သတၱိရွိတဲ့ ေရြးခ်ယ္ျခင္း
မိန္းကေလးေတြဟာ ခ်စ္မိၿပီဆိုရင္ သိပ္ကို သတၱိရွိၾကပါတယ္…..
ဒီပုံေလးက လြန္ခဲ့တဲ့ တႏွစ္က fb ေပၚမွာ ေတြ႕ခဲ့ရတဲ့ ပုံေလး…… သေဘာက်လို့ သိမ္းထားရင္း အမွတ္တမဲ့ ျပန္ေတြ႕တာ …. ေကာင္ေလး လက္ကို ဆြဲၿပီး ခုန္ကူးေနတဲ့ မိန္းမငယ္ေလးရဲ့ မ်က္နာမွာ ယုံၾကည္ျခင္းေတြ ,ခ်စ္ျခင္းေတြ , ေပ်ာ္ရႊင္ျခင္းေတြ ရွိတယ္ ……
ေဘးက ျမင္တဲ့သူေတြက ျပဳတ္က်မလား စိုးရိမ္ၾကတယ္ …… ငါသာဆို မကူးရဲဘူး ေျပာခ်င္ ေျပာၾကမယ္ …. ဒါေပမဲ့ ဒီမိန္းကေလးကေတာ့ သူ႔ခ်စ္သူကို ယုံၾကည္ အားကိုးစိတ္ေတြနဲ႔ သတၱိအျပည့္ ရွိေနပုံပါပဲ …….
ထြက္ခါနီး သဘ္ောေပၚ သတၱိအျပည့္နဲ႔ ခုန္ကူးတဲ့ အေၾကာင္းကေတာ့ စာမဖြဲ႕ပါဘူး ….. ဘဝမွာ ခ်စ္သူကို ယုံၾကည္အားကိုးစိတ္အျပည့္နဲ႔ သူ႔လက္ကို ျမဲျမဲဆြဲလို့ အိမ္ေထာင္ေရးထဲ ခုန္ကူးခဲ့ၾကတဲ့ သူေတြအမ်ားႀကီးပါ ……
အိမ္ေထာင္ေရးဆိုတဲ့ စည္းဝိုင္းထဲေရာက္မွ မထင္မွတ္ေအာင္ ေျပာင္းလဲသြားတဲ့ လူလဲ ရွိမယ္ ……ကိုယ့္လက္ကို လႊတ္ခ်သြားတဲ့ေယာက်ာ္းေတြလဲ ရွိမယ္ …… ကိုယ့္ေဘးမွာ ရွိေနေပမဲ့ စိတ္ဆင္းရဲေအာင္ လုပ္ေနတဲ့
လူလဲျဖစ္ခ်င္ျဖစ္မယ္…… ကိုယ့္ကို မငဲ့ညႇာ မၾကင္နာပဲ အတၱသိပ္ႀကီးေနတဲ့ သူလဲျဖစ္န္ိင္တယ္ ……
ဘယ္လို ကံမေကာင္းမွုမ်ိဳး ၾကဳံၾကဳံ ကိုယ္ေရြးခ်ယ္ခဲ့တဲ့ ဘဝကို သတၱိအျပည့္နဲ႔ ေရွ႕ဆက္ရမွာပါ ……..
လူဆိုတာ ေမြးဖြားလာတုန္းကလဲ တေယာက္ထဲ ေသေတာ့လဲ တေယာက္ထဲ ေသရမွာပါပဲ …… ကိုယ္သြားေနတဲ့ လမ္းေၾကာင္းမွာ ေတြ႕ ဆုံ ၾကဳံ ကြဲ ဆိုတာကို အျမဲၾကဳံေနရဦးမွာပဲ …..
မေကာင္းတဲ့ အရာေတြကို လႊတ္ခ်ၿပီး ေနတတ္မွ ေပ်ာ္ရႊင္မွုကို ရမွာပါ …….
မေကာင္းတဲ့အရာဆိုတာ အထူးသျဖင့္ ကိုယ့္စိတ္ကို ရွုပ္ေထြး ေနာက္က်ိေစတဲ့ အရာမ်ိဴးေတြေပါ့ …….
မိဘဆိုတာ ေရြးခ်ယ္ခြင့္မရွိတာမို့ ကိုယ့္ဘဝမွာ ကိုယ့္အေပၚ နားလည္ ၾကင္နာၿပီး ေပ်ာ္ရႊင္ေစရမဲ့ အရာေတြကိုပဲ ေရြးခ်ယ္ပါ ……. က်န္းမာစြာ အသက္ရွင္ရျခင္းဟာ တန္ဖိုးရွိလွတာမို့
စိတ္ညစ္ညဴးမွုေတြကိုမဝယ္ယူခ်င္ပါနဲ႔ …….
