အခ်စ္နွင့္ဘဝ
တကယ်ချစ်တဲ့လူနဲ့တွေ့တဲ့အခါကျ ဖြစ်လာတတ်တဲ့ မိန်းကလးတို့ရဲ့ ပြောင်းလဲမှုများ….
ပေးဆပ်မှု”
ထောက်ပံ့ပေးတတ်တယ်”
ဂရုစိုက်မှု”
ခွင့်လွှတ်မှု”
Credit – မူရင်း
Unicode,
တကယ်ချစ်တဲ့လူနဲ့တွေ့တဲ့အခါကျ ဖြစ်လာတတ်တဲ့ မိန်းကလးတို့ရဲ့ ပြောင်းလဲမှုများ
မိန်းကလေးတွေဟာ သူတို့အရမ်းကို ချစ်မိတဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့တဲ့အချိန်မှာ အရင်လို မဟုတ်တော့ဘဲ တချို့အရာလေးတွေက လုံးဝ ပြောင်းလဲသွားတတ်ပါတယ်။ အရင်က အချစ်အပေါ် ဘယ်လိုပဲ ထင်မြင်ချက်တွေ ရှိရှိ တကယ်တမ်း ချစ်မိသွားတဲ့အခါမှာတော့ လုံးဝကို ပြောင်းလဲသွားတတ်ပါတယ်။ တကယ်ချစ်မိသွားတဲ့ မိန်းကလေးတစ်ယောက်ဆီမှာ ဒီအချက်တွေကို တွေ့လာရ တတ်ပါတယ်နော် …။
ပေးဆပ်မှု”
မိန်းကလေးတွေဟာ သူတို့တကယ်ချစ်တဲ့ တစ်စုံတစ်ယောက်အတွက် ပေးဆပ်ရမှာကို ဝန်မလေးတတ်ကြပါဘူး။ ကိုယ့်ရဲ့ ချစ်သူကို အစစအရာရာ ပေးဆပ်တတ်ကြတာဟာ သူတို့ အရမ်းကို ချစ်လွန်းတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သူတို့ ကို သူတို့ အနစ်နာခံပြီးတောင် ပေးဆပ်တတ်ကြတဲ့ သူတွေ ဖြစ်ကြပါတယ် …။
ထောက်ပံ့ပေးတတ်တယ်”
မိန်းကလေးတွေဟာ သူတို့တကယ် ချစ်တဲ့သူကို ဒီထက်ပိုမြင့်မားတဲ့ နေရာရောက်အောင်၊ ဒီထက်ပို ကောင်းမွန်တဲ့ နေရာရောက်အောင် ဘေးနားကနေ ထောက်ပံ့ပေးတတ်ကြပါတယ်။ သူတို့ မချစ်တဲ့ သူတွက်တော့ အချိန်ကုန်ဆုံးလေ့မရှိတဲ့ မိန်းကလေးတွေဟာ တကယ်ချစ်ရသူ အတွက်တော့ အမြဲတမ်း ဘေးနားမှာနေပြီး လိုအပ်တာတွေကို ပြောပြပြီး ထောက်ပံ့ပေးတတ်ကြ သူတွေပဲ ဖြစ်ပါတယ် …။
ဂရုစိုက်မှု”
မိန်းကလေးတွေက ချစ်ရသူတွေအပေါ် ဂရုစိုက်တတ်ကြတာ သဘာဝပါ။ သူတို့ ချစ်ရတဲ့သူ တစ်ခုခု ဖြစ်မှာကို အမြဲတမ်း စိုးရိမ်နေတတ်ကြပြီး အမြဲတမ်းလည်း ဂရုတစိုက် စောင့်ကြည့်နေ တတ်ကြပါတယ်။ တကယ်ချစ်မိသွားတဲ့ အခါ ဂရုစိုက်တတ်မှုက မသင်ကြားပဲ တတ်မြောက် လာကြတဲ့ သူတွေပါ …။
ခွင့်လွှတ်မှု”
အရမ်းချစ်မိသွားတဲ့ မိန်းကလေးတစ်ယောက်ဟာ သူတို့ချစ်ရတဲ့ သူကို အစွမ်းကုန် ခွင့်လွှတ်ပေး တတ်ကြပါတယ်။ သူများတွေက အပြစ်မြင်နေသည့်တိုင်အောင် သူတို့ကတော့ ခွင့်လွှတ်ဖို့ကို ကြိုးစားတတ်ကြသူတွေပါ။ ဒါပေမယ့် သူတို့ရဲ့ ခွင့်လွှတ်မှုက အတိုင်းအတာ တစ်ခုအထိ ကျော်လွန်သွားရင်တော့ အရာ အားလုံးကို ကျောခိုင်းထားရစ်ပြီး လုံးဝလှည့်မကြည့် တတ်ကြတဲ့ အချစ်ကြီးသလောက် အမျက်လည်းကြီးတဲ့ သူတွေပါနော် …။ ။
Credit – မူရင်း