ကျမ္မာရေး ဗဟုသုတ

အခုကစပြီး ရေသောက်တဲ့အခါ အတတ်နိုင်ဆုံး မတ်တတ်ရပ်မသောက်ပါနဲ့

ကျန်းမာရေးကောင်းဖို့အတွက် တစ်နေ့ကို ရေ(၈)ခွက်သောက်တာက ပြဿနာမဟုတ်ပါဘူး။ပြဿနာက ရေသောက်တဲ့အခါဘယ်လိုအနေအထားမျိုးနဲ့သောက်ဖြစ်နေလဲဆိုတာပါပဲ

အခုကစပြီး ရေသောက်တဲ့အခါ အတတ်နိုင်ဆုံး မတ်တတ်ရပ်မသောက်ပါနဲ့

လူတော်တော်များများဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိပ်ပြီး မသိရှိကြသလို သတိလည်း မထားမိတတ်ကြပါဘူး။သိပ္ပံနည်းကျ လေ့လာတွေ့ရှိ ချက်တွေအရရေသောက်တဲ့အခါမှာ မတ်တပ်ရပ် အနေအထားနဲ့ မသောက်သင့် ဘူးဆိုတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ ပါတယ်

၁။ အဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်မတ်တပ်ရပ် အနေအထားဖြင့် ရေသောက် တဲ့အလေ့အထဟာ ကြာလာတဲ့အခါမှာ အဆစ်ရောင်တဲ့ ဝေဒနာကို ခံစားလာရနိုင်ပါတယ်

မတ်တပ်ရပ်ပြီး ရေသောက်ခြင်းက ခန္ဓာကိုယ်အတွင်းရှိ အဆစ်အဆက်များဆီသို့ အရည်ဓာတ်စီးဆင်းမှုကို အနှောက်အယှက်ဖြစ်ရာမှတစ်ဆင့် အဆစ်ရောင်ရောဂါအတွက်အစလမ်းကြောင်းကိုဖြစ်စေပါတယ်

၂။ အစာခြေစနစ်ကို ထိခိုက်စေမတ် တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် ရေတွေဟာ အစာအိမ်နံရံတွေမှာ ပိုပြီး မြန်မြန် ဆန်ဆန် စီးဆင်းစေပါတယ်။ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့စီးဆင်းမှုဟာ အချိန်ကြာလာ တဲ့အခါမှာ အစာအိမ်နံရံကို ထိခိုက်စေကာ အစာခြေစနစ်ကို အနှောက်အ ယှက်ဖြစ်လာစေနိုင် ပါတယ်

၃။ ရေဆာနေမြဲဖြစ် မတ်တပ်ရပ်ပြီး ရေသောက်တဲ့အခါမှာ ရေဆာတဲ့ စိတ်က ပျောက်မ သွားပါဘူး။မကြာခဏ ရေထပ်ထပ်သောက်နေရပါတယ်။ဒါ့ကြောင့် ရေသောက်တဲ့အခါထိုင်ပြီးသောက်တာက ရေဆာမှုကို ပိုပြီးပြေလျော့စေပါတယ်။ အနားမှာရေဘူးထားပြီး ထိုင်သောက်တတ် တဲ့အကျင့်ကို မွေးမြူထားတာ အကောင်းဆုံးပါ

၎။ အစာမကြေခြင်း မကြာခဏဖြစ်စေနံပါတ် ၂ အချက်မှာ ပြောခဲ့သလိုပါပဲ

မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် အစာအိမ်နံရံကို ထိခိုက်စေကာ မကြာခဏ အစာမကြေခြင်းကိုဖြစ်စေမှာပါ။ ထိုင်ပြီးရေသောက်တဲ့အခါ သင့်ရဲ့ကြွက်သားတွေနဲ့အာရုံကြောတွေကို ပိုပြီး အနားရစေပြီး အစာမြန်မြန်ခြေဖို့ကို အာရုံကြောများက အထောက်အကူဖြစ်စေမှာပါ

၅။ ကျောက်ကပ်မှ ကောင်းစွာမစစ် ထုတ်နိုင်ခြင်းမတ်တပ်ရပ် အနေအထားဖြင့် ရေသောက်ခြင်းက ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေ ကို များစွာ အနှောက်အယှက်ဖြစ်စေပါတယ်။ဒီလိုသောက်တဲ့ အခါမှာ ကျောက်ကပ်မှ ကောင်းစွာစစ်ထုတ် မှုမပြုနိုင်တဲ့အတွက် အညစ်အကြေးတွေဟာ ကျောက်ကပ်နှင့် ဆီးအိမ်မှာ ကျန်ရှိနေနိုင်ပါတယ်။
ထိုမှတစ်ဆင့် ဆီးရောဂါဆိုင်ရာ ပြဿနာများကိုပါ ခံစားရစေနိုင်ပါတယ်

၆။ ခန္ဓာကိုယ်ရှိ acid level ကို မလျော့ကျစေပုံ မှန်ထိုင်ပြီး ရေသောက်တဲ့အခါမှာ ခန္ဓာကိုယ်အတွင်းရှိ Acid level ကို ပိုနှေးကွေးပြီး လျော့နည်းစေနိုင် ပါတယ်။
မတ်တပ်ရပ်သောက်တဲ့အခါမှာတော့ ဒီလုပ်ဆောင်ချက်က အထောက်အ ကူဖြစ်စေမှာ မဟုတ်ပါဘူး

၇။ အပူဖုနှင့် ရင်ပူရင်ကယ်ဖြစ်စေနိုင်ခြင်းမတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် အစာအိမ်နှင့် အစာပြွန်ကြား အဆက်နေရာကို အနှောက်အယှက်ဖြစ်စေနိုင်ကာအစာအိမ်အတွင်းရှိ အက်ဆစ် များနောက်ပြန် စီးဆင်းပြီး အစာပြွန်ကို ပူလောင်ခံစားစေရ ပါတယ်။ ထို့ကြောင့် ရင်ပူရင်ကယ်ဖြစ်ခြင်းနှင့် ခန္ဓာကိုယ် အပူဖုများဖြစ်ပေါ်
လာနိုင်ပါတယ်

အခုကစပြီး ရေသောက်တဲ့အခါ အတတ်နိုင်ဆုံး မတ်တတ်ရပ်မသောက်ပါနဲ့

၈။ အာရုံကြောများ ဖိစီးစေထိုင်ပြီးရေသောက် တဲ့အခါမှာ ကြွက်သားနှင့် အာရုံကြောတွေကို အနားရစေပါတယ်။ ဒီလိုမဟုတ်ဘဲ မတ်တပ်ရပ်သောက် တဲ့အခါအာရုံကြောတွေမှာ tension ပိပြီး ဖိအားများဖြစ်စေပါတယ်

ကဲ . ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ မတ်တပ်ရပ်ပြီး ရေသောက်နေတာမြင်ရင် ထိုင်ပြီး သောက်ဖို့ သတိပေးဦးနော်

Credit