ဗဟုသုတ

သန္းႂကြယ္သူေဌးျဖစ္ဖို႔ ဒီအဆင့္(6)ဆင့္ပဲ လိုပါတယ္

ဘယ္သူမဆို ေငြေၾကးအပူအပင္ကင္းေအာင္ ခ်မ္းသာႂကြယ္ဝမႈကို လိုလားေတာင့္တေလ့ရွိပါတယ္။ ဒါေပမယ့္ ဒီလိုခ်မ္းသာႂကြယ္ဝလာဖို႔က လူအမ်ားစုအတြက္ အိပ္မက္တစ္ခုသာျဖစ္ၿပီး လက္ေတြ႕ျဖစ္မလာၾကပါဘူး။ ဘာေၾကာင့္ျဖစ္မလဲ။

ခ်မ္းသာႂကြယ္ဝခ်င္ေပမယ့္ လက္ေတြ႕ျဖစ္မလာရတဲ့အေၾကာင္းရင္း ျဖစ္ေအာင္လုပ္မယ္ဆိုတဲ့ စိတ္ဓာတ္မရွိလို႔ပါပဲ။ လူအမ်ားစုက လက္ရွိအေျခအေနမွာ မေပ်ာ္ၾကေပမယ့္ သက္ေတာင့္သက္သာရွိေနတာကို အသားက်ေနတတ္ၾကပါတယ္။ ဒီလို သက္ေတာင့္သက္သာျဖစ္ေနတာကိုက တိုးတက္ေအာင္ျမင္မႈရဲ့ ရန္သူျဖစ္ပါတယ္။

သင့္အေနနဲ႔ လက္ရွိအေျခအေနထက္ ႀကီးပြားတိုးတက္ခ်င္တယ္ဆိုရင္ အရာအားလုံးအသားက်ၿပီးသား သက္ေတာင့္သက္သာအေျခအေနကေန ႐ုန္းထြက္ၿပီး မွန္ကန္တဲ့စိတ္ဓာတ္နဲ႔ ႀကိဳးစားအားထုတ္ဖို႔ လိုပါတယ္။

သန္းႂကြယ္သူေဌးတစ္ေယာက္လိုခ်င္သာခ်င္ရင္ သန္းႂကြယ္သူေဌးစိတ္ဓာတ္ရွိဖို႔ လိုပါတယ္။ သန္းႂကြယ္သူေဌးစိတ္ဓာတ္ကို ေမြးျမဴနိုင္ဖို႔အတြက္ ရိုးရွင္းလြယ္ကူတဲ့ အဆင့္ (၆)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ဘာလိုခ်င္လဲဆိုတာ အာ႐ုံစိုက္ၿပီး ရေအာင္ယူပါ။

ဘဝမွာ လိုခ်င္တာ ဘာလဲဆိုတာ ေသခ်ာစဥ္းစားဆုံးျဖတ္ပါ။ ခ်မ္းသာႂကြယ္ဝမႈကို လိုခ်င္တာလား၊ ေအာင္ျမင္မႈကို လိုခ်င္တာလား၊ ႏွစ္ခုစလုံးလား ဘာပဲျဖစ္ျဖစ္ သင္လိုခ်င္တာကို ေသခ်ာအာ႐ုံစိုက္ၿပီး ရယူပိုင္ဆိုင္နိုင္ဖို႔ ဆုံးျဖတ္ပါ။ သင့္အေနနဲ႔ လိုခ်င္တာတစ္ခုခုရွိရင္ “ငါ လုပ္နိုင္တယ္၊ ငါ တကယ္လုပ္နိုင္တယ္” လို႔ေတြးပါ။ “မျဖစ္နိုင္ဘူး၊ မလုပ္နိုင္ဘူး”လို႔ မေတြးပါနဲ႔။

