လူအမ်ိဳးမ်ိဳးရွိၾကတဲ့ အထဲမွာ တခ်ိဳ႕က ကိုယ့္စိတ္ထဲမွာ ျဖစ္ေနတဲ့ ခံစားခ်က္ေတြကို လြယ္လြယ္ကူကူထုတ္ေဖာ္ေျပာနိုင္ေပမယ့္ တခ်ိဳ႕ေတြ က်ေတာ့ ကိုယ့္စိတ္ ခံစားခ်က္ေတြကို ပါးစပ္က ထုတ္မေျပာဘဲ အျပုအမူေလးေတြက တဆင့္ ေဖာ္ျပတတ္ ၾကပါ တယ္ ။
သင့္ကို သတိရတယ္၊ လြမ္းတယ္ဆိုျပီး ပါးစပ္ကတဖြဖြထုတ္မေျပာတတ္တဲ့ခ်စ္သူရွိရင္ သူသင့္ကိုလြမ္းေနတယ္ဆိုတာ ဒီအခ်က္ေလးေတြကို ၾကည့္ျပီး သိနိုင္ ပါတယ္ ။
(၁) အဆက္အသြယ္
သင္နဲ႕ဆက္သြယ္ဖို႕ၾကိုးစားတယ္၊ စကားၾကာၾကာေျပာဖို႕ ၾကိုးစား တတ္တယ္။ သူေျပာတဲ့စကားထဲမွာ သတိရတဲ့အေၾကာင္း၊ လြမ္းတဲ့အေၾကာင္း မပါေပမယ့္ ဒီလို စကားၾကာၾကာေျပာ ဖို႕ၾကိုးစားတာကပဲ သင့္ကို လြမ္းေနတယ္ ဆိုတဲ့ အဓိပၸါယ္ပါ ။
(၂) မက္ေဆ့ေလးေတြ၊
ဆိုရွယ္မီဒီယာမွာ သင္တင္ထားတဲ့ပို႕စ္ေအာက္မွာ ကြန္မန္႕ေလးေတြ၊ မက္ေဆ့ေလးေတြခ်န္ထားတတ္တယ္။ ဒါကလည္း သင့္ကိုလြမ္းေနတဲ့ အဓိပၸါယ္ပါပဲ..၊
(၃) ဓာတ္ပံုပို႕ေပးမယ္
တခါတေလ သင့္ကို ဓာတ္ပံုပို႕ေပးဖုိ႕ သူေျပာတာ ကလည္း သူသင့္ကို သတိရေန လို႕ျဖစ္ျပီး၊ သူ႕ရဲ႕ဓာတ္ပံုေတြကိုပို႕ေပးတယ္ ဆိုရင္လည္း အဲ့ဒါ အတြက္ ထူးဆန္းေနစရာ မလိုပါဘူး။ ဒါကလည္း သူသတိရေနလို႕ လြမ္းေနလို႕ပါပဲ၊
(၄) လာေတြ႕မယ္
သူသာသင့္ကိုအရမ္းလြမ္းေနခဲ့ရင္ သင့္ကိုေတြ႕ဖို႕ၾကိဳးစားမွာပါ။ သတိရလို႕၊ လြမ္းလို႕ ေတြ႕ခ်င္တယ္လို႕မေျပာဘဲ တျခားအေၾကာင္းျပျပီးေတြ႕ဖို႕ေျပာတာကလည္း သူသင့္ကိုသတိရေနတာေၾကာင့္ပဲ ျဖစ္ပါတယ္ ။
(၅) သူငယ္ခ်င္းေတြကတဆင့္
သူ႕သူငယ္ခ်င္းေတြနဲ႕ေတြ႕တဲ့ အခါ သင့္အေၾကာင္းေတြ၊ သင့္ကို သတိရေၾကာင္းေတြ ေျပာတတ္ျပီး သူ႕သူငယ္ခ်င္းေတြက ဒါကို သင့္ဆီျပန္ေျပာ တတ္ပါ တယ္။
ဒီလိုမ်ိဳး သူ႕သူငယ္္ခ်င္းေတြကတဆင့္ သူ႕အေၾကာင္းေတြ ျပန္ၾကား ရတာကလည္း သူသင့္ကို အျမဲ လိုလို သတိရေန၊ လြမ္းေနတယ္ ဆိုတာ သိနိုင္ ပါတယ္ ။
(၆) အမွတ္မထင္ အေျပာေလးေတြ ၊
ပံုမွန္ဆို သင့္ကိုလြမ္းတယ္၊ သတိရတယ္လို႕မေျပာတတ္ေပမယ့္ အမွတ္မထင္ သူက သင့္ကိုသတိရတယ္၊ လြမ္းတယ္ဆိုတဲ့ အေၾကာင္းေျပာခဲ့ရင္ သူတကယ္ သတိရေနလို႕ပါ။ စသလို၊ေနာက္သလိုေျပာတယ္ဆိုရင္ေတာင္ သူတကယ္ သတိရေန တာျဖစ္ပါ တယ္ ။
RAY
Credit Auntymay
Unicode
