က်မၼာေရး ဗဟုသုတ

ႏွလုံးေရာဂါရဲ့ ေရွ႕ေျပးလကၡဏာ (၅) ခု

ႏွလုံးေရာဂါဆိုတာ လူသတ္ေရာဂါ တစ္မ်ိဳးပါဘဲ။ တစ္ခ်ိဳ႕ေသာ ပုဂၢိဳလ္မ်ားဟာ မိမိကိုယ္ကို ႏွလုံးေရာဂါရွိတယ္လို႔ မထင္မိဘဲ ေပါ့ေပါ့ဆဆ ေနမိရာကငယ္ငယ္ရြယ္ရြယ္နဲ႔ ေသဆုံးသြားၾကတာကို ေတြ႕ဖူးပါလိမ့္မယ္။ ဒါေၾကာင့္ ႏွလုံးေရာဂါရဲ့ ေရွ႕ေျပးလကၡဏာ (၆) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အဆက္မျပတ္ အေအးမိျခင္း၊ ဖ်ားနားျခင္း

လူတစ္ေယာက္ဟာ သာမန္နဲ႔မတူပဲ အဆက္မျပတ္ အေအးမိျခင္း၊ ဖ်ားနာျခင္းေတြ ရွိလာခဲ့ၿပီဆိုရင္ေတာ့ ႏွလုံးက်န္းမာေရးကို စစ္ေဆးသင့္ပါတယ္။ဒါဟာ ႏွလုံးေရာဂါရဲ့ ေရွ႕ေျပးလကၡဏာတစ္ခု ျဖစ္နိုင္ၿပီး၊ ႏွလုံးကေန ခုခံအားက်ဆင္းတဲ့အခါ စတင္ျပသတဲ့ ေရာဂါလကၡဏာ ျဖစ္ပါတယ္။

(၂) ရင္ဘက္ မၾကာခဏေအာင့္ျခင္း

ရင္ဘတ္ ခဏခဏေအာင့္တဲ့သူေတြလည္း မေပါ့ဆသင့္ပါဘူး၊ သာမန္အားျဖင့္ေတာ့ ရင္ဘတ္အတြင္းမွာရွိတဲ့ ႏွလုံးနဲ႔ ဆက္စပ္တဲ့ ေသြးျပန္ေၾကာေတြပုံမွန္အလုပ္လုပ္ဖို႔ ေႏွာင့္ေႏွးျခင္း၊ ၾကန႔္ၾကာျခင္း ျဖစ္တဲ့အခါမွာ ရင္ဘတ္ေအာင့္တတ္ပါတယ္။ ဒီလို ခဏခဏ ေအာင့္ရင္ ႏွလုံးအထူးကုနဲ႔ ျပသဖို႔ လိုပါတယ္။

(၃) အသက္ရွူရ ခက္ခဲျခင္း

တစ္ခါတေလ ဘာမွအလုပ္ပင္ပင္ပန္းပန္း မလုပ္ရပါဘဲ ႐ုတ္တရက္ အသက္ရွုရၾကပ္တဲ့ ခံစားမွုမ်ိဳး မၾကာခဏ ခံစားဖူးတယ္ဆိုရင္လည္း ေရာဂါရွာေဖြမွုလုပ္တာမမွားဘူးလို႔ ဆိုခ်င္ပါတယ္။ ဒီအေျခအေနဟာ ႏွလုံးမွာ တစ္ခုခု မွားယြင္းေနတဲ့ သေဘာလကၡဏာျဖစ္ပါတယ္။

(၄) တစ္ခုခု အားစိုက္လုပ္လိုက္တဲ့အခါ အလြန္အမင္း ေမာဟိုက္ျခင္း

ႏွလုံးက်န္းမာေရး မေကာင္းသူေတြမွာ သိသာတဲ့ လကၡဏာကေတာ့ အလုပ္တစ္ခုခု အားစိုက္လုပ္မိတာပဲျဖစ္ျဖစ္၊ တစ္စုံတစ္ေယာက္ကို ေဒါနဲ႔ေမာနဲ႔ေျပာမိတာပဲျဖစ္ျဖစ္ စကၠန႔္ပိုင္းအတြင္း အလြန္အမင္း ေမာဟိုက္လာတတ္ပါတယ္။ ဒါက ထင္ရွားတဲ့ ႏွလုံးေရာဂါရဲ့ ေရွ႕ေျပး လကၡဏာတစ္ခု ျဖစ္ပါတယ္။

(၅) ေညာင္းညာကိုက္ခဲျခင္း/ေခၽြးေစမ်ား ျပန္ျခင္း/မူးေဝျခင္း

ဘယ္လိုနင္းနင္း ႏွိပ္ႏွိပ္ အေညာင္းအညာေတြ ေျပမသြားဘူးဆိုတဲ့ သူေတြလည္း ႏွလုံးေရာဂါကို သတိထားဖို႔ လိုပါတယ္၊ ဒါ့အျပင္ ရာသီဥတုနဲ႔ မဆိုင္တဲ့ ေခၽြးေစးမ်ားျပန္တယ္ဆိုရင္လည္း ဒါဟာ ႏွလုံးေရာဂါရဲ့ ေရွ႕ေျပးလကၡဏာ တစ္ခု ျဖစ္ပါတယ္။ တစ္ခါတရံမွာ ေခါင္းထဲမွာ မအီမလည္ႀကီး ခံစားေနရၿပီး၊ အရာဝတၳဳေတြ မွုန္ဝါးဝါးျဖစ္ေလ့ရွိရင္လည္း ႏွလုံးကို စမ္းသပ္စစ္ေဆးသင့္ပါတယ္။ ေသြးအားနည္းလို႔ မူးတဲ့ပုံစံနဲ႔ မတူပါဘူး။ ေသြးအားနည္းလို႔ မူးတဲ့ပုံစံက အထိုင္အထမွာ ႐ုတ္တရက္ ေခါင္းထဲမွာမိုက္ကနဲ႔ ျဖစ္ၿပီး မူးသြားတာမ်ိဳး ျဖစ္ပါတယ္။

