အေထြအေထြဗဟုသုတ

သွေးတအားတိုး၍ ဆေးရုံ၊ဆေးခန်းသွားဖို့ အခက်တွေ့နေလျှင်

သွေးတအားတိုး၍ ဆေးရုံ၊ဆေးခန်းသွားဖို့ အခက်တွေ့နေလျှင်..

̏”တပည့်တော်တရုတ်ပြည်နယ်စပ်မှာနေတုန်းက မြန်မာပြည်က စိန်ပန်းပင်တွေကို တရုတ်ကရသ လောက်စျေးပေးဝယ်နေတယ်ဘုရား˝ ဉာဏ်ကြီးသူ ရသေ့ရှင်အားလျှောက်မိ၏

̏တကာလေးရယ် ဘာစမ်းလဲ..။ အခြားသုံးတာမဟုတ်ဘူး..။စိန်ပန်းပင်ကိုဆေးအဖြစ်သုံးဖို့ဝယ်တာ။ ရသေ့တစ်ခုလက်တွေ့စမ်းပြမယ် ˝

(၁)စိန်ပန်းပင်အား ဓားရာပေးပြီးအစေးကိုရယူပါ။

(၂)ဖန်ခွက်လေးထဲ ရေအပြည့်ထည့်ဆားကွမ်းသီးလုံး ခန့်ထည့်စေကာ ငံသောအရသာကိုဖြစ်စေပါ။

(၃) ထိုဆားရည်ဖန်ခွက်ထဲသို့ စိန်ပန်းစေးလေး လက်သန်းလုံးမျှထည့်ကာ (၁၅)မိနစ်မျှ စိမ်ထား လိုက်ပါ။

အဖြေ ဆား၏အငံဓာတ်များ အလိုလိုလျော့ကျ သွားပါကြောင်းလက်တွေ့မြင်ရပါလိမ့်မည်။ ရသေ့ရှင်သည် လက်တွေ့ပြကာ သွေးတိုးကျ စေကြောင်းညွန်ပြဖူးပါသည်။

စဉ်းစားကြည့်ဒကာလေး ဒီစိန်ပန်းပင်ဟာသိပ်ပြီး ဆေးဖက်ဝင်တယ် ။ပျောက်ကင်းနိုင်တဲ့အခြားရောဂါ တွေရှိသေးတယ်˝ ဟုမိန့်ဖူခဲ့သည်။ သင်္ကြန်ကာလ မိတ်ဆွေဝန်ထမ်းတစ်ဦး အပျော်လွန်ပြီး အရက်သောက်သဖြင့် သွးတိုးတော့သည်။

ထိုသူ၏သွေးပေါင်တိုင်းကြည့်ရာသွေး ၁၆၀ ၁၉၀ ထိ သွေးတိုးနေတော့သည်။သောက်ဆေးကမရှိ။ ဆေးခန်းသွားသော်လည်း သင်္ကြန်ပိတ်ရက်များဖြစ်၍ ဆေးခန်းပိတ်လေသည်။ ထိုသူမှာယခင်ကပင်သွေး တိုးရှိသူဖြစ်သည်။ ကတုန်ကယင်နှင့် ချက်ချင်းပင် အသက် ရာယ်စိုးရိမ်ဖွယ်ဖြစ်လေသည်။

လက်တွေ့ပင်စိန်ပန်းပင်မှ အစေးကိုရယူပြီး လက်ဖက်စားဇွန်း(၂)ဇွန်းမျှတိုက်ပေးခဲ့ရာ နာရီဝက်အတွင်းသွေးကျခြင်းကို အမှန်ကြုံဖူးပါသည်။ စိန်ပန်းပင်သည် အပင်ကြီးမျိုးဖြစ်သည်။ အသီးမှာအတောင့်ဖြစ်သည်။စိန်ပန်းကြီးအပွင့်မှာ အနီရောင်နှင့်အဝါရောင်ဟူ၍နှစ်မျိုးရှိသည်။

များ သောအားဖြင့် အနီရောင်ပွင့်သောအပင်ကများသည်။စိန်ပန်းသည်ပဲပင်ကြီးမျိုးရင်းဖြစ်သည်။ Caesalpinioideae မျိုးခွဲဖြစ်သည်။

