ၾကားသိရသမွ်

ညတိုင်းနီးပါး ခွေးတွေအူနေကြတဲ့ အကြောင်း နိမိတ်ကောက် အဟော

ညတိုင်းနီးပါး ခွေးတွေအူနေကြတဲ့ အကြောင်း နိမိတ်ကောက် အဟော

အ မင်္ဂလာ မို့ မရေးခဲ့တာပါ။ မိတ်ဆွေ လေးငါးဦး ထံတော့ ဖုံးဆက် ပြောဖြစ်ခဲ့ပါသေး၏။ ၁၁ ရက်နေ့ ည ၁ ခွဲ ၂ လောက် ခွေးတွေ တော်တော်အူပါသည်။ လမ်းမကြီးပေါ်တွေက အူတာပါ။ ဒါပေမဲ့ ခွေးအူသံ ရှည်၊ ကြာ၊ စွဲ၍ မအူပါ။

အူတာတော့ လမ်းမကြီးတွေဘက်ကဟုသာ ကြားမိပါသည်။ ရုတ်တရက်အူပြီး သိပ်မကြာလိုက် ရပ်သွားပါသည်။ ဂရုတစိုက်နားထောင်ကြည့်ပါသည်။ အသံ မရှည်ပါ။ မကြာပါ။ စွဲ၍ မအူပါ။

ထို့ကြောင့် ပဲ့စင်ကြွေသွား တာတွေ ဖြစ်လာသော်လည်း အူသံစွဲရှည်မကြာ၍ ပဲ့စင်ကြွေလွင့်ခြင်းတို့ ဒီထက်သိပ်မများလောက်ဟု ဆိုချင်ပါသည်။ မှတ်ချက်(၁) လမ်းသွယ် လမ်းကြားတွေမှာ အူပါက ယခုထက် အစများစွာဆိုးတတ်ပါသည်။

မှတ်ချက်(၂) ခွေးအူခြင်းသည် ညည့်၏ ပထမယံကျော် ည၁၀ ကျော်မှ ညည့်၏ဒုတိယယံ ည ၁၂ ကျော်တွင်း သန်းခေါင်ဝန်းကျင် များ၌အူပါက ပို၍ကျက်သရေယုတ် ၏ဟုအဆိုရှိ၏။ မှတ်ချက်(၃) ခွေးတို့သည် အရပ် ၈ မျက်နှာ ဗရမ်းပတာလှည့်အူပါက ပို၍ ပို၍ဆိုးစေဟုအဆိုရှိ၏။

မှတ်ချက်(၄) ခွေးတို့သည် အရပ်မျက်နှာ တစ်မျက်နှာတည်းသို့ ဦးတည်အူပါက အဆိုးအညံ့တို့ များစွာသက်သာ၏ဟု အဆိုရှိ၏။ ယခုသည် ညမထွက်ရအမိန့်ရှိနေ၍ ထွက်မကြည့်လိုက်သဖြင့် အဘယ်အရပ်မျက်နှာမျိုးသို့အူနေ ကြသည်ကိုမသိ မမြင်လိုက်ပါ။

လွန်ခဲ့သော ၃ လခန့်က ဘရာဇီးနိုင်ငံမှာ လမ်းမကြီးတွေပေါ်ခွေးအူတာ လူအယောက်များစွာက လောက်လေးဂွဖြင့် ပစ်ကြတာတောင် ခွေးအုပ်စု က အအူမပျက် ထူးထူးဆန်းဆန်း အူကြပါသတဲ့ သေနတ်မိုးပေါ်ထောင်ဖေါက်သည်အထိ သွားရောက်တားမြစ်သော်လည်း သေနတ်ဖေါက်ချိန် စက္ကန့်ပိုင်းမျှသာ ရပ်သွားပြီး ဆက်လက်၍ အူနေကြပါသတဲ့ ၅ ရက်အတွင်း သောင်းချီသေကြေပျက်စီးပါသတဲ့။

