ဗေဒင်

ခုနှစ်ရက်သားသမီးတစ်ပတ်စာကံကြမ္မာဟောကိန်း (11-2-2021 to 17-2-2021ထိ)

ခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (11-2-2021 to 17-2-2021)

တနင်္ဂနွေသားသမီး

ကိုယ်ဘက်ကလုပ်လေ့လုပ်ထရှိတဲ့အတိုင်းပြုလုပ်ပြောဆိုခြင်းများအပေါ်အခုမှအထူးအဆန်းလုပ်၍မိမိအပေါ်အထင်အမြင်

လွဲမှားခြင်းခံရတတ်ပါသည်။ လူကြီးတစ်ဦးထံမှအကူအညီကောင်းများရရှိပါမည် အလုပ်သစ်လျှောက်ထားသူများအလုပ်အကိုင်ရရှိပါမည် စက်ပစ္စည်းပျက်လို့ငွေကုန်ခြင်းရှိမည်။

အချစ်ရေးတွင်မိမိထက်ငယ်ရွယ်သူ၏စိတ်ဝင်စားခြင်းခံရမည် ကျန်းမာရေးချူ ချာမည်မကြာခဏဖျားနာနေလိမ့်မည်။

ထီ၆၇ပါသောထီထိုးပါ ယတြာ နေအိမ်ဘုရားတွင်ကိတ်မုန့်လှုပေးပါ…

တနင်္လာသားသမီး

ခက်ခက်ခဲခဲလုပ်ရမည့်ကိစ္စများကိုမိတ်ကောင်းဆွေကောင်းများ၏အကူအညီဖြင့်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါလိမ့်မည်။သူခိုးသူဝှက်ရန်ရှိတတ်လို့အထူးသတိထားပါ စာရင်းဇယားလက်ပြောင်းလက်လွှဲကိစ္စများကိုသတိနှင့်ယှဉ်ပြီးဆောင်ရွက်ပါ

စာရင်းဇယားမှားခြင်းစာရွက်စာတမ်းမှားခြင်းများကြုံရတတ်ပါသည် အချစ်ရေးတွင် ချစ်သူအပေါ်အလိုမကျဖြစ်နေလိမ့်မည် ကျန်းမာရေးတွင်နှာစေးချောင်းဆိုးဖြစ်လိမ့်မည်။

ထီ၅၉ပါသောထီထိုးပါ ယတြာ နေအိမ်ဘုရားတွင်ကွမ်းရွက်နှစ်ရွက်လှုပေးပါ

အင်္ဂါသားသမီး

မိမိအခက်အခဲများကိုပြေလည်အောင်ဖြေရှင်းနိုင်ပါလိမ့်မည် အတိုက်အခံကြားမှတိုးတက်ပါမည်
တစ်ပါးသူတို့နှင့်အပြိုင်အဆိုင်လုပ်ရသောကိစ္စများတွင်မိမိဘက်မှအားသာပါလိမ့်မည်

အထူးသတိပြုရန်မှာဆုံးဖြတ်ချက်မှန်သမျှကိုဒွိဟဖြစ်မနေဘဲပြတ်သားစွာဆုံးဖြတ်ပြီးရှေ့တိုးဆောင်ရွက်ပါ

အချစ်ရေးတွင်အုံပုန်းအချစ်ဖြင့်တစ်ဖက်သတ်မိမိရင်ထဲမှာအဝေးကကြည့်၍ချစ်နေရမည် ကျန်းမာရေး ဇက်ကြောမျ

ားလေးလံနေလိမ့်မည် ။

ထီ၉၇ပါသောထီထိုးပေးပါ ယတြာ ခရေ၆ညွှန့်ကိုနေအိမ်ဘုရားတွင်လှုပေးပါ….

