ဘဝလက္တြဲေဖာ္မေ႐ြးခ်ယ္ခင္မွာ ေသခ်ာေလး အေလးအနက္ထား စဥ္းစားဖုိ႔ေတာ့ လိုအပ္ပါတယ္။ ဘဝမွာ အခ်စ္တစ္ခုတည္း ႐ွိ႐ံုနဲ႔ ဘဝႀကီးက ၿပီးျပည့္စံုသြားတာ မဟုတ္ပါဘူး။
ဒီေတာ့ ကိုယ့္ဘဝလက္တြဲေဖာ္ကို ေ႐ြးခ်ယ္ေတာ့မယ့္အခ်ိန္မွာ ထည့္သြင္းစဥ္းစားသင့္တဲ့ အခ်က္ေတြ အမ်ားႀကီး ႐ွိလုိ႔ေနပါတယ္။ ဒီေတာ့ ကိုယ့္ဘဝလက္တြဲေဖာ္အျဖစ္ဘယ္ေတာ့မွ မေ႐ြးခ်ယ္သင့္တဲ့ သူမ်ိဳးကို ေဖာ္ျပေပးလုိက္ပါတယ္။
(၁) ဦးေဆာင္ႏုိင္စြမ္း မ႐ွိတဲ့သူ
ကိုယ့္ဘဝရဲ႕ အိမ္ေထာင္ဦးစီးျဖစ္လာမယ့္ သူတစ္ေယာက္ဟာ ႐ွိသင့္႐ွိထုိက္တဲ့ အရည္အခ်င္းေတြနဲ႔ ဦးေဆာင္ႏုိင္စြမ္းေတြေတာ့ ႐ွိဖို႔လုိအပ္ပါတယ္။ဘဝကို အတူတူ
လက္တြဲသြားၾကတဲ့အခါ မိန္းမသားျဖစ္တဲ့ကုိယ္ကခ်ည္း ဦးေဆာင္ေနလုိ႔လည္း မျဖစ္ျပန္ပါဘူး။ ကိုယ့္ဘဝရဲ႕ ေန႔ရက္ေတြမွာ ကိုယ္ေ႐ွ႕ကေန မားမားမတ္မတ္ရပ္တည္ေပးမယ့္ ဦးေဆာင္ႏုိင္စြမ္း႐ွိတဲ့ သူကသာ ကိုယ့္ရဲ႕ လက္တြဲေဖာ္ျဖစ္သင့္ပါတယ္။
(၂) အျမဲတမ္း လိမ္ညာတတ္တဲ့ သူ
လူေတြက အလိမ္အညာစကားေတြနဲ႔ သိပ္ေတာ့မကင္းတတ္ၾကပါဘူး။ မလိမ္မျဖစ္္လုိ႔ လိမ္လုိက္ရတဲ့ ကိစၥရပ္ေတြ၊ တစ္ခါတစ္္ေလ လိမ္ညာမႈေလးေတြအတြက္အျပစ္လုိ႔ ေျပာလုိ႔ မရပါဘူး။ဒါေပမယ့္ အျမဲတမ္း အလိမ္အညာစကားေတြနဲ႔ ျပည့္ႏွက္ေနတဲ့သူကိုေတာ့ ကိုယ့္ဘဝထဲကုိ ေခၚမလာသင့္ပါဘူး။
အျမဲတမ္း လိမ္ညာေနတတ္တဲ့သူဟာ ထပ္ကာထပ္ကာ လိမ္ညာေနအံုးမွာပါ။ လိမ္ညာမႈက ယံုၾကည္မႈကို ပ်က္ျပားေစတတ္ပါတယ္။
ကိုယ့္တစ္ဘဝလံုး လက္တြဲသြားရမယ့္သူဟာ ယံုၾကည္သင့္တဲ့ သူမ်ိဳးပဲ ျဖစ္သင့္ပါတယ္။
(၃) သစၥာမ႐ွိတဲ့ သူ
မိန္းကေလးေတြ အမုန္္းဆံုး လုပ္ရပ္က သစၥာမဲဲ့ျခင္းပါ။ တစ္ျခားအရာေတြကိုေတာင္ ခြင့္လႊတ္ႏုိင္ေကာင္း ခြင့္လႊတ္ႏုိင္ပါလိမ့္မယ္။ ဒါေပမယ့္သူတုိ႔အေပၚသစၥာေဖာက္တတ္တဲ့သူကိုေတာ့ ကမၻာမေက် မုန္းတီးတတ္ၾကသူေတြပါ။ဒီလုိ သစၥာမ႐ွိတဲ့ သူမ်ိဳးကို ခြင့္လႊတ္ၿပီး ဘဝလက္တြဲေဖာ္အျဖစ္ မေ႐ြးခ်ယ္သင့္ပါဘူး။
တစ္ခါျခံခုန္ဖူးတဲ့ သူက ေနာက္တစ္ခါလည္း ျခံေဖာက္ဖုိ႔ ဝန္မေလးတတ္လုိ႔ပါပဲ။
(၄) လက္ေၾကာမတင္းတဲ့သူ
တစ္ခ်ိဳ႕ေတြက ဘာခ်ိဳ႕ယြင္းခ်က္မွ ႐ွိမေနတဲ့ ေယာက်ာ္းသားႀကီးျဖစ္ေနေပမယ့္ လက္ေၾကာမတင္းပဲ ဘဝကို ေမ်ာလုိက္ေနတတ္ၾကပါတယ္။
အဆုိး၊ အေကာင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဘဝႀကီးကို ဒီလုိလူနဲ႔လက္တြဲသြားရင္ေတာ့ ဒုကၡဆိုတာကို တကူးတက လုိက္႐ွာေန တာနဲ႔ အတူတူပါပဲ။
ဒီလုိ လက္ေၾကာမတင္းတဲ့ ကိုယ့္ဘဝကို အာမခံ မေပးႏုိင္တဲ့ သူမ်ိဳးကို လက္တြဲေဖာ္ အျဖစ္ လံုးဝမေ႐ြးခ်ယ္သင့္ပါဘူး။
Khin
Credit
unicode
