မိသားစုထဲမွာ “အလတ္” ျဖစ္သူေတြသာ သိနိုင္မဲ့ဆိုးရြားတဲ့ရင္တြင္းခံစားခ်က္မ်ား –
မိဘဆိုတာ သားသမီးတိုင္းကို ခ်စ္ၾကပါတယ္။ ဒါေပမယ့္ အလတ္ေတြခံစားေနရတာကေတာ့ အခ်စ္မခံရဘူးဆိုတာပါပဲ။ အႀကီးဆိုရင္ အႀကီးမို႔လို႔၊ အငယ္ဆိုရင္ အငယ္မို႔လို႔ဆိုၿပီး ခ်စ္ၾကေပမယ့္ ၾကားထဲက အလတ္ေတြက အခ်စ္ငတ္သြားတာမ်ိဳးလည္းျဖစ္သြားၾကပါတယ္။
အဲ့ဒါေၾကာင့္ အလတ္ေတြက စိတ္ဓာတ္အမာဆုံးျဖစ္သြားတာပါ။ မိသားစုထဲမွာ အလတ္ေတြရဲ့ခံစားခ်က္ကို တခ်ိဳ႕မိဘေတြသိေအာင္ မၽွေဝးေပးလိုက္ပါတယ္ေနာ္။
(၁) အျမဲ အႏွိုင္းခံရတယ္
အႀကီးေတြ၊ အငယ္ေတြနဲ႔ အျမဲအနိူင္းခံရတယ္။ သူတို႔ကို ကေလးလိုလည္း မဆက္ဆံၾကဘူး။ အငယ္လိုလည္း အလိုလိုက္မခံရသလို အႀကီးလိုလည္း ခြင့္ျပဳခ်က္မရၾကဘူး။
အႀကီးလုပ္သမၽွအရာအားလုံးကို ခ်ီးက်ဴးၾကေပမယ့္ သူတို႔ကေတာ့ ဘာပဲလုပ္လုပ္ အသိအမွတ္ျပဳမခံရပါဘူး။ အႀကီးေတြရဲ့ အရိပ္သာသာေလာက္ပဲ ဆက္ဆံခံရပါတယ္။ သူတို႔အမွားလုပ္မိလိုက္ရင္ အႀကီးေလာက္ေတာင္ေျခဖ်ားမမီဘူးဆိုၿပီး အေျပာခံရတယ္။ အနိူင္းခံရတယ္။
(၂) အႀကီး၊အငယ္ ရဲ့ ႏွိပ္စက္တာခံရတယ္
သူတို႔ကို အႀကီးနဲ႔ အငယ္က ေပါင္းၿပီး ႏွိပ္စက္တာမ်ိဳးလည္း ေတြ႕ဖူးပါတယ္။ ဥပမာ- အငယ္က အလတ္စားမယ့္ ေခါက္ဆြဲပန္းကန္ကို ယူၿပီး အႀကီးကိုသြားေပးတာမ်ိဳး၊ အလတ္မသိေအာင္ တိတ္တိတ္ေလး ဖြတ္စားတာမ်ိဳးေတြလည္း ေတြ႕ဖူးပါတယ္။
တစ္ခုခု ေခ်ာက္ခ်ခံရရင္ အလတ္ေတြကပဲ ေခ်ာက္ခ်ခံရတတ္တယ္။ သူတို႔ပဲ အရိုက္ခံရတယ္။
(၃) အသိအမွတ္မျပဳၾကဘူး
မိသားစုထဲမွာ အလတ္က အေတာ္ဆုံးေနာ္ လို႔ ဘယ္သူမွ မခ်ီးက်ဴးၾကဘူး။ ဘယ္သူမွလည္း အသိအမွတ္မျပဳၾကဘူး။ သူတို႔က လူေတြနဲ႔ လိုက္ေလ်ာညီေထြေအာင္ေနတတ္တယ္။ ေပါ့ပါးၾကတယ္။ အဲ့ဒါေၾကာင့္ ဘယ္အခ်ိန္မဆို သူတို႔အတြက္ သူငယ္ခ်င္းမရွားဘူး။
တခ်ိဳ႕လူေတြက အလတ္ေတြကို ေနာက္လိုက္လို႔ ထင္ၾကတယ္။ တကယ္တမ္းေတာ့ သူတို႔က ဦးေဆာင္မယ့္လူေတြပါ။ အလတ္ေတြက ေပါင္းသင္းဆက္ဆံေရးေကာင္းေတာ့ ေရာက္တဲ့ေနရာတိုင္းမွာ သူငယ္ခ်င္းမရွားပါဘူး။
(၄) ေဒါသေတြကို ထိန္းခ်ဴပ္တတ္လာတယ္
ေမာင္ႏွမေတြရန္ျဖစ္ၾကရင္ အလတ္ေတြ ဝင္မပါတတ္ၾကဘူး။ ဝင္ပါလိုက္ရင္ သူတို႔အမွားလို႔ပဲ စြပ္စြဲခံရေတာ့ ျပသနာကို ဘယ္လိုကိုင္တြယ္ရမလဲဆိုတာ သိလာတယ္။
