ပ်ိဳေမတို႔သိထားဖို႔ ဘဝမွာ အခ်စ္ထက္အေရးပါတဲ့ အရာ(၇)မ်ိဳး…
ေယာက္်ားေလးေတြ ဆိုတာ သူငယ္ခ်င္းပဲ ျဖစ္ေစ ခ်စ္သူပဲ ျဖစ္ေစ၊ မေကာင္းတာခ်ည္းပဲေတာ့ မဟုတ္ပါဘူး။ သင့္ကို တစ္ခါတစ္ရံ ေပ်ာ္႐ႊင္ေစႏိုင္သလိုအားကိုးရတဲ့ သူေတြလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕မိန္းကေလးေတြ ကေတာ့ သူတို႔ရဲ႕ ခ်စ္သူေကာင္ေလးေတြအေပၚမွာ အသည္းႏွလုံး တစ္ခုလုံးပုံအပ္မိ လိုက္လို႔ မ်က္ရည္နဲ႔ မ်က္ခြက္ျဖစ္ေနရတာေတြ ရွိပါတယ္ …။
အိမ္ေထာင္သည္ေတြကေတာ့ ႏွစ္ေယာက္ တစ္ဘဝ ထူေထာင္ထားလို႔ အပူဆိုတာ တန္သေလာက္ ရွိၾကေပမယ့္ လြတ္လပ္ေနေသးတဲ့ အမ်ိဳးသမီးေလးေတြကေတာ့ခ်စ္သူေယာက္်ားေတြ အတြက္ အပူသည္လို ျဖစ္မေနသင့္ဘူးလို႔ အႀကံေပးပါရေစ …။
ဒါေၾကာင့္ ဘဝမွာ ေယာက္်ားေတြ၊ အခ်စ္ေတြထက္ အေရးႀကီးတဲ့ အရာေတြ အေၾကာင္း ကို ေျပာျပေပးလိုက္ပါတယ္ေနာ္ ….။
(၁) ကိုယ့္ရဲ႕ ပစၥဳပၸန္
လက္ရွိပစၥဳပၸန္ဆိုတာ ကိုယ့္မွာ ရွိသမွ် အကုန္လို႔ေတာင္ ေျပာလို႔ရပါတယ္။ အနာဂတ္မွာ ဘာျဖစ္သြားႏိုင္မွန္း ဘယ္သူမွ မသိႏိုင္တာေၾကာင့္လက္ရွိအခ်ိန္မွာ ေပ်ာ္ေအာင္ ေနဖို႔က အေရးႀကီးဆုံးပါ။ သင့္ေဘးပတ္ဝန္းက်င္မွာ သင့္ကို ခ်စ္သူခင္သူေတြ ဆိုတာလည္း အမ်ားႀကီး ရွိလို႔ေနပါတယ္ …။
ျမင္ေနရသမွ် စိတ္႐ႊင္လန္းစရာ အေသးအဖြဲေလးေတြရယ္ကို သင္အာ႐ုံစိုက္ တန္ဖိုးထားေန သင့္ပါတယ္။ အခ်စ္အတြက္ရယ္ပဲ အာ႐ုံေတြ အကုန္ ပုံမထားသင့္ပါဘူး …။
(၂) ကိုယ့္မိသားစု
သင္မသိလို႔ပါ။ သင့္မိသားစုဝင္ေတြက သင့္ကို တစ္ေလာကလုံးထက္ ပိုခ်စ္ႏိုင္ၾကသူေတြပါ။ ေသြးက ေရထက္ ပ်စ္တယ္ေလေနာ္။ အနာဂတ္ဆိုတာ မေသခ်ာလို႔ေနာက္သူတို႔ မရွိေတာ့မွ ေနာင္တရ မေနရေအာင္ မိသားစုဝင္ေတြ ရွိေနတုန္း သူတို႔နဲ႔ အခိုက္အတန႔္တိုင္းကို တန္ဖိုးထားသင့္ပါတယ္ …။
(၃) အခ်စ္ရဆုံးသူငယ္ခ်င္းေတြ
