ေဗဒင္

တပို့တွဲလအတွက်အကောင်းဆုံးယတြာ (12.2.2021) မှ (12.3.2021)ထိ

တပို့တွဲလအတွက်အကောင်းဆုံးယတြာ

တပို့တွဲလဆန်း(၁)ရက်နေ့ (12.2.2021) မှ တပို့တွဲလကွယ်နေ့ (12.3.2021)အထိ တစ်လတာလုံး

“​ပန်းသီးစိပ် တစ်ပန်းကန်ယူလိုက်ပါ။ထိုပန်းသီးစိပ်များ ပေါ်တွင် သကြား အနည်းငယ် ဖြူး၍ နေ့လည်{၁၂}နာရီ အတွင်း မိမိအိမ်

ဘုရားကျောင်းဆောင်ပေါ်တွင်တင်၍

မြတ်စွာဘုရားရှင်အား ရိုသေစွာကပ်လှူပေးပါခင်ဗျ။ နေ့စဥ် ဖယောင်းတိုင် ၁တိုင်နှင့်အမွှေးတိုင် ၃တိုင်ထွန်းညှိ ပူဇော်ပေးပါ။ကံချေကန်တော့ခြင်းကိုပြုလုပ်ကြရမည်

ဘုရားဂုဏ်တော်(၉)ပါး ဂါထာတော်ကို {၉}ခေါက်တိတိ ရွတ်ဖတ် ပူဇော်ပေးရပါမည်

တပို့တွဲလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=မြောက်အရပ်

တနင်္လာနေ့=တောင်အရပ်

အင်္ဂါနေ့=အရှေ့အရပ်

ဗုဒ္ဓဟူးနေ့=အနောက်အရပ်

ကြာသပတေးနေ့=အရှေ့အရပ်

သောကြာနေ့=မြောက်အရပ်

စနေနေ့=တောင်အရပ်

အထက်ပါအတိုင်း နေ့အလိုက် နေ့စဥ်အရပ်မျက်နှာမူ၍ ဧဟိလာဘံ ဟူ၍ (၂၇)ခေါက် တိတိ ရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး တပို့တွဲလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး

ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်း စီးပွားလာဘ်လာဘတိုးတက်အဆင်ပြေရပါလို၏။”

ကပ်လှူထားခဲ့သည့် သကြားဖြူးပြီးပန်းသီးစိပ် များကို အချိန်ကြာမြှင့်စွာ ကပ်လှူမထားရပါဘူး။သင့်တော်မည့် အချိန်ရောက်လျှင် ပြန်လည် ချီးမြှင့်ကာ စားသုံးနိုင်သည် ပိုးပုရွက်စာအဖြစ်လည်း ကျွေး၍ စွန့်လို့ရပါတယ်ခင်ဗျ။

ဤတပို့တွဲလ တစ်လတာအတွင်းနေ့စဥ်ဖြစ်စေ၊ {သို့} သုံးရက်လျှင်တစ်ကြိမ် ဤယတြာကို အထက်ပါအတိုင်း အတိအကျ ပြန်လည် လှူဒါန်း လုပ်ဆောင်ပေးရပါ့မယ်။

ဤယတြာကို တပို့တွဲလ တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက တပို့တွဲလ တစ်လတာလုံးစီးပွားလာဘ်ရွှင်စေကာ လိုအင်ဆန္ဒပြည့်ဝစေရပါမည်။

ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင်

ဆရာပေါက်ကျိုင်း 09776478912

————————–

တပို႔တြဲလအတြက္အေကာင္းဆုံးယၾတာ

တပို႔တြဲလဆန္း(၁)ရက္ေန႔ (12.2.2021) မွ တပို႔တြဲလကြယ္ေန႔ (12.3.2021)အထိ တစ္လတာလုံး

“​ပန္းသီးစိပ္ တစ္ပန္းကန္ယူလိုက္ပါ။ထိုပန္းသီးစိပ္မ်ား ေပၚတြင္ သၾကား အနည္းငယ္ ျဖဴး၍ ေန႔လည္{၁၂}နာရီ အတြင္း မိမိအိမ္ဘုရားေက်ာင္းေဆာင္ေပၚတြင္တင္၍