ဗုဒ္ဓဟူးသားသမီး

အကြီးအကဲများထံမှထူးခြားသောအထောက်အကူများရရှိပါလိမ့်မည် အတတ်ပညာနှင့်ပါတ်သက်၍သီးခြားလေ့လာသင်ယူမူများပြုရမည်။မြုပ်နှံ့ထားသောငွေကြေးမှအကျိုးအမြတ်များရရှိမည် လုပ်ငန်းကိစ္စများအတွက်ပြောဆိုမူများအဆင်ပြေအောင်မြင်ပါလိမ့်မည်။

အချစ်ရေးတွင်အနေနီးစပ်သူများနှင့်မေတ္တာမျှလိမ့်မည် လည်ချောင်းနာဝေဒနာခံစားရတတ်ပါသည်

ထီ၅၀ပါသောထီထိုးပါ ယတြာ ဖီးကြမ်းဌက်ပျောသီးကိုသကြားဖြူး၍ဘုရားလှုပေးပါ

ကြာသာပတေးသားသမီး

လုပ်ငန်းကိစ္စတွေမှာအတွင်းလူဒုက္ခပေးခံရတတ်ပါတယ် ယခုကာလတွေမှာဘယ်သူကိုမှအယုံလွယ်ပြီးငွေမချေးပါနှင့်ကိုယ့်ငွေနှင့်ကိုယ်ပြန်ပြီးအောက်ကျခံတောင်းနေရပါလိမ့်မယ်မိဘအကြီးအကဲကျန်းမာရေးညံ့တတ်ပါတယ် ငယ်ရွယ်သူများအချစ်ရေးတွင်သူငယ်ချင်းဘဝကနေချစ်သူရည်းစားဘဝကိုရောက်ရှိပါလိမ့်မည်။

ကျန်းမာရေးမှာအာကာသဓါတ်ပိတ်ပြီးမလှုပ်ချင်မကိုင်ချင်လေးလံပြီးသွေးပြစ်နေတတ်ပါတယ်ဦးခေါင်းနောက်ကြောတွေထိုးနေတတ်ပါတယ်

ထီထိုးပါက ၃၆ပါသောထီထိုးပါ ယတြာ စနေထောင့်မှာထီးနီအသေးနှစ်လက်လှုပေးပါ

သောကြာသားသမီး

အယုံမလွယ်သင့်တဲ့အချိန်ပါ မိမိအပေါ်အယုံသွှင်းလိမ်ညာမူပြုမည့်သူများနှင့်ဆုံတွေ့ရတတ်ပါသည် မတွဲသင့်သူများနှင့်တွဲမိ၍နာမည်ပျက်တတ်တဲ့ကာလပါ

အလုပ်နှင့်ပါတ်သက်၍လက်မှတ်ထိုးတာတွေမှာစာသေသေချာချာဖတ်ပြီးမှသာဆောင်ရွက်ပါ စာသားအယူအဆတွေလွဲပြီး ကတုံးပေါ်ထိပ်ကွက်အမြတ်ထုတ်ခံရတတ်ပါတယ်

အချစ်ရေးတွင်စန်းအပွင့်လွန်၍တစ်ဦးထက်ပိုသောအချစ်ရေးကိစ္စများကြုံရပါမည်

ထီ၉၆ပါသောထီထိုးပါ ယတြာ မှန်အဝိုင်းတစ်ချပ်ပေါ်တွင်ဖယောင်းတိုင်တင်ထွန်း၍ဘုရားပူဇော်ပါလေ

စနေသားသမီး

အိမ်တွင်းရေး လူမူရေးပဋိပက္ခများကြုံရတတ်သောကာလပါ မိမိ၏အောင်မြင်မူများအပေါ်မနာလိုအနှောင့်အယှက်ပြုသူများပေါ်မည်

စုပေါင်း၍စပ်တူရှယ်ယာလုပ်ရသောလုပ်ငန်းများတွင်ကတိပျက်သူများပါလာတတ်ပါသည် နေရာအပြောင်းအလဲကိစ္စများဆောင်ရွက်ထားပါကအဆင်ပြေအောင်မြင်ပါလိမ့်မည်

ငယ်ရွယ်သူများအချစ်ရေးတွင်အဆင်ပြေမယ်ထင်ထားပေမယ့်လက်တွေ့တွင်မိမိအပေါ်ဆင်ခြင်ပေး၍ရှောင်လွှဲခံနေရလိမ့်မည် ကျန်းမာရေး ခါးနာဝေဒနာခံစားရပါမည်

ထီ၉၇ပါသောထီရှာထိုးပါ ယတြာ ခိုစာ ငါးစာကျွေးပေးပါ

ကျော်ဘိုဘိုဟိန်း