Credit

Zawgyi

ညတိုင္းနီးပါး ေခြးေတြအူေနၾကတဲ့ အေၾကာင္း နိမိတ္ေကာက္ အေဟာ

အ မဂၤလာ မို႔ မေရးခဲ့တာပါ။ မိတ္ေဆြ ေလးငါးဦး ထံေတာ့ ဖုံးဆက္ ေျပာျဖစ္ခဲ့ပါေသး၏။ ၁၁ ရက္ေန႔ ည ၁ ခြဲ ၂ ေလာက္ ေခြးေတြ ေတာ္ေတာ္အူပါသည္။ လမ္းမႀကီးေပၚေတြက အူတာပါ။ ဒါေပမဲ့ ေခြးအူသံ ရွည္၊ ၾကာ၊ စြဲ၍ မအူပါ။

အူတာေတာ့ လမ္းမႀကီးေတြဘက္ကဟုသာ ၾကားမိပါသည္။ ႐ုတ္တရက္အူၿပီး သိပ္မၾကာလိုက္ ရပ္သြားပါသည္။ ဂ႐ုတစိုက္နားေထာင္ၾကည့္ပါသည္။ အသံ မရွည္ပါ။ မၾကာပါ။ စြဲ၍ မအူပါ။

ထို႔ေၾကာင့္ ပဲ့စင္ေႂကြသြား တာေတြ ျဖစ္လာေသာ္လည္း အူသံစြဲရွည္မၾကာ၍ ပဲ့စင္ေႂကြလြင့္ျခင္းတို႔ ဒီထက္သိပ္မမ်ားေလာက္ဟု ဆိုခ်င္ပါသည္။ မွတ္ခ်က္(၁) လမ္းသြယ္ လမ္းၾကားေတြမွာ အူပါက ယခုထက္ အစမ်ားစြာဆိုးတတ္ပါသည္။

မွတ္ခ်က္(၂) ေခြးအူျခင္းသည္ ညည့္၏ ပထမယံေက်ာ္ ည၁၀ ေက်ာ္မွ ညည့္၏ဒုတိယယံ ည ၁၂ ေက်ာ္တြင္း သန္းေခါင္ဝန္းက်င္ မ်ား၌အူပါက ပို၍က်က္သေရယုတ္ ၏ဟုအဆိုရွိ၏။ မွတ္ခ်က္(၃) ေခြးတို ႔သည္ အရပ္ ၈ မ်က္ႏွာ ဗရမ္းပတာလွည့္အူပါက ပို၍ ပို၍ဆိုးေစဟုအဆိုရွိ၏။

မွတ္ခ်က္(၄) ေခြးတို႔သည္ အရပ္မ်က္ႏွာ တစ္မ်က္ႏွာတည္းသို႔ ဦးတည္အူပါက အဆိုးအညံ့တို႔ မ်ားစြာသက္သာ၏ဟု အဆိုရွိ၏။ ယခုသည္ ညမထြက္ရအမိန္႔ရွိေန၍ ထြက္မၾကည့္လိုက္သျဖင့္ အဘယ္အရပ္မ်က္ႏွာမ်ိဳးသို႔အူေန ၾကသည္ကိုမသိ မျမင္လိုက္ပါ။

လြန္ခဲ့ေသာ ၃ လခန္႔က ဘရာဇီးႏိုင္ငံမွာ လမ္းမႀကီးေတြေပၚေခြးအူတာ လူအေယာက္မ်ားစြာက ေလာက္ေလးဂြျဖင့္ ပစ္ၾကတာေတာင္ ေခြးအုပ္စု က အအူမပ်က္ ထူးထူးဆန္းဆန္း အူၾကပါသတဲ့ ေသနတ္မိုးေပၚေထာင္ေဖါက္သည္အထိ သြားေရာက္တားျမစ္ေသာ္လည္း ေသနတ္ေဖါက္ခ်ိန္ စကၠန္႔ပိုင္းမွ်သာ ရပ္သြားၿပီး ဆက္လက္၍ အူေနၾကပါသတဲ့ ၅ ရက္အတြင္း ေသာင္းခ်ီေသေၾကပ်က္စီးပါသတဲ့။ Credit