တစ္စုံတစ္ေယာက္နဲ႔ အျမဲရန္ျဖစ္ၿပီး ႀကီးျပင္းလာမယ္ဆိုရင္ေတာ့ ျပသနာကို ဘယ္လိုေျဖရွင္းရမလဲဆိုတာေတာ့ သိသြားပါလိမ့္မယ္။ အဲ့ဒါေၾကာင့္ အလတ္ေတြက စိတ္ဓာတ္အမာဆုံးျဖစ္သြားၾကတာပါ။
(၅) လိုခ်င္တာဆို လြယ္လြယ္မရတတ္ၾကဘူး
သူတို႔ေတြ အရာတစ္ခုကို လိုခ်င္တယ္ဆိုရင္ေတာင္ လြယ္လြယ္မရၾကဘူး။ အလတ္ေတြအေနနဲ႔ တစ္ခုလိုခ်င္ရင္ တစ္ခုနဲ႔ အလဲထိုးေပးရတာမ်ားပါတယ္။
အဲ့ဒါေၾကာင့္ ဘယ္အရာကရဖို႔တန္လဲ ဆိုတာကို သိလာတယ္။ သူတို႔လြယ္လြယ္နဲ႔ ရခဲ့တာမဟုတ္တဲ့ အရာကို တန္ဖိုးထားတတ္တယ္။ ဒီအရာကိုရဖို႔ ႀကိဳးစားခဲ့ရေတာ့ တန္ဖိုးထားတတ္တယ္။
(၆) မၽွေဝေပးတတ္ၾကတယ္
မိသားစုထဲမွာ အလတ္ေတြေတာ္ေတာ္မ်ားမ်ားက မၽွေဝေပးတတ္ၾကတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ကိုယ့္ပိုင္ပစၥည္းဆိုတာ မရွိခဲ့လို႔ပါ။
အႀကီးရဲ့ ပစၥည္းေတြကို လက္ဆင့္ကမ္းၿပီးသုံးလာခဲ့ရေတာ့ အသစ္ဆိုတာ ဘာမွန္းမသိခဲ့ရဘူး။ အဲ့ဒါေၾကာင့္ ပစၥည္းေတြအေပၚမွာ အာ႐ုံမထားတတ္ဘူး။ ဘဝမွာ ဘယ္အရာက အေရးႀကီးလဲဆိုတာကို သူတို႔သိလာၾကတယ္။
Credit-Shwemom
unicode;
မိသားစုထဲမှာ “အလတ်” ဖြစ်သူတွေသာ သိနိုင်မဲ့ဆိုးရွားတဲ့ရင်တွင်းခံစားချက်များ –
မိဘဆိုတာ သားသမီးတိုင်းကို ချစ်ကြပါတယ်။ ဒါပေမယ့် အလတ်တွေခံစားနေရတာကတော့ အချစ်မခံရဘူးဆိုတာပါပဲ။ အကြီးဆိုရင် အကြီးမို့လို့၊ အငယ်ဆိုရင် အငယ်မို့လို့ဆိုပြီး ချစ်ကြပေမယ့် ကြားထဲက အလတ်တွေက အချစ်ငတ်သွားတာမျိုးလည်းဖြစ်သွားကြပါတယ်။
အဲ့ဒါကြောင့် အလတ်တွေက စိတ်ဓာတ်အမာဆုံးဖြစ်သွားတာပါ။ မိသားစုထဲမှာ အလတ်တွေရဲ့ခံစားချက်ကို တချို့မိဘတွေသိအောင် မျှဝေးပေးလိုက်ပါတယ်နော်။
(၁) အမြဲ အနှိုင်းခံရတယ်
အကြီးတွေ၊ အငယ်တွေနဲ့ အမြဲအနိူင်းခံရတယ်။ သူတို့ကို ကလေးလိုလည်း မဆက်ဆံကြဘူး။ အငယ်လိုလည်း အလိုလိုက်မခံရသလို အကြီးလိုလည်း ခွင့်ပြုချက်မရကြဘူး။
အကြီးလုပ်သမျှအရာအားလုံးကို ချီးကျူးကြပေမယ့် သူတို့ကတော့ ဘာပဲလုပ်လုပ် အသိအမှတ်ပြုမခံရပါဘူး။ အကြီးတွေရဲ့ အရိပ်သာသာလောက်ပဲ ဆက်ဆံခံရပါတယ်။ သူတို့အမှားလုပ်မိလိုက်ရင် အကြီးလောက်တောင်ခြေဖျားမမီဘူးဆိုပြီး အပြောခံရတယ်။ အနိူင်းခံရတယ်။
(၂) အကြီး၊အငယ် ရဲ့ နှိပ်စက်တာခံရတယ်
