အခ်စ္နွင့္ဘဝ

သင့္ကို တေန႔ေသခ်ာေပါက္ လမ္းခြဲၿပီးထားခဲ့မဲ့ ေယာက်ာ္းတေယာက္ရဲ့လကၡဏာ(၇)မ်ိဳး

အခ်စ္ေရးကိစၥရပ္ဟာ ထမင္းစားေရေသာက္တဲ့ ကိစၥေလာက္ လြယ္ကူလွသည္ေတာ့ မဟုတ္ပါ။ တစ္ဘဝလုံးနဲ႔ သက္ဆိုင္တတ္ၿပီး၊ တစ္ဘဝလုံးနဲ႔ သက္ဆိုင္တယ္လို႔ ခံယူထားသူေတြရွိသလို၊ ေၾကာရ႐ုံ၊ အေတြ႕အႀကဳံတစ္ခုသက္သက္သာ သေဘာထားသူေတြလည္း ရွိပါတယ္။ ဒီေတာ့ အမ်ိဳးသမီးေတြအဖို႔္ အေ႐ြးမမွားဖို႔ လိုပါတယ္။

အမ်ိဳးသမီးေတြဆိုတာ နစ္နာစရာရွိရင္ ပိုၿပီး နစ္နာတက္လို႔ပါ။ ဒါေၾကာင့္မို႔ တကယ္လို႔သာ သင့္ခ်စ္သူ အမ်ိဳးသားဟာ ေအာက္ပါ လကၡဏာေတြ ျပေနရင္ သူ သင့္ကိုတစ္ေန႔ေန႔မွာ ထားခဲ့မွာ အေသအခ်ာပါဘဲ။ Shwemom ပရိသတ္ႀကီး တိုက္ဆိုင္စစ္ေဆးၾကည့္ပါဦး။

(၁) သင့္မိသားစုကို မေတြ႕လို၍ ေရွာင္ဖယ္ေနရင္

ဘယ္သူပဲျဖစ္ျဖစ္ ကိုယ္တစ္ကယ္ ခ်စ္ခင္လက္ထပ္လိုတဲ့ အမ်ိဳးသမီးဆိုရင္ မိမိဘက္က ေတာင္းဆိုစရာမလိုပဲ၊ ဘယ္ေန႔ အိမ္ကို လိုက္ခဲ့ရမလဲဆိုတာ တြင္တြင္ေမးပါလိမ့္မယ္။ ကိုယ့္ကို ေၾကာရ႐ုံႀကံခ်င္တဲ့သူဆိုရင္ေတာ့ မိဘေမာင္ဘြားေတြနဲ႔ ရင္းရင္းနီးနီး ဆက္ဆံဖို႔မေျပာနဲ႔ သင့္ရဲ႕ သူငယ္ခ်င္းေတြကိုေတာင္ သိသိသာသာ ေရွာင္ဖယ္တာမ်ိဳး လုပ္တတ္ပါတယ္။

(၂) ကိုယ္စြမ္းကိုယ္စ မျပရင္

တစ္ခ်ိဳ႕က ခ်စ္သူအထင္ႀကီးေလးစားတာခံရဖို႔ ကိုယ္စြမ္းကိုယ္စ ျပတတ္ၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ဒီလိုမဟုတ္ဘဲ အရာရာကို ဂုန္းဆင္းဖို႔ ေခ်ာင္းေနၿပီး၊ သင့္ဆီက အေထာက္အပံ့ ေကာင္းေကာင္းရေရးကိုသာ အားထုတ္ေနတာမ်ိဳးေတြ ရွိပါတယ္။ ဒီလိုကိစၥေတြ ႀကဳံေနပါရက္ ကိုယ့္ဘက္က ခ်စ္ေနေတာ့ အျဖည့္ခံလို႔ မျမင္ဘဲ ပါရမီျဖည့္ေပးေနတာလို႔ ျမင္တတ္ပါတယ္။

ဘယ္သူပဲျဖစ္ေနေန ဘယ္ေလာက္ပဲ အိေျႏၵႀကီးႀကီး ခ်စ္သူနဲ႔ ခ်စ္ခင္က်ီစယ္ေနာက္ေျပာင္ေနရတာကို သေဘာက်တာခ်ည္းပါဘဲ။ ကိုယ့္ခ်စ္သူကို ေပြ႕ပိုက္ေနရတာဟာ တစ္ကမာၻလုံးကို ေပြ႕ပိုက္ထားရတာထက္ အဓိပၸါယ္ရွိၿပီး စီးစီးပိုးပိုးႏိုင္လွပါတယ္။ ဒါေပမယ့္ သင့္ခ်စ္သူက ဒီလိုမဟုတ္ပဲ သင့္အေပၚမွာ ေႏြးေႏြးေထြးေထြး မရွိဘူးဆိုရင္ေတာ့ သင့္ဘက္က ႀကိဳတင္ျပင္ဆင္သင့္တာေတြ ရွိေနပါၿပီ။

