အခ်စ္နွင့္ဘဝ

ထက်မြက်ပြီး ရင့်ကျက်မှု အပြည့် ရှိတဲ့ မမဆိုတာ ဒီလိုမျိုးပါ

ထက္ျမက္ၿပီး ရင့္က်က္မႈ အျပည့္ ရွိတဲ့ မမဆိုတာ ဒီလိုမ်ိဳးပါ

မမေတြဆိုတာ အသက္ႀကီးလို႔ မမရယ္လို႔ ျဖစ္လာတာမ်ိဳးထက္ ပိုပါတယ္။ မမဆိုတာမ်ိဳးက ဆယ္ေက်ာ္သက္ေတြမွာ ရွိေနတဲ့ အရာေတြနဲ႔ ျခားနားေနတတ္တယ္

မမရယ္လို႔ ဂုဏ္ယူစြာ ဝင့္ႂကြားႏိုင္တဲ့ ရင့္က်က္ၿပီး ထက္ျမက္တဲ့သူေတြကေတာ့ တျခားေသာ အရည္အခ်င္းေတြပါ ျပည့္ႏွက္ေနပါတယ္

ဒီလိုမ်ိဳး မမမွာဆိုရင္ေတာ့ ဒီအခ်က္ေတြကလည္း မရွိမျဖစ္ ပိုင္ဆိုင္ထားတဲ့အရာေတြပါပဲ

(၁) အက်ိဳးအေၾကာင္း နားလည္တယ္

မမေတြအရြယ္ဆိုတာ ဘဝကို ေတာ္ေတာ္မ်ားမ်ား ေတြ႔ၾကံဳခဲ့ၿပီးသြားပါၿပီ။ မေကာင္းတဲ့သူေတြ ရွိတာကို နားလည္သလို ေခတၱတျဖဳတ္ ကိုယ့္ဆီလာအေပါင္းအသင္းလုပ္တာမ်ိဳးလည္း နားလည္တတ္ၾကပါတယ္။ဒါ့အျပင္ စကားအေျပာအဆိုေတြမွာလည္း မမေတြက ေရွ႕မၾကည့္ေနာက္မၾကည့္စိတ္မဆိုးတတ္ၾကပါဘူး။ အက်ိဳးအေၾကာင္း ျဖစ္တတ္တဲ့ သေဘာကို အမ်ားႀကီး ရွင္းျပစရာ မလိုဘဲ နားလည္ေပးတတ္ၾကသူေတြ ျဖစ္ပါတယ္

(၂) သိပ္ၿပီး စိတ္မလႈပ္ရွားတတ္ဘူး

မမေတြက သူတို႔ကို လာခ်ဥ္းကပ္တိုင္းလည္း စိတ္မလႈပ္ရွားေတာ့ပါဘူး။ လူေတာ္ေတာ္မ်ားမ်ားကို ၾကံဳခဲ့ၿပီးတဲ့ ေနာက္ ကိုယ့္ကို ခ်ဥ္းကပ္လည္းအထူးအဆန္း မခံစားေတာ့သလို လြယ္လြယ္လည္း မယံုတတ္ၾကပါဘူး။ဒီလိုပဲ ရည္ရြယ္ခ်က္ အမ်ိဳးမ်ိဳးနဲ႔ ခ်ဥ္းကပ္တတ္ၾကတာကို မမေတြက နားလည္လို႔ဆယ္ေက်ာ္သက္လို စိတ္လႈပ္ရွားေနမႈမ်ိဳးကို မမေတြဆီမွာ ရွာဖို႔ မလြယ္ပါဘူးေနာ္

(၃) အထာနပ္တယ္

မမေတြဆိုတာမ်ိဳးက ေတာ္ရံု ေတာ္ကီမ်ိဳးေတြကို လံုးဝ မေႂကြၾကပါဘူးေနာ္။ ဘယ္သူက သူ႔ကို ဘာရည္ရြယ္ခ်က္နဲ႔ လာခ်ဥ္းကပ္သလဲဆိုတာမ်ိဳးကိုလည္းရိပ္မိတတ္ၾကပါတယ္။သူ႔ကို အသံုးခ်ခ်င္လို႔ လာခ်ဥ္းကပ္သလား၊ တမင္လာေျမွာက္ပင့္ေနသလားဆိုတာလည္း သိၾကပါတယ္

