FA မိန္းကေလးေတြရဲ႕ သူမ်ားနဲ႔ မတူတဲ့ အားက်စရာ အခ်က္ေလးေတြ….
တစ္ေကာင္တည္း ဒါေပမယ့္ ျခေသၤ ဆိုသလိုပါပဲ။ တစ္ေယာက္တည္း ေနေနက် ျဖစ္ေနတဲ့ မိန္းကေလးေတြကလည္း တကယ့္ကို ထူးျခားတဲ့သူေတြ ျဖစ္ပါတယ္။ FA လို႔ နာမည္ရေနေပ မယ့္လည္း သူတို႔ကေတာ့ သူမတူတဲ့ အရည္အခ်င္းေတြနဲ႔ ေကာင္းကြက္ေလးေတြကို ပိုင္ဆိုင္ထားၾက ပါတယ္။
သူတို႔မွာ ရွိတဲ့ အခုလို အခ်က္ေတြကို ေသခ်ာ သတိထားမိရင္ သူက တကယ့္ကို ကံေကာင္းၿပီး အားက်စရာ ေကာင္းတဲ့သူ ျဖစ္ေနတာပါေနာ္။
(၁) ကိုယ့္ဘာသာ ေတြးေတာႏိုင္တယ္
သူမ်ားကို အားကိုးစရာ မလိုတာ သူတို႔ေတြပါပဲ။ ဘာကို လုပ္သင့္တယ္ မလုပ္သင့္ဘူးဆိုတာေတြကို ေသခ်ာ ေတြးေတာႏိုင္လို႔ ဘဝမွာ သူတို႔က တစ္ကိုယ္တည္း ရပ္တည္ၿပီး အဆင္ေျပေနတာပါ။
(၂) ဗဟုသုတလည္း ရွိတယ္
ရည္းစားမထားဘဲ ေနလည္း သူတို႔ အားငယ္စရာ မလုိတဲ့သူေတြပါ။ ပတ္ဝန္းက်င္အေၾကာင္း၊ လူေတြအေၾကာင္း၊ ပညာရပ္ေတြ အေၾကာင္းကို သူတို႔က သိထားၾကလို႔ အခုလုိ ေနႏိုင္ၾကတာပါ။
(၃) ကိုယ့္ေျခေထာက္ေပၚ ကိုယ္ ရပ္ႏိုင္တယ္
သူတို႔ေတြက ကိုယ့္ဘဝမွာ ကိုယ္က အဓိကလို႔ ေတြးၿပီး ကိုယ့္အရည္အခ်င္းကို ကိုယ္ တန္ဖိုးထားၾကတဲ့သူေတြပါ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို အေကာင္းဆံုး ရပ္တည္ႏိုင္ဖို႔အတြက္ လုပ္ေနၿပီး ကိုယ့္အတြက္ ဘယ္သူ႔ကိုမွ ဝန္မပိုေစတတ္ သူေတြလည္း ျဖစ္ပါတယ္။
(၄) စိတ္ဓာတ္ခိုင္မာတယ္
ဘဝမွာ စိတ္ေပ်ာ့ညံ့ေနရင္ ကိုယ္ပဲ နာက်င္ရမယ္ ဆိုတာကို သိနားလည္ၾကပါတယ္။ သူတို႔ကေတာ့ ႏွလံုးသား ႏုၿပီး စိတ္ဓာတ္ကေတာ့ ၾကံ႕ခိုင္ၾကတဲ့ သူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ေယာက္တည္း ျဖတ္သန္းရဲတာ ျဖစ္ပါတယ္။
(၅) အားလပ္ခ်ိန္ေတြ ရွိတယ္
ခ်စ္သူေကာင္ေလး အပူအပင္ေတြ အတြက္ အခ်ိန္ကုန္ရတာ၊ ခ်စ္သူကို အခ်ိန္ေပးရတာမ်ိဳး သူတို႔မွာ မရွိတဲ့အတြက္ သူတို႔ အခ်ိန္ေတြကို စိတ္တိုင္းက် အသံုးခ်ႏိုင္ၾကပါတယ္။ နားမလား၊ ေပ်ာ္မလား လုပ္ခ်င္တာလုပ္ဖို႔ အားလပ္ခ်ိန္ေတြ သူတို႔မွာ ရွိေနတတ္ပါတယ္။
(၆) အပူအပင္ နည္းတယ္
