အခ်စ္နွင့္ဘဝ

သင့္ရည္းစား အျခားမိန္းကေလးေတြကို ၾကည့္တာကို ပညာရွိနည္းျဖင့္ရပ္တန႔္နည္း

ေယာက်ၤားေလးေတြက ေခ်ာတဲ့ လွတဲ့ မိန္းကေလးေတြကို ၾကည့္တာဟာ သဘာဝပါပဲ။ ဒါေပမဲ့ သင့္ရည္းစားကသင္ႏွင့္အတူ ရွိေနစဥ္အျခားမိန္းကေလးေတြကို ၾကည့္တာဟာ သင့္ကို မေလးစားတာပါပဲ။ သင့္ရည္းစားအျခားမိန္းကေလးေတြကို ၾကည့္တာ ရပ္ဖို႔သင္ လုပ္ေဆာင္နိုင္မည့္ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ရည္းစားအသစ္ ရွာေနတာလား။

သင့္ရည္းစား အျခားမိန္းကေလးေတြကို ၾကည့္တာ သင္ မိသည့္အခါ ပါးစပ္ပိတ္မေနပါနဲ႔။ ကိုယ့္ကိုယ္ကိုယုံၾကည္မွုရွိပါ။

သင့္စိတ္ခံစားခ်က္ကို မေဖာ္ျပပါနဲ႔။ သင္ဟာ သူ႔ထက္ စမတ္က်တယ္ ဆိုတာ သူသိပါေစ။ေနာက္တစ္ႀကိမ္ မိန္းကေလးေတြကို ေငးတာသူ မရပ္ဘူးဆိုရင္ အဲဒီေကာင္မေလး လွလား။ ရည္းစားအသစ္ရွာေနတာလား။ ငါ ဘာကူညီေပးရမလဲ။ သို႔မဟုတ္ ငါ ရွိေနတာေတာင္အျခားမိန္းကေလးေတြကို ၾကည့္ရေလာက္ေအာင္ မိုက္မဲသလား။ စသည့္ ေမးခြန္းေတြ ေမးလိုက္ပါ။ အဲဒီေမးခြန္းေတြက သူ႔လုပ္ရပ္အတြက္သူ႔ကိုယ္သူ အရွက္ရေစပါလိမ့္မည္။

၂။ ထိပ္တိုက္ေတြ႕ပါ။

သင့္ရည္းစားႏွင့္ ထိပ္တိုက္ေတြ႕ၿပီး စကားေျပာပါ။ ပထမဆုံး – သူ မိန္းကေလးေတြကို ေငးသည့္အခါ သင္ဘယ္လို ခံစားရေၾကာင္း ေျပာပါ။

ဒုတိယက အေၾကာင္းအရင္းကို ရွာေဖြပါ။ ဆက္တြဲခ်င္တယ္ဆိုရင္ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ၿပီး အဲဒီအက်င့္ကို ေဖ်ာက္ပစ္သင့္ေၾကာင္း ေျပာပါ။

၃။ သူ႔အျပဳအမူကို ေရာင္ျပန္ဟပ္ပါေစ။

စကားေျပာတာက အခ်ည္းႏွီးပဲ ဆိုရင္ သူ႔ အျပဳအမူအတိုင္း လုပ္ပါ။ သင့္ရည္းစား သတိထားမိေအာင္ အျခားေယာက်ၤားေတြကို ၾကည့္ပါ။ သင့္တြင္ အဲဒီလို လုပ္ခြင့္မရွိဘူးလို႔ သူေျပာတယ္ဆိုရင္ေတာ့ သူ႔ကို လမ္းခြဲလိုက္ပါ။ သင္တစ္ေယာက္တည္းကိုပဲ ၾကည့္ေနမည့္ လူတစ္ေယာက္ကို သင္ ေတြ႕နိုင္ပါသည္။

၄။ သင့္ကိုယ္သင္ အျခားမိန္းကေလးေတြနဲ႔ မႏွိုင္းယွဥ္ပါနဲ႔။

မိန္းကေလးတိုင္းမွာ အလွကိုယ္စီ ရွိပါတယ္။ တစ္ေယာက္ႏွင့္တစ္ေယာက္ မတူညီပါဘူး။ အျခားမိန္းကေလးေတြနဲ႔ ႏွိုင္းယွဥ္ျခင္းက ျပႆနာကို မေျဖရွင္းနိုင္ပါဘူး။
ေယာက်ၤားေလးေတြက ယုံၾကည္မွုရွိတဲ့ မိန္းကေလးေတြကို ေလးစားပါတယ္။ သင္ဟာ သင္ကိုယ္သင္ ခ်စ္တယ္ဆိုရင္ သင့္ရည္းစားကလည္း ခ်စ္မွာပါပဲ။

