အခ်စ္ေတြေလ်ာ့မသြားဘဲ ပိုခ်စ္လာၾကတဲ့ စံုတြဲေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ (၇)ခု
ခ်စ္သူေတြဘဝမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္မဝျဖစ္ခဲ့ေပမယ့္ လက္ထပ္ျပီးမွေျပာင္းလဲသြားၾကတာမ်ိဳး၊ အခ်စ္ေတြေလ်ာ့သြားတာ
မ်ိဳး၊ အဆင္မေျပမႈေတြ တစ္ခုျပီးတစ္ခု ဆက္တိုက္ျဖစ္ေနတာမ်ိဳးေတြ ျဖစ္လာမယ္ဆိုရင္ ႏွစ္ေယာက္လံုး ေၾကကြဲရပါလိမ့္မယ္။
ဒီလိုမျဖစ္ရေအာင္ လက္ထပ္ျပီးရင္လည္း အခ်စ္ေတြမေလ်ာ့သြားဘဲ တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္တာထက္ ပိုခ်စ္လာၾကတဲ့စံုတြဲေတြ
ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္။
(၁) သူစိမ္းကို ဦးစားမေပးဘူး
ကိုယ့္ခ်စ္သူ၊ ဇနီး၊ခင္ပြန္းထက္ သူစိမ္းကို ပိုဦးစားေပးတာမ်ိဳးမလုပ္ဘူး။ ကိုယ့္အတြက္ အေရးၾကီးတဲ့သူကိုေသခ်ာသိျပီး သူတို႕ကို ဦး
စားေပးတယ္။ ေဘးလူ၊ သူစိမ္းေတြေျပာတဲ့စကားေၾကာင့္ ကိုယ္ခ်စ္တဲ့သူ နာက်င္ေအာင္မလုပ္ဘူး။
(၂) အျပစ္မတင္ဘူး၊ အတူတူေျဖရွင္းတယ္
ျပႆနာတစ္ခုခုျဖစ္လာရင္ သူ႕ေၾကာင့္၊ ငါ့ေၾကာင့္ဆိုျပီး အျပန္အလွန္ အျပစ္တင္ဖို႕ထက္ အတူတူေျဖရွင္းဖို႕ပဲ စဥ္းစားတယ္။
(၃) ရိုးသားပြင့္လင္းတယ္
တစ္ေယာက္နဲ႕တစ္ေယာက္ လွ်ိဳ႕ဝွက္ထားတာ၊ ထိန္ခ်န္ထားတာေတြ မရွိဘူး။ အျမဲတမ္းအတူတူ လက္တြဲသြားဖို႕ဆံုးျဖတ္ထားတဲ့သူမို႕
သူ႕အေပၚမွာ အရိုးသား၊ အပြင့္လင္းဆံုးဆက္ဆံတယ္။
(၄) သူငယ္ခ်င္းေကာင္းတစ္ေယာက္လို
ခ်စ္သူတစ္ေယာက္လိုတင္မဟုတ္ဘဲ၊ သူအစစအရာရာဖြင့္ဟတိုင္ပင္လို႕ရမယ့္ သူငယ္ခ်င္းေကာင္းတစ္ေယာက္လိုမ်ိဳး ၾကိဳးစားျပီးေနေပးတယ္။
(၅) အခ်စ္ေတြကိုေဖာ္ျပတယ္
ကိုယ္ခ်စ္တာ သူသိရင္ျပီးေရာ၊ သူခ်စ္တာကိုယ္သိရင္ျပီးေရာဆိုတာေလာက္နဲ႕မလံုေလာက္ပါဘူးေနာ္။
အခ်စ္ေတြကို သူသိေအာင္ ထုတ္ျပဖို႕လည္းလိုပါတယ္။ ဒါေၾကာင့္ သူ႕ကို ခ်စ္တဲ့အေၾကာင္းအျမဲေျပာတယ္၊ အေသးစိတ္ေလးေတြကအစ ဂရုစိုက္ေပးၾကတယ္။
(၆) အရိုးရွင္းဆံုးဆက္ဆံေရး
ႏွစ္ေယာက္သားက ပကာသနေတြနဲ႕ လူတကာ အားက်ရေလာက္တဲ့အခ်စ္ေရးမ်ိဳး၊ တန္ဖိုးၾကီးပစၥည္းေတြနဲ႕ surprise ေတြ မၾကာခဏလုပ္ေပးျပီး
အျမဲတမ္းမိမိုက္ေနတဲ့ စံျပစံုတြဲမ်ိဳးျဖစ္ဖို႕ထက္ ရိုးရွင္းတဲ့ ပံုစံမ်ိဳးနဲ႕ တစ္ေယာက္လိုအပ္ခ်က္ကိို တစ္ေယာက္က ျဖည့္ဆည္းေပးတတ္တဲ့၊ ရိုးရွင္းတဲ့ အခ်စ္ေရးမ်ိဳးပါ
(၇) မွ်တတဲ့အေတြး
သူကေတာ့ ငါ့ကိုခ်စ္တာပဲ၊ ငါဘာလုပ္လုပ္ ခြင့္လႊတ္တယ္ဆိုျပီး တစ္ဖက္သတ္ အနိုင္ယူေနတာမ်ိဳးမရွိဘူး၊ နွစ္ေယာက္လံုးက သူ႕ဘက္ကိိုယ့္ဘက္ မွ်မွ်တတေတြးျပီး အျပန္အလွန္ နားလည္မႈရွိၾကတယ္။
Credit : aunty may
