ဗေဒင်
Unicode
ခရစ်နှစ်2021ခုနှစ် ဗုဒ္ဓဟူးသားသမီးများ တစ်နှစ်စာဗေဒင်
ဗုဒ္ဓဟူးသားသမီးများဗုဒ္ဓဟူးသားသမီးတို့သည် ယခုနှစ်တွင်မိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းခွင်များအောင်မြင်လာလိမ့်မည်။
နိုင်ငံရပ်ခြားခရီးသွားလာခြင်းများ ကြုံလာတတ်သည် ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း ကွန်ပျူတာနှင့် တီထွင် ပညာများ ဆောင်ရွက်ခြင်းကောင်း၏။
အပန်းဖြေစခန်းဖွင့်ခြင်း အလုပ်အသစ်များထူထောင်ခြင်း ကောင်း၏ ရေကြောင်း ခရီးသွားလာခြင်းများအထူးရှောင်ကြဉ်ရမည်
အိမ်ခြံမြေကားတိုက်ခန်အပြောင်းအလဲများရှိမည် (14-4-2021) မှစ၍ (15-6-2021) အထိ အရာရာတွင် သတိနှင့် ဆောင်ရွက်သင့်သည်။
လုပ်ငန်းကိစများအတွက် စနေတနင်္ဂနွေသားသမီးများနှင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးရမည်။ မိတ်ဆွေများ ပေးထားသောကတိများ ပျက်ပြားခြင်းကြောင့် မိမိဆောင်ရွက်ထားသမျှ သဲထဲရေသွန်သလို
ဖြစ်သွားတတ်သည်။ ဖုန်းနှင့် အဖိုးတန်ပစည်းများ ကျပျောက်ကိန်းရှိသည်။အိမ်ထောင်ရေး တွင် အထင်လွဲ ခံရတတ်သည်။ ပျိုရွယ်သူများ မိမိ မေတ္တာ ရေးအပေါ်၌ လေးလေးနက်နက်တန်ဖိုးထားသူများနှင့် တွေ့ကြုံရမည်
ခရီးသွားလာရာတွင်လည်ကောင်း၊ ချစ်သူရည်းစားအဖြစ် ဆုံသွားရတတ်သည်။ ပညာရေးတွင်ဉာဏ်ရည်ထက်မြက် ကြီးမားလာလိမ့်မည်။ အတတ်ပညာကို အခြေပြု၍ အဆင့်မြင့် ပညာရပ်များ
ဆည်းပူးလေ့လာနိုင်လျှင် အထူးအောင်မြင်မည်ကျန်းမာရေးတွင် ချောင်းဆိုးရောဂါအဆုတ်နှင့်ပတ်သက်သော ရောဂါ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ မီးယပ်ရောဂါများ ခံစားရတတ်သည်။
ကျန်းမာရေးကိစ္စ ရပ်များညံ့လာပါက စနစ်တကျ ကုသမှု ခံယူသင့်သည်။ ဗုဒ္ဓဟူးသားသမီးများ၏ ပင်ကိုယ်အားသာချက်မှာ စကားပြောကောင်းပြီး ဂရုစိုက်ရမည့်အချက်မှာ တပါးသူ၏ လိမ်လည်လှည့်ဖြားခြင်းခံရတတ်၏။
ကံကောင်းစေသောဂဏန်းမှာ – (4-2-9-6)အကျိုးပေးအရောင်မှာ – အဖြူရောင် အစိမ်းရောင်တို့ဖြစ်ပါတယ်
ပြုလုပ်ရမည့်ယတြာမှာ မိမိမွေးနံနေ့တွင် ယပ်(17) ချောင်း ဘုရားကပ်လှူပေးပါ။ ရွက်လှညွှန့် ပေါက်ညွှန့်စပါယ် ညွှန့် ပေါင်း(17)ညွှန့်ဘုရားပူဇော်ပေးပါ။ တန်ခိုးကြီးဘုရားတွင်ရေတော်နှင့် ရွှေဆိုင်းကပ်လှူပေးပါ။
အနောက်မြောက် အရပ်သည် ဗုဒ္ဓဟူး သားသမီး များအတွက် ဘုမ္မိအရပ်ဖြစ်သောကြောင့် ထိုအရပ်သို့သွားခြင်းမျိုးရှောင်ပါ။ ဗုဒ္ဓဟူးနေ့ (12)နာရီကျော်မွေးသူများအတွက် အကျိုးပေးဂဏန်းမှာ( ၈ )ဖြစ်ပါတယ် အကျိုးပေးအရောင်မှာ အနက်ရောင်ဖြစ်ပါတယ်။
ပြုလုပ်ရမည့် ယတြာမှာမိမိမွေးနံနေ့ ညနေပိုင်း ​ဂြိုလ်ပြေ နံပြေဘုရားရှိ မိမိနေ့နံဒေါင့်တွင် ရွက်လှညွှန့် (12)ညွှန့် ပူဇော်ပါ။အရှေ့ အရပ်သည် ရာဟုသားသမီး များအတွက်ဘုမိအရပ်ဖြစ်သောကြောင့်ထိုအရပ်သို့သွားခြင်းမျိုးရှောင်ပါ။
Credit ဆရာမင်းဈာန်ဟိန်း 09425834772