ၾကားသိရသမွ်

သာသနာပြုမင်းပေါ်မည့်အချိန်နှင့် ပျောက်ဆုံး သွားသော သဲအင်းဂူ ဆရာတော် ဘုရားကြီး ၏ နဂါးပလ္လင် ပြန်ပေါ်လာ မည့်အချိန်

သာသနာပြုမင်းပေါ်မည့်အချိန်နှင့် ပျောက်ဆုံး သွားသော သဲအင်းဂူ ဆရာတော် ဘုရားကြီး ၏ နဂါးပလ္လင် ပြန်ပေါ်လာ မည့်အချိန်သဲအင်းဂူ ဆရာတော်ကို လူတို့သာမက နဂါးမင်း များကပါ ကြည်ညို ကြလေသည်

ထိုကြောင့်လဲ ဆရာတော် အတွက် ပလ္လင်ပြုလုပ်ရန် အတွက်ကိုအထူးကောင်း မွန်လှသော သစ်ကနက်ပင် များဖြင့် နဂါးပလ္လင် ပြုလုပ်ရန် လူတို့အား အိမ်မက်ပေးကာနေရာပြ လေသည်။ ဆရာတော်တွက် ပလ္လင် ပြုလုပ် ပြီး၍

တရား ဟောသော အခါ နဂါးများလည်း လာရောက်နာကြားလေသည်။ ၁၉၇၃ ခုနှစ် ဆရာတော် ခန္ဓာဝန်ချ သွားသည့်အခါ နဂါးပလ္လင်လည်း ထူးဆန်းစွာပျောက်ဆုံး သွားသည်

ထိုနဂါး ပလ္လင်ကြီးသည် ဆရာတော်ကို ကြည်ညိုသော နဂါးမင်းများမှ မိုးကြီးလေကြီး ချစေကာ လူသူမရှိသော အချိန် ပင့်ဆောင် သွားလေသည်။ ဆရာ တော်၏ တပည့်ဒကာများက အပူတပြင်း လိုက်ရှာ ကြသော်လည်း မတွေ့ရ တော့ပေ

(မှတ်ချက် ။ သဲအင်းဂူ ဆရာတော် ရှိစဉ်အခါက ဆရာတော် နဂါးပလ္လင်ထက်၌ တရားဟောနေစဉ် တရွီရွီနှင့် မြွေသံများ ကြားရသဖြင့် သစ်တောဝန်က နောက်နေ့မနက်တွင်မေးလျောက် လေသဖြင့် မိန့်ကြားလေသည်

ဒကာကြီး မနေ့ညက နဂါးတွေလည်း လူတို့ မမြင်အပ်သော နေရာတို့တွင် တရား လာနာလို့ ကြားရခြင်းသာ ဖြစ်တယ်။
ထိုနောက် ဆရာတော်က နဂါးမင်း၏ သဒ္ဒါကြောင့် နဂါးပလ္လင်ကြီး ဖြစ်လာသော အကြောင်းများနဲ့ ဆရာတော်ကြီး မရှိတော့သော အချိန်တွင် သူ၏ပလ္လင်အား နဂါးများမှ ပင့်ဆောင် သွားကြမည့် အကြောင်း ကိုလည်း မိန့်ကြားခဲ့သည်

ထိုအပြင် ဆရာတော်၏ ပလ္လင်က နောက် တစ်ခေါက် ပြန်ပေါ်လာဦးမည့် အကြောင်းနှင့်
ထိုတစ်ခေါက် ပြန်ပေါ်ပြီးသော် အပြီးတိုင် ပျောက်ကွယ် သွားမည့်အကြောင်းကို ဆရာတော်က ခန္ဓာဝန်ချဖို့ တစ်လအလိုတွင် သစ်တောဝန်အာ မိန့်ကြားခဲ့ လေသည်

ဤ အကြောင်း ကိုလည်း သစ်တောဝန်က မဟာဝိဇ္ဇာကျမ်းတွင် ထည့်သွင်ကား ပြုစုခဲ့သည်။ သစ် တောဝန်ကလဲ ၁၉၉၅ တွင် ကွယ်လွန်လေသည်

