လူတိုင်းမှာ မိသားစုဆိုတာ ရှိပေမယ့် လူတိုင်းကတော့ မိသားစုကို သံယောဇဉ် တွယ်တာမျိုးတော့ မရှိပါဘူး။
တချို့ကျတော့ မိသားစုကို သံယောဇဉ် ရှိပေမယ့် အရမ်းကြီး သံယောဇဉ်ကြီးနေတာမျိုး မရှိကြပါဘူး။
ဒါပေမဲ့ မိသားစုကို အရမ်း သံယောဇဉ်ကြီးတဲ့သူတွေကတော့ အခုလို စိတ်ခံစားချက်လေးတွေကို ကြုံရတတ်ပါတယ်။
-ကိုယ့်အတွက်ကို မေ့နေရတယ်
မိသားစုကို သံယောဇဉ်ကြီးတဲ့သူတွေကတော့ ကိုယ့်အတွက်ဆိုတာထက် မိသားစုဆိုတာကိုပဲ တွေးတတ်ကြသူတွေ ဖြစ်ပါတယ်။
မိသားစုရဲ့ လိုအပ်ချက်၊ မိသားစုရဲ့ အဆင်ပြေမှုတွေ တွေးပေးပြီး ဖြည့်ဆည်းဖို့ ကြိုးစားကြပါတယ်။ ဒါကြောင့်လည်း သူတို့က ကိုယ့်အတွက်ဆိုတာကိုအမြဲလိုလို မေ့ထားတတ်ကြပါတယ်။
– နာကျင်ရတယ်
သံယောဇဉ်ကြီးတဲ့သူကတော့ နာကျင်ရတာပါပဲ။ မိသားစုကို သံယောဇဉ်တွယ်တဲ့သူ အများစုကတော့ မိသားစုကြောင့်ပဲ နာကျင်နေတတ်ရပါတယ်။
မိသားစုကို ကြည့်နေတဲ့ ကိုယ့်ထက် တခြားသူတွေကို ပို ဂရုစိုက်တာကိုပဲ ကြုံရတာမျိုး၊ ကိုယ့်ကို နည်းနည်းတောင် နားမလည်ပေးဘဲ
ဖိအားပေးကြတာမျိုးလေးတွေကိုလည်း ရင်ဆိုင်ရင်း နာကျင်နေကြရပါတယ်။
– မိသားစုကိုပဲ ရွေးချယ်ဖြစ်တယ်
မိသားစုနဲ့ တခြားအရာတွေ ယှဉ်လာတိုင်း မိသားစုကိုပဲ ဦးစားပေးတတ်ကြသူ ဖြစ်ပါတယ်။ မိသားစုကြောင့် ကိုယ့်အတွက် အခွင့်အရေး
ဖြစ်လာတဲ့အရာတွေကိုလည်း စွန့်လွှတ်လိုက်တတ်ကြရတာမျိုးလည်း ရှိပါတယ်။ မိသားစုအတွက် ကိုယ့်ဆန္ဒတွေကို နောက်ရွှေ့ရင်း
မိသားစုကိုပဲ ရွေးချယ်မိတတ်တာက သံယောဇဉ်ကြီးတဲ့သူမျိုးတွေမှာပဲ ရှိတတ်တာပါ။
-မိသားစုပဲ အရေးကြီးတယ်
မိသားစုအပေါ် သံယောဇဉ် အရမ်းရှိကြတဲ့သူတွေက မိသားစု အဆင်ပြေနေတာ၊ စိတ်ချမ်းသာတာမျိုးတွေပဲ ဖြစ်စေချင်တာပါ။
ကိုယ့်ကြောင့် ကိုယ့်မိဘတွေ မပူမပင်ပဲ နေရတာမျိုး၊ စိတ်ချမ်းသာရတာမျိုး၊ အဆင်ပြေနေတာမျိုးတွေက သူတို့အတွက် စိတ်ချမ်းသာမှုတွေပါပဲ။
ဒီလိုမျိုး မိသားစုက သူတို့ဘဝရဲ့ အရေးပါတဲ့ ကဏ္ဍမှာ ရှိနေတာမျိုး ဖြစ်ပါတယ်။
-ဂရုစိုက်တတ်ကြတယ်
မိသားစုကို သံယောဇဉ် ရှိကြတဲ့သူတွေကတော့ ဂရုစိုက်တတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က မိသားစုဝင်တွေရဲ့ ငွေကြေး လိုအပ်မှု၊ ကျန်းမာရေး အခြေအနေ စတာတွေကိုလည်း ဂရုစိုက်ပေးတတ်ကြပါတယ်။ ဒီလို ဂရုစိုက်တတ်တဲ့အကျင့် ရှိတာကိုလည်း ကိုယ့်ကိုယ်ကို သတိထားမိတတ်ပါတယ်။