Penny
Unicode Version
မိန်းကလေး လှတာလေးတွေတွေ့ရင် ကောင်လေးတွေ ကြိုက်တတ်ကြတာ မှန်ပေမယ့်လို့ တကယ်တမ်း ကောင်လေးတွေ ကြွေရတဲ့မိန်းကလေး ပုံစံလေးတွေလည်း ရှိနေ ပါသေး တယ်တဲ့ ။
(1) ယုံကြည်မှုရှိနေတဲ့မိန်းကလေး
စကားပြောလိုက်တိုင်း၊ လှုပ်ရှားသွား လာလိုက် တိုင်း ဘယ်လိုပုံ စံပဲဖြစ်ဖြစ် သူ့ကိုကြည့် လိုက် တာနဲ့ မိမိကိုယ်ကို မိမိ ယုံကြည်မှု အပြည့် ရှိနေတဲ့ မိန်းကလေး မျိုးဆိုရင်ရုပ်မလှလည်း၊ ခန္ဓာကိုယ်ပြီးပြည့် စုံမှုမရှိနေ ရင်လည်း ကြည့်လို့ ကိုကောင်းနေရော။ ဒီလို မိန်းကလေးမျိုး ကို ကောင်လေးတွေက အရမ်းကြွေတတ်ကြ ပါတယ်တဲ့ ။
(2) အတွေးအခေါ် ရင့်ကျက်တဲ့မိန်းကလေး
စကားပြောကြည့် လိုက်ရင် လူတစ်ယောက် ရဲ့အတွေးအခေါ် ဘယ်လိုရှိ တယ်ဆိုတာ သိနိုင် ပါတယ်။ ကောင်လေးတွေက အပြင်ပန်းမှာကလေးဆန်နေပေမယ့် အတွေးအခေါ်တော့ ရင့်ကျက်တဲ့ မိန်းကလေးကို သဘော ကျပါတယ်။
(3) အဝတ်အစားသေသပ်တဲ့မိန်းကလေး
တီရှပ်လေးနဲ့ ဘောင်းဘီ ရှည်လေး ပဲဝတ် ထားရင်တောင် သေသေ သပ်သပ်လေးဖြစ်နေ တာ မျိုးဆို စိုက်ကြည့် ရလောက်အောင် သဘော ကျကျ သတဲ့လေ ။
(4) ခေတ်မှီ တဲ့မိန်းကလေး
ဘယ်လိုအကြောင်း အရာမျိုး မဆို တီးမိခေါက် မိရှိတယ်၊ ပညာတတ်ပြီး သွက် သွက် လက်လက် ထက် ထက်မြက်မြက်ဖြစ်နေ တာမျိုးကိုအခုခေတ်ကောင်လေးတွေက ပို လိုလား တတ်ကြ ပါတယ်။
(5) အနေ အထိုင်သပ် ရပ်နေတဲ့မိန်းကလေး
ကပိုကရိုဖြစ် တယ်ဆိုတာ ချစ်ဖို့ကောင်းပေမယ့် အမြဲတမ်း မသေ မသပ်နဲ့ အနေအထိုင် စုတ်ပဲ့ တဲ့ကောင်လေး ဆိုရင်တော့
ဘယ်ကောင်လေးမှ သဘောကျ မှာမဟုတ် ပါဘူး ။
Penny
Credit: Original Writer