အေထြအေထြဗဟုသုတ
မိသားစုဝင်ချင်းချင်းတောင် မျှမသုံးသင့်တဲ့ တစ်ကိုယ်ရည်စာသုံး ပစ္စည်း (၁၁) မျိုး
မိသားစုဝင်ချင်းချင်းတောင် မျှမသုံးသင့်တဲ့ တစ်ကိုယ်ရည်စာသုံး ပစ္စည်း (၁၁) မျိုး
တချို့ တစ်ကိုယ်ရည် စာသုံး ပစ္စည်းတွေက သူများနဲ့ မျှသုံးပေးဖို့ကို မသင့်ပါဘူး။ တစ်ကိုယ်ရည် သန့်ရှင်းမှု နဲ့ ကျန်းမာရေး ကို စောင့်ရှောက်မယ် ဆိုရင် ဒီအချက် ကိုလည်း ပြတ်သားစွာ သိနားလည်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိသားစု ဝင်ချင်းတောင် မျှမသုံးသင့်တဲ့ တစ်ကိုယ်ရည် စာသုံး ပစ္စည်း ၁၁ မျိုး နဲ့ ပတ်သက်ပြီး မျှဝေပေးပါရစေ။
လက်သည်းညှပ်
သူ့မှာ လက်သည်းခွံတွေ ပါလာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်းစ် နဲ့ မှိုတွေ ဆိုတာ မနည်းမနောကပ်ငြိနေတာပါ။ ရောဂါပိုးကို သယ်ဖြန့်ပေးရာမှာ အတော် ဆိုးကျိုး များပါတယ်။ ဒါကြောင့် ကိုယ့်လက်သည်းညှပ်နဲ့ ကိုယ်ပဲ တစ်ကိုယ်ရည်စာ သုံးပေးပါ။ အရေပြားမှာ မှိုစွဲ၊ မှိုနာဖြစ် စေနိုင်တာမို့ အန္တရာယ် များပါတယ်။
နားကပ်
နားရွက်မှာ သွေးကြောလေးတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် တခြားသူ တစ်ယောက်ရဲ့ နားကပ်ကို ကိုယ့်နားမှာ တပ်တာဟာ သွေးမှာ ပေါက်ဖွားတဲ့ ဘက်တီးရီးယား ရောဂါပိုးတွေ ဝင်လာဖို့ များစွာအလားအလာ ရှိပါတယ်။ ဒါကြောင့် သူများ နားကပ်လေး ငှါးတပ်တော့မယ် ဆိုရင်တော့ အရက်ပြန်လေးနဲ့ အရင်သုတ်ပေးဖို့ မမေ့ပါနဲ့။
ဆပ်ပြာတုံး
ဆပ်ပြာတုံး ကို ရှောင်ပြီး အကောင်းဆုံးက ဆပ်ပြာရည်ကို သုံးပေးတာပါပဲ။ ဆပ်ပြာတုံး ရဲ့ ပင်မဆိုးကျိုးကိုက အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေ များစွာကပ်ငြိ နေနိုင်တာပါ။ ဆပ်ပြာခွက်ထဲ ထည့်ထားတဲ့အခါ ပိုဆိုးတယ်ဆိုတာ လူသိနည်း လှပါတယ်။ ဘက်တီးရီးယားတွေရော၊ မှိိှုတွေရော၊ ဗိုင်းရပ်စ်တွေရော စုပြုံပေါက်ဖွား လာပါတော့တယ်။
နှုတ်ခမ်းနီတောင့်
နှုတ်ခမ်းနီတောင့် တွေမှာပါ အတူမျှ သုံးတဲ့သူ များရင် ရေယုန်ပေါက်စေတဲ့ ဆိုးကျိုးသက်ရောက်မှု ရှိပါတယ်။ နှုတ်ခမ်းတွေပေါ်မှာ သွေးကြောလေးတွေ ရှိနေတာ မြင်တွေ့ကြရမှာပါ။ ဒီကနေတစ်ဆင့် ပိုးမွှားကူးစက်ဖို့ လုံလောက်တဲ့ အနေအထားဖြစ်ပါတယ်။
မျက်ခုံးမွှေးနှုတ်တံ
မျက်ခုံးမွှေး အရင့်တွေကို နည်းနည်းလေး နှုတ်ဖို့အတွက် သူများ မျက်ခုံးမွှေးနှုတ်တံလေး ယူသုံးလိုက်တာ ကိစ္စမရှိပါဘူး။ မျက်ခုံးမွှေး အနုစားလေးတွေ နှုတ်မိလို့ သွေးထွက်တာမျိုးဖြစ်ရင် ပြသနာရှိပါတယ်။ မျက်ခုံးမွွှေးတံကနေ HIV နဲ့ စီပိုးအထိ ကူးစက်နိုင်ခြေရှိတာပါ။ တစ်ပါးသူပစ္စည်း ယူသုံးရင်တော့ အရက်ပြန်လေးသာ တို့ပြီး ပိုးသတ်ပေးတာ စိတ်ချရပါတယ်။