သူငယ္ခ်င္းဆိုတာ ဘဝမွာ အေရးပါတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ တည္ရွိေနသူေတြပါ။ သင္လည္း သူတို႔ကို လိုအပ္သလို၊ သူတို႔လည္း သင့္ကို လိုအပ္ပါတယ္။
တစ္ခါတစ္ရံ သင့္ မိသားစုထက္ေတာင္ သူတို႔ သင့္အေၾကာင္းကို သိေနတတ္ပါေသးတယ္။ အဲ႔ဒါေၾကာင့္ အခ်စ္ကိုပဲ အာ႐ုံစိုက္မေနပါနဲ႔။ သူငယ္ခ်င္းေတြကိုလည္းသတိရသင့္ပါတယ္ေနာ္ …။
(၄) ကိုယ့္က်န္းမာေရး
က်န္းမာမွ ဘဝရဲ႕ စည္းစိမ္ေတြ ခံစားႏိုင္မွာေလ။ အစားေကာင္းေတြ စား၊ အားကစားေတြ ပုံမွန္လုပ္ရင္ ေခါင္းထဲမွာ စိတ္ညစ္စရာ ေတြးဖို႔အခ်ိန္ေတာင္ ရွိမွာ မဟုတ္ပါဘူး …။
ေယာက္်ားေလးေတြ အခ်စ္ေတြေၾကာင့္ ခံစားေနရမယ့္အစား ကိုယ့္က်န္းမာေရးအတြက္ အက်ိဳးရွိေအာင္ ဂ႐ုတစိုက္ ေနထိုင္လိုက္ရင္ အက်ိဳးပိုျပီး ရွိသြားမွာပါ …။
(၅) ကိုယ့္ကို ေပ်ာ္႐ႊင္ေစတဲ့ အရာေတြ
လူတိုင္းမွာ စိတ္ဝင္စားမႈ၊ ဝါသနာေတြ ရွိၾကပါတယ္။ အႏုပညာလား၊ အားကစားလား၊ အခ်က္အျပဳတ္လား၊ စာဖတ္စာေရးတာလား၊ ဂိမ္းလား။
ဘယ္ဝါသနာကိုမဆို တစိုက္မတ္မတ္ အာ႐ုံစိုက္ၿပီး ထူးခြၽန္ေအာင္ လုပ္ႏိုင္ရင္ မေပါက္ေျမာက္ဘူးဆိုတာ မရွိပါဘူး …။
ဒါေၾကာင့္ သင့္ကို ေပ်ာ္႐ႊင္ေစတဲ့ ဝါသနာေတြအတြက္လည္း အခ်ိန္ေပးပါ …။
(၆) ကိုယ့္ကိုယ္ကို သိဖို႔
တျခားလူနဲ႔ မတြဲခင္၊ တျခားလူက ကိုယ့္ကို ေပ်ာ္႐ႊင္ေစဖို႔ မေမွ်ာ္လင့္ခင္၊ ကိုယ့္စိတ္ကိုယ္ နားလည္းၿပီး ကိုယ့္ကိုယ္ကို စိတ္ခ်မ္းသာေအာင္ ေနတတ္ဖို႔က အေရးအႀကီးဆုံးပါပဲ …။
(၇) ကိုယ့္အနာဂတ္
သင့္ဘဝက ဘယ္ေလာက္ေတာင္ စိတ္လႈပ္ရွားဖို႔ ေကာင္းလဲဆိုတာ စဥ္းစားၾကည့္ဖူးလား။ သင္ႀကိဳးစားရင္ ႀကိဳးစားသေလာက္ အခြင့္အလမ္းေတြ ရွိေနတယ္။
တျခားႏိုင္ငံ၊ တျခားၿမိဳ႕ေတြမွာ သြားၿပီး ရွင္သန္ ေနထိုင္ႏိုင္ေသးပါတယ္ …။
ကိုယ္ပိုင္ လုပ္ငန္းေတြ လုပ္ဦးမလား။ ကိုယ့္ရည္မွန္းခ်က္ကို ဘယ္လိုျပည့္ေျမာက္ေအာင္ လုပ္ႏိုင္မလဲ ဆိုတာလည္း အာ႐ုံစိုက္ထား သင့္ပါတယ္ေနာ္ …။ ။
Credit Nell
Unicode Version
ပျိုမေတို့သိထားဖို့ ဘဝမှာ အချစ်ထက်အရေးပါတဲ့ အရာ(၇)မျိုး…
