လက်သည်းတွေက တစ်ဆင့်သိနိုင်မယ့် သင့်ရဲ့ ကျန်းမာရေးအခြေအနေ
သင့်ရဲ့ လက်သည်းတွေက ခန္ဓာကိုယ်ကျန်းမာရေးနဲ့လည်း စပ်ဆက်နေတယ်ဆိုတာ သိပါသလား ။
လက်သည်းတွေကိုကြည့်ပြီး ကိုယ့်ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အာဟာရဓါတ်တွေကိုလည်း သိရှိနိုင်သလို
ရောဂါလက္ခဏာတွေကိုလည်း ကြိုတင်သတိထား ကာကွယ်လို့ရနိုင်ပါတယ်။
ဒါတွေကတော့ လက်သည်းတွေက ဖော်ပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေတွေပဲဖြစ်ပါတယ်။
(၁) အဖြူစင်းလေးတွေပေါ်နေတာ
ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေ လုံလုံလောက်လောက်ပြည့်ဝနေတဲ့ အခါ လက်သည်းတွေလည်းကျန်းမာပါတယ်။
တစ်ကယ်လို့ သင့်လက်သည်းမှာ အဖြူ အပျောက်အပျောက်တွေ ၊ အဖြူဆင်းတွေ ပေါ်လာရင်တော့ သင့်ခန္ဓာကိုယ်မှာ ကယ်ဆီယမ် ၊
ဗီတာမင်နဲ့ ဇင့်(ခ်) ဓါတ်တွေ ချို့ယွင်းနေလို့ပါ။တစ်ချို့လူတွေထင်နေကြတဲ့ ပျောက်နေတဲ့ အရာတွေပြန်ရှာတွေ့တော့မယ်၊
ကိုယ့်ကိုချစ်တဲ့သူများတယ် ဆိုတဲ့လက္ခဏာဆိုတာ မဟုတ်ပါဘူးနော်။
ဒီအဖြူဆင်းလေးတွေပျောက်ဖို့ဆိုရင်တော့ နွားနို့သောက်ပေးတာ၊ ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံတွေစားပြီး အာဟာရဓါတ်ဖြည့်တင်းပေးဖို့လိုပါတယ်။
(၂) လက်သည်းမှာ အထစ် အထစ်တွေဖြစ်တာ
လက်သည်းမျက်နှာပြင်က မညီညာပဲ အထစ်အထစ်တွေဖြစ်လာပြီဆိုရင်တော့ သတိထားပါ။ ဒါက အဆုတ်ကင်ဆာရဲ့ရှေ့ပြေးလက္ခဏာဖြစ်ပါတယ်။
ကင်ဆာကြောင့်ဖြစ်တဲ့ chemicals နဲ့ ဟော်မုန်းတွေကြောင့် လက်သည်းကိုရောက်ရှိရမယ့် အရည်ဓါတ်ပမာဏမရောက်တဲ့အတွက်
အထစ်အထစ်တွေဖြစ်လာတာပါ။
(၃)လက်သည်းခုံးလာတာ
လက်သည်းခုံးလာတာကတော့ ခန္ဓာကိုယ်မှာ ဆာလဖာဓါတ် လျော့နည်းနေလို့ပါ။ ရေရှည်မှာ အရေပြား ရောဂါတွေနဲ့
အခြားရောဂါတွေဖြစ်ပွားလာနိုင်ပါတယ်။ဆာလဖာဓါတ်ကိုတော့ အသားတွေ ၊ ဥတွေ၊ နို့တွေသောက်ပြီး ရရှိနိုင်ပါတယ်။
ဒီလိုအစားအသောက်တွေစားပေးရင်းနဲ့ တစ်ဖြည်းဖြည်း လက်သည်းခုံးတာတွေပါ ပျောက်လာမှာပါ။
(4) လက်သည်းဝါလာတာ
လက်သည်းဝါလာတယ်ဆိုတာ လက်သည်းမှာ မှိုတက်လာတာပါ။ သိုင်းရွိုက် ရောဂါ၊ ဆီးချိုရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာတို့ရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။
ဒါ့အပြင် လက်သည်းဝါတာက လက်သည်းဆိုးဆေးတွေကြောင့် ၊ ဆေးလိပ်သောက်သုံးမှုများတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
Kay Khine