ရာသီခြင္အလိုက္ ႀကဳံေတြ႕ရမယ့္ ဖူးစာရွင္မ်ား
ကံတရားက ေ႐ြးခ်ယ္ေပးတဲ့ ကိုယ့္ခ်စ္သူပုံစံက ဘယ္လိုေလးမ်ားလဲ။ ရာသီခြင္အလိုက္ ပိုင္ဆိုင္ရမယ့္ ခ်စ္သူပုံစံေလးေတြ ၾကည့္လိုက္ရေအာင္
Aries – မိႆ ရာသီဖြား ( မတ္လ ၂၁ ရက္ – ဧၿပီလ ၁၉ ရက္ )
ေမတၱာေရးတြင္ ရယူျခင္းထက္ ေပးဆပ္မႈ ကို လိုလားသူျဖစ္သည္။ သနားခ်စ္၊ အားနာခ်စ္ ကိုဦးစားေပးတတ္သည္။ ဘုခြ ေျပာတတ္ေသာေပ်ာ္ေပ်ာ္ ေနတတ္သည့္ သူႏွင့္ ဖူးစာဆုံမည္
Taurus – ၿပိႆ ရာသီဖြား ( ဧၿပီလ ၂၀ ရက္ – ေမလ ၂၀ ရက္ )
ခ်စ္ျခင္းေမတၱာ ဆိုသည္မွာ သစၥာတရားရွိမွ ခိုင္ၿမဲသည္။ ၿပီးျပည့္စုံသည္ဟု ခံယူထား သူမ်ား ျဖစ္သည္။ ဆံပင္ ထူထူ၊ အရပ္ သြယ္သြယ္၊ႏွာတံေပၚ ၿပီး ႏႈတ္ခမ္းလွကာ ႏွာေခါင္းေဘး (သို႔) ပါးတြင္ မွဲ႔ပါသူ ႏွင့္ ဖူးစာဆုံမည္
Gemini – ေမထုန္ရာသီဖြား ( ေမလ ၂၁ ရက္ – ဇြန္လ ၂၀ ရက္ )
တိုင္ပင္ေဖာ္ တိုင္ပင္ဖက္ အျဖစ္ရပ္တည္တတ္ေသာ သူကို ဦးစားေပး၊ ေ႐ြးခ်ယ္တတ္ေသာသဘာဝရွိသည္
မိမိထက္ အသက္အ႐ြယ္ ၊အေနအထား၊ဆက္ဆံရေသာ ဝန္းက်င္ မတူျခားနားေသာ သူကို ေ႐ြးခ်ယ္ေမတၱာ မွ်တတ္သည္။ ႏႈးညံ့စြာ ေျပာဆိုတတ္ေသာမ်က္လုံးအိမ္ အနည္းငယ္နက္ရႈိင္း၊ မ်က္ဝန္းလွပလင္းလက္ေသာ နဖူး၊ မ်က္ခုံး၊ ႏွာတံ ဆက္စပ္မႈ အလြန္တင့္တယ္ေသာ သူႏွင့္ ဖူးစာဆုံမည္
Cancer – ကရကဋ္ ရာသီဖြား ( ဇြန္လ ၂၁ ရက္ – ဇူလိုင္ ၂၂ ရက္ )
ဘဝတြင္ အသိုင္းအဝိုင္းက ႏွစ္သက္သူ တစ္ဦး၊ ႏွလုံးသားက လက္ခံသူ တစ္ဦး ၾကား ေ႐ြးခ်ယ္ရန္ အခက္ႀကဳံရတတ္သည္။ ကိုယ္လုံးကိုယ္ထည္ေတာင့္တင္း၊ မ်က္ႏွာဝိုင္းကာ အသားလတ္ၿပီး ႏႈတ္ခမ္းလွ၊ သြားစြယ္သြားတက္ ရွိေသာသူႏွင့္ ဖူးစာဆုံမည္
Leo – သိဟ္ ရာသီဖြား ( ဇူလိုင္လ ၂၃ ရက္ – ၾသဂုတ္လ ၂၂ ရက္ )
အလြန္မ်က္ႏွာပြင့္ေသာသူ ျဖစ္ေပရာတစ္ဦးထက္ပိုေသာ ခ်စ္သူရည္းစားမ်ား ထားမိတတ္သည္။ ခ်စ္သူမ်ားျခင္းသည္ ဘဝ၏ အေႏွာက္အယွက္တစ္ခုျဖစ္လာတတ္သည္။အသားဝါဝင္း ၿပီး အၿမဲတမ္း ၿပဳံးေနေသာ အလြန္မ်က္ႏွာခ်ိဳေသာ္လည္းမာန ရွိၿပီး ျပတ္သားေသာ ပညာဉာဏ္ရွိသူ ႏွင့္ ဆုံစည္းရတတ္သည္
Virgo – ကန္ရာသီဖြား ( ၾသဂုတ္လ ၂၃ ရက္ – စက္တင္ဘာလ ၂၂ ရက္ )