ရဟန္တာ ပုဂ္ဂိုလ်တို့၏ မိန့်ကြားသော အရာတိုင်းက လဲ မလွဲဧကန် သာရှိသည်။ သဲအင်းဂူ ဆရာတော် သည် သူ၏ နဂါးပလ္လင် တဖန်ပြန်လည် ထွက်ပေါ် လာမည့် အချိန်ကိုသစ်တောဝန်အား ဤကဲ့သို့ မိန့်ကြားခဲ့လေသည်

သာသနာနှစ် ၂၆၀၀ ပြည့်ခါနီးရင် မြန်မာပြည်မှာ သာသနာပြု မင်း ပေါ်လိမ့်မယ်။ အဲဒီမင်းနှင့်အတူ အလွန်
ဘုန်းကြီးလှသောရဟန္တာ ဆရာတော် တစ်ပါးလည်း ပေါ်လာမယ်

အဲဒီမင်းရဲ့ခေတ်မှာ ဗုဒ္ဓသာသနာဟာ အရမ်ထွန်း ကားသလို အဲဒီဆရာ တော်ဟာလဲ လူနတ် နဂါးတို့က အလွန် ကြည်ညို ကြမယ်။ နဂါးတွေကလည်း ကြည်ညိုလွန်း အားကြီးလို့ ဆရာတော်ရဲ့ နဂါးပလ္လင်ကို ပြန်ပူဇော် ကြလိမ့်မယ်။ ပူဇော်မယ့် အချိန်မှာ မိုးကြီးလေကြီး ချပြီးတော့ အဲဒီ ဆ ရာတော် ကျောင်းရှေ့မှာ အသင့်ရောက်နေမယ်

သာသနာပြု မင်းရဲ့ဘုန်းကံ ဆရာတော်ရဲ့ဘုန်းကံကြောင့် နတ်တွေ နဂါးတွေသာ မက ဝိဇ္ဇာလောက က ပုဂ္ဂိုလ်တွေပါ မြတ်ဗုဒ္ဓရဲ့ သာသနာတော်တွက် အစွမ်းကုန် ဝိုင်းမ ကြလိမ့်မယ်။ သာသနာပွဲ ဝင်ရောက်နွဲ ကြလိမ့်မယ်

သာသနာပြု မင်းအတွက်ရိုးမသစ်တော များထဲမှ ထုံးကဲ့သို့ ဖြူစင်သော ဆင်ဖြူတော် ခုနှစ်စီးပေါ် ထွက်လာမယ်။ ထိုမင်းခေတ်မှာ ပညာတတ် လူတော် လူစွမ်းကောင်တွေ ကျောက်သံ ပတ္တမြားတွေ အများကြီးထွက်လာမယ်

သာသနာပြုမင်း ကွယ်လွန်သော် ပြည်သူများက ဆင်ဖြူ ခုနှစ်စီးနှင့် တင်ဆောင်ကာ သဂြိုလ်ကြ လိမ့်မယ်။သာသနာပြုမင်း ကွယ်လွန်ပြီး နောက်တစ်နှစ်မှာ ရဟန္တာ ဆရာတော် လည်း နဂါးပလ္လင် ထက်မှာ ပရိနိဗ္ဗာန်ပြုလိမ့်မယ်။ ထိုအ ချိန်မှာ မိုးကြီးလေကြီး သွန်းချကာ နဂါးများကနဂါးပလ္လင်ကို အပြီးတိုင် ပြန်ပင့် ဆောင်သွားကြလိမ့်မယ်

ပြန်မပေါ် လာတော့ပါ။ သို့သော်လည်း ဗုဒ္ဓသာသနာက ဆက်လက် ထွန်းကားနေ မည်ဖြစ်ပြီး သာသနာပြုမင်း၏ သားတော် တစ်ပါးမှ အဖေ၏ တာဝန်အား ဆက်လက် ထမ်းဆောင်

လိမ့်မည်။ ယခုသာသနာနှစ် ၂၅၆၄ – ၂၆၀၀ = (၃၆ နှစ် အတွင်း) သာသနာပြုမင်း၊ အလွန်ဘုန်းဘကြီးတဲ့ ရဟန္တာဆရာတော် နဂါးပလ္လင်တော် ဆင်ဖြူ တော် ခုနှစ်စီး