မိန္းကေလးေတြရဲ႕ ဓမၼတာလာတာနဲ႔ပတ္သက္လို႔ အစဥ္အဆက္ကယုံၾကည္ထားခဲ့ၾကတဲ့ အခ်က္အလက္ေတြနဲ႔
အမွန္တကယ္လိုက္နာသင့္တဲ့အခ်က္ေတြမွာ ကြဲလြဲမႈေလးေတြရွိေနပါတယ္။ ဓမၼတာလာတာနဲ႔ပတ္သက္လို႔ ပြင့္လင္းမႈမရွိၾကတုန္းကေျပာခဲ့ၾကတဲ့အရာေတြက အားလုံးအမွန္မဟုတ္ဘူးဆိုတာ သိလာၾကၿပီဆိုေပမယ့္ ေသေသခ်ာခ်ာမသိၾကေသးတဲ့သူေတြလည္းရွိပါတယ္။
ဒါေၾကာင့္ ဓမၼတာလာတာနဲ႔ပတ္သက္လို႔ အရင္ကတည္းကယူဆခဲ့ၾကတဲ့အယူအဆေတြနဲ႔ အမွန္တကယ္လက္ခံသင့္တဲ့အယူအဆေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ေရခ်ိဳးလို႔မရဘူး (မွား)
ဓမၼတာလာစဥ္မွာေရခ်ိဳးလို႔မရဘူးဆိုတာ မဟုတ္ပါဘူး။ တစ္ကိုယ္ရည္သန႔္ရွင္းမႈရွိဖို႔ ေရခ်ိဳးဖို႔ပိုေတာင္လိုအပ္ပါေသးတယ္။ ဒါေပမယ့္ ညဘက္ခ်ိဳးတာထက္မနက္နဲ႔ေန႔လည္ေတြမွာခ်ိဳးတာ ပိုေကာင္းပါတယ္။
(၂) တခ်ိဳ႕အစားအစာေတြေရွာင္ရမယ္ (မွန္)
ဒါကေတာ့ မွန္ပါတယ္။ ေကာ္ဖီ၊ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းမ်ား၊ အဆီမ်ားတဲ့အစားအစာမ်ား၊ စပ္လြန္း၊ ခ်ိဳလြန္းတဲ့အစားအစာေတြကို ေရွာင္သင့္ပါတယ္။
(၃) အားကစားလုပ္လို႔မရဘူး (မွား)
အားကစားလုပ္လို႔မရဘူးဆိုတာလည္း မဟုတ္ပါဘူး။ သင့္တင့္တဲ့ ကိုယ္လက္လႈပ္ရွားမႈေတြက ဓမၼတာလာစဥ္နာက်င္ကိုက္ခဲတာကိုေလွ်ာ့ခ်ေပးၿပီး က်န္းမာေရးအတြက္ အမ်ားႀကီးအေထာက္အကူျဖစ္ေစပါတယ္။ ဒါေၾကာင့္ ကိုယ္လက္လႈပ္ရွားမႈ၊ေလ့က်င့္ခန္းေတြကို လုပ္လို႔ရပါတယ္။ဒါေပမယ့္ အရမ္းျပင္းျပင္းထန္ထန္ေျပးတာ၊ ဝိတ္မတာေတြကိုေတာ့မလုပ္ပါနဲ႔။
(၄) ေဆးစစ္လို႔မရဘူး (မွန္)
ဓမၼတာလာေနစဥ္မွာ ေသြးထဲက ေသြးနီဥပမာဏေျပာင္းလဲတာမ်ိဳးနဲ႔ တျခားအေျခအေနအေျပာင္းအလဲေတြရွိႏိုင္တာေၾကာင့္ ဒီအခ်ိန္မွာေဆးမစစ္သင့္ပါဘူး။
မျဖစ္မေနစစ္ဖို႔လိုေနတယ္ဆိုရင္ေတာ့ စစခ်င္းေန႔နဲ႔ ေနာက္ဆုံးေန႔ကိုေရွာင္ၿပီး အလယ္ရက္ေတြမွာ စစ္ႏိုင္ပါတယ္။
(၅) ေရကူးလို႔မရဘူး (မွား)
ဒီအခ်ိန္မွာ ေရကူးလို႔မရဘူးဆိုတာ အရင္ေခတ္ Tampons ေတြမေပၚခင္တုန္းကေတာ့မွန္ေကာင္းမွန္ႏိုင္ေပမယ့္ အခုေတာ့ မမွန္ေတာ့ပါဘူး။ဘာလို႔လဲဆိုေတာ့ ေရကူးတာက ဓမၼတာလာစဥ္နာက်င္ကိုက္ခဲမႈေတြကိုေတာင္ အတန္အသင့္သက္သာေစတာေၾကာင့္ စိတ္ခ်လက္ခ်ကူးႏိုင္ပါတယ္။
Tampons ေတာ့ သုံးဖို႔လိုပါလိမ့္မယ္။
(၆) ဓမၼတာလာစဥ္တေလွ်ာက္လုံးနာက်င္ကိုက္ခဲေနရင္ဆရာဝန္ျပသင့္တယ္ (မွန္)
ဓမၼတာလာခ်ိန္ နာက်င္ကိုက္ခဲတာဟာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေျခအေနတစ္ခုပါ။ ဒါေပမယ့္ ပုံမွန္ဆို ပထမတစ္ရက္နဲ႔ ဒုတိယေန႔တစ္ဝက္ေလာက္အထိပဲျဖစ္တတ္ၿပီး
က်န္တဲ့အခ်ိန္ေတြမွာ အထိုက္အေလ်ာက္သက္သာသြားပါတယ္။ အဲ့လိုမဟုတ္ဘဲ ပထမဆုံးရက္ကေန ေနာက္ဆုံးရက္အထိ မခံမရပ္ႏိုင္ေအာင္
ေတာက္ေလွ်ာက္နာက်င္ကိုက္ခဲေနရင္ေတာ့ သားအိမ္မွာ ျပႆနာတစ္ခုခုရွိေနတာျဖစ္ႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔မျဖစ္မေနျပသင့္ပါတယ္။
