တရက္ကို ၈ နာရီထက္ ပိုအိပ္တဲ့သူေတြ ၾကဳံေတြ႕ရမည့္ ျပႆနာ( ၆ )မ်ိဳး
လူတိုင္းကေတာ့ က်န္းမာေပ်ာ္ရႊင္ေသာ ဘဝေနထိုင္မႈပုံစံကိုရရွိဖို႔ တစ္ေန႔မွာ ၈ နာရီထက္မနည္းအိပ္ရမယ္လို႔သိထားၾကပါတယ္။
ဒါေပမယ့္ လူတိုင္းကိုေတာ့ ၈ နာရီထက္ပိုအိပ္ပါလို႔ အႀကံျပဳတိုက္တြန္းတာမ်ိဳးမရွိပါဘူး။ ဆိုလိုတာက လူတစ္ေယာက္ ၈ နာရီထက္ပိုအိပ္တဲ့အခါ ၾကဳံေတြ႕ရနိုင္တဲ့က်န္းမာေရးျပႆနာေတြရွိေနလို႔ပါ။
ဘယ္လိုက်န္းမာေရးျပႆနာေတြၾကဳံေတြ႕ရနိုင္လဲဆိုတာေတာ့ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။
ဝိတ္တက္လာျခင္း
ေလ့လာမႈအမ်ိဳးမ်ိဳးက ေတြ႕ရွိခ်က္ေတြအရ အိပ္စက္မႈနည္းျခင္း နဲ႔ အိပ္စက္မႈမ်ားျခင္း ႏွစ္ခုစလုံးဟာ ဆီးခ်ိဳနဲ႔ အဝလြန္မႈ နဲ႔ဆက္စပ္ေနပါတယ္။
ဒီအခ်က္ဟာ အရမ္းမသိသာေပမယ့္ ဆရာဝန္ေတြကေတာ့ လႈပ္ရွားမႈနည္းေလ ပိုဝေလပါပဲလို႔ေထာက္ျပၾကပါတယ္။
ကၽြန္ေတာ္တို႔ေတြ အိပ္ရာထေနာက္က်တဲ့အခါ (သို႔) အိပ္စက္ျခင္းနဲ႔တစ္ေနကုန္ေနတဲ့အခါ ေလ့က်င့္ခန္းလုပ္ခ်ိန္ဘယ္ရပါေတာ့မလဲဗ်ာ။
စိတ္ဓာတ္က်၊ စိတ္ကစဉ့္ကလ်ားျဖစ္ျခင္း
စိတ္ဓာတ္က်ျခင္း၊ စိတ္ေလျခင္း၊ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္းေတြ ကိုခံစားရသူဟာ အိပ္စက္ျခင္းကစဉ့္ကလ်ားျဖစ္မႈကိုလဲ ေတြ႕ၾကဳံရနိုင္ပါတယ္။
တစ္ခါတစ္ရံမွာ စိတ္ကစဉ့္ကလ်ားျဖစ္မႈေတြရဲ့ေနာက္ဆက္တြဲဟာ လူေတြကို ပုံမွန္ထက္ပိုအိပ္တတ္ေစပါတယ္။
ဒါဟာ သိသာတဲ့ စက္ဝန္းတစ္ခုလို ပိုအိပ္ျခင္းေၾကာင့္ စိတ္ဓာတ္က်မႈ ျဖစ္လာ၊ စိတ္ဓာတ္က် စိတ္ကစဉ့္ကလ်ားျဖစ္လာျခင္းေၾကာင့္ ပိုအိပ္ျခင္း စသျဖင့္ လည္ေနပါေတာ့တယ္။
လူတစ္ေယာက္ဟာ မနက္ခင္းမွာမနိုးထဘဲ ဆက္အိပ္ခ်င္ေနျခင္း၊ အိပ္ရာက အခ်ိန္ျပည့္ဆြဲေဆာင္ေနျခင္း၊
အဲ့ဒီေနာက္ ဒီကမၻာေလာကႀကီးက ကိုယ့္အေပၚမွာ စိတ္လႈပ္ရွားမႈ မရွိေတာ့ျခင္း စသျဖင့္ ခံစားလာရတဲ့အခါ စိတ္ဓာတ္က်ျခင္းျဖစ္လာပါေတာ့တယ္။
ႏွလုံးေရာဂါ
အိပ္စက္ျခင္း မ်ားတဲ့အခါ တန္ဖိုးရွိတဲ့အခ်ိန္ေတြဆုံးရႈံး႐ုံမၽွမကဘဲ ႏွလုံးေရာဂါ ပါျဖစ္ပြားနိုင္ပါတယ္။ ညဘက္မွာ ၈ နာရီထက္ပိုအိပ္တဲ့အခါ ႏွလုံးေရာဂါနဲ႔ေသနိုင္ေခ် ၃၄ ရာခိုင္ႏူန္းျမင့္တက္နိုင္ပါတယ္။