ကန္ရာသီဖြား တို႔သည္ အလြန္ စိတ္ထိခိုက္ လြယ္သည္။ ႏႈးညံ့ သိမ္ေမြ႕လြန္းေသာ ႏွလုံးသား ကို ပိုင္ဆိုင္သည္။ ပိန္ပိန္သြယ္သြယ္၊ ပါးပါးလွပ္လွပ္ေအးတိေအးစက္ ေနတတ္ၿပီး မ်က္လုံး၊ မ်က္ခုံးေကာင္းကာ ႏႈတ္ခမ္းပါးပါး စကားတတ္ေသာ ဖူးစာရွင္ ႏွင့္ ေတြ႕မည္
Libra – တူ ရာသီဖြား ( စက္တင္ဘာ ၂၃ ရက္ – ေအာက္တိုဘာလ ၂၂ ရက္ )
နီးစပ္မႈကို အေျခတည္၍ အခ်စ္သံေယာဇဥ္ ျဖစ္တတ္သည္။ ပညာတတ္၊ ဉာဏ္ႀကီး၊ စကားေျပာေကာင္း၊ အႂကြားအဝါေကာင္း၊ ဟန္ေကာင္း၊မ်က္ႏွာ ေလးေထာင့္ႏွာတံေပၚ မ်က္ရစ္မပါေသာ (သို႔) မ်က္လုံးေမွး ၍ အၿမဲၿပဳံးေနေသာသူႏွင့္ဖူးစာဆုံမည္
Scorpio – ၿဗိစာၦ ရာသီဖြား ( ေအာက္တိုဘာလ ၂၃ ရက္ – ႏိုဝင္ဘာလ ၂၁ ရက္ )
တစ္စုံတစ္ေယာက္ကို ခ်စ္မိၿပီဆိုရင္ ဆုံးျဖတ္ခ်က္ခ်ရန္အတြက္ အလြန္ အခ်ိန္ယူတတ္သည္။ ဆုံးျဖတ္ၿပီးပါကလည္း လုံးဝမျပင္တတ္။ ေဝဖန္မႈကို ဂ႐ုမစိုက္တတ္၊ ဥပကၡာ ႏွလုံးသားပိုင္ရွင္မ်ားျဖစ္သည္။ ေအးခ်မ္း႐ိုးသားစြာ ေနတတ္ေသာ မ်က္လုံးဝိုင္းစက္လွပေသာ ႏႈးညံ့သိမ္ေမြ႕စြာ ေျပာဆိုတတ္ေသာ ဖူးစာရွင္ ႏွင့္ဆုံဆည္းမည္
Sagittarius – ဓႏု ရာသီဖြား ( ႏိုဝင္ဘာလ ၂၂ ရက္ – ဒီဇင္ဘာလ ၂၁ ရက္ )
ခ်စ္သူမ်ားတတ္သည္။ အခ်စ္ေရးတြင္ အၿမဲခြင့္လြတ္ အရႈံးေပး၊ အနစ္နာခံတတ္သည္။ တစ္စုံတစ္ေယာက္ကို ေမတၱာထားရမည္ဆိုရင္စူးစူးစိုက္စိုက္ ခ်စ္တတ္ေသာသဘာဝရွိသည္။ ထိုရာသီဖြားတို႔သည္ အသားလတ္၊ ႏွာတံေပၚ ခႏၶာသြယ္လ်၊ မ်က္ႏွာသြယ္စကားေျပာျမန္ ၍ေခါင္းမာတတ္ေသာ သူႏွင့္ ဖူးစာဆုံမည္
Capricorn – မကာရ ရာသီဖြား ( ဒီဇင္ဘာလ ၂၂ ရက္ – ဇန္နဝါရီလ ၁၉ ရက္ )
သူတစ္ပါးက စိတ္မဝင္စား ပစ္ပယ္ထားေသာ အထီးက်န္သမားမ်ားကို ပို၍ စာနာ၊ ေမတၱာထားတတ္သည္။ ခ်စ္သူကို အလိုလိုက္လြန္း ၍ေသာ္ ၎၊အသာစီးေပးလြန္း ၍ ေသာ္၎၊ တစ္စုံတစ္ရာ ျမင့္မားလာေသာအခါ ခ်စ္သူကပင္ မိမိအားပစ္ခြာသြားျခင္းႀကဳံတတ္သည္။ ေမး႐ိုးပါး႐ိုးျမင့္ေသာ၊အသားလတ္ၿပီး၊ ဆံပင္ ေျဖာင့္ကာ သြက္လက္ ေသာအမူအရာ ရွိေသာ သူႏွင့္ ဖူးစာဆုံမည္
Aquarius – ကုံ ရာသီဖြား ( ဇန္နဝါရီလ ၂၀ ရက္ – ေဖေဖာ္ဝါရီလ ၁၈ ရက္ )
