နေပြည်တော်က ဆန္ဒပြပွဲမှာ သေနတ်ဒဏ်ရာနဲ့ ကွန်လွန်သွားတဲ့ ညီမငယ်လေး မြသွဲ့သွဲ့ခိုင်နဲ့ ကိုးတန်းနှစ်ကတည်းက ငါးနှစ်ကျော်တွဲလာတဲ့ ညီငယ်လေး ဟိန်းရာဇာ ဖော်ပြလိုက်တဲ့ နှသုံးသားပေါ်က ချစ်သူမျက်နှာ
နေပြည်တော်က ဆန္ဒပြပွဲမှာ သေနတ်ဒဏ်ရာနဲ့ ကွန်လွန်သွားတဲ့ ညီမငယ်လေး မြသွဲ့သွဲ့ခိုင်နဲ့ ကိုးတန်းနှစ်ကတည်းက ငါးနှစ်ကျော်တွဲလာတဲ့ ညီငယ်လေး ဟိန်းရာဇာ ဖော်ပြလိုက်တဲ့ နှသုံးသားပေါ်က ချစ်သူမျက်နှာကိုးတန်းနှစ်ကတည်းက မြသွဲ့သွဲ့ခိုင်နဲ့ ငါးနှစ်ကျော်တွဲလာတဲ့ ညီလေး ဟိန်းရာဇာရေ…။
မင်း သစ္စာတရားဟာ ဒီ၂၁ရာစုမှာ ရှာရခက်သွားပြီကွ။ ငါ ရှက်လိုက်တာ။
၂၁ရက် ဖေဖော်ဝါရီလ ၂၀၂၁ရက်နေ့ ညီမလေးမြသွဲ့သွဲ့ခိုင် (မင်းရဲ့ချစ်သူ) ဈာပနကိုလည်း မင်းရောက်လာတယ်။
တွဲလာခဲ့တာ ကြာပြီမို့ ရည်းစားအဖြစ်က ပြတ်စဲတယ်ဆိုတဲ့ ဖြတ်စာကိုလည်း မင်းကိုယ်တိုင် အခေါင်းထဲထိ လာထည့်ခဲ့ရသေးတယ်။
အခုလည်း ချစ်သူ့မျက်နှာကို မင်းနှလုံးသားပေါ် တင်သွားပြန်ပြီလား။ တက်တူးထိုးနေချိန် ဖွင့်ထားတဲ့သီချင်းက နှင်းဝေတဲ့ဆောင်းဆိုပဲ။
မင်းမျက်နှာ ဘာဖြစ်နေလဲ ငါကြည့်မိတယ်။ မင်းရင်ထဲ ဘယ်လိုခံစားရမလဲ ငါသိပါတယ်ကွာ။ခေတ်မီကိရိယာတွေနဲ့ တိုင်းရင်လည်း အတိအကျ ထွက်ချင်မှထွက်မယ်။ ငါ့ခံစားမှုက ဘာနဲ့တိုင်းတိုင်း ဘယ်သူမှမသိနိုင်ဘူး။
အခုတော့ ဒီလောက်ပဲ ရေးနိုင်လို့ နောက်မှအကျယ်ရေးပါ့မယ်ကွာ။ အခကြေးငွေမယူဘဲ မေတ္တာနဲ့ထိုးပေးတဲ့ အစ်ကိုကြီးဘစီရဲ့ စေတနာကိုလည်း ငါ့မှာ လေးစားဦးညွတ်လျက်ပါကွာ …..
Zawgyi
ေနျပည္ေတာ္က ဆႏၵျပပြဲမွာ ေသနတ္ဒဏ္ရာနဲ႔ ကြန္လြန္သြားတဲ့ ညီမငယ္ေလး ျမသြဲ႕သြဲ႕ခိုင္နဲ႔ ကိုးတန္းႏွစ္ကတည္းက ငါးႏွစ္ေက်ာ္တြဲလာတဲ့ ညီငယ္ေလး ဟိန္းရာဇာ ေဖာ္ျပလိုက္တဲ့ ႏွသုံးသားေပၚက ခ်စ္သူမ်က္ႏွာ
ေနျပည္ေတာ္က ဆႏၵျပပြဲမွာ ေသနတ္ဒဏ္ရာနဲ႔ ကြန္လြန္သြားတဲ့ ညီမငယ္ေလး ျမသြဲ႕သြဲ႕ခိုင္နဲ႔ ကိုးတန္းႏွစ္ကတည္းက ငါးႏွစ္ေက်ာ္တြဲလာတဲ့ ညီငယ္ေလး ဟိန္းရာဇာ ေဖာ္ျပလိုက္တဲ့ ႏွသုံးသားေပၚက ခ်စ္သူမ်က္ႏွာကိုးတန္းႏွစ္ကတည္းက ျမသြဲ႕သြဲ႕ခိုင္နဲ႔ ငါးႏွစ္ေက်ာ္တြဲလာတဲ့ ညီေလး ဟိန္းရာဇာေရ…
မင္း သစၥာတရားဟာ ဒီ၂၁ရာစုမွာ ရွာရခက္သြားၿပီကြ။ ငါ ရွက္လိုက္တာ။
၂၁ရက္ ေဖေဖာ္ဝါရီလ ၂၀၂၁ရက္ေန႔ ညီမေလးျမသြဲ႕သြဲ႕ခိုင္ (မင္းရဲ႕ခ်စ္သူ) ဈာပနကိုလည္း မင္းေရာက္လာတယ္။
တြဲလာခဲ့တာ ၾကာၿပီမို႔ ရည္းစားအျဖစ္က ျပတ္စဲတယ္ဆိုတဲ့ ျဖတ္စာကိုလည္း မင္းကိုယ္တိုင္ အေခါင္းထဲထိ လာထည့္ခဲ့ရေသးတယ္။
အခုလည္း ခ်စ္သူ႔မ်က္ႏွာကို မင္းႏွလုံးသားေပၚ တင္သြားျပန္ၿပီလား။ တက္တူးထိုးေနခ်ိန္ ဖြင့္ထားတဲ့သီခ်င္းက ႏွင္းေဝတဲ့ေဆာင္းဆိုပဲ။
မင္းမ်က္ႏွာ ဘာျဖစ္ေနလဲ ငါၾကည့္မိတယ္။ မင္းရင္ထဲ ဘယ္လိုခံစားရမလဲ ငါသိပါတယ္ကြာ။ေခတ္မီကိရိယာေတြနဲ႔ တိုင္းရင္လည္း အတိအက် ထြက္ခ်င္မွထြက္မယ္။ ငါ့ခံစားမႈက ဘာနဲ႔တိုင္းတိုင္း ဘယ္သူမွမသိႏိုင္ဘူး။
အခုေတာ့ ဒီေလာက္ပဲ ေရးႏိုင္လို႔ ေနာက္မွအက်ယ္ေရးပါ့မယ္ကြာ။ အခေၾကးေငြမယူဘဲ ေမတၱာနဲ႔ထိုးေပးတဲ့ အစ္ကိုႀကီးဘစီရဲ႕ ေစတနာကိုလည္း ငါ့မွာ ေလးစားဦးၫြတ္လ်က္ပါကြာ …..