ေခါင္းကိုက္ျခင္း
အိပ္ပ်က္ျခင္း ဟာ ေခါင္းကိုက္ေစသလို အိပ္စက္ျခင္းမ်ားတဲ့အခါမွာလဲေခါင္းကိုက္နိုင္ပါတယ္။ ဒါေၾကာင့္ အားလပ္ရက္ပိတ္ရက္ေတြမွာေတာင္ တစ္ေနကုန္အိပ္ေနတာမ်ိဳးမလုပ္သင့္ပါဘူး။
မွတ္ဉာဏ္ျပႆနာမ်ား
ေလ့လာမႈမ်ားအရ အိပ္စက္မႈမ်ားျခင္းဟာ ဦးေႏွာက္ရဲ့အလုပ္လုပ္မႈအေပၚမွာပါ သက္ေရာက္မႈရွိနိုင္ပါတယ္။ ဒါ့အျပင္ အိပ္စက္မႈမ်ားတဲ့အခါ ညဘက္မွာပုံမွန္အားျဖင့္နိုးေနတတ္ၿပီး
လုံေလာက္တဲ့အိပ္စက္မႈမရရွိတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါက ဦးေႏွာက္ရဲ့ သိမႈလုပ္ငန္းေဆာင္တာ မ်ား၊ မွတ္မိျခင္းနဲ႔ အာ႐ုံစိုက္နိုင္ စြမ္းရည္ ေတြကိုပါ သက္ေရာက္နိုင္ပါတယ္။
အိပ္မေပ်ာ္ျခင္းေရာဂါ
အိပ္မေပ်ာ္ျခင္း ေရာဂါလို႔ေျပာရတာ နည္းနည္း ေတာ့ အံ့အားသင့္စရာေကာင္းေနနိုင္ပါတယ္။ တကယ္ေတာ့ အဲ့ဒီေရာဂါဟာ က်န္းမာေရးနဲ႔ မညီညြတ္တဲ့အျပဳမႈနဲ႔ အိပ္စက္မႈေတြကေနျဖစ္ေပၚလာရျခင္းျဖစ္ပါတယ္။
ဥပမာ- ကြန္ျပဴတာေရွ႕မွာ ညဘက္ေနာက္က်သည္အထိေနျခင္း နဲ႔ ေနာက္ေန႔မွ ပိုအိပ္စက္မယ္ ဆုံးျဖတ္ခ်က္ခ်ၿပီး ညဘက္ေတြမွာ အခ်ိန္ၾကာရွည္ေနျခင္းဟာ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားရနို္င္ပါတယ္။
၂ ရက္တာ အိပ္ေရးပ်က္တဲ့အခါ ကိုယ္ခႏၶာရဲ့နာရီအခ်က္ျပမႈကို ႐ူပ္ေထြးေစၿပီး အိပ္စက္ျခင္းျပႆနာေတြနဲ႔ ၾကဳံေတြ႕ဖို႔ေသခ်ာသြားပါတယ္။
က်န္းမာေရးနဲ႔ညီညြတ္ေသာအိပ္စက္မႈရရွိရန္
က်န္းမာေရးနဲ႔ညီညြတ္ေသာ အိပ္စက္မႈရရွိရန္ ေအာက္ပါအခ်က္တို႔ကိုလိုက္နာပါ။
က်န္းမာေရးနဲ႔ညီညြတ္ေသာအစာ မ်ားစားပါ
အယ္ကိုေဟား ေသာက္သုံးမႈေလ်ာ့ခ်ပါ
ေလ့က်င့္ခန္းလုပ္ပါ
ေစာေစာအိပ္၊ ေစာေစာထ အက်င့္လုပ္ပါ
ကဖိန္ဓာတ္ပါေသာ ေဖ်ာ္ရည္ႏွင့္ အစာ အမ်ားႀကီးမစားပါႏွင့္
အိပ္ခန္း တိတ္ဆိတ္ ၿငိမ္သက္ပါေစ၊ အပန္းေျပစရာေနရာျဖစ္ပါေစ
Credit:Mingalarbarmorning
naethitmyanmar
Unicode version
တရက်ကို ၈ နာရီထက် ပိုအိပ်တဲ့သူတွေ ကြုံတွေ့ရမည့် ပြဿနာ( ၆ )မျိုး
