အဂၤလိပ္လို သြက္သြက္လက္လက္ ေျပာတတ္ဖို႔ ေန႔တိုင္း လုပ္ေပးသင့္တဲ့အခ်က္ (၄) ခ်က္
ဘာသာစကားတစ္ခု တတ္ကၽြမ္းဖို႔ဆိုတာဟာ အေလ့အက်င့္ Practice အမ်ားႀကီး လိုပါတယ္။
အဂၤလိပ္စကားေျပာတတ္ခ်င္တယ္ဆိုရင္လည္း ေန႔စဥ္ေန႔တိုင္းမွာ အေလ့အက်င့္ေကာင္းေလးေတြ လုပ္ေပးသင့္ပါတယ္။
အဂၤလိပ္စကားေျပာေကာင္းခ်င္တယ္ ၊ ျမန္ခ်င္တယ္ဆိုရင္ အခုေျပာမယ့္ အခ်က္ေလးေတြလည္း ေန႔စဥ္ လုပ္ေပးဖို႔ တိုက္တြန္းခ်င္ပါတယ္။
(၁) မွားမွာ မေၾကာက္နဲ႔ ေျပာပါ
Practice ဟာ ဘာသာစကားရဲ့ အသက္ပါ။ ေလ့က်င့္ပါ။ ေျပာျဖစ္ေအာင္ ေျပာပါ။ ေျပာရင္း မွားမွာ မေၾကာက္ပါနဲ႔။ မရွက္တမ္း ေျပာမွ ျမန္ျမန္တတ္မွာပါ။စိတ္ထဲက အေတြးေတြကို အဂၤလိပ္လို အသံထြက္ေျပာၾကည့္လိုက္ပါ။ အဂၤလိပ္စကားနဲ႔ ရင္းႏွီးသြားမွာပါ။
(၂) ကိုယ္ပိုင္ အဂၤလိပ္ Audio Book ဖန္တီးပါ
အဂၤလိပ္စာအုပ္တစ္အုပ္ထဲက အခန္းတစ္ခန္း ဒါမွမဟုတ္ သတင္းစာတစ္ေစာင္ထဲက ေဆာင္းပါးေတြကို အသံထြက္ဖတ္ပါ။
အဲ့ဒီလို ဖတ္ခ်ိန္မွာလည္း ဖုန္းနဲ႔ျဖစ္ျဖစ္ အသံဖမ္းထားပါ။ ၿပီးရင္ နားေထာင္ၾကည့္ပါ။ ဒါဆိုရင္ ကိုယ့္အဂၤလိပ္စကားေျပာတဲ့ အသံထြက္ဘာေတြလိုအပ္ခ်က္ ရွိမလဲဆိုတာ အလြယ္တကူ သိနိုင္သလို စကားေျပာရတာလည္း ပိုၿပီး သြက္လက္လာမွာ ျဖစ္ပါတယ္။
(၃) အတိုအထြာ စကားေျပာေလးေတြ ေန႔စဥ္သုံးပါ
ေန႔တိုင္း အသုံးဝင္တဲ့ အဂၤလိပ္စကားေျပာ တိုတိုထြာထြာေလးေတြကို စကားေျပာတိုင္း သုံးျဖစ္ေအာင္ သုံးပါ။ တစ္ေန႔နဲ႔တစ္ေန႔မတူေအာင္ မထပ္ေအာင္ စကားေျပာဝါက် အသစ္အသစ္ေတြ ေျပာျဖစ္ေအာင္ ေျပာသြားမယ္ဆိုရင္ အဂၤလိပ္စကားေျပာရတာ ပိုၿပီး အဆင္ေျပလာတာ ေတြ႕ရမွာပါ။
(၄) အဂၤလိပ္သတင္းခ်န္နယ္ေတြ ပုံမွန္နားေထာင္ပါ
အဂၤလိပ္စကားကို သူမ်ားေတြ ဘယ္လိုေျပာသလဲဆိုတာ သိေအာင္ နားေထာင္တတ္တဲ့ အေလ့အက်င့္လုပ္သင့္ပါတယ္။
ေရဒီယိုမွာ အဂၤလိပ္ပိုင္း အစီအစဥ္ေတြ နားေထာင္တာ ၊ YouTube မွာ အဂၤလိပ္လို ေနာက္ခံစကားေျပာတဲ့ ခ်န္နယ္နဲ႔ ႐ုပ္သံဖိုင္ေတြ ၾကည့္တာမ်ိဳး လုပ္သင့္ပါတယ္။
ဒါမွမဟုတ္ အဂၤလိပ္စကားေျပာ ႐ုပ္ရွင္ေတြ ၾကည့္ပါ။ လိုအပ္ရင္ေတာ့ ေအာက္မွာ အဂၤလိပ္စာတန္းထိုးနဲ႔လည္း ၾကည့္လိုက္ပါ။
Myint Thu
Unicode Version
အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောတတ်ဖို့ နေ့တိုင်း လုပ်ပေးသင့်တဲ့အချက် (၄) ချက်
