အေထြအေထြဗဟုသုတ

အေႂကြးေၾက အေႂကြးလည္းရ ေငြဝင္လမ္းတဖြားဖြား ပြင့္ေစေသာ အဓိဌာန္

ေငြေၾကးအတြက္ တင္ေပးထားတာေတြ မ်ားလို႔ တစ္မ်ိဳး မထင္ပါနဲ႔၊ အခုလို ေငြရွာရခက္တဲ့ ကာလမွာ ကိုယ္လုပ္တာထက္ ေငြဝင္လမ္း ေကာင္းၿပီး မိသာစုဘဝေတြ အဆင္ေျပေနႏိုင္ စားႏီုင္းေအာင္ အလႉဒါနမ်ား စိတ္သြားတိုင္း ကိုယ္ပါ လႉႏိုင္ တန္းႏိုင္ေအာင္ တင္ျပေပးရျခင္း ျဖစ္ပါတယ္။

ေနာက္ၿပီး ကြၽန္ေတာ္ဆီ လာအကူအညီေတာင္းၾကတဲ့ အထဲမွာ အေႂကြးကိစၥ ေငြေၾကးကိစၥေတြ႕ပဲ မ်ားၾကပါတယ္။ ေငြဆိုတာကလည္း လူတိုင္းရဲ႕ ဘဝအတြက္ တစ္ေထာင့္တစ္ေနရာက အေရးပါပါတယ္။ တင္ေပးထားတာေတြ မ်ားလို႔ စိတ္မမ်ားၾကပါနဲ႔ ကိုယ္နဲ႔ သင့္ေတာ္မယ္ နည္းစနစ္ တစ္ခုခုကို လုပ္ေဆာင္ပါ။

အခု ေဖာ္ျပမယ့္နည္းကေတာ့ အေႂကြးတင္ေနလို႔ ေသာက ေရာက္ေနသူမ်ား အေႂကြး ျမန္ျမန္ေက်ေစရန္၊ အေႂကြး ရစရာရွိသည္မ်ား မရပဲ ျဖစ္ေနသူမ်ား မိမိေငြ အျမန္ ျပန္ရေစရန္၊ ေငြေၾကးကံ နိမ့္ေနသူ၊ လာဘ္ပိတ္ေနသူမ်ား ေငြကံျမင့္ၿပီး လာဘ္ပြင့္ေစမယ့္ အဓိဌာန္ပါ။

ဒီအဓိဌာန္ကေတာ့ နည္းနည္းေတာ့ ပင္ပန္းပါမယ္ ပင္ပန္းသေလာက္လည္း အက်ိဳးထူး သိသိသာသာ ရရွိေစပါလိမ့္မယ္။

အဓိဌာန္ကေတာ့ စေနေန႔မနက္ ရး၀၀ တိတိမွာ စတင္ရပါမယ္။ ဘုရားတစ္ဆူဆူရဲ႕ စေနေထာင့္မွာ ႏွင္းဆီပန္း ၇ပြင့္ ဖေယာင္းတိုင္ ၇ တိုင္ အေမြးတိုင္ ၇ တိုင္ လႉဒါန္းၿပီး “ဒိဝါတပတိ” အစခ်ီ ဂါထာေတာ္ကို ပုတီး ၇ပတ္တိတိ စိပ္ရပါမယ္။

အဓိဌာန္ရက္ကလည္း ၇ ရက္ပါ၊ အဓိဌာန္ တစ္ရက္ၿပီးတိုင္း ေငြေၾကးကိစၥအတြက္ လိုရာဆု တမ်ိဳးတည္းကို ၇ ခါတိတိ ဆုေတာင္းရပါမယ္။ အဲ့လို ၇ ရက္တစ္ထုံ ၇ရက္တစ္ထုံ ဝင္သြားပါ။ ေငြေၾကးကိစၥနဲ႔ ပက္သက္ၿပီး ႀကံဖန္ အဆင္ေျပသြားတာ ေတြ႕ရပါလိမ့္မယ္။ ထိုအဓိဌာန္ ဝင္တဲ့ ကာလမွာ ညေနတိုင္း ေခြးစာ ေကြၽးေပးပါ။

ေန႔စဥ္ ပုတီးစိပ္ဖို႔ အခ်ိန္ မေပးႏိုင္ပါက စေနေန႔တိုင္း အဓီဌာန္ ဝင္ႏိုင္ပါတယ္။ ဒါေပမယ့္ ေန႔စဥ္ အဓိဌာန္ဝင္တဲ့ သူေလာက္ေတာ့ အက်ိဳးေပး မျမန္ႏိုင္ပါဘူး။

မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ ခြက္ဒစ္ ေပးပါသည္။

Unicode,

အကြွေးကြေ အကြွေးလည်းရ ငွေဝင်လမ်းတဖွားဖွား ပွင့်စေသော အဓိဌာန်

ငွေကြေးအတွက် တင်ပေးထားတာတွေ များလို့ တစ်မျိုး မထင်ပါနဲ့၊ အခုလို ငွေရှာရခက်တဲ့ ကာလမှာ ကိုယ်လုပ်တာထက် ငွေဝင်လမ်း ကောင်းပြီး မိသာစုဘဝတွေ အဆင်ပြေနေနိုင် စားနီုင်းအောင် အလှူဒါနများ စိတ်သွားတိုင်း ကိုယ်ပါ လှူနိုင် တန်းနိုင်အောင် တင်ပြပေးရခြင်း ဖြစ်ပါတယ်။

နောက်ပြီး ကျွန်တော်ဆီ လာအကူအညီတောင်းကြတဲ့ အထဲမှာ အကြွေးကိစ္စ ငွေကြေးကိစ္စတွေ့ပဲ များကြပါတယ်။ ငွေဆိုတာကလည်း လူတိုင်းရဲ့ ဘဝအတွက် တစ်ထောင့်တစ်နေရာက အရေးပါပါတယ်။ တင်ပေးထားတာတွေ များလို့ စိတ်မများကြပါနဲ့ ကိုယ်နဲ့ သင့်တော်မယ် နည်းစနစ် တစ်ခုခုကို လုပ်ဆောင်ပါ။

အခု ဖော်ပြမယ့်နည်းကတော့ အကြွေးတင်နေလို့ သောက ရောက်နေသူများ အကြွေး မြန်မြန်ကျေစေရန်၊ အကြွေး ရစရာရှိသည်များ မရပဲ ဖြစ်နေသူများ မိမိငွေ အမြန် ပြန်ရစေရန်၊ ငွေကြေးကံ နိမ့်နေသူ၊ လာဘ်ပိတ်နေသူများ ငွေကံမြင့်ပြီး လာဘ်ပွင့်စေမယ့် အဓိဌာန်ပါ။

ဒီအဓိဌာန်ကတော့ နည်းနည်းတော့ ပင်ပန်းပါမယ် ပင်ပန်းသလောက်လည်း အကျိုးထူး သိသိသာသာ ရရှိစေပါလိမ့်မယ်။

အဓိဌာန်ကတော့ စနေနေ့မနက် ရး၀၀ တိတိမှာ စတင်ရပါမယ်။ ဘုရားတစ်ဆူဆူရဲ့ စနေထောင့်မှာ နှင်းဆီပန်း ၇ပွင့် ဖယောင်းတိုင် ၇ တိုင် အမွေးတိုင် ၇ တိုင် လှူဒါန်းပြီး “ဒိဝါတပတိ” အစချီ ဂါထာတော်ကို ပုတီး ၇ပတ်တိတိ စိပ်ရပါမယ်။

အဓိဌာန်ရက်ကလည်း ၇ ရက်ပါ၊ အဓိဌာန် တစ်ရက်ပြီးတိုင်း ငွေကြေးကိစ္စအတွက် လိုရာဆု တမျိုးတည်းကို ၇ ခါတိတိ ဆုတောင်းရပါမယ်။ အဲ့လို ၇ ရက်တစ်ထုံ ၇ရက်တစ်ထုံ ဝင်သွားပါ။ ငွေကြေးကိစ္စနဲ့ ပက်သက်ပြီး ကြံဖန် အဆင်ပြေသွားတာ တွေ့ရပါလိမ့်မယ်။ ထိုအဓိဌာန် ဝင်တဲ့ ကာလမှာ ညနေတိုင်း ခွေးစာ ကျွေးပေးပါ။

နေ့စဉ် ပုတီးစိပ်ဖို့ အချိန် မပေးနိုင်ပါက စနေနေ့တိုင်း အဓီဌာန် ဝင်နိုင်ပါတယ်။ ဒါပေမယ့် နေ့စဉ် အဓိဌာန်ဝင်တဲ့ သူလောက်တော့ အကျိုးပေး မမြန်နိုင်ပါဘူး။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခွက်ဒစ် ပေးပါသည်။