ချိုင်းလိမ်းချွေးနံ့ ပျောက်ဆေး
သူ့ကိုတော့ မိသားစုဝင် အချင်းချင်းတောင် မျှမသုံးတာ အကောင်းဆုံးပါပဲ။ ဆိုးရွားကူးစက်မှု ဖြစ်စေနိုင်တယ်။ ချိုင်းကို ရိတ်ရှင်း သန့်စင်ပြီးခါစမှာ ဒဏ်ရာသေးလေးတွေ ကျန်ခဲ့ချိန် ချွေးနံပျောက်ဆေးကို လိမ်းမိတာမျိုးက ဘက်တီးရီးယား တိုက်ခိုက်မှုတွေ ခံရဖို့ သေချာပါတယ်။
ဆံပင်ဖြီးတဲ့ ဘီး
ကိုယ့်ဘီးကို သူများနဲ့ ဘယ်တော့မှ မျှမသုံးပါနဲ့လေ။ သန်းတွယ် နိုင်တယ်။ ဝဲနာ စွဲနိုင်တယ်။ ယူသုံးသွားကြတယ် ဆိုရင်တော့ မြန်မြန်လေး ပိုးသတ် သန့်စင်လိုက်ပါ။
မျက်နှာသုတ်ပဝါ
စိုထိုင်းဆ ရှိနေတဲ့ ရေချိုးခန်းထဲမှာ ချိတ်ထားကြတဲ့ မျက်နှာသုတ်ပဝါ တွေဟာ မြောက်များစွာသော ပိုးမွှားတွေကပ်ငြိနေပါတယ်။ အောက်သိုးနံ့၊ မှိုနံ့ တစ်ခုခု စွဲနေပြီလား အမြဲစစ်ပေးပါ။ မိတ်တွေ၊ အဖုအပိမ့်အနီတွေ၊ ဝက်ခြံနဲ့ မျက်စိနာတာတွေအထိ ဖြစ်နိုင်စေလို့ပါ။ ဒါကြောင့် မျက်နှာသုတ်ပဝါ ကို လေးငါးကြိ်မ်လောက်သုံးပြီးတာနဲ့ လျှော်ဖွပ်ပြီး ကောင်းကောင်း အခြောက်ခံပေးလိုက်ပါ။
ရေချိုးခန်းသုံး ရေမြှုပ်
တစ်ခါ သုံးချိန်နဲ့ နောက်တစ်ခါ သုံးချိန်ကြားမှာ ရေမြှုပ်တုံးတွေက ကောင်းကောင်း မခြောက်သွေ့ကြပါဘူး။ ဒါကြောင့် ကောင်းကောင်းလေး အခြောက်ခံ ပေးရမှာပါ။ ရေချိုးခန်း ကိုလည်း လေဝင်လေထွက် ကောင်းအောင် ထားပေးပါ။
မိတ်ကပ် စုတ်တံ
မျက်ရည်၊ နှပ်ချွဲ၊ တံတွေး၊ သွေး၊ ဝက်ခြံပြည် တည်နာ မျက်နှာပေါ်က ဒီလို အရာတွေနဲ့ အမြဲထိတွေ့နေရတဲ့ မိတ်ကပ်စုတ်တံတွေဟာ ကိုယ်ပိုင် သီးသန့်ထားပြီး သုံးတာ အကောင်းဆုံးပါ။ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုး၊ မာစကာရာ၊ မိတ်ကပ်အောက်ခံ၊ နှုတ်ခမ်းနီ၊ ပါးနီ စသဖြင့် ဒီအရာတွေက မျှသုံးဖို့မသင့်ပါဘူး။
နားကြပ်
တစ်ပါးသူရဲ့ နားကြပ်ကို ကိုယ်ယူသုံးမိရင် ကိုယ့်နားထဲမှာ ဘက်တီးရီးယား တွေ ပေါက်ဖွားစေတာပါ။ ပိုဆိုးတာက လေ့ကျင့်ခန်း လုပ်နေချိန် ယူသုံးမိရင်တော့ ချွေးတွေ၊ အပူဓာတ်တွေပါ ပေါင်းစပ်သွားပြီး ပိုဆိုးလေပါပဲ။ နားထဲမှာ အနာစိမ်းလို၊ မွှေးကျွတ်နာလို ဖြစ်တတ်ပြီး ပြည်တည်အနာဖုလေးတွေအထိ ဖြစ်တတ်ပါတယ်။
Zaw (H2H)
လက်သည်းညှပ်
နားကပ်
ဆပ်ပြာတုံး
နှုတ်ခမ်းနီတောင့်
ဆံပင်ဖြီးတဲ့ ဘီး
မျက်နှာသုတ်ပဝါ
မိတ်ကပ် စုတ်တံ
နားကြပ်
Zaw (H2H)