၂။ ရည္မွန္းခ်က္ကို ဦးစားေပးပါ

တိက်ေသခ်ာတဲ့ ရည္မွန္းခ်က္မရွိရင္ ဘာကိုမွ စြမ္းေဆာင္ေအာင္ျမင္နိုင္မွာ မဟုတ္ပါဘူး။ ဒီအတိုင္းေနရင္ေတာ့ ထီေပါက္မွပဲ ခ်မ္းသာလာနိုင္ပါလိမ့္မယ္။ ရည္မွန္းခ်က္ခ်မွတ္ထားမယ္ဆိုရင္ တခ်ိန္မဟုတ္တစ္ခ်ိန္မွာ လက္ေတြ႕ ပိုင္ဆိုင္ရယူနိုင္မွာပါ။ ျမန္ျမန္ခ်မ္းသာလာဖို႔ မလုပ္ပါနဲ႔။ ျဖည္းျဖည္းမွန္မွန္ ခ်မ္းသာလာဖို႔ အာ႐ုံစိုက္ပါ။ ခ်မ္းသာခ်င္ရင္ မျဖစ္မေနလုပ္ရမွာက ေငြစုဖို႔ပါ။ တစ္ႏွစ္ကို ဘယ္ေလာက္စုမယ္ဆိုတာ ရည္မွန္းခ်က္ခ်မွတ္ၿပီး စုေဆာင္းပါ။

၃။ ေငြကို ရင္းႏွီးျမဳပ္ႏွံပါ၊ မျဖဳန္းပါနဲ႔

ေငြကို စုေဆာင္းရတဲ့ အေၾကာင္းရင္းက ဒီအဆင့္အတြက္ျဖစ္ပါတယ္။ သန္းႂကြယ္သူေဌးေတြဟာ ေငြနဲ႔ပတ္သက္လာရင္ စိစစ္ေခၽြတာၾကသူေတြျဖစ္ပါတယ္။ သူတို႔ဟာ ေငြေၾကးကို ရင္းႏွီးျမဳပ္ႏွံျခင္းရဲ့ တန္ဖိုးကို ေကာင္းေကာင္းသိၾကတာေၾကာင့္ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ေငြကို သုံးဖို႔ထက္ ရင္းႏွီးျမဳပ္ႏွံဖို႔ကို ပိုစိတ္အားထက္သန္ၾကပါတယ္။ ေငြေၾကးအတြက္ အလုပ္မလုပ္ပါနဲ႔။ သင္ပိုင္တဲ့ေငြကို အလုပ္လုပ္ခိုင္းပါ။ iPhone အသစ္တစ္လုံးဝယ္မယ့္အစား ဒီေငြကို ရင္းၿပီး တိုးပြားေအာင္လုပ္နိုင္မယ့္ နည္းလမ္းကို ရွာပါ။ ဒါမွမဟုတ္ သင့္ရဲ့ အရည္အခ်င္းေတြ တိုးတက္လာေအာင္ ေလ့လာသင္ယူဖို႔ သုံးပါ။

၄။ စဥ္ဆက္မျပတ္ေလ့လာသင္ယူပါ

သင့္ကိုယ္သင္ ရင္းႏွီးျမဳပ္ႏွံျခင္းဟာ အေကာင္းဆုံး ရင္းႏွီးျမဳပ္ႏွံျခင္းျဖစ္ပါတယ္။ ကိုယ္ပိုင္အရည္အခ်င္းေတြ တိုးတက္လာေအာင္ ေလ့လာသင္ယူျခင္းက ဘယ္ေတာ့မွ ေပ်ာက္ပ်က္မသြားနိုင္တဲ့ ရတနာသိုက္တစ္ခုကို တည္ေဆာက္ေနသလိုပါပဲ။ ေအာင္ျမင္သူေတြအားလုံးက စဥ္ဆက္မျပတ္ေလ့လာသင္ယူၿပီး အလိုက္သင့္ တိုးတက္ေျပာင္းလဲေနၾကပါတယ္။ စီးပြားေရးအေၾကာင္း ေလ့လာပါ။ အရည္အခ်င္းအသစ္ေတြ ေလ့လာသင္ယူပါ။ အခြင့္အလမ္းေတြ ေတြ႕လာပါလိမ့္မယ္။

၅။ ႀကီးႀကီးေတြးပါ။

အႀကီးႀကီးေတြးပါ။ အျမင့္ဆုံးအထိ ေမၽွာ္မွန္းထားပါ။ ဒီလိုလုပ္တာ ရွက္စရာမဟုတ္ပါဘူး။ ၾကယ္ေတြေလာက္အထိ ရည္ရြယ္ထားမွ အဆင္မေျပရင္ေတာင္ လကမၻာေလာက္အထိ ေရာက္နိုင္မွာပါ။