UNICODE
အချစ်တွေလျော့မသွားဘဲ ပိုချစ်လာကြတဲ့ စုံတွဲတွေရဲ့ လျှို့ဝှက်ချက် (၇)ခု
ချစ်သူတွေဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်မဝဖြစ်ခဲ့ပေမယ့် လက်ထပ်ပြီးမှပြောင်းလဲသွားကြတာမျိုး၊ အချစ်တွေလျော့သွားတာမျိုး၊ အဆင်မပြေမှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတာမျိုးတွေ ဖြစ်လာမယ်ဆိုရင် နှစ်ယောက်လုံး ကြေကွဲရပါလိမ့်မယ်။
ဒီလိုမဖြစ်ရအောင် လက်ထပ်ပြီးရင်လည်း အချစ်တွေမလျော့သွားဘဲ တစ်ယောက်နဲ့တစ်ယောက်ချစ်တာထက် ပိုချစ်လာကြတဲ့စုံတွဲတွေရဲ့ လျှို့ဝှက်ချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။
(၁) သူစိမ်းကို ဦးစားမပေးဘူး
ကိုယ့်ချစ်သူ၊ ဇနီး၊ခင်ပွန်းထက် သူစိမ်းကို ပိုဦးစားပေးတာမျိုးမလုပ်ဘူး။ ကိုယ့်အတွက် အရေးကြီးတဲ့သူကိုသေချာသိပြီး သူတို့ကို ဦးစားပေးတယ်။
ဘေးလူ၊ သူစိမ်းတွေပြောတဲ့စကားကြောင့် ကိုယ်ချစ်တဲ့သူ နာကျင်အောင်မလုပ်ဘူး။
(၂) အပြစ်မတင်ဘူး၊ အတူတူဖြေရှင်းတယ်
ပြဿနာတစ်ခုခုဖြစ်လာရင် သူ့ကြောင့်၊ ငါ့ကြောင့်ဆိုပြီး အပြန်အလှန် အပြစ်တင်ဖို့ထက် အတူတူဖြေရှင်းဖို့ပဲ စဉ်းစားတယ်
(၃) ရိုးသားပွင့်လင်းတယ်
တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ထားတာ၊ ထိန်ချန်ထားတာတွေ မရှိဘူး။
အမြဲတမ်းအတူတူ လက်တွဲသွားဖို့ဆုံးဖြတ်ထားတဲ့သူမို့ သူ့အပေါ်မှာ အရိုးသား၊ အပွင့်လင်းဆုံးဆက်ဆံတယ်။
(၄) သူငယ်ချင်းကောင်းတစ်ယောက်လို
ချစ်သူတစ်ယောက်လိုတင်မဟုတ်ဘဲ၊ သူအစစအရာရာဖွင့်ဟတိုင်ပင်လို့ရမယ့် သူငယ်ချင်းကောင်းတစ်ယောက်လိုမျိုး ကြိုးစားပြီးနေပေးတယ်။
(၅) အချစ်တွေကိုဖော်ပြတယ်
ကိုယ်ချစ်တာ သူသိရင်ပြီးရော၊ သူချစ်တာကိုယ်သိရင်ပြီးရောဆိုတာလောက်နဲ့မလုံလောက်ပါဘူးနော်။
အချစ်တွေကို သူသိအောင် ထုတ်ပြဖို့လည်းလိုပါတယ်။ ဒါကြောင့် သူ့ကို ချစ်တဲ့အကြောင်းအမြဲပြောတယ်၊ အသေးစိတ်လေးတွေကအစ ဂရုစိုက်ပေးကြတယ်။
(၆) အရိုးရှင်းဆုံးဆက်ဆံရေး
နှစ်ယောက်သားက ပကာသနတွေနဲ့ လူတကာ အားကျရလောက်တဲ့အချစ်ရေးမျိုး၊ တန်ဖိုးကြီးပစ္စည်းတွေနဲ့ surprise တွေ မကြာခဏလုပ်ပေးပြီး
အမြဲတမ်းမိမိုက်နေတဲ့ စံပြစုံတွဲမျိုးဖြစ်ဖို့ထက် ရိုးရှင်းတဲ့ ပုံစံမျိုးနဲ့ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးတတ်တဲ့၊ ရိုးရှင်းတဲ့ အချစ်ရေးမျိုးပါ။
(၇) မျှတတဲ့အတွေး
သူကတော့ ငါ့ကိုချစ်တာပဲ၊ ငါဘာလုပ်လုပ် ခွင့်လွှတ်တယ်ဆိုပြီး တစ်ဖက်သတ် အနိုင်ယူနေတာမျိုးမရှိဘူး၊ နှစ်ယောက်လုံးက သူ့ဘက်ကိုယ့်ဘက် မျှမျှတတတွေးပြီး အပြန်အလှန် နားလည်မှုရှိကြတယ်။
Credit : aunty may