အေပၚယံ အေျပာခ်ိဳခ်ိဳေတြေလာက္ကေတာ့ မမေတြက အကဲခတ္ႏိုင္ၿပီးသားပါ

(၄) ကိုယ့္အရည္အခ်င္းကို ယံုၾကည္တယ္

မမေတြက ဘဝအတြက္ ကိုယ့္အတြက္ ေတြးထားၾကတဲ့သူေတြ ျဖစ္ပါတယ္။ သူ႔တို႔ဘဝကို သူတို႔ရဲ႕ ကိုယ္ပိုင္အရည္အခ်င္းနဲ႔ပဲ ရပ္တည္ထားတတ္ၾကၿပီးသူတို႔က ဘယ္ေလာက္အတိုင္းအတာအထိ အရည္အခ်င္း ရွိသလဲဆိုတာကို ေသခ်ာ သိထားၾကသူေတြ ျဖစ္ပါတယ္။သူတို႔ရဲ႕ အရည္အခ်င္းကိုပိုၿပီးလည္း တိုးတက္ေအာင္ ျပဳလုပ္ေနတတ္ပါတယ္

(၅) တည္ၾကည္တယ္

မမေတြက လူငယ္ဆန္ဆန္ ေနရင္ေတာင္မွ တည္ၾကည္ေနတတ္ပါတယ္။ လူတိုင္း လြယ္လြယ္ လာေရာလို႔ မရသလို ခင္မင္တတ္တဲ့ မမေတြဆိုရင္လည္းသူတို႔ရဲ႕ တကယ္ ရင္းႏွီးသြားတဲ့သူေတြမွ တန္းတူေပါင္းလို႔ ရတာမ်ိဳးပါ။မမေတြရဲ႕ အေနတည္မႈႀကီးကလည္း သူတို႔ရဲ႕ ဆြဲေဆာင္မႈ တစ္ခုပါပဲ

သူတုိ႔ရဲ႕ ေပါ့ေပါ့ပါးပါး ပံုစံကို ျမင္ရင္ေတာင္မွ သူတို႔ကို သြားေရာဖို႔ဆိုတာ လံုးဝ မလြယ္ပါဘူးေနာ္

Credit Kham

Unicode Version

ထက်မြက်ပြီး ရင့်ကျက်မှု အပြည့် ရှိတဲ့ မမဆိုတာ ဒီလိုမျိုးပါ

မမတွေဆိုတာ အသက်ကြီးလို့ မမရယ်လို့ ဖြစ်လာတာမျိုးထက် ပိုပါတယ်။ မမဆိုတာမျိုးက ဆယ်ကျော်သက်တွေမှာ ရှိနေတဲ့ အရာတွေနဲ့ ခြားနားနေတတ်တယ်

မမရယ်လို့ ဂုဏ်ယူစွာ ဝင့်ကြွားနိုင်တဲ့ ရင့်ကျက်ပြီး ထက်မြက်တဲ့သူတွေကတော့ တခြားသော အရည်အချင်းတွေပါ ပြည့်နှက်နေပါတယ်

ဒီလိုမျိုး မမမှာဆိုရင်တော့ ဒီအချက်တွေကလည်း မရှိမဖြစ် ပိုင်ဆိုင်ထားတဲ့အရာတွေပါပဲ

(၁) အကျိုးအကြောင်း နားလည်တယ်

မမတွေအရွယ်ဆိုတာ ဘဝကို တော်တော်များများ တွေ့ကြုံခဲ့ပြီးသွားပါပြီ။ မကောင်းတဲ့သူတွေ ရှိတာကို နားလည်သလို ခေတ္တတဖြုတ် ကိုယ့်ဆီလာအပေါင်းအသင်းလုပ်တာမျိုးလည်း နားလည်တတ်ကြပါတယ်။ဒါ့အပြင် စကားအပြောအဆိုတွေမှာလည်း မမတွေက ရှေ့မကြည့်နောက်မကြည့်စိတ်မဆိုးတတ်ကြပါဘူး။ အကျိုးအကြောင်း ဖြစ်တတ်တဲ့ သဘောကို အများကြီး ရှင်းပြစရာ မလိုဘဲ နားလည်ပေးတတ်ကြသူတွေ ဖြစ်ပါတယ်

