အခ်စ္နွင့္ဘဝ

မိန္းကေလးေတြ သိထားသင့္တဲ့ လမ္းခြဲျခင္းရဲ႕ ေနာက္ဆက္တြဲ အမွန္တရားမ်ား….

အခ်စ္ေရးကို ၾကံဳဖူးတဲ့သူတုိင္း တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္မွာ လမ္းခြဲတယ္ဆိုတဲ့ အေျခအေနကို ရင္ဆိုင္ရတတ္ပါတယ္။ လမ္းခြဲတာနဲ႔ ပတ္သတ္ၿပီး လူေတြ မသိလိုက္တဲ့ အခ်က္ေတြလည္း ရွိေနပါတယ္။ လမ္းခြဲတဲ့ အေျခအေနနဲ႔ ပတ္သတ္ၿပီးေတာ့လည္း လုပ္သင့္တာေတြကို လုပ္လိုက္ဖို႔ လိုပါေသးတယ္။ ဒီလိုကာလအေၾကာင္းကို သိထားသင့္လို႔ ေဖာ္ျပေပးလုိက္ရပါတယ္ေနာ္။

(၁) ေကာင္ေလးေတြက ေကာင္မေလးေတြေလာက္ မခံစားရပါဘူး

ေကာင္ေလးေတြရဲ႕ သဘာဝကိုက ခံစားခ်က္ေတြအတိုင္း ကေလးေတြကို ဖြင့္ထုတ္လို႔ မရပါဘူး။ သူတုိ႔က ခံစားခ်က္ေတြကို ၿမိဳသိပ္တာ၊ ထိန္းခ်ဳပ္ႏိုင္တာက မိန္းကေလးေတြထက္ ပိုပါတယ္။ ဒါေၾကာင့္ သူတုိ႔ေတြက ခံစားခ်က္ေတြ ျဖစ္ၿပီး နာက်င္ရင္ေတာင္မွ သက္သာသြားေအာင္ ထိန္းခ်ဳပ္ႏိုင္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔ေတြက ခံစားေနတာေတြကို ျမန္ျမန္ ေမ့လိုက္ႏိုင္ၾကပါတယ္။

(၂) လူမႈကြန္ယက္ေတြမွာ Friends ဆက္မျဖစ္သင့္ေတာ့ပါဘူး

လမ္းခြဲၿပီးသြားၾကၿပီဆိုရင္ လူမႈကြန္္ယက္ေပၚမွာ friends အျဖစ္ေတာင္ ဆက္မထားသင့္ေတာ့ပါဘူး။ လမ္းခြဲၿပီးတဲ့ေနာက္ အမ်ားစုကေတာ့ ရည္းစားေဟာင္းအေၾကာင္းကို စံုစမ္းၾကတာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး သူ ဘာလုပ္ေနလဲ လိုက္စံုစမ္းေနတာေတြက သင္ ခံစားေနရတာကို သက္သာမသြားေစပါဘူး။ ဒါေၾကာင့္ မသိရ မျမင္ရေလ သင့္အတြက္ ပိုေကာင္းေလ ျဖစ္ပါတယ္။

(၃) ျမန္ျမန္ေမ့ဖုိ႔ လုပ္သင့္တယ္

မိန္းကေလး အမ်ားစုကေတာ့ လမ္းခြဲၿပီးတဲ့ေနာက္မွာ ျပန္ေတြးၿပီး ခံစားေနၾကတာ မ်ားပါတယ္။ ဒါ အမွားအႀကီးဆံုး တစ္ခုပါပဲ။ လမ္းခြဲၿပီးသြားတာမို႔ ၿပီးတာက ၿပီးၿပီးသားမို႔ ဆက္ေတြးေနလည္း မထူးပါဘူး။ ပိုၿပီး ခံစားရတာပဲ ရွိတာပါ။ ဒါေၾကာင့္ လမ္းခြဲတဲ့ ကိစၥတစ္ခုလံုးကို ေမ့ၿပီး လုပ္စရာ ရွိတာေတြ လုပ္ရင္းနဲ႔ ေပ်ာ္ေပ်ာ္ ေနသင့္ပါတယ္။

