ဗဟုသုတ

အနာဂတ် အတွက် ညီမလေးတွေ အချိန် ခဏလောက်ပေးပြီး ဖတ်စေချင်တယ် …












Credit_O.A.M.A.

unicode

အနာဂတ် အတွက် ညီမလေးတွေ အချိန် ခဏလောက်ပေးပြီး ဖတ်စေချင်တယ် …

မငိုပါနဲ့ညီမလေး…အရင်က…အရမ်းချစ်တယ်ဆို…

လက်ထပ်ပြီးလို့ကြာလာတဲ့အခါ သိပ်ချစ်ပါတယ်ဆိုတဲ့ သူတွေက ကိုယ့်အတွတ် ရန်သူဖြစ်လာတတ်တယ်…

ဘာကြောင့်လဲ…သိလား…ညီမလေး..?ရည်းစားစကား အပြောခံတုန်းကအပြောကောင်းတာကို…

အဲဒါပဲ…အချစ်စစ်လို့ မခံယူပါနဲ့ အကြီးကျယ် မှားသွားတတ်တယ်…

ညီမလေးမှာဦးနှောက် အမျှော်အမြင်တွေရှိတယ် မရခင်ထဲက သေချာစီစစ်ပီးမှ လက်ထပ်ပါ။

အစားမတော် တစ်လုတ် အသွားမတော် တစ်လမ်းဆိုတဲ့စကားက အလကား ရှိနေတာမဟုတ်ဖူးနော်…

အရွေးမှားခဲ့ရင် တစ်သက်လုံး ညီမလေး စိတ်ညစ်နေရလိမ့်မယ်။အချစ်ကို ယုံကြည်လို့ရတယ်…

အချစ်ဆိုတာကို ကိုးကွယ်လို့ မရဖူးလေ…တစ်ချို့က…အချစ်အတွက်နဲ့ ဘဝပါပျက်သွားတဲ့သူတွေ အများကြီးပဲ…

ဒူးနဲ့မျက်ရည်သုတ်ရတဲ့သူတွေ အများကြီးရှိတယ်…စဉ်းစားပါ…တွေးခေါ်ပါ…အညှာမလွယ်ပါနဲ့…ညီမလေး…

အနာဂတ်…ညီမလေးများသို့…

Credit_O.A.M.A.(syk)