သန႔္စင္ေသာ ႏွလုံးသားႏွင့္ တစ္ပါးသူအေပၚ ေမတၱာထားလင့္ကစား ကံဇာတ္ဆရာ မွ မိမိအား အလြမ္း၊ အေဆြးသမားျဖစ္ေအာင္ဖန္တီးမည္။အႏိုင္မယူ၊ အခြင့္အေရး မယူ မိမိကသာ အနစ္နာခံတတ္သည္။ လက္ေတြ႕ထက္ စိတ္ကူးယဥ္မႈဘက္ ေရာက္တတ္သည္။ ကိုယ္လုံးကိုဖန္ လွပတင့္တယ္ ၍မ်က္ဝန္းအလြန္လွ ၿပီး မ်က္လုံး၊ မ်က္ခုံးေကာင္း နဖူးျပင္က်ယ္ျပန႔္ကာ ေအးခ်မ္းခ်ိဳသာစြာ ေျပာဆိုတတ္သူႏွင့္ ဖူးစာဆုံမည္
Pisces – မိန္ ရာသီဖြား ( ေဖေဖာ္ဝါရီလ ၁၉ ရက္ – မတ္လ ၂၀ ရက္ )
လြန္လြန္ကဲကဲ သံေယာဇဥ္ ႀကီး၍ တစ္ပါးသူ အေပၚ နားလည္ခြင့္လြတ္တတ္ေသာသူျဖစ္သည္။ အခိုင္အမာဆုံးျဖတ္ ၍ ေလးေလးနက္နက္ ခ်စ္တတ္ေသာသူျဖစ္သည္။ကိုယ္ေအးခ်မ္းၿပီး ဉာဏ္ပညာရွိေသာ ဆံပင္ထူပြပြ၊ သြားစြယ္၊ သြားတက္ရွိေသာသူႏွင့္ ဖူးစာဆုံမည္
Ref;Baydin Credit:Trend Myanmar
Unicode Version
ရာသီခွင်အလိုက် ကြုံတွေ့ရမယ့် ဖူးစာရှင်များ
ကံတရားက ရွေးချယ်ပေးတဲ့ ကိုယ့်ချစ်သူပုံစံက ဘယ်လိုလေးများလဲ။ ရာသီခွင်အလိုက် ပိုင်ဆိုင်ရမယ့် ချစ်သူပုံစံလေးတွေ ကြည့်လိုက်ရအောင်
Aries – မိဿ ရာသီဖွား ( မတ်လ ၂၁ ရက် – ဧပြီလ ၁၉ ရက် )
မေတ္တာရေးတွင် ရယူခြင်းထက် ပေးဆပ်မှု ကို လိုလားသူဖြစ်သည်။ သနားချစ်၊ အားနာချစ် ကိုဦးစားပေးတတ်သည်။ ဘုခွ ပြောတတ်သောပျော်ပျော် နေတတ်သည့် သူနှင့် ဖူးစာဆုံမည်
Taurus – ပြိဿ ရာသီဖွား ( ဧပြီလ ၂၀ ရက် – မေလ ၂၀ ရက် )
ချစ်ခြင်းမေတ္တာ ဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထား သူများ ဖြစ်သည်။ ဆံပင် ထူထူ၊ အရပ် သွယ်သွယ်၊နှာတံပေါ် ပြီး နှုတ်ခမ်းလှကာ နှာခေါင်းဘေး (သို့) ပါးတွင် မှဲ့ပါသူ နှင့် ဖူးစာဆုံမည်
Gemini – မေထုန်ရာသီဖွား ( မေလ ၂၁ ရက် – ဇွန်လ ၂၀ ရက် )
တိုင်ပင်ဖော် တိုင်ပင်ဖက် အဖြစ်ရပ်တည်တတ်သော သူကို ဦးစားပေး၊ ရွေးချယ်တတ်သောသဘာဝရှိသည်
မိမိထက် အသက်အရွယ် ၊အနေအထား၊ဆက်ဆံရသော ဝန်းကျင် မတူခြားနားသော သူကို ရွေးချယ်မေတ္တာ မျှတတ်သည်။ နှုးညံ့စွာ ပြောဆိုတတ်သောမျက်လုံးအိမ် အနည်းငယ်နက်ရှိုင်း၊ မျက်ဝန်းလှပလင်းလက်သော နဖူး၊ မျက်ခုံး၊ နှာတံ ဆက်စပ်မှု အလွန်တင့်တယ်သော သူနှင့် ဖူးစာဆုံမည်
