အေထြအေထြဗဟုသုတ

မနက္အိပ္ရာထခ်ိန္ ေရတစ္ဖန္ခြက္ေသာက္သံုးျခင္း၏ အံ့ဖြယ္အက်ိဳးေက်းဇူးမ်ား…

ဂ်ပန္အမ်ိဳးသမီးေတြဟာ က်န္းမာသြယ္လ်တဲ့ခႏၶာကိုယ္ေၾကာင့္လူသိမ်ားေက်ာ္ၾကားပါတယ္။တကယ္ေတာ့ သူတို႔ ဂ်ပန္လူမ်ိဳးေတြရဲ့ရိုးရာဓေလ့လိုျဖစ္ေနတဲ့အေလ့အက်င့္ေကာင္းေလးေတြေၾကာင့္က်န္းမာသြယ္လ်ၿပီးေခ်ာေမာလွပတဲ့မိန္းကေလးေတြဆိုရင္ဂ်ပန္မေလးနဲ႔တူလိုက္တာခ်စ္စရာေကာင္းလိုက္တာလို႔ေျပာခံရျခင္းျဖစ္ပါတယ္။

ရိုးရာဓေလ့ကေတာ့တျခားမဟုတ္ပါဘူး မနက္အိပ္ရာထထခ်င္း ဘာအစာမွမစားရေသးခင္ ေရေသာက္ျခင္းအေလ့အထပါပဲ

မနက္အိပ္ရာထခ်ိန္ေရေသာက္ဖို႔ ဘာေၾကာင့္အေရးႀကီးတာလဲ

ခႏၶာကိုယ္ရဲ့ရဝရာခိုုင္ႏႈန္းေလာက္ကေရဓာတ္နဲ႔ပဲအလုပ္လုပ္တာျဖစ္တဲ့အတြက္မနက္အိပ္ရာထတာနဲ႔လန္းဆန္းတက္ႂကြေနေစဖို႔ရယ္ခႏၶာကိုယ္အတြက္လိုအပ္တဲ့အားအင္ေတြကို ေရဓာတ္ကေနရရွိပါတယ္။

ခႏၶာကိုယ္မွာ ေရဓာတ္ခမ္းေျခာက္မႈၾကာရွည္စြာခံစားရပါကအဝလြန္ေရာဂါ၊ရင္သားကင္ဆာေရာဂါ၊ေခါင္းတျခမ္းကိုက္ေရာဂါ၊အူမေရာင္နာေရာဂါ၊သားအိမ္ကင္ဆာ၊ဆီးေက်ာက္တည္္ျခင္း၊ႏွလုံးေအာင့္ေရာဂါ၊အစာမေၾကျခင္းစတဲ့ ေရာဂါေဝဒနာေပါင္းစုံကိုခံစားရနိုင္ပါတယ္

ဒါေၾကာင့္မနက္အိပ္ရာထခ်ိန္ ေရေသာက္ျခင္းက ခႏၶာကိုယ္က်န္းမာေရးအတြက္အက်ိဳးေက်းဇူးေတြမ်ားစြာရရွိေစျခင္းျဖစ္ပါတယ္။

အဲဒီလိုမနက္အိပ္ရာထခ်ိန္ ေရေသာက္တဲ့အခါအစာအိမ္ထဲမွာဘာအစာမွရွိမေနေစရပါဘူး။အဲဒီအေျခအေနမွာ ေရေသာက္ျခင္းေၾကာင့္ ေအာက္ပါ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားျဖစ္ထြန္းေစပါတယ္။

ခႏၶာကိုယ္အဆိပ္အေတာက္ကင္းျခင္း

အဲဒီလိုမနက္အိပ္ရာထထခ်င္းအစာအိမ္ထဲမွာအစာမရွိခ်ိန္ေရေသာက္ျခင္းေၾကာင့္ခႏၶာကိုယ္တြင္းအူမႀကီးကိုလႈပ္ရွားမႈျဖစ္ေစပါတယ္။ညဘက္အိပ္ခ်ိန္မွာခႏၶာကိုယ္တြင္းအစိတ္အပိုင္းေတြရဲ့ဇီဝျဖစ္စဥ္ေတြေၾကာင့္ခႏၶာကိုယ္မွာအဆိပ္အေတာက္ျဖစ္ေနပါလိမ့္မယ္။

