တစ္ဖက္သက္ အခ်စ္ဆိုတာက အရမ္း ခံစားရပါတယ္
ကိုယ့္ဆီကို မလာခ်င္တဲ့ လူတေယာက္ကို အတင္းဆြဲေခၚေနရတာ ပင္ပန္းပါတယ္။
မာန နဲ႔ အရွက္ သိကၡာေတြ ေအာက္က် ေနာက္က် ျဖစ္ၿပီး တြယ္ကပ္ေန ရတဲ့ ကိုယ့္ အျဖစ္ကိုယ္ တခါ တခါ ေတာ္ေတာ္လည္း ရွက္မိတယ္။
သူ႔ကို သိပ္ခ်စ္လြန္းလို႔ သူ႕အခ်စ္ကို ရဖို႔ ႀကိဳးစားေနရတာ။ သူ႔ဘက္ကေတာ့ အသိမွတ္ျပဳဖို႔ ေနေနသာသာ မသိခ်င္ေယာင္ေတာင္ ေဆာင္လို႔။
သူ႔ကို ခ်စ္ေနရတာ စိတ္ပင္ပန္း ရတယ္။သူ႔စိတ္က ကိုယ့္ဆီမွာမွ မရွိပဲ။ သူ႔ကို ကိုယ့္ဘက္က ဘယ္ေလာက္ ထိေတာင္ တစ္ဖက္သတ္ႀကီး ခ်စ္ေနလည္းကိုယ့္ရဲ႕ အခ်စ္က သူ႔အတြက္ေတာ့ ဝန္ထုပ္ဝန္ပိုး ျဖစ္ရံုထက္ ပိုမယ္ မထင္ဘူး။သူနဲ႔ အေဝးဆံုး အရပ္မွာပဲ က်န္ ေနခဲ႔ဖို႔ စဥ္းစား ပါတယ္။
ကိုယ့္အေပၚ စိတ္မရွိတဲ့ သူတစ္ေယာက္ အတြက္ အတင္းလုပ္ယူေနလည္း အရာမွ ထင္မွာ မဟုတ္တာ။
အေဝးက ခ်စ္ေန ရလည္း အခ်စ္ပဲ ဆိုတာ ကိုယ္ သိေနပါၿပီ။ (ဒီအတိုင္းေလး သူ႔ေဘးနားမွာ ရွိခ်င္ခဲ႔တာ ကိုယ့္ရဲ႕ ေလာဘပါ)
အရမ္းႀကီး ဖက္တြယ္ ထားတာေတြ၊ ေပးဆပ္ေန တာေတြ ရပ္ပစ္လိုက္ဖို႔ သင့္ၿပီလို႔ ထင္ပါတယ္။
ကိုယ္ပဲ နာက်င္ ရတယ္။ ကိုယ္ပဲ လ်စ္လ်ဴရွဳ ခံရတယ္။ နာက်င္ အခ်ိန္ပိုေတြ ကို ဆက္ျပီး မခံစားခ်င္ ေတာ့ဘူး။
ဒါေၾကာင့္ ဒီေန႔က စလို႔ မင္းအေကာင့္ ေလးကို Unfollow လုပ္ေပးလိုက္ ပါေတာ့မယ္။
သတိရတဲ့ အခါတိုင္း wall ထဲကို အရင္လို ခိုးေၾကာင္ခိုးဝွက္ လာခဲ့ပါ့မယ္။
ဒီအတိုင္းေလး ၾကည့္ၿပီး ဒီအတိုင္းေလးပဲ ျပန္သြားမွာပါ။
Block လိုက္ဖို႔ ဆိုတာႀကီး ကေတာ့ ခက္ခဲေသးတယ္။
မင္း သိဖို႔က …. ဟင့္အင္း မင္း မသိလည္း ရပါတယ္။ ကိုယ္မင္းကို ခ်စ္လြန္းလို႔ unfollow လုပ္ခဲ႔ တာပါ …။ ။
Credit: ခဲတံ
Unicode Version
တစ်ဖက်သက် အချစ်ဆိုတာက အရမ်း ခံစားရပါတယ်
ကိုယ့်ဆီကို မလာချင်တဲ့ လူတယောက်ကို အတင်းဆွဲခေါ်နေရတာ ပင်ပန်းပါတယ်။
မာန နဲ့ အရှက် သိက္ခာတွေ အောက်ကျ နောက်ကျ ဖြစ်ပြီး တွယ်ကပ်နေ ရတဲ့ ကိုယ့် အဖြစ်ကိုယ် တခါ တခါ တော်တော်လည်း ရှက်မိတယ်။
သူ့ကို သိပ်ချစ်လွန်းလို့ သူ့အချစ်ကို ရဖို့ ကြိုးစားနေရတာ။ သူ့ဘက်ကတော့ အသိမှတ်ပြုဖို့ နေနေသာသာ မသိချင်ယောင်တောင် ဆောင်လို့။
သူ့ကို ချစ်နေရတာ စိတ်ပင်ပန်း ရတယ်။သူ့စိတ်က ကိုယ့်ဆီမှာမှ မရှိပဲ။ သူ့ကို ကိုယ့်ဘက်က ဘယ်လောက် ထိတောင် တစ်ဖက်သတ်ကြီး ချစ်နေလည်းကိုယ့်ရဲ့ အချစ်က သူ့အတွက်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံထက် ပိုမယ် မထင်ဘူး။သူနဲ့ အဝေးဆုံး အရပ်မှာပဲ ကျန် နေခဲ့ဖို့ စဉ်းစား ပါတယ်။
ကိုယ့်အပေါ် စိတ်မရှိတဲ့ သူတစ်ယောက် အတွက် အတင်းလုပ်ယူနေလည်း အရာမှ ထင်မှာ မဟုတ်တာ။
အဝေးက ချစ်နေ ရလည်း အချစ်ပဲ ဆိုတာ ကိုယ် သိနေပါပြီ။ (ဒီအတိုင်းလေး သူ့ဘေးနားမှာ ရှိချင်ခဲ့တာ ကိုယ့်ရဲ့ လောဘပါ)
အရမ်းကြီး ဖက်တွယ် ထားတာတွေ၊ ပေးဆပ်နေ တာတွေ ရပ်ပစ်လိုက်ဖို့ သင့်ပြီလို့ ထင်ပါတယ်။
ကိုယ်ပဲ နာကျင် ရတယ်။ ကိုယ်ပဲ လျစ်လျူရှု ခံရတယ်။ နာကျင် အချိန်ပိုတွေ ကို ဆက်ပြီး မခံစားချင် တော့ဘူး။
ဒါကြောင့် ဒီနေ့က စလို့ မင်းအကောင့် လေးကို Unfollow လုပ်ပေးလိုက် ပါတော့မယ်။
သတိရတဲ့ အခါတိုင်း wall ထဲကို အရင်လို ခိုးကြောင်ခိုးဝှက် လာခဲ့ပါ့မယ်။
ဒီအတိုင်းလေး ကြည့်ပြီး ဒီအတိုင်းလေးပဲ ပြန်သွားမှာပါ။
Block လိုက်ဖို့ ဆိုတာကြီး ကတော့ ခက်ခဲသေးတယ်။
မင်း သိဖို့က …. ဟင့်အင်း မင်း မသိလည်း ရပါတယ်။ ကိုယ်မင်းကို ချစ်လွန်းလို့ unfollow လုပ်ခဲ့ တာပါ …။ ။
Credit: ခဲတံ