က်မၼာေရး ဗဟုသုတ

ကျောက်ကပ်မှာတစ်ခုခုဖြစ်နေပြီဆိုရင်သိနိုင်တဲ့လက္ခဏာ(၉)မျိုး

ေက်ာက္ကပ္မွာတစ္ခုခုျဖစ္ေနၿပီဆိုရင္သိႏိုင္တဲ့လကၡဏာ(၉)မ်ိဳး

ေက်ာက္ကပ္ေရာဂါဟာထူးျခားတဲ့ေရာဂါလကၡဏာမျပတဲ့အတြက္ ေရာဂါကြၽမ္းတဲ့အေျခအေနေရာက္မွသာသိၾကတာမို႔ေက်ာက္ကပ္ေရာဂါနဲ႔ပတ္သက္ၿပီးသတိထားမိေအာင္ေဖာ္ျပေပးလိုက္ပါတယ္။

၁။အခ်ိန္တိုင္းလိုလိုေမာပန္းေနျခင္း

ေက်ာက္ကပ္မေကာင္းဘူးဆိုတာနဲ႔ ခႏၶာကိုယ္တြင္းမွာ အဆိပ္အေတာက္ေတြမ်ားလာေစသလို ေသြးမသန႔္ေတာ့တာေၾကာင့္ ေမာပန္းၿပီး ေလးလံထိုင္းမႈိင္းလာတတ္ပါတယ္။အာ႐ုံစူးစိုက္ႏိုင္စြမ္း ေလ်ာ့က်လာကာမူးေဝျခင္း၊ အားနည္းျခင္းေတြျဖစ္လာၿပီဆိုရင္သတိထားဖို႔လိုပါတယ္

၂။ခံတြင္းပ်က္ျခင္း

ေက်ာက္ကပ္ထဲမွာအဆိပ္အေတာက္ေတြမ်ားလာတဲ့အတြက္ ခံတြင္းပ်က္တာျဖစ္ႏိုင္သလို လွ်ာကေကာင္းေကာင္းအရသာမခံႏိုင္တဲ့အတြက္ အလိုလိုအစားနည္းၿပီးကိုယ္အေလးခ်ိန္ပါ ေလ်ာ့က်ေစပါတယ္။

၃။မ်က္လုံးတစ္ဝိုက္မို႔ေနျခင္း

ေက်ာက္ကပ္ပ်က္စီးေနတဲ့အခါအဆိပ္အေတာက္ေတြစစ္ထုတ္ႏိုင္စြမ္း ေလ်ာ့နည္းလာတဲ့အတြက္ျပတဲ့လကၡဏာတစ္ခုလို႔ဆို ရမွာပါ။

၄။အိပ္မေပ်ာ္ျခင္း

ေက်ာက္ကပ္လုပ္ငန္းစဥ္ေတြပုံမွန္မဟုတ္ေတာ့ရင္ ဆီးကေနတစ္ဆင့္အဆိပ္အေတာက္ေတြ စြန႔္ထုတ္ပစ္တဲ့အစားေသြးထဲကိုအဆိပ္အေတာက္ဝင္သြားတာေၾကာင့္ပါ။

၅။ဆီးနဲ႔ပတ္သက္ၿပီးထူးျခားမႈမ်ား ႀကဳံျခင္း

ဆီးမၾကာခဏသြားခ်င္တာတို႔၊ ဆီးအျမႇဳပ္ထတာတို႔၊ ေသြးပါလာတာတို႔ဆိုမေပါ့ဆသင့္ပါဘူး။

၆။ေျခဆစ္လက္ဆစ္မ်ားေရာင္ရမ္းျခင္း

ဒီလကၡဏာကေတာ့ေက်ာက္ကပ္ေရာဂါသာမက ႏွလုံးနဲ႔အသည္းေရာဂါရွိေနရင္လည္းျပတတ္ပါတယ္။

၇။အသားအေရေျခာက္ၿပီးယားယံျခင္း

ေက်ာက္ကပ္ျပႆနာရွိေနတဲ့အခါမွာခႏၶာကိုယ္အတြက္လိုအပ္တဲ့ အာဟာရနဲ႔ သတၱဳဓာတ္ေတြ မမွ်တေတာ့ဘဲကိုယ္တြင္းအဆိပ္အေတာက္ေတြက အေရျပားဆီကိုေရာက္သြားတဲ့အတြက္ပါ။