လူတိုင်းကတော့ ကျန်းမာပျော်ရွှင်သော ဘဝနေထိုင်မှုပုံစံကိုရရှိဖို့ တစ်နေ့မှာ ၈ နာရီထက်မနည်းအိပ်ရမယ်လို့သိထားကြပါတယ်။
ဒါပေမယ့် လူတိုင်းကိုတော့ ၈ နာရီထက်ပိုအိပ်ပါလို့ အကြံပြုတိုက်တွန်းတာမျိုးမရှိပါဘူး။ ဆိုလိုတာက လူတစ်ယောက် ၈ နာရီထက်ပိုအိပ်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ကျန်းမာရေးပြဿနာတွေရှိနေလို့ပါ။
ဘယ်လိုကျန်းမာရေးပြဿနာတွေကြုံတွေ့ရနိုင်လဲဆိုတာတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။
ဝိတ်တက်လာခြင်း
လေ့လာမှုအမျိုးမျိုးက တွေ့ရှိချက်တွေအရ အိပ်စက်မှုနည်းခြင်း နဲ့ အိပ်စက်မှုများခြင်း နှစ်ခုစလုံးဟာ ဆီးချိုနဲ့ အဝလွန်မှု နဲ့ဆက်စပ်နေပါတယ်။
ဒီအချက်ဟာ အရမ်းမသိသာပေမယ့် ဆရာဝန်တွေကတော့ လှုပ်ရှားမှုနည်းလေ ပိုဝလေပါပဲလို့ထောက်ပြကြပါတယ်။
ကျွန်တော်တို့တွေ အိပ်ရာထနောက်ကျတဲ့အခါ (သို့) အိပ်စက်ခြင်းနဲ့တစ်နေကုန်နေတဲ့အခါ လေ့ကျင့်ခန်းလုပ်ချိန်ဘယ်ရပါတော့မလဲဗျာ။
စိတ်ဓာတ်ကျ၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း
စိတ်ဓာတ်ကျခြင်း၊ စိတ်လေခြင်း၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်းတွေ ကိုခံစားရသူဟာ အိပ်စက်ခြင်းကစဉ့်ကလျားဖြစ်မှုကိုလဲ တွေ့ကြုံရနိုင်ပါတယ်။
တစ်ခါတစ်ရံမှာ စိတ်ကစဉ့်ကလျားဖြစ်မှုတွေရဲ့နောက်ဆက်တွဲဟာ လူတွေကို ပုံမှန်ထက်ပိုအိပ်တတ်စေပါတယ်။
ဒါဟာ သိသာတဲ့ စက်ဝန်းတစ်ခုလို ပိုအိပ်ခြင်းကြောင့် စိတ်ဓာတ်ကျမှု ဖြစ်လာ၊ စိတ်ဓာတ်ကျ စိတ်ကစဉ့်ကလျားဖြစ်လာခြင်းကြောင့် ပိုအိပ်ခြင်း စသဖြင့် လည်နေပါတော့တယ်။
လူတစ်ယောက်ဟာ မနက်ခင်းမှာမနိုးထဘဲ ဆက်အိပ်ချင်နေခြင်း၊ အိပ်ရာက အချိန်ပြည့်ဆွဲဆောင်နေခြင်း၊
အဲ့ဒီနောက် ဒီကမ္ဘာလောကကြီးက ကိုယ့်အပေါ်မှာ စိတ်လှုပ်ရှားမှု မရှိတော့ခြင်း စသဖြင့် ခံစားလာရတဲ့အခါ စိတ်ဓာတ်ကျခြင်းဖြစ်လာပါတော့တယ်။
နှလုံးရောဂါ
အိပ်စက်ခြင်း များတဲ့အခါ တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရုံမျှမကဘဲ နှလုံးရောဂါ ပါဖြစ်ပွားနိုင်ပါတယ်။ ညဘက်မှာ ၈ နာရီထက်ပိုအိပ်တဲ့အခါ နှလုံးရောဂါနဲ့သေနိုင်ချေ ၃၄ ရာခိုင်နူန်းမြင့်တက်နိုင်ပါတယ်။