၅။ သင္ကိုယ္သင္ တန္ဖိုးထားပါ။

အျခားသူကို အျပစ္တင္ေနမည့္အစား သင္ကိုယ္သင္ တိုးတက္ေအာင္ လုပ္ပါ။ သင္ကိုယ္သင္ ပိုလွေအာင္ျပင္ဆင္ပါ။ သင့္ကိုယ္ဟန္အမူအရာ ႏွင့္စကားေျပာပုံကို စမတ္က်ေအာင္ ႀကိဳးစားပါ။ သင္ေျပာင္းလဲတာေတြကို သင့္ရည္းစား သတိထားမိသည့္အခါ အျခားမိန္းကေလးေတြကို ေငးတာ ရပ္သြားပါလိမ့္မည္။

၆။ သဝန္မတိုပါနဲ႔။

သင္ကိုယ္သင္ ယုံၾကည္မွုရွိတယ္ဆိုရင္ သဝန္တိုဖို႔ သင္ သတိမရပါဘူး။ သဝန္တိုျခင္းက စိတ္ဓာတ္က်ျခင္းႏွင့္ စိတ္ဖိစီးမွုကို ျဖစ္ေစနိုင္ပါတယ္။

အေရးႀကီးတာက သင့္ရည္းစား ဘာေၾကာင့္ အျခားမိန္းကေလးေတြကိုေငးတာလဲဆိုတာ သင္ မသိတာပါပဲ။ သင့္ကို သဝန္တိုေအာင္ စခ်င္လို႔ ၾကည့္တာဘဲ ျဖစ္နိုင္ပါတယ္။
သင္ကသဝန္မတိုဘူးဆိုရင္ေတာ့ သူရပ္သြားပါလိမ့္မည္။သင္ႏွင့္အတူရွိေနစဥ္ သင့္ရည္းစား အျခားမိန္းကေလးေတြကို ေငးတာဟာ သင့္ကို စိန္ေခၚတာပါပဲ။
သင့္စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ၿပီး သင့္တို႔ဆက္ဆံေရးဟာ အနာဂတ္ရွိသလား ဆိုတာ စဥ္းစားပါ။ မွားယြင္းတဲ့ဆက္ဆံေရးတစ္ခု ရွိေနျခင္းကသင့္အတြက္ မေကာင္းပါဘူး။ သင့္ဘဝကို အေႏွာင့္အယွက္ ျဖစ္ေစသည့္လူတစ္ေယာက္ႏွင့္ တြဲေနျခင္းထက္ Singleတစ္ေယာက္ ျဖစ္တာက ပိုေကာင္းပါတယ္။

Unicode Version

ယောကျင်္ားလေးတွေက ချောတဲ့ လှတဲ့ မိန်းကလေးတွေကို ကြည့်တာဟာ သဘာဝပါပဲ။ ဒါပေမဲ့ သင့်ရည်းစားကသင်နှင့်အတူ ရှိနေစဉ်အခြားမိန်းကလေးတွေကို ကြည့်တာဟာ သင့်ကို မလေးစားတာပါပဲ။ သင့်ရည်းစားအခြားမိန်းကလေးတွေကို ကြည့်တာ ရပ်ဖို့သင် လုပ်ဆောင်နိုင်မည့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရည်းစားအသစ် ရှာနေတာလား။

သင့်ရည်းစား အခြားမိန်းကလေးတွေကို ကြည့်တာ သင် မိသည့်အခါ ပါးစပ်ပိတ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။

သင့်စိတ်ခံစားချက်ကို မဖော်ပြပါနဲ့။ သင်ဟာ သူ့ထက် စမတ်ကျတယ် ဆိုတာ သူသိပါစေ။နောက်တစ်ကြိမ် မိန်းကလေးတွေကို ငေးတာသူ မရပ်ဘူးဆိုရင် အဲဒီကောင်မလေး လှလား။ ရည်းစားအသစ်ရှာနေတာလား။ ငါ ဘာကူညီပေးရမလဲ။ သို့မဟုတ် ငါ ရှိနေတာတောင်အခြားမိန်းကလေးတွေကို ကြည့်ရလောက်အောင် မိုက်မဲသလား။ စသည့် မေးခွန်းတွေ မေးလိုက်ပါ။ အဲဒီမေးခွန်းတွေက သူ့လုပ်ရပ်အတွက်သူ့ကိုယ်သူ အရှက်ရစေပါလိမ့်မည်။