ရည္းစားပူမိၿပီး မိႈင္ေနတာမ်ိဳး သူတို႔မွာ မရွိပါဘူး။ ဒါက သိပ္ကိုေကာင္းတဲ့အခ်က္ပါ။ ကိုယ့္အတြက္ အက်ိဳးရွိတာေတြ မ်ားမ်ား လုပ္ႏိုင္သလို ပိုၿပီးလည္း ရင့္က်က္လာေစပါတယ္။
(၇) မေကာင္းတဲ့သူေတြအတြက္ သိပ္မခံစားရဘူး
ရည္းစားထားတုိင္း ဘဝလက္တြဲေဖာ္ ျဖစ္လာတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ရည္းစား ထားေနရတာက အခ်ိန္ျဖဳန္းေနရသလို ျဖစ္မွာပါ။ ရည္းစား ျဖစ္လာတဲ့သူေတြမွာ မေကာင္းတဲ့သူေတြ၊ ကိုယ့္ဆီက လိုခ်င္တာ ယူၿပီး ထြက္သြားမယ့္သူေတြလည္း ရွိလို႔ FA သမားေတြက ဒီလို ဆိုးက်ိဳးေတြကို နည္းနည္းေလးပဲ ခံစားတတ္ပါတယ္။
(၈) ရည္းစား မမ်ားဘူး
FA ရဲ႕ဂုဏ္ပုဒ္မွာ ေကာင္းျခင္း တစ္ခုက ရည္းစားေတြ ခဏခဏ ထားတာ မဟုတ္လုိ႔ ရည္းစား မမ်ားေတာ့တာပါပဲေနာ္။
(၉) Right Person နဲ႔ လွလွပပ ဆံုမွာပါ
FA ေတြက အခ်စ္ေရးမွာ တည္ၿငိမ္တာမို႕ အရႈပ္အရွင္းလည္း နည္းတာမို႔ သူတို႔ရဲ႕ Right Person ျဖစ္လာမယ့္သူနဲ႔ တန္းတန္းမတ္မတ္ကို ဆံုႏိုင္တဲ့ အခြင့္အေရး ရွိေနပါေသးတယ္။
Credit Kham
Unicode
FA မိန်းကလေးတွေရဲ့ သူများနဲ့ မတူတဲ့ အားကျစရာ အချက်လေးတွေ….
တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ ဆိုသလိုပါပဲ။ တစ်ယောက်တည်း နေနေကျ ဖြစ်နေတဲ့ မိန်းကလေးတွေကလည်း တကယ့်ကို ထူးခြားတဲ့သူတွေ ဖြစ်ပါတယ်။ FA လို့ နာမည်ရနေပေ မယ့်လည်း သူတို့ကတော့ သူမတူတဲ့ အရည်အချင်းတွေနဲ့ ကောင်းကွက်လေးတွေကို ပိုင်ဆိုင်ထားကြ ပါတယ်။ သူတို့မှာ ရှိတဲ့ အခုလို အချက်တွေကို သေချာ သတိထားမိရင် သူက တကယ့်ကို ကံကောင်းပြီး အားကျစရာ ကောင်းတဲ့သူ ဖြစ်နေတာပါနော်။
(၁) ကိုယ့်ဘာသာ တွေးတောနိုင်တယ်
သူများကို အားကိုးစရာ မလိုတာ သူတို့တွေပါပဲ။ ဘာကို လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာတွေကို သေချာ တွေးတောနိုင်လို့ ဘဝမှာ သူတို့က တစ်ကိုယ်တည်း ရပ်တည်ပြီး အဆင်ပြေနေတာပါ။
(၂) ဗဟုသုတလည်း ရှိတယ်
ရည်းစားမထားဘဲ နေလည်း သူတို့ အားငယ်စရာ မလိုတဲ့သူတွေပါ။ ပတ်ဝန်းကျင်အကြောင်း၊ လူတွေအကြောင်း၊ ပညာရပ်တွေ အကြောင်းကို သူတို့က သိထားကြလို့ အခုလို နေနိုင်ကြတာပါ။
