မဂၤလာသက္တမ္း (၁၂)ႏွစ္ျပည့္အမွတ္တရအေနနဲ့ အားက်စရာေကာင္းတဲ့ ျမင္ကြင္းတခ်ိဳ႔ကို ခ်ျပလာတဲ့ ေအာင္လအန္ဆန္..
ႏိုင္ငံအလယ္မွာ ျမန္မာ့ဂုဏ္ေဆာင္ႏိုင္ခဲ့တဲ့ ေအာင္လအန္ဆန္ ကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားတဲ့ ကစားသမားတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေအာင္လအန္ဆန္ ဟာ သာယာေပ်ာ္႐ႊင္စရာေကာင္းတဲ့ အိမ္ေထာင္ေရးကို တည္ေဆာက္ထားၿပီး ဘဝကိုေအးခ်မ္းစြာ ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ မိသားစုကိုလည္း အျပည့္အဝအခ်ိန္ေပးသလို သူ႔ရဲ႕ ေလ့က်င္ခန္းေတြကိုလည္း အဆက္မျပတ္ျပဳလုပ္လ်က္ရွိတာကိုလည္း ေတြ႕ရပါတယ္။

ေအာင္လအန္ဆန္ ရဲ႕ ခ်စ္စရာေကာင္းတဲ့ သားေလးေအာင္ဒီးနဲ႔ သမီးေလး အန႔္ဆိုင္းႏွစ္တို႔ကိုလည္း ေအာင္လအန္ဆန္ကို အားေပးၾကတဲ့ ပရိသတ္ေတြကလည္း ခ်စ္ေနရတာျဖစ္ပါတယ္။

ဒီေန႔ကေတာ့ သူတို႔ ဇနီးေမာင္ႏွံရဲ႕ မဂၤလာသက္တမ္း (၁၂)ႏွစ္ျပည့္ေန႔ေလးျဖစ္ရာ ၾကည္ႏူးအားက်စရာ အမွတ္တရ ပုံရိပ္အခ်ိဳ႕ကို ထုတ္ျပရင္း ” Married for 8 years, together for 12 years! Happy Anniversary @oliphant88 ❤️. I love growing old with you.”

ဆိုတဲ့ စာေလးကိုေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Cele Zone (crd)
Photo – Aung La Nsang
Unicode
မင်္ဂလာသက်တမ်း (၁၂)နှစ်ပြည့်အမှတ်တရအနေနဲ့ အားကျစရာကောင်းတဲ့ မြင်ကွင်းတချို့ကို ချပြလာတဲ့ အောင်လအန်ဆန်..
နိုင်ငံအလယ်မှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အောင်လအန်ဆန် ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်လအန်ဆန် ဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မိသားစုကိုလည်း အပြည့်အဝအချိန်ပေးသလို သူ့ရဲ့ လေ့ကျင်ခန်းတွေကိုလည်း အဆက်မပြတ်ပြုလုပ်လျက်ရှိတာကိုလည်း တွေ့ရပါတယ်။အောင်လအန်ဆန် ရဲ့ ချစ်စရာကောင်းတဲ့ သားလေးအောင်ဒီးနဲ့ သမီးလေး အန့်ဆိုင်းနှစ်တို့ကိုလည်း အောင်လအန်ဆန်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ချစ်နေရတာဖြစ်ပါတယ်။
ဒီနေ့ကတော့ သူတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၂)နှစ်ပြည့်နေ့လေးဖြစ်ရာ ကြည်နူးအားကျစရာ အမှတ်တရ ပုံရိပ်အချို့ကို ထုတ်ပြရင်း ” Married for 8 years, together for 12 years! Happy Anniversary @oliphant88 ❤️. I love growing old with you.” ဆိုတဲ့ စာလေးကိုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Cele Zone (crd)
Photo – Aung La Nsang



