အခုလို အချိန်အခါမျိုးမှာ ကမ္ဘာကတောင် သိသွားတဲ့ သမီးလေး
စိတ်ထားဖြူတဲ့ကလေးဒီကလေးမလေး(ဖရဲသီးစိတ်ရောင်းတဲ့ကလေး)ကျွန်တော်မလေးစားဘဲမနေနိုင်တော့ဘူး
ကမ္ဘာကသိသွားတဲ့ ဓနုဖြူကစေတနာရှင်မလေး
(၁၈-၂-၂၀၂၁)ကြာသာပတေးနေ့ဆန္ဒဖော်ထုတ်ပွဲ(၁၂)ရက်မြောက်နေ့
စိတ်ထားဖြူတဲ့ကလေးဒီကလေးမလေး(ဖရဲသီးစိတ်ရောင်းတဲ့ကလေး)ကျွန်တော်မလေးစားဘဲမနေနိုင်တော့ဘူးကျွန်တော်တို့ကရှေ့ကကြိုပွိုင့်သွားတယ်
သူ့ရှေ့ရောက်တော့အမောပြေဝယ်စားမလို့
“သမီး တစ်စိတ်ဘယ်လောက်လဲ””တစ်စိတ် (၂၀၀ )သုံးစိတ် (၅၀၀) ပါဦးဦး”
“အေး အဲဒါဆို (၅၀၀ )ဖိုးထည့်””ရော့ ရပြီ ဦးဦး မပေးနဲ့ စားသွားနော် ဖြစ်နိုင်ရင်အခုဆန္ဒဖော်ထုတ်တဲ့သူတွေအကုန်လုံးကို သမီးက ကျွေးချင်တာ”
အရင်းမရှိတော့ရင် အမေဆူမှာစိုးလို့””သမီး အရင်းက ဘယ်လောက်မို့လဲ”
“သိဘူး အမေ ကဖရဲသီးတစ်လုံးဝယ်ပြီးစိတ်ပေးလိုက်တာ”
ခန့်မှန်းပြီးအစိတ်ရေကြည့်လိုက်တော့ ကာလပေါက်ဈေး (၃၅၀၀/၄၀၀၀)
“သမီးတစ်ဗန်းလုံးဦးဝယ်မယ် (၅၀၀၀) ထား”
“အာ့လောက်အမြတ် သမီးမယူပါဘူး အရင်းဘဲပေး”
“အရင်းက (၂၈၀၀ )ထဲ သမီးအမြတ်လှူပါ့မယ်”
(နေ့လုပ်မှတစ်နေ့စားရတဲ့ကလေးကသူ့အမြတ်ကိုလှူမှာတဲ့ဗျာ ကျွန်တော်အံ့ဩဆွံ့အသွားတယ်)
“အေးသမီး အဲဒါဆို ဦးပေးမယ် သမီးလှူချင်တဲ့ဒါနမြောက်အောင် အခုဝေပေးလိုက်တော့”
“ဟုတ်”
“အကိုကြီးအမကြီးတို့အမောပြေစားသွားကြနော်
သမီးလှူတာပါ အားမနာပါနဲ့ စားသွားနော်”
(သူ့အသံဆာဆာလေးဖြင့်ပြောရင်းလှူနေတာ
သူ့ကိုကြည့်ပြီးကိုယ့်မှာပီတိဖြစ် လေးစားရပြီလေ)
ဆန္ဒဖော်ထုတ်တဲ့ လူတန်းဆုံးသွားတော့
“ဦးဦး ရေ ကုန်သွားပြီ”
“အေးအေးသမီးလှူလိုက်ရတာပျော်လား”
“ပျော်တာပေါ့ ဒိီထက်ပိုလှူချင်သေးတာ”
“အေး လှူရမှာပေါ့ ရော့သမီး ဖရဲသီးဖိုး”
သူ ပိုက်ဆံကို စစ်ကြည့်ပြီး။
” ဦးဦး ပိုက်ဆံပိုနေတယ်”
(သူစိတ်ဓါတ်ပိုလေးစားပြန်ပြီ ပိုငွေကိုသူမယူ)
“မပိုဘူး သမီး အရင်းက( ၃၀၀၀) ပိုတဲ့( ၃၀၀၀) ကသမီးစိတ်ဓာတ်ကိုလေးစားလို့ဆုချတာ”
(ကိုယ့်အိတ်ကပ်ထဲလဲ ၁၀၀၀ တန် ၆ ရွက်ဘဲကျန်တော့လို့)
“ဒါနဲ့ သမီးအသက်ဘယ်လောက်ရှိပြီလဲ”
“(၁၄) နှစ်ပါဦးဦး”
(ပိုပြီးလေးစားရပြီလေ ပညာမစုံသေးတဲ့ကလေးတစ်ယောက်ရဲ့စိတ်ဓါတ်က ပညာတက်ဘွဲ့ရပြီးလုပ်ငန်းခွင်မှာကျင်လည်ကျက်စားပြီး CDM ကိုမပါဝင်နိုင်ကြတဲ့လက်ရှိရုံးတက်နေတဲ့ဝန်ထမ်းတွေထက်သာတယ်)
ဒီနေ့ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ
တစ်နေ့လုပ်မှတစ်နေ့စားမိသားစုကမွေးဖွားထားတဲ့လေးစားထိုက်တဲ့သမီးငယ်လေးကိုလေးစားဂုဏ်ယူစွာဖြင့်
ဓနုဖြူမာစတာ ဓနုဖြူမာစတာ