Cancer – ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် – ဇူလိုင် ၂၂ ရက် )
ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူ တစ်ဦး၊ နှလုံးသားက လက်ခံသူ တစ်ဦး ကြား ရွေးချယ်ရန် အခက်ကြုံရတတ်သည်။ ကိုယ်လုံးကိုယ်ထည်တောင့်တင်း၊ မျက်နှာဝိုင်းကာ အသားလတ်ပြီး နှုတ်ခမ်းလှ၊ သွားစွယ်သွားတက် ရှိသောသူနှင့် ဖူးစာဆုံမည်
Leo – သိဟ် ရာသီဖွား ( ဇူလိုင်လ ၂၃ ရက် – သြဂုတ်လ ၂၂ ရက် )
အလွန်မျက်နှာပွင့်သောသူ ဖြစ်ပေရာတစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားမိတတ်သည်။ ချစ်သူများခြင်းသည် ဘဝ၏ အနှောက်အယှက်တစ်ခုဖြစ်လာတတ်သည်။အသားဝါဝင်း ပြီး အမြဲတမ်း ပြုံးနေသော အလွန်မျက်နှာချိုသော်လည်းမာန ရှိပြီး ပြတ်သားသော ပညာဉာဏ်ရှိသူ နှင့် ဆုံစည်းရတတ်သည်
Virgo – ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် – စက်တင်ဘာလ ၂၂ ရက် )
ကန်ရာသီဖွား တို့သည် အလွန် စိတ်ထိခိုက် လွယ်သည်။ နှုးညံ့ သိမ်မွေ့လွန်းသော နှလုံးသား ကို ပိုင်ဆိုင်သည်။ ပိန်ပိန်သွယ်သွယ်၊ ပါးပါးလှပ်လှပ်အေးတိအေးစက် နေတတ်ပြီး မျက်လုံး၊ မျက်ခုံးကောင်းကာ နှုတ်ခမ်းပါးပါး စကားတတ်သော ဖူးစာရှင် နှင့် တွေ့မည္
Libra – တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် – အောက်တိုဘာလ ၂၂ ရက် )
နီးစပ်မှုကို အခြေတည်၍ အချစ်သံယောဇဉ် ဖြစ်တတ်သည်။ ပညာတတ်၊ ဉာဏ်ကြီး၊ စကားပြောကောင်း၊ အကြွားအဝါကောင်း၊ ဟန်ကောင်း၊မျက်နှာ လေးထောင့်နှာတံပေါ် မျက်ရစ်မပါသော (သို့) မျက်လုံးမှေး ၍ အမြဲပြုံးနေသောသူနှင့်ဖူးစာဆုံမည်
Scorpio – ဗြိစ္ဆာ ရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် – နိုဝင်ဘာလ ၂၁ ရက် )
တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ဆုံးဖြတ်ချက်ချရန်အတွက် အလွန် အချိန်ယူတတ်သည်။ ဆုံးဖြတ်ပြီးပါကလည်း လုံးဝမပြင်တတ်။ ဝေဖန်မှုကို ဂရုမစိုက်တတ်၊ ဥပက္ခာ နှလုံးသားပိုင်ရှင်များဖြစ်သည်။ အေးချမ်းရိုးသားစွာ နေတတ်သော မျက်လုံးဝိုင်းစက်လှပသော နှုးညံ့သိမ်မွေ့စွာ ပြောဆိုတတ်သော ဖူးစာရှင် နှင့်ဆုံဆည်းမည်