(၄) မေကာင္းေၾကာင္းေတြက သင့္ကို ကူညီေပးႏိုင္တယ္

ခံစားခ်က္ေတြက အျမန္ဆံုး ေမ့ပစ္ရမွာဆိုေပမယ့္ လြယ္တဲ့ အလုပ္တစ္ခုေတာ့ မဟုတ္ပါဘူး။ ဒီအတြက္ ကူညီႏိုင္တဲ့ အခ်က္္ကေတာ့ သင့္ရည္းစားေဟာင္းအေၾကာင္း မေကာင္းတာေတြကို ထိုင္ေျပာပစ္တာပါပဲ။ ဘယ္ေလာက္ပဲ ခ်စ္ခဲ့ ခ်စ္ခဲ့ သင္ မႀကိဳက္တဲ့အခ်က္ေတြ သူ႔မွာ ရွိေနမွာပါ။ ဒါေတြကို ေျပာဆို ျပစ္တင္လိုက္တာက အသဲကြဲတာကို အေကာင္းဆံုး ကုစားႏိုင္ပါတယ္။

(၅) စိတ္ျပန္လည္ေစခ်င္ရင္ မဆက္သြယ္ပါနဲ႔

လမ္းခြဲတဲ့ အခ်ိန္ကာလမွာ မိန္းကေလးေတြက စြန္႔လႊတ္ရမွာ စိုးတဲ့စိတ္ေၾကာင့္ တတြတ္တြတ္ေျပာၿပီး တားတာမ်ိဳး ျပဳလုပ္တတ္ၾကပါတယ္။ တကယ္က လမ္းခြဲခ်င္တဲ့စိတ္ကို ပိုၿပီး အားေကာင္းသြားေစတတ္ပါတယ္။ အေျခအေနကို လက္ခံၿပီး အဆက္အသြယ္ အားလံုး ျဖတ္လိုက္တာက သူ႔အတြက္ အခ်ိန္ေပးလိုက္ရာလည္း ေရာက္လို႔ တကယ္ ခ်စ္ရင္ တစ္ခ်ိန္မွာ သင္တို႔ ျပန္ခ်စ္ႏုိင္ပါေသးတယ္။

Kham

Unicode

=======

အချစ်ရေးကို ကြုံဖူးတဲ့သူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်မှာ လမ်းခွဲတယ်ဆိုတဲ့ အခြေအနေကို ရင်ဆိုင်ရတတ်ပါတယ်။ လမ်းခွဲတာနဲ့ ပတ်သတ်ပြီး လူတွေ မသိလိုက်တဲ့ အချက်တွေလည်း ရှိနေပါတယ်။ လမ်းခွဲတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း လုပ်သင့်တာတွေကို လုပ်လိုက်ဖို့ လိုပါသေးတယ်။ ဒီလိုကာလအကြောင်းကို သိထားသင့်လို့ ဖော်ပြပေးလိုက်ရပါတယ်နော်။

(၁) ကောင်လေးတွေက ကောင်မလေးတွေလောက် မခံစားရပါဘူး

ကောင်လေးတွေရဲ့ သဘာဝကိုက ခံစားချက်တွေအတိုင်း ကလေးတွေကို ဖွင့်ထုတ်လို့ မရပါဘူး။ သူတို့က ခံစားချက်တွေကို မြိုသိပ်တာ၊ ထိန်းချုပ်နိုင်တာက မိန်းကလေးတွေထက် ပိုပါတယ်။ ဒါကြောင့် သူတို့တွေက ခံစားချက်တွေ ဖြစ်ပြီး နာကျင်ရင်တောင်မှ သက်သာသွားအောင် ထိန်းချုပ်နိုင်ကြပါတယ်။ ဒါကြောင့် သူတို့တွေက ခံစားနေတာတွေကို မြန်မြန် မေ့လိုက်နိုင်ကြပါတယ်။