ဒါေၾကာင့္ အဲဒီလို အစာမရွိခ်ိန္မနက္အိပ္ရာထထခ်င္း ေရကိုလုံေလာက္ေအာင္ေသာက္ေပးျခင္းေၾကာင့္ ခႏၶာကိုယ္တြင္းအဆိပ္အေတာက္ကင္းေစၿပီးလန္းဆန္းမႈနဲ႔က်န္းမာမႈကိုခံစားရပါလိမ့္မယ္

ဒါ့ျပင္ခႏၶာကိုယ္တြင္းႂကြက္သားဆဲလ္ေတြနဲ႔ေသြးဆဲလ္အသစ္ေတြထုတ္လုပ္မႈကိုလည္း ျမင့္တက္ေစပါတယ္။

အသားအေရၾကည္လင္ေခ်ာေမြ႕ျခင္း

ေရဓာတ္ခမ္းေျခာက္္မႈက အေရျပားမွာအမည္းစက္နဲ႔အေရးအေၾကာင္းေတြကိုျဖစ္ေစပါတယ္။ဒါေၾကာင့္မနက္အိပ္ရာထခ်ိန္ ဗိုက္ထဲအစာမရွိခ်ိန္ ေရ၅ဝဝမီလီဂရမ္ရေအာင္ေသာက္ေပးျခင္းက ေသြးလည္ပတ္မႈေကာင္းမြန္ေစၿပီးအသားအေရၾကည္လင္ေတာက္ပေစပါတယ္။

တစ္ေန႔လုံး ေရဓာတ္လုံေလာက္စြာရရွိမယ္ဆိုရင္ေတာ့ခႏၶာကိုယ္တြင္းအဆိပ္အေတာက္ကင္းစင္ၿပီး အသားအေရလွပလာပါလိမ့္မယ္။

ေက်ာက္ကပ္အနည္ထိုင္ျခင္းႏွင့္ ဆီးအိမ္ေရာင္ရမ္းျခင္းကိုကာကြယ္ေပးျခင္း

ေနာက္ထပ္က်န္းမာေရးအက်ိဳးေက်းဇူးကေတာ့ဆီးအိမ္ေရာင္ရမ္းျခင္းနဲ႔ ေက်ာက္ကပ္အနည္ထိုင္ျခင္းတို႔ကိုလည္းကာကြယ္ေပးပါတယ္။

မနက္အိပ္ရာထထခ်ိင္းအစာအိမ္တြင္းအစာမရွိခ်ိန္ ေရေသာက္လိုက္ျခင္းေၾကာင့္အစာအိမ္ကေနအက္ဆစ္ထြက္မႈကိုေလ်ာ့နည္းသက္သာေစၿပီး ေက်ာက္ကပ္မွာအနည္ထိုင္ျခင္းကိုကာကြယ္ေပးတာျဖစ္ပါတယ္။

ဒါ့အျပင္ခႏၶာကိုယ္အဆိပ္အေတာက္ျဖစ္ျခင္းေၾကာင့္ ဆီးအိမ္ေရာင္ရမ္းမႈျဖစ္ျခင္းကိုလည္းကာကြယ္ေပးပါတယ္။

ကိုယ္အေလးခ်ိန္ေလ်ာ့က်မႈကိုျပန္လည္ျမႇင့္တင္ေပးျခင္း

ခႏၶာကိုယ္က်န္းမာႀကံ့ခိုင္ဖို႔အတြက္ရွိသင့္တဲ့ကိုယ္အေလးခ်ိန္ဆိုတာရွိပါတယ္။အဲဒီလိုမနက္အိပ္ရာထတာနဲ႔အစာအိမ္ထဲအစာမရွိခ်ိန္ ေရေသာက္ေပးျခင္းေၾကာင့္ အစာေခ်စနစ္ကိုတိုးတက္ေစၿပီး ဆာေလာင္မႈကိုခံစားရေစပါလိမ့္မယ္။

အဲဒီလို ဆာေလာင္မႈေၾကာင့္အစားအစာစားသုံးျခင္းကက်န္းမာေရးနဲ႔လည္းညီညြတ္မၽွတပါတယ္။မဆာေလာင္ဘဲစားသုံးျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္တိုးလာမွာကိုလည္းပူစရာမလိုေတာ့ပါဘူး

က်န္းမာသန္စြမ္းၿပီး ေခ်ာေမြ႕ေတာက္ေျပာင္ေသာဆံပင္

ေရဓာတ္ခမ္းေျခာက္တဲ့သူေတြမွာဆံေကသာက်န္းမာသန္စြမ္းမႈကိုအဟန႔္အတားျဖစ္ေစပါတယ္။ဒါ့အျပင္ဆံသားေတြႂကြပ္ဆက္ၿပီးကၽြတ္လြယ္ပါတယ္။

