အချစ်နှင့်ဘဝ

(၂၀၂၁) ခုနှစ်အတွင်း single အဖြစ်ပဲ နေသင့်တဲ့ ရာသီခွင်များ

၂၀၂၁ လည်းရောက်ပြီ နှစ်သစ်မှာ single ဘ၀လေးကိုစွန့်ပြီး အချစ်ရှာရင်ကောင်းမလားလို့ စဉ်းစားနေကြတဲ့သူတွေရှိကြလား။

ဒါဆိုရင်တော့ ဒီနှစ်ထဲမှာလည်း Relationship ကို စတင်ဖို့ စဉ်းစားမယ့်အစား တစ်ယောက်တည်းနေသင့်တဲ့ ရာသီခွင်လေးတွေနဲ့

ဘာလို့ အချစ်ကိုမရှာသင့်သေးလဲဆိုတဲ့ အချက်လေးတွေ ကိုဖော်ပြပေးလိုက်ပါတယ်နော် …

Gemini

ဒီနှစ်အတွင်း ရည်းစားမထားသင့်တဲ့ ရာသီခွင်မှာ ထိပ်ဆုံးကရပ်တည်နေတာကတော့ Gemini လေးတွေပါ။

အခုအချိန်မှာ ဦးတည်ရာမဲ့နေသေးတဲ့အတွက် ဘ၀အတွက် ဘယ်လမ်းကြောင်းကို ရွေးချယ်ရမလဲဆိုတာကိုပဲ အရင်စဉ်းစားသင့်ပါတယ်။

အရာရာတိုင်းအတွက် အဖြေမရှိသေးတဲ့အချိန်ဖြစ်တဲ့အတွက် နှလုံးသားရော ဦးနှောက်ရော ပူးပေါင်းပြီးစဉ်းစားရမယ့် အချစ်ရေးအတွက်

အသင့်မဖြစ်သေးပါဘူး ။ ကိုယ်ချစ်ခဲ့ရတဲ့ ex ကလည်းပြန်လာနိုင်ခြေရှိပေမယ့် အရှုပ်အထွေးထဲ ပြန်မ၀င်ပဲ single ပဲနေသင့်ပါတယ်။

Libra

ဘ၀မှာကြုံဆုံရမယ့် အရှုပ်အထွေးတွေကို ဖြတ်ကျော်ခဲ့ရတဲ့အတွက် ဒီနှစ်အတွင်းမှာတော့ စိတ်ပင်ပန်းမှုတွေ ထပ်မယူတာအကောင်းဆုံးပါ။
အချစ်ရေးတစ်ခုအဆုံးသတ်ခဲ့ရတဲ့သူတွေအတွက်လည်း ဒီနှစ်အတွင်း နောက်တစ်ခုကိုပြောင်းလဲဖို့ ရှာဖွေမနေပဲ အမှားတွေကို

ပြန်လည်သုံးသပ်ကြည့်ပြီး တစ်ယောက်တည်းပျော်ပျော်ကြီးဖြတ်သန်းကြည့်သင့်ပါတယ်။

Cancer

Cancer လေးတွေကလည်း ၂၀၂၁ ကိုဒါဏ်ရာဆေးတဲ့ နှစ်တစ်နှစ်အဖြစ်သာအသုံးချသင့်ပါတယ်။ အသစ်ရှာသင့်တယ်နော် ၊

အသက်ကဖြင့်ဘယ်လောက်ရှိနေပြီ စသဖြင့် အချစ်ရေးအတွက် တွန်းအားပေးနေတဲ့ စကားတွေကို နားထောင်မနေတော့ပဲ

ကိုယ်လုပ်စရာရှိတာလုပ်ပြီး ကိုယ်ပိုင်ပျော်ရွှင်ရာကိုရှာဖွေသင့်တဲ့ အချိန်ပါ။

Virgo

Virgo လေးတွေအတွက် ၂၀၂၁ ကတော့ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ့်တန်ဖိုးကိုယ်နားလည်လာအောင် ကြိုးစားသင့်တဲ့ နှစ်တစ်နှစ်ပါ ။

ဘယ်အရာမှ အနားမှာမရှိလည်း တစ်ယောက်တည်းရပ်တည်နိုင်ကြောင်း ပြရမယ့်အချိန်ဖြစ်ပါတယ်။ ဒီနှစ်ကစပြီး တစ်ခြားလူတစ်ယောက်ရဲ့

ချစ်ခင်မှု ၊ ဂရုစိုက်မှုတွေရဖို့ အောက်ကျို့ခံ အားထုတ်မနေတော့ပဲ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့သာ ကြိုးစားကြည့်ပါ။

Scorpio

၂၀၂၁ မှာ အချစ်မရှာပဲ တစ်ယောက်တည်းနေရင် ပိုပျော်ရွှင်ရမယ့် ရာသီခွင်လေးတွေကတော့ Scorpio ပါ။

ဒီနှစ်အတွင်း ကိုယ့်ကိုချဉ်းကပ်လာတဲ့ လူတစ်ချို့နဲ့ ဆုံတွေ့ရနိုင်ပေမယ့် အချစ်စစ်ဖြစ်ဖို့အခွင့်အရေး နည်းပါတယ်။

ဒါ့ကြောင့် တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။ အချစ်စစ် အချစ်မှန်နဲ့ ချစ်နိုင်တဲ့သူမတွေ့မချင်း အချစ်တုတွေကြောင့်

ပူဆွေးသောကရောက်ရမှာတွေကို ရှောင်ကြဉ်ပါနော်