ဘဝလက်တွဲဖော်မရွေးချယ်ခင်မှာ သေချာလေး အလေးအနက်ထား စဉ်းစားဖို့တော့ လိုအပ်ပါတယ်။ ဘဝမှာ အချစ်တစ်ခုတည်း ရှိရုံနဲ့ ဘဝကြီးက ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ့်ဘဝလက်တွဲဖော်ကို ရွေးချယ်တော့မယ့်အချိန်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ အများကြီး ရှိလို့နေပါတယ်။ ဒီတော့ ကိုယ့်ဘဝလက်တွဲဖော်အဖြစ်ဘယ်တော့မှ မရွေးချယ်သင့်တဲ့ သူမျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဦးဆောင်နိုင်စွမ်း မရှိတဲ့သူ
ကိုယ့်ဘဝရဲ့ အိမ်ထောင်ဦးစီးဖြစ်လာမယ့် သူတစ်ယောက်ဟာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ဦးဆောင်နိုင်စွမ်းတွေတော့ ရှိဖို့လိုအပ်ပါတယ်။ဘဝကို အတူတူ
လက်တွဲသွားကြတဲ့အခါ မိန်းမသားဖြစ်တဲ့ကိုယ်ကချည်း ဦးဆောင်နေလို့လည်း မဖြစ်ပြန်ပါဘူး။ ကိုယ့်ဘဝရဲ့ နေ့ရက်တွေမှာ ကိုယ်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးမယ့် ဦးဆောင်နိုင်စွမ်းရှိတဲ့ သူကသာ ကိုယ့်ရဲ့ လက်တွဲဖော်ဖြစ်သင့်ပါတယ်။
(၂) အမြဲတမ်း လိမ်ညာတတ်တဲ့ သူ
လူတွေက အလိမ်အညာစကားတွေနဲ့ သိပ်တော့မကင်းတတ်ကြပါဘူး။ မလိမ်မဖြစ််လို့ လိမ်လိုက်ရတဲ့ ကိစ္စရပ်တွေ၊ တစ်ခါတစ််လေ လိမ်ညာမှုလေးတွေအတွက်အပြစ်လို့ ပြောလို့ မရပါဘူး။ဒါပေမယ့် အမြဲတမ်း အလိမ်အညာစကားတွေနဲ့ ပြည့်နှက်နေတဲ့သူကိုတော့ ကိုယ့်ဘဝထဲကို ခေါ်မလာသင့်ပါဘူး။
အမြဲတမ်း လိမ်ညာနေတတ်တဲ့သူဟာ ထပ်ကာထပ်ကာ လိမ်ညာနေအုံးမှာပါ။ လိမ်ညာမှုက ယုံကြည်မှုကို ပျက်ပြားစေတတ်ပါတယ်။
ကိုယ့်တစ်ဘဝလုံး လက်တွဲသွားရမယ့်သူဟာ ယုံကြည်သင့်တဲ့ သူမျိုးပဲ ဖြစ်သင့်ပါတယ်။
(၃) သစ္စာမရှိတဲ့ သူ
မိန်းကလေးတွေ အမုန််းဆုံး လုပ်ရပ်က သစ္စာမဲဲ့ခြင်းပါ။ တစ်ခြားအရာတွေကိုတောင် ခွင့်လွှတ်နိုင်ကောင်း ခွင့်လွှတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်သူတို့အပေါ်သစ္စာဖောက်တတ်တဲ့သူကိုတော့ ကမ္ဘာမကျေ မုန်းတီးတတ်ကြသူတွေပါ။ဒီလို သစ္စာမရှိတဲ့ သူမျိုးကို ခွင့်လွှတ်ပြီး ဘဝလက်တွဲဖော်အဖြစ် မရွေးချယ်သင့်ပါဘူး။
တစ်ခါခြံခုန်ဖူးတဲ့ သူက နောက်တစ်ခါလည်း ခြံဖောက်ဖို့ ဝန်မလေးတတ်လို့ပါပဲ။
(၄) လက်ကြောမတင်းတဲ့သူ
တစ်ချို့တွေက ဘာချို့ယွင်းချက်မှ ရှိမနေတဲ့ ယောကျာ်းသားကြီးဖြစ်နေပေမယ့် လက်ကြောမတင်းပဲ ဘဝကို မျောလိုက်နေတတ်ကြပါတယ်။
အဆိုး၊ အကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကြီးကို ဒီလိုလူနဲ့လက်တွဲသွားရင်တော့ ဒုက္ခဆိုတာကို တကူးတက လိုက်ရှာနေ တာနဲ့ အတူတူပါပဲ။
ဒီလို လက်ကြောမတင်းတဲ့ ကိုယ့်ဘဝကို အာမခံ မပေးနိုင်တဲ့ သူမျိုးကို လက်တွဲဖော် အဖြစ် လုံးဝမရွေးချယ်သင့်ပါဘူး။
Khin
Credit