“ ယေန႔ညမွစျပီး အင္တာနက္ျဖတ္ခ်ိန္မ်ား ျပန္လည္ေျပာင္းလွဲ လိုက္ျပန္ပါျပီ ”
အင္တာနက္ျဖတ္ေတာက္တာကို လုံးဝဆန္႔က်င္ပါတယ္။ ယခင္က ရခိုင္ျပည္နယ္မွာ ျဖတ္ေတာက္တုန္းကလည္း ေန႔စဥ္ရက္ဆက္ဆိုသလို လူမူကြန္ရက္ေတြမွာ ဆန္႔က်င္ေၾကာင္း ေရးသားခဲ့ဖူးပါတယ္။ (အဲ့အတြက္လည္း မိမိကိုယ္ကို လိပ္ျပာလုံပါတယ္)
ေအာက္မွာ အဲ့အခ်ိန္တုန္းက ေရးသားခဲ့တဲ့ပို့စ္ကို မူရင္းအတိုင္း ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ မူရင္းပို့စ္လင့္ခ္ကို ေကာမန္႔မွာ ခ်ထားေပးပါမယ္။ဇြန္လ ၂၁ ရက္ေန႔ကတည္းက ရခိုင္ျပည္နယ္ၿမိဳ့နယ္အခ်ိဳမွာ အင္တာနက္ပိတ္ပင္ထားခဲ့တာ ဒီေန႔အခ်ိန္ထိဘဲ ျဖစ္ပါတယ္။
ဒီၾကားထဲ အခ်ိဳ့ၿမိဳ့နယ္ေတြမွာ ျပန္ဖြင့္ေပးခဲ့တယ္ဆိုေပမယ့္ အခ်ိဳကေနရာေတြမွာေတာ့ ပိတ္ပင္ထားဆဲဘဲ ျဖစ္ပါတယ္။ ဥပမာ – ေျမာက္ဦး
ဒီပုံကို ေျမာက္ဦးကဟိုတယ္မွာ ရိုက္ထားတာျဖစ္ပါတယ္။ တစ္ေနကုန္ အင္တာနက္မရဘဲ ညမွဟိုတယ္မွာ သုံးရလို့ ဝမ္းသာအားရသုံးေနတာကို မိတ္ေဆြတစ္ေယာက္က ရိုက္ထားတဲ့ပုံပါ။ေျပာခ်င္တာက ကၽြန္ေတာ္က ခဏတျဖဳတ္အလုပ္နဲ႔လာတာမို့ ဟိုတယ္မွာတည္းၿပီး အဲ့က wifi သုံးခြင့္ရေနတာပါ။ တကယ္တမ္း ျပည္သူေတြက ဘာဖုန္း ဘာအင္တာနက္မွ သုံးလို့မရပါဘူး။\
သာယာနာေရးကေန ပါစင္နယ္အေရးထိအကုန္ အင္တာနက္ကေန ဆက္သြယ္ေနၾကတဲ့ေခတ္မွာ အင္တာနက္ျဖတ္ေတာက္ခံရတယ္ဆိုတာ ေတာ္ေတာ္ရင္နာဖို့ ေကာင္းပါတယ္။\
အဲ့လို အင္တာနက္ပိတ္ထားတာကို ေမေမခ်စ္သားသမီးေတြ၊ အဘေထာက္ခံအားေပးသူေတြကေတာ့ ဝမ္းသာအားရနဲ႔ ေထာက္ခံေနတာကို ေတြ႕ရေတာ့လည္း တရားက်မိရပါတယ္။\
သုံးေနတဲ့ အင္တာနက္လိုင္းေႏွးသြားရင္ေတာင္ ေအာ္ပေရတာကို သြားဆဲဆိုတဲ့သူေတြ၊ သူတပါးရသင့္ရထိုက္တဲ့ အခြင့္အေရးပိတ္ပင္ေနတဲ့အခါမ်ိဳးက်ေတာ့ ဝမ္းသားအားရနဲ႔ ျဖစ္ေနၾကျပန္ပါတယ္။\
စိတ္မေကာင္းစရာပါဘဲ။ အရာအားလုံး အျမန္အဆင္ေျပသြားေစဖို့ ေမၽွာ္လင့္ရပါတယ္။ရြာသားလည္း သူပုန္၊ သူပုန္လည္း ရြာသားဆိုသူေတြဟာ ေအာင္လန္အာန္ဆန္းက်ေတာ့ တို့ျမန္မာအားကစားသမားတဲ့ေလ။ ေရွ႕ႏွစ္ရက္က ၁ – ၆:၃၀ ျဖတ္တယ္၊ အခုေတာ့ ၁ – ၉ ျပန္ျဖတ္ပါမယ္တဲ့
unicode
