အလွပေရးရာ

ဆံပင်အကျွတ်သက်သာ ၊ ဆံသားအရှည်မြန်တဲ့ ရှာစောင်းလပတ် နှင့် အုန်းဆီကြိုတဲ့ နည်းလေး

ခေါင်းမလျော်ခင် ရှာစောင်းလပတ်နဲ့အုန်းဆီကြိုထားတဲ့ဆီကို ဦးရေပြားရော ဆံသားမှာပါ နှံ့နေအောင်လိမ်းပါ။3 / 4 နာရီနဲ့အထက်ထားပြီး Shower cap နဲ့ ပေါင်းပြီး မှ လျှော်ပါ။

ကြာကြာမှတခါ လုပ်တာထက် ခေါင်းလျှော်ခါနီးတိုင်း လုပ်ပေးရင် ပိုကောင်းပါတယ် ပိုသိသာပါတယ်။ ဆံသားနက်ပြီး အကျွတ်သက်သာသလို ဆံသားမငြိတော့ဘူး အရှည်မြန်တယ်။

ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းကို ပုံထဲမှာရေးပေးထားပါတယ်နော်။ (အမြဲတမ်းသုံးလို့ရအောင် တခါတည်း ကြိုထားလို့ရပါတယ်နော်။)

ဆံံံပင်အကျွတ်သက်သာမယ်။ (ဆံပင်တိုတိုရှည်ရှည် မိန်းကလေးတွေအဓိကကြုံရတဲ့ ပြဿနာက ဆံပင်အရမ်းကျွတ်တာ…)

ဆံံပင်ငြိတာသက်သာမယ်။ဆံပင်အရှည်မြန်တယ်။ဆံသားမခြောက်တော့ဘူး။ ဆံသားပျော့ပျောင်းတယ်။ဆံသားတောက်တယ်။

ဆံပင်အတိုအရှည် သုံးမယ် လူဦးရေပေါ်လိုက်ပြီး ရှားစောင်းလပတ် အပင်ရယ်၊ အုန်းဆီရယ်ကို အတိုးအလျော့ လုပ်လို့ရပါတယ်။ မိုးက ဆံပင်ရှည်တာရယ် နောက်ထပ်ဆံပင်အရှည် ၂ယောက်စာရယ် လုပ်တာမို့ ရှားစောင်းလပတ် ၃ပင် Parachute အုန်ဆီးသုံးရင် ဘူးကြီး 270 ml တဘူးဆို တပင်နှုန်းနဲ့ကြိုလို့ရပါတယ်။ ခုက 270 mlဘူး မရှိလို့ 180ml ဘူးနဲ့ ကြိုထားတာပါ..ဈေးထဲက အုန်းဆီ စစ်စစ်နဲ့လည်းရပါတယ်နော်။

ပြီးရင် ခုံးတဲ့ဘက်ကိုအခွံခွာမယ်။အခွံမခွာဘဲ အတုံလေးတွေ အပြား ပါးပါးလေးတွေ လုပ်ချင်လည်းရပါတယ်.. ဒါပေမယ့် အညို ရောင်သန်းလို့ိရလာတဲ့အခါကျရင် အဲ့ဒီအတွင်းထဲက ဂျယ်လီထဲ ဆီတွေ အများကြီး ဝင်နေတတ်လို့.. ဆီတွေညစ်ချတဲ့အခါကျ အပြင်ခွံက လက်ကို ဆူးတတ်လို့ပါ…ခွာထားတဲ့နေရာက ဂျယ် လီကို ဇွန်းနဲ့ခြစ်မယ်။

ရှာစောင်းလပတ်ကို ဒီတိုင်းထည့်လို့မရဘူးလားလို့ မေးနေကြလို့…အခွံမခွာဘဲ ထည့်လည်း ရပါတယ်။ အညိုရောင်သန်းလို့ ရသွားတဲ့အခါကျ အခွံကြားက ဂျယ်လီထဲမှာ ဆီတွေ ဝင်နေတတ်လို့ ဆီစစ်ပြီးတဲ့အခါ ပြန်ညစ်ရတာက အခွံမပါတာနဲ့က ပိုပြေပါတယ်။ ရှားစောင်းလပတ်က နည်းနည်းကြွပ်သွားရင် ညစ်တဲ့အခါ လက်ဆူးမှာစိုးလို့ပါ။ပြီးရင် ရှားစောင်းလပတ်ဂျယ်လီတွေနဲ့ အုန်းဆီကို ရောထည့်မယ်။

အပူပေးမယ်.. မီးမနည်းလွန်းမများလွန်း အနေတော် နဲ့ ကြိုမယ်… ကြာကြာတခါမွှေပေးလို့ လိုပါတယ်။ မမမွှေရင် အကျက်မညီလို့ပါ…ရှားစောင်းလပတ်ညိုတဲ့အထိ ကြာကြာ တည်ပေးရပါမည်။

တကယ်က အညိုရောင်ကို သန်းရင် ရပြီနော် ဆီ ထဲက ရှားစောင်းလပတ် အဖတ်တွေကိုစစ်ပြီး ဆီကိုဘဲ သိမ်းထားလိုက်ရုံပါဘဲ…

Credit

Unicode