၆။ အာ႐ုံစိုက္ခံရေအာင္ ႀကိဳးစားပါ

ေအာင္ျမင္ခ်င္တယ္ဆိုရင္ သင့္ကိုယ္သင္ လူေတြအာ႐ုံစိုက္ခံရေအာင္ ႀကိဳးစားဖို႔ လိုပါတယ္။ သင့္နာမည္နဲ႔ အလုပ္အကိုင္ကို ထုတ္ေျပာဖို႔ မရွက္ပါနဲ႔။ လုပ္ငန္းတစ္ခုလုပ္ေနတယ္ဆိုရင္ သင့္လုပ္ငန္းကို လူေတြစိတ္ဝင္စားလာေအာင္ လုပ္ပါ။ ဒီလို စိတ္ဝင္စားမႈေတြကတဆင့္ အခြင့္အလမ္းနဲ႔ ပိုက္ဆံေတြရလာနိုင္တယ္ဆိုတာ သတိရပါ။

Credit-Original Writer

Unicode

ဘယ်သူမဆို ငွေကြေးအပူအပင်ကင်းအောင် ချမ်းသာကြွယ်ဝမှုကို လိုလားတောင့်တလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုချမ်းသာကြွယ်ဝလာဖို့က လူအများစုအတွက် အိပ်မက်တစ်ခုသာဖြစ်ပြီး လက်တွေ့ဖြစ်မလာကြပါဘူး။ ဘာကြောင့်ဖြစ်မလဲ။

ချမ်းသာကြွယ်ဝချင်ပေမယ့် လက်တွေ့ဖြစ်မလာရတဲ့အကြောင်းရင်း ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မရှိလို့ပါပဲ။ လူအများစုက လက်ရှိအခြေအနေမှာ မပျော်ကြပေမယ့် သက်တောင့်သက်သာရှိနေတာကို အသားကျနေတတ်ကြပါတယ်။ ဒီလို သက်တောင့်သက်သာဖြစ်နေတာကိုက တိုးတက်အောင်မြင်မှုရဲ့ ရန်သူဖြစ်ပါတယ်။

သင့်အနေနဲ့ လက်ရှိအခြေအနေထက် ကြီးပွားတိုးတက်ချင်တယ်ဆိုရင် အရာအားလုံးအသားကျပြီးသား သက်တောင့်သက်သာအခြေအနေကနေ ရုန်းထွက်ပြီး မှန်ကန်တဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်ဖို့ လိုပါတယ်။

သန်းကြွယ်သူဌေးတစ်ယောက်လိုချင်သာချင်ရင် သန်းကြွယ်သူဌေးစိတ်ဓာတ်ရှိဖို့ လိုပါတယ်။ သန်းကြွယ်သူဌေးစိတ်ဓာတ်ကို မွေးမြူနိုင်ဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ အဆင့် (၆)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ဘာလိုချင်လဲဆိုတာ အာရုံစိုက်ပြီး ရအောင်ယူပါ။

ဘဝမှာ လိုချင်တာ ဘာလဲဆိုတာ သေချာစဉ်းစားဆုံးဖြတ်ပါ။ ချမ်းသာကြွယ်ဝမှုကို လိုချင်တာလား၊ အောင်မြင်မှုကို လိုချင်တာလား၊ နှစ်ခုစလုံးလား ဘာပဲဖြစ်ဖြစ် သင်လိုချင်တာကို သေချာအာရုံစိုက်ပြီး ရယူပိုင်ဆိုင်နိုင်ဖို့ ဆုံးဖြတ်ပါ။ သင့်အနေနဲ့ လိုချင်တာတစ်ခုခုရှိရင် “ငါ လုပ်နိုင်တယ်၊ ငါ တကယ်လုပ်နိုင်တယ်” လို့တွေးပါ။ “မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူး”လို့ မတွေးပါနဲ့။