ခေါင်းကိုက်ခြင်း
အိပ်ပျက်ခြင်း ဟာ ခေါင်းကိုက်စေသလို အိပ်စက်ခြင်းများတဲ့အခါမှာလဲခေါင်းကိုက်နိုင်ပါတယ်။ ဒါကြောင့် အားလပ်ရက်ပိတ်ရက်တွေမှာတောင် တစ်နေကုန်အိပ်နေတာမျိုးမလုပ်သင့်ပါဘူး။
မှတ်ဉာဏ်ပြဿနာများ
လေ့လာမှုများအရ အိပ်စက်မှုများခြင်းဟာ ဦးနှောက်ရဲ့အလုပ်လုပ်မှုအပေါ်မှာပါ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်မှုများတဲ့အခါ ညဘက်မှာပုံမှန်အားဖြင့်နိုးနေတတ်ပြီး
လုံလောက်တဲ့အိပ်စက်မှုမရရှိတာမျိုးဖြစ်တတ်ပါတယ်။ ဒါက ဦးနှောက်ရဲ့ သိမှုလုပ်ငန်းဆောင်တာ များ၊ မှတ်မိခြင်းနဲ့ အာရုံစိုက်နိုင် စွမ်းရည် တွေကိုပါ သက်ရောက်နိုင်ပါတယ်။
အိပ်မပျော်ခြင်းရောဂါ
အိပ်မပျော်ခြင်း ရောဂါလို့ပြောရတာ နည်းနည်း တော့ အံ့အားသင့်စရာကောင်းနေနိုင်ပါတယ်။ တကယ်တော့ အဲ့ဒီရောဂါဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြုမှုနဲ့ အိပ်စက်မှုတွေကနေဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။
ဥပမာ- ကွန်ပြူတာရှေ့မှာ ညဘက်နောက်ကျသည်အထိနေခြင်း နဲ့ နောက်နေ့မှ ပိုအိပ်စက်မယ် ဆုံးဖြတ်ချက်ချပြီး ညဘက်တွေမှာ အချိန်ကြာရှည်နေခြင်းဟာ အိပ်မပျော်ခြင်းရောဂါကို ခံစားရနို်င်ပါတယ်။
၂ ရက်တာ အိပ်ရေးပျက်တဲ့အခါ ကိုယ်ခန္ဓာရဲ့နာရီအချက်ပြမှုကို ရူပ်ထွေးစေပြီး အိပ်စက်ခြင်းပြဿနာတွေနဲ့ ကြုံတွေ့ဖို့သေချာသွားပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်သောအိပ်စက်မှုရရှိရန်
ကျန်းမာရေးနဲ့ညီညွတ်သော အိပ်စက်မှုရရှိရန် အောက်ပါအချက်တို့ကိုလိုက်နာပါ။
ကျန်းမာရေးနဲ့ညီညွတ်သောအစာ များစားပါ
အယ်ကိုဟေား သောက်သုံးမှုလျော့ချပါ
လေ့ကျင့်ခန်းလုပ်ပါ
စောစောအိပ်၊ စောစောထ အကျင့်လုပ်ပါ
ကဖိန်ဓာတ်ပါသော ဖျော်ရည်နှင့် အစာ အများကြီးမစားပါနှင့်
အိပ်ခန်း တိတ်ဆိတ် ငြိမ်သက်ပါစေ၊ အပန်းပြေစရာနေရာဖြစ်ပါစေ
Credit:Mingalarbarmorning
naethitmyanmar