(၄) အတိတ္က ပတ္သက္ခဲ့သူနဲ႔ ဆက္သြယ္ေနေသးရင္

သူ႔မွာ အရင္ရည္းစား၊ မယား ရွိခဲ့ေၾကာင္း သင့္ကို ပြင့္ပြင့္လင္းလင္း ေျပာတာက ေကာင္းတဲ့လကၡဏာပါ။ ဒါေပမယ့္ အဲဒီလူေတြနဲ႔ အခုအခ်ိန္ထိ (သူငယ္ခ်င္းလို) ဆက္သြယ္ေနေသးတယ္ဆိုတာကေတာ့ အခုရွင္းထားမွ ေနာက္ရႈပ္လို႔ေကာင္းမယ္ဆိုတဲ့ အကြက္ကိုႀကိဳခင္းထားတာမ်ိဳး ျဖစ္တတ္ပါတယ္။ ႀကံဖန္ၿပီး သေဘာထားႀကီးရမယ့္ အခ်ိန္မဟုတ္ပါဘူး။

(၅) သင့္ကို အၿမဲစိတ္ရႈပ္ေစရင္

တစ္ခ်ိဳ႕ေသာ ပုဂၢိဳလ္ေတြက သူမ်ားကို ဒုကၡေပးဖို႔သက္သက္ေမြးလာသလား ထင္မွတ္ရပါတယ္။ တစ္ခ်ိဳ႕က သူငယ္ခ်င္းအခ်င္းခ်င္း ခ်စ္တာခင္တာကို နင္းၿပီး အႏိုင္က်င့္ႏွိပ္စက္ခ်င္ၾကသလို၊ ခ်စ္သူရွိလာၿပီဆိုရင္လည္း ငါအႏိုင္က်င့္လို႔ရမယ့္သူေတာ့ ရၿပီလို႔ သေဘာထားတတ္ပါတယ္။ ဒီလိုပဲ အၿမဲတမ္း သင့္ကို စိတ္ရႈပ္ေအာင္ စိတ္မၾကည္ေအာင္ လုပ္ေလ့ရွိတဲ့ အမ်ိဳးသားဟာ သင့္ကို တကယ္ႏွစ္သက္သူမဟုတ္ဘူးလို႔ ယူဆလို႔ရပါတယ္။

(၆) လွ်ိဳ႕ဝွက္ခ်က္ေတြ မ်ားေနရင္

ခ်စ္သူစုံတြဲေတြၾကားမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္း ျဖစ္ေနဖို႔က အလြန္အေရးႀကီးပါတယ္။ တစ္ခ်ိဳ႕ကေတာ့ မပြင့္လင္းသင့္တာေတြ ပြင့္လင္းၿပီး၊ ပြင့္လင္းသင့္တဲ့ ကိစၥရပ္ေတြက်ေတာ့ အားနာလို႔ မေမးခဲ့တာဆိုၿပီး အေၾကာင္းျပခ်က္ေပးၾကပါတယ္။ တစ္ခ်ိဳ႕ဘယ္ေလာက္ထိ အ,သလဲဆိုရင္ ကေလးႏွစ္ေယာက္ရတဲ့အထိ သူ႔မွာ မယားႀကီးရွိခဲ့မွန္း မသိသူေတြ ရွိတတ္ပါတယ္။ မအ ၾကပါနဲ႔။ စုံစမ္းသင့္တာ စုံစမ္းၾကပါ။

(၇) ပြင့္ပြင့္လင္းလင္း ေျပာဆိုဖို႔ ခက္ခဲတဲ့အေျခအေန

ေစာေစာကေျပာသလို၊ တစ္ေယာက္နဲ႔ တစ္ေယာက္ မပြင့္မလင္း အေျခအေနေတြ ဆက္တိုက္ရင္ဆိုင္လာခဲ့ရၿပီး၊ ကိုယ့္မွာ ပြင့္ပြင့္လင္းလင္း ေျပာစရာရွိတာေတာင္ အေျခအေနအရ အရင္ကတည္းက မပြင့္တပြင့္ေနခဲ့ၾကေတာ့ ေျပာဖို႔ခက္ခဲတဲ့ အေျခအေနေတြကို ရင္ဆိုင္ရတတ္ပါတယ္။ ဒိလိုကိစၥမ်ိဳးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ သံေယာဇဥ္ သုညဆိုတဲ့ လကၡာကို ျပသရာေရာက္ပါတယ္။ ထားခဲ့မယ္ဆိုရင္ေတာင္ မပြင့္မလင္းနဲ႔ အထားခံရမွန္းေတာင္ သင္ သိလိုက္မွာ မဟုတ္ပါဘူး။