၂။ ရည်မှန်းချက်ကို ဦးစားပေးပါ

တိကျသေချာတဲ့ ရည်မှန်းချက်မရှိရင် ဘာကိုမှ စွမ်းဆောင်အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတိုင်းနေရင်တော့ ထီပေါက်မှပဲ ချမ်းသာလာနိုင်ပါလိမ့်မယ်။ ရည်မှန်းချက်ချမှတ်ထားမယ်ဆိုရင် တချိန်မဟုတ်တစ်ချိန်မှာ လက်တွေ့ ပိုင်ဆိုင်ရယူနိုင်မှာပါ။ မြန်မြန်ချမ်းသာလာဖို့ မလုပ်ပါနဲ့။ ဖြည်းဖြည်းမှန်မှန် ချမ်းသာလာဖို့ အာရုံစိုက်ပါ။ ချမ်းသာချင်ရင် မဖြစ်မနေလုပ်ရမှာက ငွေစုဖို့ပါ။ တစ်နှစ်ကို ဘယ်လောက်စုမယ်ဆိုတာ ရည်မှန်းချက်ချမှတ်ပြီး စုဆောင်းပါ။

၃။ ငွေကို ရင်းနှီးမြုပ်နှံပါ၊ မဖြုန်းပါနဲ့

ငွေကို စုဆောင်းရတဲ့ အကြောင်းရင်းက ဒီအဆင့်အတွက်ဖြစ်ပါတယ်။ သန်းကြွယ်သူဌေးတွေဟာ ငွေနဲ့ပတ်သက်လာရင် စိစစ်ချွေတာကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ ငွေကြေးကို ရင်းနှီးမြုပ်နှံခြင်းရဲ့ တန်ဖိုးကို ကောင်းကောင်းသိကြတာကြောင့်ဖြစ်ပါတယ်။

ဒါ့ကြောင့် ငွေကို သုံးဖို့ထက် ရင်းနှီးမြုပ်နှံဖို့ကို ပိုစိတ်အားထက်သန်ကြပါတယ်။ ငွေကြေးအတွက် အလုပ်မလုပ်ပါနဲ့။ သင်ပိုင်တဲ့ငွေကို အလုပ်လုပ်ခိုင်းပါ။ iPhone အသစ်တစ်လုံးဝယ်မယ့်အစား ဒီငွေကို ရင်းပြီး တိုးပွားအောင်လုပ်နိုင်မယ့် နည်းလမ်းကို ရှာပါ။ ဒါမှမဟုတ် သင့်ရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် လေ့လာသင်ယူဖို့ သုံးပါ။

၄။ စဉ်ဆက်မပြတ်လေ့လာသင်ယူပါ

သင့်ကိုယ်သင် ရင်းနှီးမြုပ်နှံခြင်းဟာ အကောင်းဆုံး ရင်းနှီးမြုပ်နှံခြင်းဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းတွေ တိုးတက်လာအောင် လေ့လာသင်ယူခြင်းက ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်တဲ့ ရတနာသိုက်တစ်ခုကို တည်ဆောက်နေသလိုပါပဲ။ အောင်မြင်သူတွေအားလုံးက စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး အလိုက်သင့် တိုးတက်ပြောင်းလဲနေကြပါတယ်။ စီးပွားရေးအကြောင်း လေ့လာပါ။ အရည်အချင်းအသစ်တွေ လေ့လာသင်ယူပါ။ အခွင့်အလမ်းတွေ တွေ့လာပါလိမ့်မယ်။

၅။ ကြီးကြီးတွေးပါ။

အကြီးကြီးတွေးပါ။ အမြင့်ဆုံးအထိ မျှော်မှန်းထားပါ။ ဒီလိုလုပ်တာ ရှက်စရာမဟုတ်ပါဘူး။ ကြယ်တွေလောက်အထိ ရည်ရွယ်ထားမှ အဆင်မပြေရင်တောင် လကမ္ဘာလောက်အထိ ရောက်နိုင်မှာပါ။

၆။ အာရုံစိုက်ခံရအောင် ကြိုးစားပါ

အောင်မြင်ချင်တယ်ဆိုရင် သင့်ကိုယ်သင် လူတွေအာရုံစိုက်ခံရအောင် ကြိုးစားဖို့ လိုပါတယ်။ သင့်နာမည်နဲ့ အလုပ်အကိုင်ကို ထုတ်ပြောဖို့ မရှက်ပါနဲ့။ လုပ်ငန်းတစ်ခုလုပ်နေတယ်ဆိုရင် သင့်လုပ်ငန်းကို လူတွေစိတ်ဝင်စားလာအောင် လုပ်ပါ။ ဒီလို စိတ်ဝင်စားမှုတွေကတဆင့် အခွင့်အလမ်းနဲ့ ပိုက်ဆံတွေရလာနိုင်တယ်ဆိုတာ သတိရပါ။

Credit-Original Writer