ယောက်ျားလေးတွေ ဆိုတာ သူငယ်ချင်းပဲ ဖြစ်စေ ချစ်သူပဲ ဖြစ်စေ၊ မကောင်းတာချည်းပဲတော့ မဟုတ်ပါဘူး။ သင့်ကို တစ်ခါတစ်ရံ ပျော်ရွှင်စေနိုင်သလိုအားကိုးရတဲ့ သူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့မိန်းကလေးတွေ ကတော့ သူတို့ရဲ့ ချစ်သူကောင်လေးတွေအပေါ်မှာ အသည်းနှလုံး တစ်ခုလုံးပုံအပ်မိ လိုက်လို့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရတာတွေ ရှိပါတယ် …။
အိမ်ထောင်သည်တွေကတော့ နှစ်ယောက် တစ်ဘဝ ထူထောင်ထားလို့ အပူဆိုတာ တန်သလောက် ရှိကြပေမယ့် လွတ်လပ်နေသေးတဲ့ အမျိုးသမီးလေးတွေကတော့ချစ်သူယောက်ျားတွေ အတွက် အပူသည်လို ဖြစ်မနေသင့်ဘူးလို့ အကြံပေးပါရစေ …။
ဒါကြောင့် ဘဝမှာ ယောက်ျားတွေ၊ အချစ်တွေထက် အရေးကြီးတဲ့ အရာတွေ အကြောင်း ကို ပြောပြပေးလိုက်ပါတယ်နော် ….။
(၁) ကိုယ့်ရဲ့ ပစ္စုပ္ပန်
လက်ရှိပစ္စုပ္ပန်ဆိုတာ ကိုယ့်မှာ ရှိသမျှ အကုန်လို့တောင် ပြောလို့ရပါတယ်။ အနာဂတ်မှာ ဘာဖြစ်သွားနိုင်မှန်း ဘယ်သူမှ မသိနိုင်တာကြောင့်လက်ရှိအချိန်မှာ ပျော်အောင် နေဖို့က အရေးကြီးဆုံးပါ။ သင့်ဘေးပတ်ဝန်းကျင်မှာ သင့်ကို ချစ်သူခင်သူတွေ ဆိုတာလည်း အများကြီး ရှိလို့နေပါတယ် …။
မြင်နေရသမျှ စိတ်ရွှင်လန်းစရာ အသေးအဖွဲလေးတွေရယ်ကို သင်အာရုံစိုက် တန်ဖိုးထားနေ သင့်ပါတယ်။ အချစ်အတွက်ရယ်ပဲ အာရုံတွေ အကုန် ပုံမထားသင့်ပါဘူး …။
(၂) ကိုယ့်မိသားစု
သင်မသိလို့ပါ။ သင့်မိသားစုဝင်တွေက သင့်ကို တစ်လောကလုံးထက် ပိုချစ်နိုင်ကြသူတွေပါ။ သွေးက ရေထက် ပျစ်တယ်လေနော်။ အနာဂတ်ဆိုတာ မသေချာလို့နောက်သူတို့ မရှိတော့မှ နောင်တရ မနေရအောင် မိသားစုဝင်တွေ ရှိနေတုန်း သူတို့နဲ့ အခိုက်အတန့်တိုင်းကို တန်ဖိုးထားသင့်ပါတယ် …။
(၃) အချစ်ရဆုံးသူငယ်ချင်းတွေ
သူငယ်ချင်းဆိုတာ ဘဝမှာ အရေးပါတဲ့ အကြောင်းပြချက်တွေနဲ့ တည်ရှိနေသူတွေပါ။ သင်လည်း သူတို့ကို လိုအပ်သလို၊ သူတို့လည်း သင့်ကို လိုအပ်ပါတယ်။