သူတို့ကို အကြီးနဲ့ အငယ်က ပေါင်းပြီး နှိပ်စက်တာမျိုးလည်း တွေ့ဖူးပါတယ်။ ဥပမာ- အငယ်က အလတ်စားမယ့် ခေါက်ဆွဲပန်းကန်ကို ယူပြီး အကြီးကိုသွားပေးတာမျိုး၊ အလတ်မသိအောင် တိတ်တိတ်လေး ဖွတ်စားတာမျိုးတွေလည်း တွေ့ဖူးပါတယ်။
တစ်ခုခု ချောက်ချခံရရင် အလတ်တွေကပဲ ချောက်ချခံရတတ်တယ်။ သူတို့ပဲ အရိုက်ခံရတယ်။
(၃) အသိအမှတ်မပြုကြဘူး
မိသားစုထဲမှာ အလတ်က အတော်ဆုံးနော် လို့ ဘယ်သူမှ မချီးကျူးကြဘူး။ ဘယ်သူမှလည်း အသိအမှတ်မပြုကြဘူး။ သူတို့က လူတွေနဲ့ လိုက်လျောညီထွေအောင်နေတတ်တယ်။ ပေါ့ပါးကြတယ်။ အဲ့ဒါကြောင့် ဘယ်အချိန်မဆို သူတို့အတွက် သူငယ်ချင်းမရှားဘူး။
တချို့လူတွေက အလတ်တွေကို နောက်လိုက်လို့ ထင်ကြတယ်။ တကယ်တမ်းတော့ သူတို့က ဦးဆောင်မယ့်လူတွေပါ။ အလတ်တွေက ပေါင်းသင်းဆက်ဆံရေးကောင်းတော့ ရောက်တဲ့နေရာတိုင်းမှာ သူငယ်ချင်းမရှားပါဘူး။
(၄) ဒေါသတွေကို ထိန်းချူပ်တတ်လာတယ်
မောင်နှမတွေရန်ဖြစ်ကြရင် အလတ်တွေ ဝင်မပါတတ်ကြဘူး။ ဝင်ပါလိုက်ရင် သူတို့အမှားလို့ပဲ စွပ်စွဲခံရတော့ ပြသနာကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိလာတယ်။
တစ်စုံတစ်ယောက်နဲ့ အမြဲရန်ဖြစ်ပြီး ကြီးပြင်းလာမယ်ဆိုရင်တော့ ပြသနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာတော့ သိသွားပါလိမ့်မယ်။ အဲ့ဒါကြောင့် အလတ်တွေက စိတ်ဓာတ်အမာဆုံးဖြစ်သွားကြတာပါ။
(၅) လိုချင်တာဆို လွယ်လွယ်မရတတ်ကြဘူး
သူတို့တွေ အရာတစ်ခုကို လိုချင်တယ်ဆိုရင်တောင် လွယ်လွယ်မရကြဘူး။ အလတ်တွေအနေနဲ့ တစ်ခုလိုချင်ရင် တစ်ခုနဲ့ အလဲထိုးပေးရတာများပါတယ်။
အဲ့ဒါကြောင့် ဘယ်အရာကရဖို့တန်လဲ ဆိုတာကို သိလာတယ်။ သူတို့လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်တဲ့ အရာကို တန်ဖိုးထားတတ်တယ်။ ဒီအရာကိုရဖို့ ကြိုးစားခဲ့ရတော့ တန်ဖိုးထားတတ်တယ်။
(၆) မျှဝေပေးတတ်ကြတယ်
မိသားစုထဲမှာ အလတ်တွေတော်တော်များများက မျှဝေပေးတတ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ့်ပိုင်ပစ္စည်းဆိုတာ မရှိခဲ့လို့ပါ။
အကြီးရဲ့ ပစ္စည်းတွေကို လက်ဆင့်ကမ်းပြီးသုံးလာခဲ့ရတော့ အသစ်ဆိုတာ ဘာမှန်းမသိခဲ့ရဘူး။ အဲ့ဒါကြောင့် ပစ္စည်းတွေအပေါ်မှာ အာရုံမထားတတ်ဘူး။ ဘဝမှာ ဘယ်အရာက အရေးကြီးလဲဆိုတာကို သူတို့သိလာကြတယ်။
Credit-Shwemom