အခ်စ္နွင့္ဘဝ

သင်တို့နှစ်ယောက်ဟာ လိုက်ဖက်တဲ့စုံတွဲတွေဆိုတာကို ဖော်ပြနေတဲ့ အချက်(၄)ချက်

သင်တို့နှစ်ယောက်ဟာ လိုက်ဖက်တဲ့စုံတွဲတွေဆိုတာကို ဖော်ပြနေတဲ့ အချက်(၄)ချက်

ကိုယ်ရွေးချယ်လိုက်တဲ့ ချစ်သူဟာ ကိုယ်နဲ့ခဏလေးသာ ရေစက်ပါပြီး အချိန်တစ်ခုမှာ သူစိမ်းတွေဖြစ်သွားနိုင်သလို ကိုယ်မထင်မှတ်ပဲ ရွေးချယ်လိုက်တဲ့သူက ကိုယ်နဲ့ ဘဝတစ်သက်တိုင် အတူလက်တွဲဖို့ ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့ ဘဝတစ်ခုလုံးစာနဲ့ မတွေးခင်မှာ ကိုယ့်အနားမှာ အကောင်းဆုံး ရပ်တည်ပေးမယ့် ချစ်သူမျိုးကိုတော့ လူတိုင်းလိုချင်တတ်ကြတာပါနော်။ ဒီအချက်လေးတွေကတော့ သင်တို့နှစ်ယောက်ဟာ အရမ်းကိုလိုက်ဖက်လွန်းပြီး နတ်ဖက်တဲ့စုံတွဲတွေဆိုတာကို ဖော်ပြလို့နေပါတယ်။

ပျင်းရိငြီးငွေ့ မသွားဘူး

သင်တို့ရဲ့ စုံတွဲလေးက ဘယ်တော့မှ ပျင်းရိငြီးငွေ့ဖွယ်ကောင်းမနေပဲ အမြဲတမ်း ပျော်ရွှင်နေရတဲ့ ချစ်သူတွေဖြစ်နေပါတယ်။ ရိုးအီမသွားတဲ့ အတူဆုံချိန်တွေ၊ ဒီတစ်ပတ်ပိတ်ရက်မှာ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ တစ်ခါတစ်လေ အမှတ်တရလေးတွေ ဖန်တီးမယ်၊ အတူမဆုံရရင်တောင် ဖုန်းလေးနဲ့ အလွမ်းသယ်မယ် စသဖြင့် အချိန်တွေကြာလာလေလေ တစ်ယောက်နဲ့တစ်ယောက် ချည်နှောင်မှုလေးတွေ တိုးလာပြီး ပျော်ရွှင်မှုတွေကို ခံစားမိစေတာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေကို အတူတူချတတ်ကြတယ်

ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်လေ့ရှိကြသလို နှစ်ယောက်သားနဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးတွေဆို သူ့သဘော၊ ကိုယ့်သဘောကို မေးပြီးမှ ဆုံးဖြတ်ချက်တွေကို ချတတ်ကြပါတယ်။ ကိုယ့်သဘောဆန္ဒတစ်ခုတည်းနဲ့ ဘာမှမလုပ်တတ်သလို တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုလေးတွေ ထားထားတတ်ကြပါတယ်နော်။

ယုံကြည်မှုတွေကို အပြန်အလှန်တိုးမြှင့်ပေးတယ်

ဒီလိုချစ်သူစုံတွဲလေးတွေက တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းအားပေးပြီး ယုံကြည်မှုတွေပိုရှိလာစေတတ် သူတွေပါ။ ဥပမာ – ဒီနေ့အကျီ င်္လေးက သိပ်အဆင်မပြေဘူးလို့ ကိုယ့်ကိုယ်ကို ထင်မိရင်တောင် မင်းနဲ့တကယ်လှတယ်ဆိုတာမျိုး၊ တစ်ခုခုကို လုပ်ရမှာကို ကြောက်နေတဲ့အချိန်မှာ မင်း လုပ်နိုင်တယ်ဆိုတာကို ငါယုံတယ် စသဖြင့် ယုံကြည်မှုတွေပိုတိုးလာအောင် အမြဲတမ်း ဘေးနားကနေ အပြန်အလှန် ကူညီပေးတတ်ပါတယ်။

နားလည်လက်ခံတတ်တယ်

သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို နားလည်လက်ခံပြီး တစ်ယောက်ရဲ့ ဖြစ်တည်မှုအမှန်ကို တစ်ယောက်က လက်ခံချစ်ပေးတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်ရဲ့အားနည်းချက်လေးကိုတောင် သူက ချစ်စရာကောင်းတယ်လို့ ပြောတတ်ပြီး ကိုယ့်အတွက် အမြဲတမ်းနားလည်ပေးတတ်သူဖြစ်သလို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးတွေနဲ့ relationship ကို ပိုခိုင်မြဲအောင် တည်ဆောက်တတ်ကြပါတယ်။