(၂) လူမှုကွန်ယက်တွေမှာ Friends ဆက်မဖြစ်သင့်တော့ပါဘူး

လမ်းခွဲပြီးသွားကြပြီဆိုရင် လူမှုကွန်ယက်ပေါ်မှာ friends အဖြစ်တောင် ဆက်မထားသင့်တော့ပါဘူး။ လမ်းခွဲပြီးတဲ့နောက် အများစုကတော့ ရည်းစားဟောင်းအကြောင်းကို စုံစမ်းကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုး သူ ဘာလုပ်နေလဲ လိုက်စုံစမ်းနေတာတွေက သင် ခံစားနေရတာကို သက်သာမသွားစေပါဘူး။ ဒါကြောင့် မသိရ မမြင်ရလေ သင့်အတွက် ပိုကောင်းလေ ဖြစ်ပါတယ်။

(၃) မြန်မြန်မေ့ဖို့ လုပ်သင့်တယ်

မိန်းကလေး အများစုကတော့ လမ်းခွဲပြီးတဲ့နောက်မှာ ပြန်တွေးပြီး ခံစားနေကြတာ များပါတယ်။ ဒါ အမှားအကြီးဆုံး တစ်ခုပါပဲ။ လမ်းခွဲပြီးသွားတာမို့ ပြီးတာက ပြီးပြီးသားမို့ ဆက်တွေးနေလည်း မထူးပါဘူး။ ပိုပြီး ခံစားရတာပဲ ရှိတာပါ။ ဒါကြောင့် လမ်းခွဲတဲ့ ကိစ္စတစ်ခုလုံးကို မေ့ပြီး လုပ်စရာ ရှိတာတွေ လုပ်ရင်းနဲ့ ပျော်ပျော် နေသင့်ပါတယ်။

(၄) မကောင်းကြောင်းတွေက သင့်ကို ကူညီပေးနိုင်တယ်

ခံစားချက်တွေက အမြန်ဆုံး မေ့ပစ်ရမှာဆိုပေမယ့် လွယ်တဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒီအတွက် ကူညီနိုင်တဲ့ အချက်ကတော့ သင့်ရည်းစားဟောင်းအကြောင်း မကောင်းတာတွေကို ထိုင်ပြောပစ်တာပါပဲ။ ဘယ်လောက်ပဲ ချစ်ခဲ့ ချစ်ခဲ့ သင် မကြိုက်တဲ့အချက်တွေ သူ့မှာ ရှိနေမှာပါ။ ဒါတွေကို ပြောဆို ပြစ်တင်လိုက်တာက အသဲကွဲတာကို အကောင်းဆုံး ကုစားနိုင်ပါတယ်။

(၅) စိတ်ပြန်လည်စေချင်ရင် မဆက်သွယ်ပါနဲ့

လမ်းခွဲတဲ့ အချိန်ကာလမှာ မိန်းကလေးတွေက စွန့်လွှတ်ရမှာ စိုးတဲ့စိတ်ကြောင့် တတွတ်တွတ်ပြောပြီး တားတာမျိုး ပြုလုပ်တတ်ကြပါတယ်။ တကယ်က လမ်းခွဲချင်တဲ့စိတ်ကို ပိုပြီး အားကောင်းသွားစေတတ်ပါတယ်။ အခြေအနေကို လက်ခံပြီး အဆက်အသွယ် အားလုံး ဖြတ်လိုက်တာက သူ့အတွက် အချိန်ပေးလိုက်ရာလည်း ရောက်လို့ တကယ် ချစ်ရင် တစ်ချိန်မှာ သင်တို့ ပြန်ချစ်နိုင်ပါသေးတယ်။

Kham