ခ်စ္တဲ့အခါ သတၱိရွိသလို စြန္႔လႊတ္ရတဲ့ အခါလဲ သတၱိရွိပါ …..
( Her Inspiration )
28.6.2020 mz
unicode
သတ္တိရှိတဲ့ ရွေးချယ်ခြင်း
မိန်းကလေးတွေဟာ ချစ်မိပြီဆိုရင် သိပ်ကို သတ္တိရှိကြပါတယ်…..
ဒီပုံလေးက လွန်ခဲ့တဲ့ တနှစ်က fb ပေါ်မှာ တွေ့ခဲ့ရတဲ့ ပုံလေး…… သဘောကျလို့ သိမ်းထားရင်း အမှတ်တမဲ့ ပြန်တွေ့တာ …. ကောင်လေး လက်ကို ဆွဲပြီး ခုန်ကူးနေတဲ့ မိန်းမငယ်လေးရဲ့ မျက်နာမှာ ယုံကြည်ခြင်းတွေ ,ချစ်ခြင်းတွေ , ပျော်ရွှင်ခြင်းတွေ ရှိတယ် ……
ဘေးက မြင်တဲ့သူတွေက ပြုတ်ကျမလား စိုးရိမ်ကြတယ် …… ငါသာဆို မကူးရဲဘူး ပြောချင် ပြောကြမယ် …. ဒါပေမဲ့ ဒီမိန်းကလေးကတော့ သူ့ချစ်သူကို ယုံကြည် အားကိုးစိတ်တွေနဲ့ သတ္တိအပြည့် ရှိနေပုံပါပဲ …….
ထွက်ခါနီး သဘ်ောပေါ် သတ္တိအပြည့်နဲ့ ခုန်ကူးတဲ့ အကြောင်းကတော့ စာမဖွဲ့ပါဘူး ….. ဘဝမှာ ချစ်သူကို ယုံကြည်အားကိုးစိတ်အပြည့်နဲ့ သူ့လက်ကို မြဲမြဲဆွဲလို့ အိမ်ထောင်ရေးထဲ ခုန်ကူးခဲ့ကြတဲ့ သူတွေအများကြီးပါ ……
အိမ်ထောင်ရေးဆိုတဲ့ စည်းဝိုင်းထဲရောက်မှ မထင်မှတ်အောင် ပြောင်းလဲသွားတဲ့ လူလဲ ရှိမယ် ……ကိုယ့်လက်ကို လွှတ်ချသွားတဲ့ယောကျာ်းတွေလဲ ရှိမယ် …… ကိုယ့်ဘေးမှာ ရှိနေပေမဲ့ စိတ်ဆင်းရဲအောင် လုပ်နေတဲ့
လူလဲဖြစ်ချင်ဖြစ်မယ်…… ကိုယ့်ကို မငဲ့ညှာ မကြင်နာပဲ အတ္တသိပ်ကြီးနေတဲ့ သူလဲဖြစ်န်ိင်တယ် ……
ဘယ်လို ကံမကောင်းမှုမျိုး ကြုံကြုံ ကိုယ်ရွေးချယ်ခဲ့တဲ့ ဘဝကို သတ္တိအပြည့်နဲ့ ရှေ့ဆက်ရမှာပါ ……..
လူဆိုတာ မွေးဖွားလာတုန်းကလဲ တယောက်ထဲ သေတော့လဲ တယောက်ထဲ သေရမှာပါပဲ …… ကိုယ်သွားနေတဲ့ လမ်းကြောင်းမှာ တွေ့ ဆုံ ကြုံ ကွဲ ဆိုတာကို အမြဲကြုံနေရဦးမှာပဲ …..
မကောင်းတဲ့ အရာတွေကို လွှတ်ချပြီး နေတတ်မှ ပျော်ရွှင်မှုကို ရမှာပါ …….
မကောင်းတဲ့အရာဆိုတာ အထူးသဖြင့် ကိုယ့်စိတ်ကို ရှုပ်ထွေး နောက်ကျိစေတဲ့ အရာမျိူးတွေပေါ့ …….
မိဘဆိုတာ ရွေးချယ်ခွင့်မရှိတာမို့ ကိုယ့်ဘဝမှာ ကိုယ့်အပေါ် နားလည် ကြင်နာပြီး ပျော်ရွှင်စေရမဲ့ အရာတွေကိုပဲ ရွေးချယ်ပါ ……. ကျန်းမာစွာ အသက်ရှင်ရခြင်းဟာ တန်ဖိုးရှိလှတာမို့
စိတ်ညစ်ညူးမှုတွေကိုမဝယ်ယူချင်ပါနဲ့ …….
ချစ်တဲ့အခါ သတ္တိရှိသလို စွန့်လွှတ်ရတဲ့ အခါလဲ သတ္တိရှိပါ …..
( Her Inspiration )