ဒါေၾကာင့္ဦးေရျပားက်န္းမာၿပီးသန္စြမ္းၿပီး ေခ်ာေမြ႕ေတာက္ေျပာင္တဲ့ဆံေကသာပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ မနက္အိပ္ရာထခ်ိန္ အစာမစားခင္ေရ လုံေလာက္စြာေသာက္ေပးသင့္ပါတယ္။

ဒါေၾကာင့္ ေဖာ္ျပခဲ့တဲ့က်န္းမာေရးအက်ိဳးေက်းဇူးေလးေတြရရွိေစဖို႔မနက္အိပ္ရာထထခ်င္းအစာမစားခင္ ေရလုံေလာက္စြာေသာက္သုံးတဲ့ အေလ့အက်င့္ေကာင္းေလးကိုေမြးျမဴသင့္ေၾကာင္းေဖာ္ျပေပးလိုက္ပါတယ္။

credit

ျခဴးသစ္ႏြယ္@ChoChoThan(Shwemom)

Unicode,

ဂျပန်အမျိုးသမီးတွေဟာ ကျန်းမာသွယ်လျတဲ့ခန္ဓာကိုယ်ကြောင့်လူသိများကျော်ကြားပါတယ်။တကယ်တော့ သူတို့ ဂျပန်လူမျိုးတွေရဲ့ရိုးရာဓလေ့လိုဖြစ်နေတဲ့အလေ့အကျင့်ကောင်းလေးတွေကြောင့်ကျန်းမာသွယ်လျပြီးချောမောလှပတဲ့မိန်းကလေးတွေဆိုရင်ဂျပန်မလေးနဲ့တူလိုက်တာချစ်စရာကောင်းလိုက်တာလို့ပြောခံရခြင်းဖြစ်ပါတယ်။

ရိုးရာဓလေ့ကတော့တခြားမဟုတ်ပါဘူး မနက်အိပ်ရာထထချင်း ဘာအစာမှမစားရသေးခင် ရေသောက်ခြင်းအလေ့အထပါပဲ။

မနက်အိပ်ရာထချိန်ရေသောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ

ခန္ဓာကိုယ်ရဲ့ရဝရာခိုုင်နှုန်းလောက်ကရေဓာတ်နဲ့ပဲအလုပ်လုပ်တာဖြစ်တဲ့အတွက်မနက်အိပ်ရာထတာနဲ့လန်းဆန်းတက်ကြွနေစေဖို့ရယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အားအင်တွေကို ရေဓာတ်ကနေရရှိပါတယ်။

ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှုကြာရှည်စွာခံစားရပါကအဝလွန်ရောဂါ၊ရင်သားကင်ဆာရောဂါ၊ခေါင်းတခြမ်းကိုက်ရောဂါ၊အူမရောင်နာရောဂါ၊သားအိမ်ကင်ဆာ၊ဆီးကျောက်တည််ခြင်း၊နှလုံးအောင့်ရောဂါ၊အစာမကြေခြင်းစတဲ့ ရောဂါဝေဒနာပေါင်းစုံကိုခံစားရနိုင်ပါတယ်။

ဒါကြောင့်မနက်အိပ်ရာထချိန် ရေသောက်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေများစွာရရှိစေခြင်းဖြစ်ပါတယ်။

အဲဒီလိုမနက်အိပ်ရာထချိန် ရေသောက်တဲ့အခါအစာအိမ်ထဲမှာဘာအစာမှရှိမနေစေရပါဘူး။အဲဒီအခြေအနေမှာ ရေသောက်ခြင်းကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများဖြစ်ထွန်းစေပါတယ်။

ခန္ဓာကိုယ်အဆိပ်အတောက်ကင်းခြင်း

အဲဒီလိုမနက်အိပ်ရာထထချင်းအစာအိမ်ထဲမှာအစာမရှိချိန်ရေသောက်ခြင်းကြောင့်ခန္ဓာကိုယ်တွင်းအူမကြီးကိုလှုပ်ရှားမှုဖြစ်စေပါတယ်။ညဘက်အိပ်ချိန်မှာခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့ဇီဝဖြစ်စဉ်တွေကြောင့်ခန္ဓာကိုယ်မှာအဆိပ်အတောက်ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် အဲဒီလို အစာမရှိချိန်မနက်အိပ်ရာထထချင်း ရေကိုလုံလောက်အောင်သောက်ပေးခြင်းကြောင့် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစေပြီးလန်းဆန်းမှုနဲ့ကျန်းမာမှုကိုခံစားရပါလိမ့်မယ်။