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်တွင် ပူသောသတ္တိရှိသည်။လေသလိပ်ကိုနိုင်သည်..။ ထိုးအောင့်၊အစာမကြေ၊လေပြည့်၊မျက်စိရောဂါတို့ကို သက်သာပျောက်ကင်းစေသည်။

မှတ်သားထားသောသုတများ

အစေ့တွင်၁၈မှ၂၇.၅%ထိ အဆီဓာတ်ပါဝင်ပြီး ပိုးသတ် မှို သတ်သောဆပ်ပြာဆီအဖြစ် ထုတ်လုပ် သည်။အစေ့ဆီဖြင့်ထုတ်လုပ်သော ကိတ်မုန့်သည် သားသမီးကို ရစေနိုင်ကြောင်းဆိုသည်။

အစေ့မှုန့်သည်သွေးတွင်းရှိအညစ်အကြေးများကို သန့်စင်ပေးနိုင်သောအာနိသင်ရှိသည်။

နားကိုက်ခြင်းကိုသက်သာစေသည်။

အရွက်သည် အရေပြားရောဂါကိုပျောက်စေသည်။

အရွက်ကို စားပေးပါက သံပိုးကိုကျစေသည်။

အပွင့်နှင့်အခေါက်ကို အစာအိမ်ပျောက်ဆေး အဖြစ်ိသုံးသည်။

အပွင့်ကို ပြုတ်စားခြင်း၊တို့စား၊သုပ်စားခြင်းဖြင့်အိပ်ပျော်မှုကိုဖြစ်စေပါသည်။

စိန်ပန်းရွက်သည် သွေးတွင်းရှိအချို့ဓာတ်များကို ကျဆင်းစေ၍ သွေးကျရောဂါရှိသူတို့ စားရန် မသင့်ပေ။

စိန်ပန်းပင်နှင့်ပတ်သက်သော ဆေးဝါးစမ်းသပ်မှုများ များစွာရှိနေပြီးဟုသိရပါသည်။

ရဲမျိုးသူ(ဗောဓိမြိုင်)

ေသြးတအားတိုး၍ ေဆး႐ုံ၊ေဆးခန္းသြားဖို႔ အခက္ေတြ႕ေနလၽွင္

̏”တပည့္ေတာ္တ႐ုတ္ျပည္နယ္စပ္မွာေနတုန္းက ျမန္မာျပည္က စိန္ပန္းပင္ေတြကို တ႐ုတ္ကရသ ေလာက္ေစ်းေပးဝယ္ေနတယ္ဘုရား˝ ဉာဏ္ႀကီးသူ ရေသ့ရွင္အားေလၽွာက္မိ၏

̏တကာေလးရယ္ ဘာစမ္းလဲ..။ အျခားသုံးတာမဟုတ္ဘူး..။စိန္ပန္းပင္ကိုေဆးအျဖစ္သုံးဖို႔ဝယ္တာ။ ရေသ့တစ္ခုလက္ေတြ႕စမ္းျပမယ္ ˝

(၁)စိန္ပန္းပင္အား ဓားရာေပးၿပီးအေစးကိုရယူပါ။

(၂)ဖန္ခြက္ေလးထဲ ေရအျပည့္ထည့္ဆားကြမ္းသီးလုံး ခန႔္ထည့္ေစကာ ငံေသာအရသာကိုျဖစ္ေစပါ။

(၃) ထိုဆားရည္ဖန္ခြက္ထဲသို႔ စိန္ပန္းေစးေလး လက္သန္းလုံးမၽွထည့္ကာ (၁၅)မိနစ္မၽွ စိမ္ထား လိုက္ပါ။

အေၿဖ ဆား၏အငံဓာတ္မ်ား အလိုလိုေလ်ာ့က် သြားပါေၾကာင္းလက္ေတြ႕ျမင္ရပါလိမ့္မည္။ ရေသ့ရွင္သည္ လက္ေတြ႕ျပကာ ေသြးတိုးက် ေစေၾကာင္းညြန္ျပဖူးပါသည္။

စဥ္းစားၾကည့္ဒကာေလး ဒီစိန္ပန္းပင္ဟာသိပ္ၿပီး ေဆးဖက္ဝင္တယ္ ။ေပ်ာက္ကင္းနိုင္တဲ့အျခားေရာဂါ ေတြရွိေသးတယ္˝ ဟုမိန႔္ဖူခဲ့သည္။ သၾကၤန္ကာလ မိတ္ေဆြဝန္ထမ္းတစ္ဦး အေပ်ာ္လြန္ၿပီး အရက္ေသာက္သျဖင့္ သြးတိုးေတာ့သည္။