လူအမျိုးမျိုးရှိကြတဲ့ အထဲမှာ တချို့က ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေကို လွယ်လွယ်ကူကူထုတ်ဖော်ပြောနိုင်ပေမယ့် တချို့တွေ ကျတော့ ကိုယ့်စိတ် ခံစားချက်တွေကို ပါးစပ်က ထုတ်မပြောဘဲ အပြုအမူလေးတွေက တဆင့် ဖော်ပြတတ် ကြပါ တယ် ။
သင့်ကို သတိရတယ်၊ လွမ်းတယ်ဆိုပြီး ပါးစပ်ကတဖွဖွထုတ်မပြောတတ်တဲ့ချစ်သူရှိရင် သူသင့်ကိုလွမ်းနေတယ်ဆိုတာ ဒီအချက်လေးတွေကို ကြည့်ပြီး သိနိုင် ပါတယ် ။
(၁) အဆက်အသွယ်
သင်နဲ့ဆက်သွယ်ဖို့ကြိုးစားတယ်၊ စကားကြာကြာပြောဖို့ ကြိုးစား တတ်တယ်။ သူပြောတဲ့စကားထဲမှာ သတိရတဲ့အကြောင်း၊ လွမ်းတဲ့အကြောင်း မပါပေမယ့် ဒီလို စကားကြာကြာပြော ဖို့ကြိုးစားတာကပဲ သင့်ကို လွမ်းနေတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ ။
(၂) မက်ဆေ့လေးတွေ၊
ဆိုရှယ်မီဒီယာမှာ သင်တင်ထားတဲ့ပို့စ်အောက်မှာ ကွန်မန့်လေးတွေ၊ မက်ဆေ့လေးတွေချန်ထားတတ်တယ်။ ဒါကလည်း သင့်ကိုလွမ်းနေတဲ့ အဓိပ္ပါယ်ပါပဲ..၊
(၃) ဓာတ်ပုံပို့ပေးမယ်
တခါတလေ သင့်ကို ဓာတ်ပုံပို့ပေးဖို့ သူပြောတာ ကလည်း သူသင့်ကို သတိရနေ လို့ဖြစ်ပြီး၊ သူ့ရဲ့ဓာတ်ပုံတွေကိုပို့ပေးတယ် ဆိုရင်လည်း အဲ့ဒါ အတွက် ထူးဆန်းနေစရာ မလိုပါဘူး။ ဒါကလည်း သူသတိရနေလို့ လွမ်းနေလို့ပါပဲ၊
(၄) လာတွေ့မယ်
သူသာသင့်ကိုအရမ်းလွမ်းနေခဲ့ရင် သင့်ကိုတွေ့ဖို့ကြိုးစားမှာပါ။ သတိရလို့၊ လွမ်းလို့ တွေ့ချင်တယ်လို့မပြောဘဲ တခြားအကြောင်းပြပြီးတွေ့ဖို့ပြောတာကလည်း သူသင့်ကိုသတိရနေတာကြောင့်ပဲ ဖြစ်ပါတယ် ။
(၅) သူငယ်ချင်းတွေကတဆင့်
သူ့သူငယ်ချင်းတွေနဲ့တွေ့တဲ့ အခါ သင့်အကြောင်းတွေ၊ သင့်ကို သတိရကြောင်းတွေ ပြောတတ်ပြီး သူ့သူငယ်ချင်းတွေက ဒါကို သင့်ဆီပြန်ပြော တတ်ပါ တယ်။
ဒီလိုမျိုး သူ့သူငယ်ချင်းတွေကတဆင့် သူ့အကြောင်းတွေ ပြန်ကြား ရတာကလည်း သူသင့်ကို အမြဲ လိုလို သတိရနေ၊ လွမ်းနေတယ် ဆိုတာ သိနိုင် ပါတယ် ။
(၆) အမှတ်မထင် အပြောလေးတွေ ၊
ပုံမှန်ဆို သင့်ကိုလွမ်းတယ်၊ သတိရတယ်လို့မပြောတတ်ပေမယ့် အမှတ်မထင် သူက သင့်ကိုသတိရတယ်၊ လွမ်းတယ်ဆိုတဲ့ အကြောင်းပြောခဲ့ရင် သူတကယ် သတိရနေလို့ပါ။ စသလို၊နောက်သလိုပြောတယ်ဆိုရင်တောင် သူတကယ် သတိရနေ တာဖြစ်ပါ တယ် ။
RAY