Credit : shwemom

Unicode

သင့်ကို တနေ့သေချာပေါက် လမ်းခွဲပြီးထားခဲ့မဲ့ ယောကျာ်းတယောက်ရဲ့လက္ခဏာ(၇)မျိုး

အချစ်ရေးကိစ္စရပ်ဟာ ထမင်းစားရေသောက်တဲ့ ကိစ္စလောက် လွယ်ကူလှသည်တော့ မဟုတ်ပါ။ တစ်ဘဝလုံးနဲ့ သက်ဆိုင်တတ်ပြီး၊ တစ်ဘဝလုံးနဲ့ သက်ဆိုင်တယ်လို့ ခံယူထားသူတွေရှိသလို၊ ကြောရရုံ၊ အတွေ့အကြုံတစ်ခုသက်သက်သာ သဘောထားသူတွေလည်း ရှိပါတယ်။ ဒီတော့ အမျိုးသမီးတွေအဖို့် အရွေးမမှားဖို့ လိုပါတယ်။

အမျိုးသမီးတွေဆိုတာ နစ်နာစရာရှိရင် ပိုပြီး နစ်နာတက်လို့ပါ။ ဒါကြောင့်မို့ တကယ်လို့သာ သင့်ချစ်သူ အမျိုးသားဟာ အောက်ပါ လက္ခဏာတွေ ပြနေရင် သူ သင့်ကိုတစ်နေ့နေ့မှာ ထားခဲ့မှာ အသေအချာပါဘဲ။ Shwemom ပရိသတ်ကြီး တိုက်ဆိုင်စစ်ဆေးကြည့်ပါဦး။

(၁) သင့်မိသားစုကို မတွေ့လို၍ ရှောင်ဖယ်နေရင်

ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တစ်ကယ် ချစ်ခင်လက်ထပ်လိုတဲ့ အမျိုးသမီးဆိုရင် မိမိဘက်က တောင်းဆိုစရာမလိုပဲ၊ ဘယ်နေ့ အိမ်ကို လိုက်ခဲ့ရမလဲဆိုတာ တွင်တွင်မေးပါလိမ့်မယ်။ ကိုယ့်ကို ကြောရရုံကြံချင်တဲ့သူဆိုရင်တော့ မိဘမောင်ဘွားတွေနဲ့ ရင်းရင်းနီးနီး ဆက်ဆံဖို့မပြောနဲ့ သင့်ရဲ့ သူငယ်ချင်းတွေကိုတောင် သိသိသာသာ ရှောင်ဖယ်တာမျိုး လုပ်တတ်ပါတယ်။

(၂) ကိုယ်စွမ်းကိုယ်စ မပြရင်

တစ်ချို့က ချစ်သူအထင်ကြီးလေးစားတာခံရဖို့ ကိုယ်စွမ်းကိုယ်စ ပြတတ်ကြပါတယ်။ တစ်ချို့ကတော့ ဒီလိုမဟုတ်ဘဲ အရာရာကို ဂုန်းဆင်းဖို့ ချောင်းနေပြီး၊ သင့်ဆီက အထောက်အပံ့ ကောင်းကောင်းရရေးကိုသာ အားထုတ်နေတာမျိုးတွေ ရှိပါတယ်။ ဒီလိုကိစ္စတွေ ကြုံနေပါရက် ကိုယ့်ဘက်က ချစ်နေတော့ အဖြည့်ခံလို့ မမြင်ဘဲ ပါရမီဖြည့်ပေးနေတာလို့ မြင်တတ်ပါတယ်။

