ကိုယ့်ချစ်သူက ကိုယ့်ကိုယ် ဘယ်လောက်ချစ်တယ်၊ ဘယ်လိုချစ်တယ်ဆိုတာကို သူ့ရဲ့ အပြောအဆို၊ အပြုအမူလေးတွေနဲ့ သင့်ကို ဆက်ဆံတဲ့ ပုံစံတွေကို ကြည့်ပြီး သိနိုင်ပါတယ်။
ဒီအချက်တွေ သူ သင့်ကို ဆုံးရှုံးရမှာကို ကြောက်ပြီး အလေးအနက်ထားတယ်ဆိုတာကို ဖော်ပြနေပါတယ်။
ငါ မင်းမရှိပဲ အသက်မရှင်နိုင်ဘူး
အိုး ဒီစကားက ကြားရုံနဲ့တင် ချစ်သူကောင်မလေးတွေရဲ့ အသည်းနှလုံးကို အရည်ပျော်ကျသွားစေမယ့် စကားလုံးမျိုးပါ။
ဒီစကားကို တော်ရုံယောကျာ်းလေးတွေက ထုတ်ဖော်မပြောတတ်ကြပေမယ့် သင့်ချစ်သူက သင့်ကို ပြောလာခဲ့ရင်တော့
ဒါဟာ သူ သင့်ကို ဘယ်လိုမှ ဆုံးရှုံးမခံနိုင်လို့၊ ဆုံးရှုံးရမှာ ကြောက်လို့ ခုလိုထုတ်ပြောတာပဲ ဖြစ်ပါတယ်။
ငါ့ရဲ့ ဘဝတစ်ခုလုံးကို မင်းနဲ့ပဲ ဖြတ်သန်းချင်တယ်
ဒီစကားမျိုးက တစ်ဘဝလုံးစာ မရည်ရွယ်ပဲ ပြောဖြစ်မယ့် စကားမျိုး မဟုတ်ပါဘူး။
သူ သင့်ကို တစ်ဘဝလုံးစာ ရည်ရွယ်ထားတဲ့အတွက်၊ သူ သင့်နဲ့အတူ ဘဝကိုပဲ ဖြတ်သန်းချင်တဲ့အတွက် ဒီစကားကို ပြောလာတာပါ။
သူ့ဘဝမှာ သင်ကလွဲပြီး နောက်တစ်ယောက်ကို ထပ်ပြီး မချစ်ချင်တော့ပဲ သူ့တစ်ဘဝလုံး လက်တွဲဖော်အဖြစ် သင့်ကိုပဲ ရွေးချယ်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့်ပါနော်။
မင်းက ငါ့ဘဝရဲ့ နောက်တစ်ယောက် မရှိနိုင်သူ
ဒါက ယောကျာ်းလေးတွေ သိပ်ပြောလေ့ပြောထရှိတဲ့ စကားမျိုးတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သင့်ကို ဆုံးရှုံးရမှာ ကြောက်တဲ့အခါ၊ အရမ်းကို တန်ဖိုးထား မြတ်နိုးလွန်းတဲ့အခါ ဒီစကားမျိုးကို ထုတ်ပြောတတ်ကြတာပါ။
ဒါက သူ့ဘဝမှာ အရမ်းကို တန်ဖိုးထားရပြီး သင်ဟာ သူ့ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ သူဖြစ်လို့ ဒီစကားကို ပြောတာပဲ ဖြစ်ပါတယ်။
ငါ မင်းကို ချစ်တယ်
ဒီစကားကတော့ ကြားဖူးနေကျ စကားမျိုးဆိုပေမယ့် ကြားဖူးနေကျ အဓိပ္ပါယ်လေးနက်မှုကတော့ မတူညီပါဘူး။
ချစ်တယ်လို့ ခဏခဏ ပြောတတ်ပေမယ့် တကယ့်ကို လေးနက်တဲ့ ပုံစံနဲ့ ပြောတာကတော့ ကြားရတဲ့သူတောင် ခံစားမိစေနိုင်ပါတယ်နော်။
ဒီတော့ ငါမင်းကိုချစ်တယ်လို့ လေးလေးနက်နက် ပြောတတ်တာဟာ သူသင့်ကို တကယ် ချစ်မြတ်နိုးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်နော်။
Khin