(၃) ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်တယ်
သူတို့တွေက ကိုယ့်ဘဝမှာ ကိုယ်က အဓိကလို့ တွေးပြီး ကိုယ့်အရည်အချင်းကို ကိုယ် တန်ဖိုးထားကြတဲ့သူတွေပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အကောင်းဆုံး ရပ်တည်နိုင်ဖို့အတွက် လုပ်နေပြီး ကိုယ့်အတွက် ဘယ်သူ့ကိုမှ ဝန်မပိုစေတတ် သူတွေလည်း ဖြစ်ပါတယ်။
(၄) စိတ်ဓာတ်ခိုင်မာတယ်
ဘဝမှာ စိတ်ပျော့ညံ့နေရင် ကိုယ်ပဲ နာကျင်ရမယ် ဆိုတာကို သိနားလည်ကြပါတယ်။ သူတို့ကတော့ နှလုံးသား နုပြီး စိတ်ဓာတ်ကတော့ ကြံ့ခိုင်ကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း ဖြတ်သန်းရဲတာ ဖြစ်ပါတယ်။
(၅) အားလပ်ချိန်တွေ ရှိတယ်
ချစ်သူကောင်လေး အပူအပင်တွေ အတွက် အချိန်ကုန်ရတာ၊ ချစ်သူကို အချိန်ပေးရတာမျိုး သူတို့မှာ မရှိတဲ့အတွက် သူတို့ အချိန်တွေကို စိတ်တိုင်းကျ အသုံးချနိုင်ကြပါတယ်။ နားမလား၊ ပျော်မလား လုပ်ချင်တာလုပ်ဖို့ အားလပ်ချိန်တွေ သူတို့မှာ ရှိနေတတ်ပါတယ်။
(၆) အပူအပင် နည်းတယ်
ရည်းစားပူမိပြီး မှိုင်နေတာမျိုး သူတို့မှာ မရှိပါဘူး။ ဒါက သိပ်ကိုကောင်းတဲ့အချက်ပါ။ ကိုယ့်အတွက် အကျိုးရှိတာတွေ များများ လုပ်နိုင်သလို ပိုပြီးလည်း ရင့်ကျက်လာစေပါတယ်။
(၇) မကောင်းတဲ့သူတွေအတွက် သိပ်မခံစားရဘူး
ရည်းစားထားတိုင်း ဘဝလက်တွဲဖော် ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် ရည်းစား ထားနေရတာက အချိန်ဖြုန်းနေရသလို ဖြစ်မှာပါ။ ရည်းစား ဖြစ်လာတဲ့သူတွေမှာ မကောင်းတဲ့သူတွေ၊ ကိုယ့်ဆီက လိုချင်တာ ယူပြီး ထွက်သွားမယ့်သူတွေလည်း ရှိလို့ FA သမားတွေက ဒီလို ဆိုးကျိုးတွေကို နည်းနည်းလေးပဲ ခံစားတတ်ပါတယ်။
(၈) ရည်းစား မများဘူး
FA ရဲ့ဂုဏ်ပုဒ်မှာ ကောင်းခြင်း တစ်ခုက ရည်းစားတွေ ခဏခဏ ထားတာ မဟုတ်လို့ ရည်းစား မများတော့တာပါပဲနော်။
(၉) Right Person နဲ့ လှလှပပ ဆုံမှာပါ
FA တွေက အချစ်ရေးမှာ တည်ငြိမ်တာမို့ အရှုပ်အရှင်းလည်း နည်းတာမို့ သူတို့ရဲ့ Right Person ဖြစ်လာမယ့်သူနဲ့ တန်းတန်းမတ်မတ်ကို ဆုံနိုင်တဲ့ အခွင့်အရေး ရှိနေပါသေးတယ်။
Kham