ဘယ်သူပဲဖြစ်နေနေ ဘယ်လောက်ပဲ အိန္ဒြေကြီးကြီး ချစ်သူနဲ့ ချစ်ခင်ကျီစယ်နောက်ပြောင်နေရတာကို သဘောကျတာချည်းပါဘဲ။ ကိုယ့်ချစ်သူကို ပွေ့ပိုက်နေရတာဟာ တစ်ကမ္ဘာလုံးကို ပွေ့ပိုက်ထားရတာထက် အဓိပ္ပါယ်ရှိပြီး စီးစီးပိုးပိုးနိုင်လှပါတယ်။ ဒါပေမယ့် သင့်ချစ်သူက ဒီလိုမဟုတ်ပဲ သင့်အပေါ်မှာ နွေးနွေးထွေးထွေး မရှိဘူးဆိုရင်တော့ သင့်ဘက်က ကြိုတင်ပြင်ဆင်သင့်တာတွေ ရှိနေပါပြီ။

(၄) အတိတ်က ပတ်သက်ခဲ့သူနဲ့ ဆက်သွယ်နေသေးရင်

သူ့မှာ အရင်ရည်းစား၊ မယား ရှိခဲ့ကြောင်း သင့်ကို ပွင့်ပွင့်လင်းလင်း ပြောတာက ကောင်းတဲ့လက္ခဏာပါ။ ဒါပေမယ့် အဲဒီလူတွေနဲ့ အခုအချိန်ထိ (သူငယ်ချင်းလို) ဆက်သွယ်နေသေးတယ်ဆိုတာကတော့ အခုရှင်းထားမှ နောက်ရှုပ်လို့ကောင်းမယ်ဆိုတဲ့ အကွက်ကိုကြိုခင်းထားတာမျိုး ဖြစ်တတ်ပါတယ်။ ကြံဖန်ပြီး သဘောထားကြီးရမယ့် အချိန်မဟုတ်ပါဘူး။

(၅) သင့်ကို အမြဲစိတ်ရှုပ်စေရင်

တစ်ချို့သော ပုဂ္ဂိုလ်တွေက သူများကို ဒုက္ခပေးဖို့သက်သက်မွေးလာသလား ထင်မှတ်ရပါတယ်။ တစ်ချို့က သူငယ်ချင်းအချင်းချင်း ချစ်တာခင်တာကို နင်းပြီး အနိုင်ကျင့်နှိပ်စက်ချင်ကြသလို၊ ချစ်သူရှိလာပြီဆိုရင်လည်း ငါအနိုင်ကျင့်လို့ရမယ့်သူတော့ ရပြီလို့ သဘောထားတတ်ပါတယ်။ ဒီလိုပဲ အမြဲတမ်း သင့်ကို စိတ်ရှုပ်အောင် စိတ်မကြည်အောင် လုပ်လေ့ရှိတဲ့ အမျိုးသားဟာ သင့်ကို တကယ်နှစ်သက်သူမဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။

(၆) လျှို့ဝှက်ချက်တွေ များနေရင်

ချစ်သူစုံတွဲတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ဖြစ်နေဖို့က အလွန်အရေးကြီးပါတယ်။ တစ်ချို့ကတော့ မပွင့်လင်းသင့်တာတွေ ပွင့်လင်းပြီး၊ ပွင့်လင်းသင့်တဲ့ ကိစ္စရပ်တွေကျတော့ အားနာလို့ မမေးခဲ့တာဆိုပြီး အကြောင်းပြချက်ပေးကြပါတယ်။ တစ်ချို့ဘယ်လောက်ထိ အ,သလဲဆိုရင် ကလေးနှစ်ယောက်ရတဲ့အထိ သူ့မှာ မယားကြီးရှိခဲ့မှန်း မသိသူတွေ ရှိတတ်ပါတယ်။ မအ ကြပါနဲ့။ စုံစမ်းသင့်တာ စုံစမ်းကြပါ။

(၇) ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ခက်ခဲတဲ့အခြေအနေ

စောစောကပြောသလို၊ တစ်ယောက်နဲ့ တစ်ယောက် မပွင့်မလင်း အခြေအနေတွေ ဆက်တိုက်ရင်ဆိုင်လာခဲ့ရပြီး၊ ကိုယ့်မှာ ပွင့်ပွင့်လင်းလင်း ပြောစရာရှိတာတောင် အခြေအနေအရ အရင်ကတည်းက မပွင့်တပွင့်နေခဲ့ကြတော့ ပြောဖို့ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဒိလိုကိစ္စမျိုးဟာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် သုညဆိုတဲ့ လက္ခာကို ပြသရာရောက်ပါတယ်။ ထားခဲ့မယ်ဆိုရင်တောင် မပွင့်မလင်းနဲ့ အထားခံရမှန်းတောင် သင် သိလိုက်မှာ မဟုတ်ပါဘူး။

Credit : shwemom