Unicode Version
မိန်းကလေးတွေရဲ့ ဓမ္မတာလာတာနဲ့ပတ်သက်လို့ အစဉ်အဆက်ကယုံကြည်ထားခဲ့ကြတဲ့ အချက်အလက်တွေနဲ့
အမှန်တကယ်လိုက်နာသင့်တဲ့အချက်တွေမှာ ကွဲလွဲမှုလေးတွေရှိနေပါတယ်။ ဓမ္မတာလာတာနဲ့ပတ်သက်လို့ ပွင့်လင်းမှုမရှိကြတုန်းကပြောခဲ့ကြတဲ့အရာတွေက အားလုံးအမှန်မဟုတ်ဘူးဆိုတာ သိလာကြပြီဆိုပေမယ့် သေသေချာချာမသိကြသေးတဲ့သူတွေလည်းရှိပါတယ်။
ဒါကြောင့် ဓမ္မတာလာတာနဲ့ပတ်သက်လို့ အရင်ကတည်းကယူဆခဲ့ကြတဲ့အယူအဆတွေနဲ့ အမှန်တကယ်လက်ခံသင့်တဲ့အယူအဆလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရေချိုးလို့မရဘူး (မှား)
ဓမ္မတာလာစဉ်မှာရေချိုးလို့မရဘူးဆိုတာ မဟုတ်ပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့ ရေချိုးဖို့ပိုတောင်လိုအပ်ပါသေးတယ်။ ဒါပေမယ့် ညဘက်ချိုးတာထက်မနက်နဲ့နေ့လည်တွေမှာချိုးတာ ပိုကောင်းပါတယ်။
(၂) တချို့အစားအစာတွေရှောင်ရမယ် (မှန်)
ဒါကတော့ မှန်ပါတယ်။ ကော်ဖီ၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ အဆီများတဲ့အစားအစာများ၊ စပ်လွန်း၊ ချိုလွန်းတဲ့အစားအစာတွေကို ရှောင်သင့်ပါတယ်။
(၃) အားကစားလုပ်လို့မရဘူး (မှား)
အားကစားလုပ်လို့မရဘူးဆိုတာလည်း မဟုတ်ပါဘူး။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲတာကိုလျှော့ချပေးပြီး ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု၊လေ့ကျင့်ခန်းတွေကို လုပ်လို့ရပါတယ်။
ဒါပေမယ့် အရမ်းပြင်းပြင်းထန်ထန်ပြေးတာ၊ ဝိတ်မတာတွေကိုတော့မလုပ်ပါနဲ့။
(၄) ဆေးစစ်လို့မရဘူး (မှန်)
ဓမ္မတာလာနေစဉ်မှာ သွေးထဲက သွေးနီဥပမာဏပြောင်းလဲတာမျိုးနဲ့ တခြားအခြေအနေအပြောင်းအလဲတွေရှိနိုင်တာကြောင့် ဒီအချိန်မှာဆေးမစစ်သင့်ပါဘူး။မဖြစ်မနေစစ်ဖို့လိုနေတယ်ဆိုရင်တော့ စစချင်းနေ့နဲ့ နောက်ဆုံးနေ့ကိုရှောင်ပြီး အလယ်ရက်တွေမှာ စစ်နိုင်ပါတယ်။
(၅) ရေကူးလို့မရဘူး (မှား)
ဒီအချိန်မှာ ရေကူးလို့မရဘူးဆိုတာ အရင်ခေတ် Tampons တွေမပေါ်ခင်တုန်းကတော့မှန်ကောင်းမှန်နိုင်ပေမယ့် အခုတော့ မမှန်တော့ပါဘူး။ဘာလို့လဲဆိုတော့ ရေကူးတာက ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုတွေကိုတောင် အတန်အသင့်သက်သာစေတာကြောင့် စိတ်ချလက်ချကူးနိုင်ပါတယ်။Tampons တော့ သုံးဖို့လိုပါလိမ့်မယ်။
(၆) ဓမ္မတာလာစဉ်တလျှောက်လုံးနာကျင်ကိုက်ခဲနေရင်ဆရာဝန်ပြသင့်တယ် (မှန်)
ဓမ္မတာလာချိန် နာကျင်ကိုက်ခဲတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုပါ။ ဒါပေမယ့် ပုံမှန်ဆို ပထမတစ်ရက်နဲ့ ဒုတိယနေ့တစ်ဝက်လောက်အထိပဲဖြစ်တတ်ပြီးကျန်တဲ့အချိန်တွေမှာ အထိုက်အလျောက်သက်သာသွားပါတယ်။ အဲ့လိုမဟုတ်ဘဲ ပထမဆုံးရက်ကနေ နောက်ဆုံးရက်အထိ မခံမရပ်နိုင်အောင်တောက်လျှောက်နာကျင်ကိုက်ခဲနေရင်တော့ သားအိမ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့မဖြစ်မနေပြသင့်ပါတယ်။