တစ်ခါတစ်ရံ သင့် မိသားစုထက်တောင် သူတို့ သင့်အကြောင်းကို သိနေတတ်ပါသေးတယ်။ အဲ့ဒါကြောင့် အချစ်ကိုပဲ အာရုံစိုက်မနေပါနဲ့။ သူငယ်ချင်းတွေကိုလည်းသတိရသင့်ပါတယ်နော် …။
(၄) ကိုယ့်ကျန်းမာရေး
ကျန်းမာမှ ဘဝရဲ့ စည်းစိမ်တွေ ခံစားနိုင်မှာလေ။ အစားကောင်းတွေ စား၊ အားကစားတွေ ပုံမှန်လုပ်ရင် ခေါင်းထဲမှာ စိတ်ညစ်စရာ တွေးဖို့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး …။
ယောက်ျားလေးတွေ အချစ်တွေကြောင့် ခံစားနေရမယ့်အစား ကိုယ့်ကျန်းမာရေးအတွက် အကျိုးရှိအောင် ဂရုတစိုက် နေထိုင်လိုက်ရင် အကျိုးပိုပြီး ရှိသွားမှာပါ …။
(၅) ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေ
လူတိုင်းမှာ စိတ်ဝင်စားမှု၊ ဝါသနာတွေ ရှိကြပါတယ်။ အနုပညာလား၊ အားကစားလား၊ အချက်အပြုတ်လား၊ စာဖတ်စာရေးတာလား၊ ဂိမ်းလား။
ဘယ်ဝါသနာကိုမဆို တစိုက်မတ်မတ် အာရုံစိုက်ပြီး ထူးချွန်အောင် လုပ်နိုင်ရင် မပေါက်မြောက်ဘူးဆိုတာ မရှိပါဘူး …။
ဒါကြောင့် သင့်ကို ပျော်ရွှင်စေတဲ့ ဝါသနာတွေအတွက်လည်း အချိန်ပေးပါ …။
(၆) ကိုယ့်ကိုယ်ကို သိဖို့
တခြားလူနဲ့ မတွဲခင်၊ တခြားလူက ကိုယ့်ကို ပျော်ရွှင်စေဖို့ မမျှော်လင့်ခင်၊ ကိုယ့်စိတ်ကိုယ် နားလည်းပြီး ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် နေတတ်ဖို့က အရေးအကြီးဆုံးပါပဲ …။
(၇) ကိုယ့်အနာဂတ်
သင့်ဘဝက ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလဲဆိုတာ စဉ်းစားကြည့်ဖူးလား။ သင်ကြိုးစားရင် ကြိုးစားသလောက် အခွင့်အလမ်းတွေ ရှိနေတယ်။
တခြားနိုင်ငံ၊ တခြားမြို့တွေမှာ သွားပြီး ရှင်သန် နေထိုင်နိုင်သေးပါတယ် …။
ကိုယ်ပိုင် လုပ်ငန်းတွေ လုပ်ဦးမလား။ ကိုယ့်ရည်မှန်းချက်ကို ဘယ်လိုပြည့်မြောက်အောင် လုပ်နိုင်မလဲ ဆိုတာလည်း အာရုံစိုက်ထား သင့်ပါတယ်နော် …။ ။
Credit Nell