Sagittarius – ဓနု ရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် – ဒီဇင်ဘာလ ၂၁ ရက် )
ချစ်သူများတတ်သည်။ အချစ်ရေးတွင် အမြဲခွင့်လွတ် အရှုံးပေး၊ အနစ်နာခံတတ်သည်။ တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုရင်စူးစူးစိုက်စိုက် ချစ်တတ်သောသဘာဝရှိသည်။ ထိုရာသီဖွားတို့သည် အသားလတ်၊ နှာတံပေါ် ခန္ဓာသွယ်လျ၊ မျက်နှာသွယ်စကားပြောမြန် ၍ခေါင်းမာတတ်သော သူနှင့် ဖူးစာဆုံမည်
Capricorn – မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် – ဇန်နဝါရီလ ၁၉ ရက် )
သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားများကို ပို၍ စာနာ၊ မေတ္တာထားတတ်သည်။ ချစ်သူကို အလိုလိုက်လွန်း ၍သော် ၎င်း၊အသာစီးပေးလွန်း ၍ သော်၎င်း၊ တစ်စုံတစ်ရာ မြင့်မားလာသောအခါ ချစ်သူကပင် မိမိအားပစ်ခွာသွားခြင်းကြုံတတ်သည်။ မေးရိုးပါးရိုးမြင့်သော၊အသားလတ်ပြီး၊ ဆံပင် ဖြောင့်ကာ သွက်လက် သောအမူအရာ ရှိသော သူနှင့် ဖူးစာဆုံမည်
Aquarius – ကုံ ရာသီဖွား ( ဇန်နဝါရီလ ၂၀ ရက် – ဖေဖော်ဝါရီလ ၁၈ ရက် )
သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာ မှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင်ဖန်တီးမည်။အနိုင်မယူ၊ အခွင့်အရေး မယူ မိမိကသာ အနစ်နာခံတတ်သည်။ လက်တွေ့ထက် စိတ်ကူးယဉ်မှုဘက် ရောက်တတ်သည်။ ကိုယ်လုံးကိုဖန် လှပတင့်တယ် ၍မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာ ပြောဆိုတတ်သူနှင့် ဖူးစာဆုံမည်
Pisces – မိန် ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် – မတ်လ ၂၀ ရက် )
လွန်လွန်ကဲကဲ သံယောဇဉ် ကြီး၍ တစ်ပါးသူ အပေါ် နားလည်ခွင့်လွတ်တတ်သောသူဖြစ်သည်။ အခိုင်အမာဆုံးဖြတ် ၍ လေးလေးနက်နက် ချစ်တတ်သောသူဖြစ်သည်။ကိုယ်အေးချမ်းပြီး ဉာဏ်ပညာရှိသော ဆံပင်ထူပွပွ၊ သွားစွယ်၊ သွားတက်ရှိသောသူနှင့် ဖူးစာဆုံမည်
Ref;Baydin Credit:Trend Myanmar