Khin

သင္တုိ႔ႏွစ္ေယာက္ဟာ နတ္ဖက္တဲ့စံုတြဲေတြဆုိတာကို ေဖာ္ျပေနတဲ့ အခ်က္(၄)ခ်က္

ကိုယ္ေ႐ြးခ်ယ္လိုက္တဲ့ ခ်စ္သူဟာ ကိုယ္နဲ႔ခဏေလးသာ ေရစက္ပါၿပီး အခ်ိန္တစ္ခုမွာ သူစိမ္းေတြျဖစ္သြားႏိုင္သလို ကိုယ္မထင္မွတ္ပဲ ေ႐ြးခ်ယ္လိုက္တဲ့သူက ကိုယ္နဲ႔ ဘဝတစ္သက္တိုင္ အတူလက္တြဲဖို႔ ျဖစ္သြားႏိုင္ပါတယ္။ ကိုယ့္ရဲ႕ ဘဝတစ္ခုလုံးစာနဲ႔ မေတြးခင္မွာ ကိုယ့္အနားမွာ အေကာင္းဆုံး ရပ္တည္ေပးမယ့္ ခ်စ္သူမ်ိဳးကိုေတာ့ လူတိုင္းလိုခ်င္တတ္ၾကတာပါေနာ္။ ဒီအခ်က္ေလးေတြကေတာ့ သင္တို႔ႏွစ္ေယာက္ဟာ အရမ္းကိုလိုက္ဖက္လြန္းၿပီး နတ္ဖက္တဲ့စုံတြဲေတြဆိုတာကို ေဖာ္ျပလို႔ေနပါတယ္။

ပ်င္းရိၿငီးေငြ႕ မသြားဘူး

သင္တို႔ရဲ႕ စုံတြဲေလးက ဘယ္ေတာ့မွ ပ်င္းရိၿငီးေငြ႕ဖြယ္ေကာင္းမေနပဲ အၿမဲတမ္း ေပ်ာ္႐ႊင္ေနရတဲ့ ခ်စ္သူေတြျဖစ္ေနပါတယ္။ ႐ိုးအီမသြားတဲ့ အတူဆုံခ်ိန္ေတြ၊ ဒီတစ္ပတ္ပိတ္ရက္မွာ ဘယ္သြားမယ္၊ ဘာလုပ္မယ္၊ တစ္ခါတစ္ေလ အမွတ္တရေလးေတြ ဖန္တီးမယ္၊ အတူမဆုံရရင္ေတာင္ ဖုန္းေလးနဲ႔ အလြမ္းသယ္မယ္ စသျဖင့္ အခ်ိန္ေတြၾကာလာေလေလ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်ည္ေႏွာင္မႈေလးေတြ တိုးလာၿပီး ေပ်ာ္႐ႊင္မႈေတြကို ခံစားမိေစတာ ျဖစ္ပါတယ္။

ဆုံးျဖတ္ခ်က္ေတြကို အတူတူခ်တတ္ၾကတယ္

ဘယ္လိုကိစၥမ်ိဳးပဲျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ တိုင္ပင္ေလ့ရွိၾကသလို ႏွစ္ေယာက္သားနဲ႔ သက္ဆိုင္တဲ့ ကိစၥမ်ိဳးေတြဆို သူ႔သေဘာ၊ ကိုယ့္သေဘာကို ေမးၿပီးမွ ဆုံးျဖတ္ခ်က္ေတြကို ခ်တတ္ၾကပါတယ္။ ကိုယ့္သေဘာဆႏၵတစ္ခုတည္းနဲ႔ ဘာမွမလုပ္တတ္သလို တစ္ေယာက္နဲ႔ တစ္ေယာက္ ေလးစားမႈေလးေတြ ထားထားတတ္ၾကပါတယ္ေနာ္။

ယုံၾကည္မႈေတြကို အျပန္အလွန္တိုးျမႇင့္ေပးတယ္

ဒီလိုခ်စ္သူစုံတြဲေလးေတြက တစ္ေယာက္ကိုတစ္ေယာက္ အၿမဲတမ္းအားေပးၿပီး ယုံၾကည္မႈေတြပိုရွိလာေစတတ္ သူေတြပါ။ ဥပမာ – ဒီေန႔အက်ီ ေလၤးက သိပ္အဆင္မေျပဘူးလို႔ ကိုယ့္ကိုယ္ကို ထင္မိရင္ေတာင္ မင္းနဲ႔တကယ္လွတယ္ဆိုတာမ်ိဳး၊ တစ္ခုခုကို လုပ္ရမွာကို ေၾကာက္ေနတဲ့အခ်ိန္မွာ မင္း လုပ္ႏိုင္တယ္ဆိုတာကို ငါယုံတယ္ စသျဖင့္ ယုံၾကည္မႈေတြပိုတိုးလာေအာင္ အၿမဲတမ္း ေဘးနားကေန အျပန္အလွန္ ကူညီေပးတတ္ပါတယ္။

နားလည္လက္ခံတတ္တယ္

သူ႔ရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြ၊ ကိုယ့္ရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြကို နားလည္လက္ခံၿပီး တစ္ေယာက္ရဲ႕ ျဖစ္တည္မႈအမွန္ကို တစ္ေယာက္က လက္ခံခ်စ္ေပးတတ္ၾကပါတယ္။ တစ္ခါတစ္ေလ ကိုယ့္ရဲ႕အားနည္းခ်က္ေလးကိုေတာင္ သူက ခ်စ္စရာေကာင္းတယ္လို႔ ေျပာတတ္ၿပီး ကိုယ့္အတြက္ အၿမဲတမ္းနားလည္ေပးတတ္သူျဖစ္သလို တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေလးေတြနဲ႔ relationship ကို ပိုခိုင္ၿမဲေအာင္ တည္ေဆာက္တတ္ၾကပါတယ္။

Khin