“ ယနေ့ညမှစပြီး အင်တာနက်ဖြတ်ချိန်များ ပြန်လည်ပြောင်းလှဲ လိုက်ပြန်ပါပြီ ”
အင်တာနက်ဖြတ်တောက်တာကို လုံးဝဆန့်ကျင်ပါတယ်။ ယခင်က ရခိုင်ပြည်နယ်မှာ ဖြတ်တောက်တုန်းကလည်း နေ့စဉ်ရက်ဆက်ဆိုသလို လူမူကွန်ရက်တွေမှာ ဆန့်ကျင်ကြောင်း ရေးသားခဲ့ဖူးပါတယ်။ (အဲ့အတွက်လည်း မိမိကိုယ်ကို လိပ်ပြာလုံပါတယ်)
အောက်မှာ အဲ့အချိန်တုန်းက ရေးသားခဲ့တဲ့ပို့စ်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါတယ်။ မူရင်းပို့စ်လင့်ခ်ကို ကောမန့်မှာ ချထားပေးပါမယ်။ဇွန်လ ၂၁ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်မြို့နယ်အချိုမှာ အင်တာနက်ပိတ်ပင်ထားခဲ့တာ ဒီနေ့အချိန်ထိဘဲ ဖြစ်ပါတယ်
ဒီကြားထဲ အချို့မြို့နယ်တွေမှာ ပြန်ဖွင့်ပေးခဲ့တယ်ဆိုပေမယ့် အချိုကနေရာတွေမှာတော့ ပိတ်ပင်ထားဆဲဘဲ ဖြစ်ပါတယ်။ ဥပမာ – မြောက်ဦး
ဒီပုံကို မြောက်ဦးကဟိုတယ်မှာ ရိုက်ထားတာဖြစ်ပါတယ်။ တစ်နေကုန် အင်တာနက်မရဘဲ ညမှဟိုတယ်မှာ သုံးရလို့ ဝမ်းသာအားရသုံးနေတာကို မိတ်ဆွေတစ်ယောက်က ရိုက်ထားတဲ့ပုံပါ။ပြောချင်တာက ကျွန်တော်က ခဏတဖြုတ်အလုပ်နဲ့လာတာမို့ ဟိုတယ်မှာတည်းပြီး အဲ့က wifi သုံးခွင့်ရနေတာပါ။ တကယ်တမ်း ပြည်သူတွေက ဘာဖုန်း ဘာအင်တာနက်မှ သုံးလို့မရပါဘူး
သာယာနာရေးကနေ ပါစင်နယ်အရေးထိအကုန် အင်တာနက်ကနေ ဆက်သွယ်နေကြတဲ့ခေတ်မှာ အင်တာနက်ဖြတ်တောက်ခံရတယ်ဆိုတာ တော်တော်ရင်နာဖို့ ကောင်းပါတယ်
အဲ့လို အင်တာနက်ပိတ်ထားတာကို မေမေချစ်သားသမီးတွေ၊ အဘထောက်ခံအားပေးသူတွေကတော့ ဝမ်းသာအားရနဲ့ ထောက်ခံနေတာကို တွေ့ရတော့လည်း တရားကျမိရပါတယ်
သုံးနေတဲ့ အင်တာနက်လိုင်းနှေးသွားရင်တောင် အော်ပရေတာကို သွားဆဲဆိုတဲ့သူတွေ၊ သူတပါးရသင့်ရထိုက်တဲ့ အခွင့်အရေးပိတ်ပင်နေတဲ့အခါမျိုးကျတော့ ဝမ်းသားအားရနဲ့ ဖြစ်နေကြပြန်ပါတယ်
စိတ်မကောင်းစရာပါဘဲ။ အရာအားလုံး အမြန်အဆင်ပြေသွားစေဖို့ မျှော်လင့်ရပါတယ်။ရွာသားလည်း သူပုန်၊ သူပုန်လည်း ရွာသားဆိုသူတွေဟာ အောင်လန်အာန်ဆန်းကျတော့ တို့မြန်မာအားကစားသမားတဲ့လေ။ ရှေ့နှစ်ရက်က ၁ – ၆:၃၀ ဖြတ်တယ်၊ အခုတော့ ၁ – ၉ ပြန်ဖြတ်ပါမယ်တဲ့