထူထူေလးျဖစ္ေအာင္ လိပ္ၿပီး ပုံထဲမွာ ျပထားသလို ဒူးေအာက္မွာ ထားပါ။ ၿပီးရင္ေခါင္းအုံးကို ေျခေထာက္ေပၚမွာ တင္ထားၿပီး ခႏၶာကိုယ္အေပၚပိုင္း တစ္ခုလုံးကို ေခါင္းအုံးနဲ႔ ထိတဲ့အထိ ေကြးလိုက္ပါ။

အဲ့ဒီ အေနအထားအတိုင္း ၅မိနစ္ၾကာ မွာေနပါ။ ဒီနည္းေလးက ေနာက္ေက်ာဘက္ ႂကြက္သားတင္းအားေတြကို ေျပေလ်ာ့ေစၿပီး ခါးနာ၊ေက်ာနာျခင္းကို သက္သာ သြားေစပါတယ္။

ဆားခါးနဲ႔ ေျခေထာက္စိမ္ပါ

ေျခေထာက္စိမ္ရ႐ုံ အေနအထားေလာက္ ခပ္ေႏြးေႏြး ေရဇလုံ တစ္ခုယူပါ။ အဲ့ဒီထဲကို ဆားခါး ခြက္တစ္ဝက္စာေလာက္ေရာ ထည့္ၿပီးေမႊ လိုက္ပါ။ ၿပီးရင္ေျခေထာက္ကို ၅မိနစ္ကေန ၇မိနစ္ေလာက္ထိ ထည့္စိမ္ ထားပါ။

အခ်ိန္ျပည့္တဲ့အခါ ေျခေထာက္ကိုထုတ္ၿပီး ခပ္ေႏြးေႏြးေရေလးနဲ႔ ထပ္ၿပီးေဆး လိုက္ပါ။ ၿပီးရင္ေတာ့ ေစာင္ေလးနဲ႔ျဖစ္ေစ ေျခေထာက္ကို ပတ္ထားလိုက္ပါ။ ဆားခါးက အေၾကာေတြ၊ ႂကြက္သား နာက်င္ တာေတြ ကိုေျပေလ်ာ့ေစ တဲ့အတြက္ ဆားခါးစိမ္ လိုက္တဲ့အခါ ခႏၶာကိုယ္တစ္ခုလုံးက စုပ္ယူလိုက္တဲ့ အတြက္ ေနာက္ေက်ာဘက္ နာက်င္မႈကိုလည္း သက္သာသြားေစ ပါတယ္။

ဒူးအေနာက္ဘက္က အေၾကာေလးေတြကိုဖိပါ

ဒူးအေနာက္ဘက္ အလယ္ တည့္တည့္မွာ အေၾကာအမွတ္ေလးေတြ ရွိပါတယ္။ အဲ့ဒီအေၾကာေနရာေလးကို လက္မနဲ႔ ဖိေပးၿပီး အသက္ ကိုျပင္းျပင္း ရႈပါ။၂မိနစ္ကေန ၃မိနစ္ထိ ဖိထားေပးနိုင္ ပါတယ္။ ဒီအေၾကာေလးေတြကို ဖိေပးတာ ကလည္း ခါးေနရာတစ္ဝိုက္ ႂကြက္သားနာက်င္မႈ ကိုေလၽွာ့ခ်ေပးနိုင္ တယ္လို႔ သိရပါတယ္။

*အဝတ္ညႇပ္ ကလစ္ကိုသုံးပါ

အဝတ္လွန္းတဲ့ အခါမွာ လြင့္ပါ မသြားေအာင္ခ်ိတ္တဲ့ အဝတ္ညႇပ္ကလစ္ကို နားရဲ့အေပၚဘက္မွာ ညႇပ္ထားပါ။ ၅စကၠန႔္ေလာက္ၾကာေအာင္ ညႇပ္ၿပီးျဖဳတ္ လိုက္ပါ။ နားတစ္ဖက္ဆီကို ၅ႀကိမ္စီ ၅စကၠန႔္ၾကာေအာင္ ညႇပ္ေပးပါ။

ပညာရွင္ေတြရဲ့အဆိုအရ နားအေပၚဘက္တစ္ ဝိုက္ေနရာဟာ ပုခုံးရယ္၊ ေနာက္ေက်ာရယ္နဲ႔ ဆက္ႏြယ္မႈရွိတယ္လို႔ သိရ ပါတယ္။ ဒါေၾကာင့္ နားအေပၚ ဘက္ေနရာကို ကလစ္နဲ႔ ညႇပ္ေပးတာဟာ ေနာက္ေက်ာဘက္ႂကြက္သား နာက်င္မႈေတြ၊ တင္းအားေတြကို ေျဖေလ်ာ့ေပးနိုင္တာျဖစ္ ပါတယ္။

Lavender ဆီ

အုန္းဆီ ဒါမွမဟုတ္ ၾကက္ဆူဆီ စားပြဲတင္ ဇြန္းတစ္ဇြန္းကို Lavender ဆီအစက္အနည္းငယ္နဲ႔ ေရာစပ္ၿပီး နာက်င္ေနတဲ့ ေက်ာေနရာ တစ္ဝိုက္ကို ညင္သာစြာ ပြတ္လိမ္း ႏွိပ္နယ္ေပးပါ။

Lavender ဆီမွာ နာက်င္မႈကို ေျပေလ်ာ့ သက္သာေစတဲ့ အစြမ္းသတၳိေတြ ရွိပါတယ္။ ဒါေၾကာင့္ ခါးနဲ႔ေက်ာ တစ္ဝိုက္ကို လိမ္းေပးမယ္ ဆိုရင္ နာက်င္မႈေတြကို ေျပေလ်ာ့ေပးနိုင္သလို စိတ္ဖိစီးမႈေတြကိုလည္းေလ်ာ့နည္း သြားေစ ပါတယ္။

ခရက္ဒစ္