၂။ ထိပ်တိုက်တွေ့ပါ။

သင့်ရည်းစားနှင့် ထိပ်တိုက်တွေ့ပြီး စကားပြောပါ။ ပထမဆုံး – သူ မိန်းကလေးတွေကို ငေးသည့်အခါ သင်ဘယ်လို ခံစားရကြောင်း ပြောပါ။

ဒုတိယက အကြောင်းအရင်းကို ရှာဖွေပါ။ ဆက်တွဲချင်တယ်ဆိုရင်ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး အဲဒီအကျင့်ကို ဖျောက်ပစ်သင့်ကြောင်း ပြောပါ။

၃။ သူ့အပြုအမူကို ရောင်ပြန်ဟပ်ပါစေ။

စကားပြောတာက အချည်းနှီးပဲ ဆိုရင် သူ့ အပြုအမူအတိုင်း လုပ်ပါ။ သင့်ရည်းစား သတိထားမိအောင် အခြားယောကျင်္ားတွေကို ကြည့်ပါ။ သင့်တွင် အဲဒီလို လုပ်ခွင့်မရှိဘူးလို့ သူပြောတယ်ဆိုရင်တော့ သူ့ကို လမ်းခွဲလိုက်ပါ။ သင်တစ်ယောက်တည်းကိုပဲ ကြည့်နေမည့် လူတစ်ယောက်ကို သင် တွေ့နိုင်ပါသည်။

၄။ သင့်ကိုယ်သင် အခြားမိန်းကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

မိန်းကလေးတိုင်းမှာ အလှကိုယ်စီ ရှိပါတယ်။ တစ်ယောက်နှင့်တစ်ယောက် မတူညီပါဘူး။ အခြားမိန်းကလေးတွေနဲ့ နှိုင်းယှဉ်ခြင်းက ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။
ယောကျင်္ားလေးတွေက ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေကို လေးစားပါတယ်။ သင်ဟာ သင်ကိုယ်သင် ချစ်တယ်ဆိုရင် သင့်ရည်းစားကလည်း ချစ်မှာပါပဲ။

၅။ သင်ကိုယ်သင် တန်ဖိုးထားပါ။

အခြားသူကို အပြစ်တင်နေမည့်အစား သင်ကိုယ်သင် တိုးတက်အောင် လုပ်ပါ။ သင်ကိုယ်သင် ပိုလှအောင်ပြင်ဆင်ပါ။ သင့်ကိုယ်ဟန်အမူအရာ နှင့်စကားပြောပုံကို စမတ်ကျအောင် ကြိုးစားပါ။ သင်ပြောင်းလဲတာတွေကို သင့်ရည်းစား သတိထားမိသည့်အခါ အခြားမိန်းကလေးတွေကို ငေးတာ ရပ်သွားပါလိမ့်မည်။

၆။ သဝန်မတိုပါနဲ့။

သင်ကိုယ်သင် ယုံကြည်မှုရှိတယ်ဆိုရင် သဝန်တိုဖို့ သင် သတိမရပါဘူး။ သဝန်တိုခြင်းက စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။

အရေးကြီးတာက သင့်ရည်းစား ဘာကြောင့် အခြားမိန်းကလေးတွေကိုငေးတာလဲဆိုတာ သင် မသိတာပါပဲ။ သင့်ကို သဝန်တိုအောင် စချင်လို့ ကြည့်တာဘဲ ဖြစ်နိုင်ပါတယ်။
သင်ကသဝန်မတိုဘူးဆိုရင်တော့ သူရပ်သွားပါလိမ့်မည်။သင်နှင့်အတူရှိနေစဉ် သင့်ရည်းစား အခြားမိန်းကလေးတွေကို ငေးတာဟာ သင့်ကို စိန်ခေါ်တာပါပဲ။
သင့်စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး သင့်တို့ဆက်ဆံရေးဟာ အနာဂတ်ရှိသလား ဆိုတာ စဉ်းစားပါ။ မှားယွင်းတဲ့ဆက်ဆံရေးတစ်ခု ရှိနေခြင်းက

သင့်အတွက် မကောင်းပါဘူး။ သင့်ဘဝကို အနှောင့်အယှက် ဖြစ်စေသည့်လူတစ်ယောက်နှင့် တွဲနေခြင်းထက် Singleတစ်ယောက် ဖြစ်တာက ပိုကောင်းပါတယ်။