ထိုသူ၏ေသြးေပါင္တိုင္းၾကည့္ရာေသြး ၁၆၀ ၁၉၀ ထိ ေသြးတိုးေနေတာ့သည္။ေသာက္ေဆးကမရွိ။ ေဆးခန္းသြားေသာ္လည္း သၾကၤန္ပိတ္ရက္မ်ားျဖစ္၍ ေဆးခန္းပိတ္ေလသည္။ ထိုသူမွာယခင္ကပင္ေသြး တိုးရွိသူျဖစ္သည္။ ကတုန္ကယင္ႏွင့္ ခ်က္ခ်င္းပင္ အသက္ ရာယ္စိုးရိမ္ဖြယ္ျဖစ္ေလသည္။

လက္ေတြ႕ပင္စိန္ပန္းပင္မွ အေစးကိုရယူၿပီး လက္ဖက္စားဇြန္း(၂)ဇြန္းမၽွတိုက္ေပးခဲ့ရာ နာရီဝက္အတြင္းေသြးက်ျခင္းကို အမွန္ၾကဳံဖူးပါသည္။ စိန္ပန္းပင္သည္ အပင္ႀကီးမ်ိဳးျဖစ္သည္။ အသီးမွာအေတာင့္ျဖစ္သည္။စိန္ပန္းႀကီးအပြင့္မွာ အနီေရာင္ႏွင့္အဝါေရာင္ဟူ၍ႏွစ္မ်ိဳးရွိသည္။

မ်ား ေသာအားျဖင့္ အနီေရာင္ပြင့္ေသာအပင္ကမ်ားသည္။စိန္ပန္းသည္ပဲပင္ႀကီးမ်ိဳးရင္းျဖစ္သည္။ Caesalpinioideae မ်ိဳးခြဲျဖစ္သည္။

အရွင္နာဂသိန္ပုံျပေဆးအဘိဓာန္တြင္ ပူေသာသတၱိရွိသည္။ေလသလိပ္ကိုနိုင္သည္။ ထိုးေအာင့္၊အစာမေၾက၊ေလျပည့္၊မ်က္စိေရာဂါတို႔ကို သက္သာေပ်ာက္ကင္းေစသည္။

မွတ္သားထားေသာသုတမ်ား

အေစ့တြင္၁၈မွ၂၇.၅%ထိ အဆီဓာတ္ပါဝင္ၿပီး ပိုးသတ္ မွို သတ္ေသာဆပ္ျပာဆီအျဖစ္ ထုတ္လုပ္ သည္။အေစ့ဆီျဖင့္ထုတ္လုပ္ေသာ ကိတ္မုန႔္သည္ သားသမီးကို ရေစနိုင္ေၾကာင္းဆိုသည္။

အေစ့မႈန႔္သည္ေသြးတြင္းရွိအညစ္အေၾကးမ်ားကို သန႔္စင္ေပးနိုင္ေသာအာနိသင္ရွိသည္။

နားကိုက္ျခင္းကိုသက္သာေစသည္။

အရြက္သည္..အေရျပားေရာဂါကိုေပ်ာက္ေစသည္။

အရြက္ကို စားေပးပါက သံပိုးကိုက်ေစသည္။

အပြင့္ႏွင့္အေခါက္ကို အစာအိမ္ေပ်ာက္ေဆး အျဖစ္ိသုံးသည္။

အပြင့္ကို ျပဳတ္စားျခင္း၊တို႔စား၊သုပ္စားျခင္းျဖင့္အိပ္ေပ်ာ္မႈကိုျဖစ္ေစပါသည္။

စိန္ပန္းရြက္သည္ ေသြးတြင္းရွိအခ်ိဳ႕ဓာတ္မ်ားကို က်ဆင္းေစ၍ ေသြးက်ေရာဂါရွိသူတို႔ စားရန္ မသင့္ေပ..။

စိန္ပန္းပင္ႏွင့္ပတ္သက္ေသာ ေဆးဝါးစမ္းသပ္မႈမ်ား မ်ားစြာရွိေနၿပီးဟုသိရပါသည္။

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)