ဘာသာစကားတစ်ခု တတ်ကျွမ်းဖို့ဆိုတာဟာ အလေ့အကျင့် Practice အများကြီး လိုပါတယ်။
အင်္ဂလိပ်စကားပြောတတ်ချင်တယ်ဆိုရင်လည်း နေ့စဉ်နေ့တိုင်းမှာ အလေ့အကျင့်ကောင်းလေးတွေ လုပ်ပေးသင့်ပါတယ်။
အင်္ဂလိပ်စကားပြောကောင်းချင်တယ် ၊ မြန်ချင်တယ်ဆိုရင် အခုပြောမယ့် အချက်လေးတွေလည်း နေ့စဉ် လုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။
(၁) မှားမှာ မကြောက်နဲ့ ပြောပါ
Shot of male university students sitting and talking before classPractice ဟာ ဘာသာစကားရဲ့ အသက်ပါ။ လေ့ကျင့်ပါ။ ပြောဖြစ်အောင် ပြောပါ။ ပြောရင်း မှားမှာ မကြောက်ပါနဲ့။ မရှက်တမ်း ပြောမှ မြန်မြန်တတ်မှာပါ။စိတ်ထဲက အတွေးတွေကို အင်္ဂလိပ်လို အသံထွက်ပြောကြည့်လိုက်ပါ။ အင်္ဂလိပ်စကားနဲ့ ရင်းနှီးသွားမှာပါ။
(၂) ကိုယ်ပိုင် အင်္ဂလိပ် Audio Book ဖန်တီးပါ
အင်္ဂလိပ်စာအုပ်တစ်အုပ်ထဲက အခန်းတစ်ခန်း ဒါမှမဟုတ် သတင်းစာတစ်စောင်ထဲက ဆောင်းပါးတွေကို အသံထွက်ဖတ်ပါ။
အဲ့ဒီလို ဖတ်ချိန်မှာလည်း ဖုန်းနဲ့ဖြစ်ဖြစ် အသံဖမ်းထားပါ။ ပြီးရင် နားထောင်ကြည့်ပါ။ ဒါဆိုရင် ကိုယ့်အင်္ဂလိပ်စကားပြောတဲ့ အသံထွက်ဘာတွေလိုအပ်ချက် ရှိမလဲဆိုတာ အလွယ်တကူ သိနိုင်သလို စကားပြောရတာလည်း ပိုပြီး သွက်လက်လာမှာ ဖြစ်ပါတယ်။
(၃) အတိုအထွာ စကားပြောလေးတွေ နေ့စဉ်သုံးပါ
နေ့တိုင်း အသုံးဝင်တဲ့ အင်္ဂလိပ်စကားပြော တိုတိုထွာထွာလေးတွေကို စကားပြောတိုင်း သုံးဖြစ်အောင် သုံးပါ။ တစ်နေ့နဲ့တစ်နေ့မတူအောင် မထပ်အောင် စကားပြောဝါကျ အသစ်အသစ်တွေ ပြောဖြစ်အောင် ပြောသွားမယ်ဆိုရင် အင်္ဂလိပ်စကားပြောရတာ ပိုပြီး အဆင်ပြေလာတာ တွေ့ရမှာပါ။
(၄) အင်္ဂလိပ်သတင်းချန်နယ်တွေ ပုံမှန်နားထောင်ပါ
အင်္ဂလိပ်စကားကို သူများတွေ ဘယ်လိုပြောသလဲဆိုတာ သိအောင် နားထောင်တတ်တဲ့ အလေ့အကျင့်လုပ်သင့်ပါတယ်။
ရေဒီယိုမှာ အင်္ဂလိပ်ပိုင်း အစီအစဉ်တွေ နားထောင်တာ ၊ YouTube မှာ အင်္ဂလိပ်လို နောက်ခံစကားပြောတဲ့ ချန်နယ်နဲ့ ရုပ်သံဖိုင်တွေ ကြည့်တာမျိုး လုပ်သင့်ပါတယ်။
ဒါမှမဟုတ် အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေ ကြည့်ပါ။ လိုအပ်ရင်တော့ အောက်မှာ အင်္ဂလိပ်စာတန်းထိုးနဲ့လည်း ကြည့်လိုက်ပါ။
Myint Thu