ျမတ္စြာဘုရားရွင္အား ႐ိုေသစြာကပ္လႉေပးပါခင္ဗ်။ ေန႔စဥ္ ဖေယာင္းတိုင္ ၁တိုင္ႏွင့္အေမႊးတိုင္ ၃တိုင္ထြန္းညႇိ ပူေဇာ္ေပးပါ။ကံေခ်ကန္ေတာ့ျခင္းကိုျပဳလုပ္ၾကရမည္။

ဘုရားဂုဏ္ေတာ္(၉)ပါး ဂါထာေတာ္ကို {၉}ေခါက္တိတိ ႐ြတ္ဖတ္ ပူေဇာ္ေပးရပါမည္။

တပို႔တြဲလအတြက္ေန႔စဥ္လာဘ္ပြင့္အရပ္မ်က္ႏွာမ်ား

တနဂၤေႏြေန႔=ေျမာက္အရပ္

တနလၤာေန႔=ေတာင္အရပ္

အဂၤါေန႔=အေရွ႕အရပ္

ဗုဒၶဟူးေန႔=အေနာက္အရပ္

ၾကာသပေတးေန႔=အေရွ႕အရပ္

ေသာၾကာေန႔=ေျမာက္အရပ္

စေနေန႔=ေတာင္အရပ္

အထက္ပါအတိုင္း ေန႔အလိုက္ ေန႔စဥ္အရပ္မ်က္ႏွာမူ၍ ဧဟိလာဘံ ဟူ၍ (၂၇)ေခါက္ တိတိ ႐ြတ္ေပးရပါမည္။

ဆုေတာင္းစာ

“အကြၽႏ္ုပ္ႏွင့္တကြ အကြၽႏ္ုပ္၏တစ္မိသားစုလုံး တပို႔တြဲလ တစ္လတာအတြင္း ကိုယ္ေရာက်န္းမာ၊ စိတ္ေရာခ်မ္းသာစြာျဖင့္ မေကာင္းေသာ အညံ့အပ၊အတိုက္အခိုက္ မ်ား မွန္သမွ် ကင္းရွင္းေစၿပီး

ေကာင္းျခင္းမဂၤလာအျဖာျဖာျဖင့္ ေအာင္ျမင္ျဖစ္ထြန္း စီးပြားလာဘ္လာဘတိုးတက္အဆင္ေျပရပါလို၏။”

ကပ္လႉထားခဲ့သည့္ သၾကားျဖဴးၿပီးပန္းသီးစိပ္ မ်ားကို အခ်ိန္ၾကာျမႇင့္စြာ ကပ္လႉမထားရပါဘူး။သင့္ေတာ္မည့္ အခ်ိန္ေရာက္လွ်င္ ျပန္လည္ ခ်ီးျမႇင့္ကာ စားသုံးႏိုင္သည္ ပိုးပု႐ြက္စာအျဖစ္လည္း ေကြၽး၍ စြန္႔လို႔ရပါတယ္ခင္ဗ်။

ဤတပို႔တြဲလ တစ္လတာအတြင္းေန႔စဥ္ျဖစ္ေစ၊ {သို႔} သုံးရက္လွ်င္တစ္ႀကိမ္ ဤယၾတာကို အထက္ပါအတိုင္း အတိအက် ျပန္လည္ လႉဒါန္း လုပ္ေဆာင္ေပးရပါ့မယ္။

ဤယၾတာကို တပို႔တြဲလ တစ္လတာလုံးအတြင္း မည္သည့္ေန႔ရက္မွမဆို စတင္၍လုပ္ေဆာင္ႏိုင္သည္။

ဤယၾတာအစီအရင္သည္ အလြန္အစြမ္းထက္ ထိေရာက္ေသာေၾကာင့္ ယုံယုံၾကည္ၾကည္လုပ္ပါက တပို႔တြဲလ တစ္လတာလုံးစီးပြားလာဘ္႐ႊင္ေစကာ လိုအင္ဆႏၵျပည့္ဝေစရပါမည္။

ယုံၾကည္ အားကိုး ဆႏၵရွိသူမ်ားအတြက္ ေဗဒင္ႏွင့္အထူးယၾတာေပးပညာရွင္

ဆရာေပါက္က်ိဳင္း 09776478912