“ ၂၀၂၁ ရဲ႕ အေတာ္ဆုံး အမ်ိဳးသမီးမ်ားတြင္ ေဒၚေအာင္ဆန္းစုၾကည္ အေ႐ြးခ်ယ္ခံရ ”
မတ္လ (၈) ရက္ေန႔မွာ က်ေရာက္မယ့္ ႏိုင္ငံတကာအမ်ိဳးသမီးမ်ားေန႔ကို ဂုဏ္ျပဳေသာအားျဖင့္
၂၀၂၁ ခုႏွစ္အတြက္ အေတာ္ဆုံး အမ်ိဳးသမီးမ်ားစာရင္းကို Bangkok Post မွ ထုတ္ျပန္ခဲ့ေၾကာင္း သိရပါတယ္။
က႑စုံမွ အမ်ိဳးသမီးမ်ား ပါဝင္ၿပီး ႏိုင္ငံေရးေခါင္းေဆာင္မ်ား က႑ေအာက္မွာ ျမန္မာ၊ နယူးဇီလန္၊ ထိုင္ဝမ္
အမ်ိဳးသမီးေခါင္းေဆာင္ ၃ ဦးကို ေ႐ြးခ်ယ္ထားတာျဖစ္ၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ
ျမန္မာႏိုင္ငံတြင္ ဒီမိုကေရစီႏွင့္ ၿငိမ္းခ်မ္းေသာႏိုင္ငံေရးစနစ္ ရရွိေရးဦးေဆာင္အားေပးႏိုင္ခဲ့တဲ့အတြက္ အခုလို အေ႐ြးခ်ယ္ခံရျခင္းျဖစ္ပါတယ္။
မတ္လ (၈) ရက္ေန႔မွာ က်ေရာက္မယ့္ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔အတြက္Women of The Year ဆု ေပးတဲ့ထဲမွာ
ႏိုင္ငံေခါင္းေဆာင္ ဆိုတဲ့ က႑က ဇကာတင္ စာရင္းမွာ အေမစုက နံပါတ္တစ္ ေျပးေနတဲ့ သတင္းကို ၾကားရေတာ့ အရမ္းပဲ
ဝမ္းသာဂုဏ္ယူမိပါတယ္။အေမစုနဲ႔ ပတ္သက္လို႔ စိတ္ထဲစြဲေနတဲ့ အခ်က္ေလးတစ္ခုရွိတယ္။
အဲဒါကေတာ့ Interview တစ္ခုမွာ သူ႔ကို Interviewer က ႏိုင္ငံျခားက မိသားစုဆီျပန္သြားလို႔ရရဲ႕သားနဲ႔
ဘာလို႔မ်ား ဒီမွာအက်ယ္ခ်ဳပ္နဲ႔ ႏွစ္ေပါင္းမ်ားစြာေနၿပီးဘာေၾကာင့္ ဒီေလာက္ထိ စြန႔္လႊတ္အနစ္နာခံတာလဲလို႔
ေမးတဲ့အခါမွာ သူက အနစ္နာခံတယ္လို႔ မသုံးႏႈန္းခ်င္ပါဘူး။ ကြၽန္မ ေ႐ြးခ်ယ္မႈ လုပ္ခဲ့တာပါတဲ့။
အဲ့စကားေလးရင္ထဲအၿမဲမွတ္မိေနတယ္။ ဟုတ္ပါတယ္ သူမက ဒီအသက္အ႐ြယ္ေရာက္တဲ့အထိ
သူမကိုယ္တိုင္နဲ႔ ျပည္သူလူထုဆိုရင္ ျပည္သူလူထုအတြက္ကိုပဲ သူမ အၿမဲတမ္း ေ႐ြးခ်ယ္ခဲ့တာပါ။
ျပည္သူေတြကလည္း အေမစုကို ရင္ထဲ ႏွလုံးသားထဲကေန အၿမဲတမ္းေ႐ြးခ်ယ္ေနဖို႔ အေရးႀကီးပါတယ္။
ဂုဏ္ယူပါတယ္ အေမစု။ အေမ အျမန္ဆုံး ျပည္သူကို မိန႔္ခြန္းျျပန္ေျပာႏိုင္ပါေစ။႕
Unicode
“ ၂၀၂၁ ရဲ့ အတော်ဆုံး အမျိုးသမီးများတွင် ဒေါ်အောင်ဆန်းစုကြည် အရွေးချယ်ခံရ ”
မတ်လ (၈) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့်
၂၀၂၁ ခုနှစ်အတွက် အတော်ဆုံး အမျိုးသမီးများစာရင်းကို Bangkok Post မှ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
ကဏ္ဍစုံမှ အမျိုးသမီးများ ပါဝင်ပြီး နိုင်ငံရေးခေါင်းဆောင်များ ကဏ္ဍအောက်မှာ မြန်မာ၊ နယူးဇီလန်၊ ထိုင်ဝမ်
အမျိုးသမီးခေါင်းဆောင် ၃ ဦးကို ရွေးချယ်ထားတာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းသောနိုင်ငံရေးစနစ် ရရှိရေးဦးဆောင်အားပေးနိုင်ခဲ့တဲ့အတွက် အခုလို အရွေးချယ်ခံရခြင်းဖြစ်ပါတယ်။
မတ်လ (၈) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့အတွက်Women of The Year ဆု ပေးတဲ့ထဲမှာ
နိုင်ငံခေါင်းဆောင် ဆိုတဲ့ ကဏ္ဍက ဇကာတင် စာရင်းမှာ အမေစုက နံပါတ်တစ် ပြေးနေတဲ့ သတင်းကို ကြားရတော့ အရမ်းပဲ
ဝမ်းသာဂုဏ်ယူမိပါတယ်။အမေစုနဲ့ ပတ်သက်လို့ စိတ်ထဲစွဲနေတဲ့ အချက်လေးတစ်ခုရှိတယ်။
အဲဒါကတော့ Interview တစ်ခုမှာ သူ့ကို Interviewer က နိုင်ငံခြားက မိသားစုဆီပြန်သွားလို့ရရဲ့သားနဲ့
ဘာလို့များ ဒီမှာအကျယ်ချုပ်နဲ့ နှစ်ပေါင်းများစွာနေပြီးဘာကြောင့် ဒီလောက်ထိ စွန့်လွှတ်အနစ်နာခံတာလဲလို့
မေးတဲ့အခါမှာ သူက အနစ်နာခံတယ်လို့ မသုံးနှုန်းချင်ပါဘူး။ ကျွန်မ ရွေးချယ်မှု လုပ်ခဲ့တာပါတဲ့။
အဲ့စကားလေးရင်ထဲအမြဲမှတ်မိနေတယ်။ ဟုတ်ပါတယ် သူမက ဒီအသက်အရွယ်ရောက်တဲ့အထိ
သူမကိုယ်တိုင်နဲ့ ပြည်သူလူထုဆိုရင် ပြည်သူလူထုအတွက်ကိုပဲ သူမ အမြဲတမ်း ရွေးချယ်ခဲ့တာပါ။
ပြည်သူတွေကလည်း အမေစုကို ရင်ထဲ နှလုံးသားထဲကနေ အမြဲတမ်းရွေးချယ်နေဖို့ အရေးကြီးပါတယ်။
ဂုဏ်ယူပါတယ် အမေစု။ အမေ အမြန်ဆုံး ပြည်သူကို မိန့်ခွန်းြပြန်ပြောနိုင်ပါစေ။