Source : ucnews.ucweb.com

Unicode Version

နှလုံးရောဂါဆိုတာ လူသတ်ရောဂါ တစ်မျိုးပါဘဲ။ တစ်ချို့သော ပုဂ္ဂိုလ်များဟာ မိမိကိုယ်ကို နှလုံးရောဂါရှိတယ်လို့ မထင်မိဘဲ ပေါ့ပေါ့ဆဆ နေမိရာကငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားကြတာကို တွေ့ဖူးပါလိမ့်မယ်။ ဒါကြောင့် နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာ (၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အဆက်မပြတ် အအေးမိခြင်း၊ ဖျားနားခြင်း

လူတစ်ယောက်ဟာ သာမန်နဲ့မတူပဲ အဆက်မပြတ် အအေးမိခြင်း၊ ဖျားနာခြင်းတွေ ရှိလာခဲ့ပြီဆိုရင်တော့ နှလုံးကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်။ဒါဟာ နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတစ်ခု ဖြစ်နိုင်ပြီး၊ နှလုံးကနေ ခုခံအားကျဆင်းတဲ့အခါ စတင်ပြသတဲ့ ရောဂါလက္ခဏာ ဖြစ်ပါတယ်။

(၂) ရင်ဘက် မကြာခဏအောင့်ခြင်း

ရင်ဘတ် ခဏခဏအောင့်တဲ့သူတွေလည်း မပေါ့ဆသင့်ပါဘူး၊ သာမန်အားဖြင့်တော့ ရင်ဘတ်အတွင်းမှာရှိတဲ့ နှလုံးနဲ့ ဆက်စပ်တဲ့ သွေးပြန်ကြောတွေပုံမှန်အလုပ်လုပ်ဖို့ နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်း ဖြစ်တဲ့အခါမှာ ရင်ဘတ်အောင့်တတ်ပါတယ်။ ဒီလို ခဏခဏ အောင့်ရင် နှလုံးအထူးကုနဲ့ ပြသဖို့ လိုပါတယ်။

(၃) အသက်ရှူရ ခက်ခဲခြင်း

တစ်ခါတလေ ဘာမှအလုပ်ပင်ပင်ပန်းပန်း မလုပ်ရပါဘဲ ရုတ်တရက် အသက်ရှုရကြပ်တဲ့ ခံစားမှုမျိုး မကြာခဏ ခံစားဖူးတယ်ဆိုရင်လည်း ရောဂါရှာဖွေမှုလုပ်တာမမှားဘူးလို့ ဆိုချင်ပါတယ်။ ဒီအခြေအနေဟာ နှလုံးမှာ တစ်ခုခု မှားယွင်းနေတဲ့ သဘောလက္ခဏာဖြစ်ပါတယ်။

(၄) တစ်ခုခု အားစိုက်လုပ်လိုက်တဲ့အခါ အလွန်အမင်း မောဟိုက်ခြင်း

နှလုံးကျန်းမာရေး မကောင်းသူတွေမှာ သိသာတဲ့ လက္ခဏာကတော့ အလုပ်တစ်ခုခု အားစိုက်လုပ်မိတာပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ကို ဒေါနဲ့မောနဲ့ပြောမိတာပဲဖြစ်ဖြစ် စက္ကန့်ပိုင်းအတွင်း အလွန်အမင်း မောဟိုက်လာတတ်ပါတယ်။ ဒါက ထင်ရှားတဲ့ နှလုံးရောဂါရဲ့ ရှေ့ပြေး လက္ခဏာတစ်ခု ဖြစ်ပါတယ်။

(၅) ညောင်းညာကိုက်ခဲခြင်း/ချွေးစေများ ပြန်ခြင်း/မူးဝေခြင်း

ဘယ်လိုနင်းနင်း နှိပ်နှိပ် အညောင်းအညာတွေ ပြေမသွားဘူးဆိုတဲ့ သူတွေလည်း နှလုံးရောဂါကို သတိထားဖို့ လိုပါတယ်၊ ဒါ့အပြင် ရာသီဥတုနဲ့ မဆိုင်တဲ့ ချွေးစေးများပြန်တယ်ဆိုရင်လည်း ဒါဟာ နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာ တစ်ခု ဖြစ်ပါတယ်။ တစ်ခါတရံမှာ ခေါင်းထဲမှာ မအီမလည်ကြီး ခံစားနေရပြီး၊ အရာဝတ္ထုတွေ မှုန်ဝါးဝါးဖြစ်လေ့ရှိရင်လည်း နှလုံးကို စမ်းသပ်စစ်ဆေးသင့်ပါတယ်။ သွေးအားနည်းလို့ မူးတဲ့ပုံစံနဲ့ မတူပါဘူး။ သွေးအားနည်းလို့ မူးတဲ့ပုံစံက အထိုင်အထမှာ ရုတ်တရက် ခေါင်းထဲမှာမိုက်ကနဲ့ ဖြစ်ပြီး မူးသွားတာမျိုး ဖြစ်ပါတယ်။

Source : ucnews.ucweb.com