၈။မူးေဝေအာ့အန္ျခင္း

ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ေအာ့အန္ျခင္းျဖင့္ထုတ္ပစ္တတ္တဲ့အတြက္သတိျပဳစရာအခ်က္ပါ။

၉။ဟီမိုဂလိုဘင္ေလ်ာ့က်ျခင္း

ေက်ာက္ကပ္ပ်က္စီးတဲ့အခါလုံေလာက္တဲ့ ေသြးနီဥေတြထုတ္ေပးႏိုင္ျခင္းမရွိေတာ့တဲ့အတြက္ ေသြးအားနည္းေရာဂါျဖစ္လာေစပါတယ္။

ေက်ာက္ကပ္ေရာဂါလကၡဏာမ်ားႏွင့္ပတ္သက္ၿပီးႀကိဳတင္သိရွိထားႏိုင္ေစဖို႔ ျပန္လည္မွ်ေဝေပးလိုက္ျခင္းပါသည္။

Unicode Version

ကျောက်ကပ်မှာတစ်ခုခုဖြစ်နေပြီဆိုရင်သိနိုင်တဲ့လက္ခဏာ(၉)မျိုး

ကျောက်ကပ်ရောဂါဟာထူးခြားတဲ့ရောဂါလက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့အခြေအနေရောက်မှသာသိကြတာမို့ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီးသတိထားမိအောင်ဖော်ပြပေးလိုက်ပါတယ်။

၁။အချိန်တိုင်းလိုလိုမောပန်းနေခြင်း

ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ်အတောက်တွေများလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာမူးဝေခြင်း၊ အားနည်းခြင်းတွေဖြစ်လာပြီဆိုရင်သတိထားဖို့လိုပါတယ်

၂။ခံတွင်းပျက်ခြင်း

ကျောက်ကပ်ထဲမှာအဆိပ်အတောက်တွေများလာတဲ့အတွက် ခံတွင်းပျက်တာဖြစ်နိုင်သလို လျှာကကောင်းကောင်းအရသာမခံနိုင်တဲ့အတွက် အလိုလိုအစားနည်းပြီးကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။

၃။မျက်လုံးတစ်ဝိုက်မို့နေခြင်း

ကျောက်ကပ်ပျက်စီးနေတဲ့အခါအဆိပ်အတောက်တွေစစ်ထုတ်နိုင်စွမ်း လျော့နည်းလာတဲ့အတွက်ပြတဲ့လက္ခဏာတစ်ခုလို့ဆို ရမှာပါ။

၄။အိပ်မပျော်ခြင်း

ကျောက်ကပ်လုပ်ငန်းစဉ်တွေပုံမှန်မဟုတ်တော့ရင် ဆီးကနေတစ်ဆင့်အဆိပ်အတောက်တွေ စွန့်ထုတ်ပစ်တဲ့အစားသွေးထဲကိုအဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။

၅။ဆီးနဲ့ပတ်သက်ပြီးထူးခြားမှုများ ကြုံခြင်း

ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆိုမပေါ့ဆသင့်ပါဘူး။

၆။ခြေဆစ်လက်ဆစ်များရောင်ရမ်းခြင်း

ဒီလက္ခဏာကတော့ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်းရောဂါရှိနေရင်လည်းပြတတ်ပါတယ်။

၇။အသားအရေခြောက်ပြီးယားယံခြင်း

ကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကိုရောက်သွားတဲ့အတွက်ပါ။

၈။မူးဝေအော့အန်ခြင်း

ကိုယ်တွင်းအဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့်ထုတ်ပစ်တတ်တဲ့အတွက်သတိပြုစရာအချက်ပါ။

၉။ဟီမိုဂလိုဘင်လျော့ကျခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါလုံလောက်တဲ့ သွေးနီဥတွေထုတ်ပေးနိုင်ခြင်းမရှိတော့တဲ့အတွက် သွေးအားနည်းရောဂါဖြစ်လာစေပါတယ်။

ကျောက်ကပ်ရောဂါလက္ခဏာများနှင့်ပတ်သက်ပြီးကြိုတင်သိရှိထားနိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ခြင်းပါသည်။