ဒါ့ပြင်ခန္ဓာကိုယ်တွင်းကြွက်သားဆဲလ်တွေနဲ့သွေးဆဲလ်အသစ်တွေထုတ်လုပ်မှုကိုလည်း မြင့်တက်စေပါတယ်။

အသားအရေကြည်လင်ချောမွေ့ခြင်း

ရေဓာတ်ခမ်းခြောက််မှုက အရေပြားမှာအမည်းစက်နဲ့အရေးအကြောင်းတွေကိုဖြစ်စေပါတယ်။ဒါကြောင့်မနက်အိပ်ရာထချိန် ဗိုက်ထဲအစာမရှိချိန် ရေ၅ဝဝမီလီဂရမ်ရအောင်သောက်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီးအသားအရေကြည်လင်တောက်ပစေပါတယ်။

တစ်နေ့လုံး ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင်တော့ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစင်ပြီး အသားအရေလှပလာပါလိမ့်မယ်။

ကျောက်ကပ်အနည်ထိုင်ခြင်းနှင့် ဆီးအိမ်ရောင်ရမ်းခြင်းကိုကာကွယ်ပေးခြင်း

နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးကတော့ဆီးအိမ်ရောင်ရမ်းခြင်းနဲ့ ကျောက်ကပ်အနည်ထိုင်ခြင်းတို့ကိုလည်းကာကွယ်ပေးပါတယ်။

မနက်အိပ်ရာထထချိင်းအစာအိမ်တွင်းအစာမရှိချိန် ရေသောက်လိုက်ခြင်းကြောင့်အစာအိမ်ကနေအက်ဆစ်ထွက်မှုကိုလျော့နည်းသက်သာစေပြီး ကျောက်ကပ်မှာအနည်ထိုင်ခြင်းကိုကာကွယ်ပေးတာဖြစ်ပါတယ်။

ဒါ့အပြင်ခန္ဓာကိုယ်အဆိပ်အတောက်ဖြစ်ခြင်းကြောင့် ဆီးအိမ်ရောင်ရမ်းမှုဖြစ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်လျော့ကျမှုကိုပြန်လည်မြှင့်တင်ပေးခြင်း

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက်ရှိသင့်တဲ့ကိုယ်အလေးချိန်ဆိုတာရှိပါတယ်။အဲဒီလိုမနက်အိပ်ရာထတာနဲ့အစာအိမ်ထဲအစာမရှိချိန် ရေသောက်ပေးခြင်းကြောင့် အစာချေစနစ်ကိုတိုးတက်စေပြီး ဆာလောင်မှုကိုခံစားရစေပါလိမ့်မယ်။

အဲဒီလို ဆာလောင်မှုကြောင့်အစားအစာစားသုံးခြင်းကကျန်းမာရေးနဲ့လည်းညီညွတ်မျှတပါတယ်။မဆာလောင်ဘဲစားသုံးခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာမှာကိုလည်းပူစရာမလိုတော့ပါဘူး

ကျန်းမာသန်စွမ်းပြီး ချောမွေ့တောက်ပြောင်သောဆံပင်

ရေဓာတ်ခမ်းခြောက်တဲ့သူတွေမှာဆံကေသာကျန်းမာသန်စွမ်းမှုကိုအဟန့်အတားဖြစ်စေပါတယ်။ဒါ့အပြင်ဆံသားတွေကြွပ်ဆက်ပြီးကျွတ်လွယ်ပါတယ်။

ဒါကြောင့်ဦးရေပြားကျန်းမာပြီးသန်စွမ်းပြီး ချောမွေ့တောက်ပြောင်တဲ့ဆံကေသာပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မနက်အိပ်ရာထချိန် အစာမစားခင်ရေ လုံလောက်စွာသောက်ပေးသင့်ပါတယ်။

ဒါကြောင့် ဖော်ပြခဲ့တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိစေဖို့မနက်အိပ်ရာထထချင်းအစာမစားခင် ရေလုံလောက်စွာသောက်သုံးတဲ့ အလေ့အကျင့်ကောင်းလေးကိုမွေးမြူသင့်ကြောင်းဖော်ပြပေးလိုက်ပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)