(၂) သိပ်ပြီး စိတ်မလှုပ်ရှားတတ်ဘူး

မမတွေက သူတို့ကို လာချဉ်းကပ်တိုင်းလည်း စိတ်မလှုပ်ရှားတော့ပါဘူး။ လူတော်တော်များများကို ကြုံခဲ့ပြီးတဲ့ နောက် ကိုယ့်ကို ချဉ်းကပ်လည်းအထူးအဆန်း မခံစားတော့သလို လွယ်လွယ်လည်း မယုံတတ်ကြပါဘူး။ဒီလိုပဲ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချဉ်းကပ်တတ်ကြတာကို မမတွေက နားလည်လို့ဆယ်ကျော်သက်လို စိတ်လှုပ်ရှားနေမှုမျိုးကို မမတွေဆီမှာ ရှာဖို့ မလွယ်ပါဘူးနော်

(၃) အထာနပ်တယ်

မမတွေဆိုတာမျိုးက တော်ရုံ တော်ကီမျိုးတွေကို လုံးဝ မကြွေကြပါဘူးနော်။ ဘယ်သူက သူ့ကို ဘာရည်ရွယ်ချက်နဲ့ လာချဉ်းကပ်သလဲဆိုတာမျိုးကိုလည်းရိပ်မိတတ်ကြပါတယ်။သူ့ကို အသုံးချချင်လို့ လာချဉ်းကပ်သလား၊ တမင်လာမြှောက်ပင့်နေသလားဆိုတာလည်း သိကြပါတယ်

အပေါ်ယံ အပြောချိုချိုတွေလောက်ကတော့ မမတွေက အကဲခတ်နိုင်ပြီးသားပါ

(၄) ကိုယ့်အရည်အချင်းကို ယုံကြည်တယ်

မမတွေက ဘဝအတွက် ကိုယ့်အတွက် တွေးထားကြတဲ့သူတွေ ဖြစ်ပါတယ်။ သူ့တို့ဘဝကို သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ရပ်တည်ထားတတ်ကြပြီးသူတို့က ဘယ်လောက်အတိုင်းအတာအထိ အရည်အချင်း ရှိသလဲဆိုတာကို သေချာ သိထားကြသူတွေ ဖြစ်ပါတယ်။သူတို့ရဲ့ အရည်အချင်းကိုပိုပြီးလည်း တိုးတက်အောင် ပြုလုပ်နေတတ်ပါတယ်

(၅) တည်ကြည်တယ်

မမတွေက လူငယ်ဆန်ဆန် နေရင်တောင်မှ တည်ကြည်နေတတ်ပါတယ်။ လူတိုင်း လွယ်လွယ် လာရောလို့ မရသလို ခင်မင်တတ်တဲ့ မမတွေဆိုရင်လည်းသူတို့ရဲ့ တကယ် ရင်းနှီးသွားတဲ့သူတွေမှ တန်းတူပေါင်းလို့ ရတာမျိုးပါ။မမတွေရဲ့ အနေတည်မှုကြီးကလည်း သူတို့ရဲ့ ဆွဲဆောင်မှု တစ်ခုပါပဲ

သူတို့ရဲ့ ပေါ့ပေါ့ပါးပါး ပုံစံကို မြင်ရင်တောင်မှ သူတို့ကို သွားရောဖို့ဆိုတာ လုံးဝ မလွယ်ပါဘူးနော်

Credit Kham