US တပ် မလာဘူးဆိုလို့ တချို့က စိတ်ညစ်သွားတယ် ဘာညာနဲ့ ဖြစ်ကုန်တော့ အရှိကို အရှိတိုင်း မြင်အောင်တော့ ပြောပြချင်လို့ ဒီစာကို ရေးပါတယ်။ ဘာကောင်မှတော့ မဟုတ်ပါဘူး။ ကိုယ်ဉာဏ်မီသလောက်ပေါ့လေ။
Revolution စလုပ်ပြီဆိုကတည်းက အဓိက စိတ်ထဲမှာ ပြင်ဆင်ထားရမှာ (၃) ခုရှိတယ်။
(၁) မင်းလောင်း မမျှော်ပါနဲ့။
(၂) ကယ်တင်ရှင် မမျှော်ပါနဲ့။
(၃) ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပါ။
နံပါတ် (၁) အဆင့်ကို ပြည်သူတွေ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တယ်။ မင်းလောင်း မရှာခဲ့ဘူး။ စစ်တပ်အာဏာစသိမ်းတဲ့ နေ့ကတည်းကစလို့ Collective Leadership ပုံစံနဲ့ နယ်ပယ်အသီးသီးမှာ လှုပ်ရှားမှု ပုံစံ အသီးသီး လုပ်ဆောင်ခဲ့ကြတယ်။ ကိုမင်းကိုနိုင်တို့လို လမ်းပြနိုင်သူ တချို့ရဲ့ လမ်းပြဦးဆောင်မှုကို ခံယူတာက လွဲလို့ ဒီတိုက်ပွဲပြီးရင် ဘယ်သူကတော့ဖြင့် မင်းဖြစ်သင့်တယ်လို့ မင်းလောင်းရွေးတာ ရှိမနေခဲ့ဘူး။
ဒီ တချက်နဲ့ တင် ပြည်သူတွေဟာ တော်တော်လေး ရင့်ကျက်လာပြီ ဖြစ်တယ်လို့ သုံးသပ်နိုင်တယ်။ အခုအချိန်ထိ ဒီပုံစံနဲ့ CDM တွေ၊ Protest တွေကို ထိန်းထားနိုင်တဲ့အတွက် အောင်မြင်မှု လမ်းကြောင်းမှန်ပေါ်မှာ အတိုင်းအတာတခုထိ ရောက်နေပြီလို့ ပြောနိုင်ပါတယ်။
နံပါတ် (၂) အဆင့်မှာတော့ ကျော်လွှားနိုင်သူရော၊ မကျော်လွှားနိုင်သူပါ (၄)မျိုး(၄)စား တွေ့ရတယ်။
ပထမတမျိုးက အိမ်ထဲမှာနေ ဘုရားပဲရှိခိုးနေပြီး အမေရိကန်လာကယ်ပါစေ ဆုတောင်းနေတဲ့ သက်ကြီးပိုင်းအုပ်စု ရှိတယ်။ သူတို့ကိုလည်း အပြစ်မပြောသာပါဘူး။ သူတို့ အရွယ်အရ သိပ်မစွမ်းတော့လို့ ကယ်တင်ရှင် မျှော်တာ ယုတ္တိရှိပါတယ်။ ဒီအမျိုးအစားထဲမှာ ငယ်ငယ်ရွယ်ရွယ် သန်သန်မာမာကြီးနဲ့ Keyboard fighter တောင် မလုပ်ရဲဘဲ ကယ်တင်ရှင်မျှော်နေတဲ့ ငပျင်းငကြောက်တချို့လည်း ပါတယ်။
ဒုတိယတမျိုးကျတော့ US/ UN လာကယ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့သူတွေလည်း ရှိတယ်။ သူတို့ကျတော့ အခုလို US တပ်က မလာဘူးဘာညာ သတင်းထွက်တော့ စိတ်ဓာတ်ကျတာ ဖြစ်ကြတာပေါ့။
တတိယ တမျိုးကျတော့ US/ UN လာလာမလာလာ ကိုယ်လုပ်စရာရှိတာ လုပ်မယ် ပြည်တွင်းအင်အားပိုအားကိုးတယ်၊ လာရင်လည်း ပိုကောင်းမယ်ဆိုပြီး မျှော်လင့်ချက်လေး နည်းနည်းပဲ ထားတယ်။ အခုလို သတင်းထွက်လည်း အဲ့လူတွေက သိပ် shock မဖြစ်သွားပါဘူး။ လုပ်စရာရှိတာ ဆက်လုပ်မှာပါပဲ။
စတုတ္တတမျိုးကတော့ အနောက်အုပ်စုကို လုံးဝမမျှော်၊ ဖိရင်ကြွ ထိရင်ချ လူထုသာ အဓိက ဆိုတဲ့ အုပ်စုပေါ့။ leftist ideology ကို ပိုအားသန်တဲ့ အုပ်စုလို့ ဆိုရင်လည်း သိပ်မမှားဘူးပေါ့။
အဲ့တော့ အခု ဒီ နံပါတ်(၂) အဆင့်မှာ တချို့ ကျော်နိုင်တယ် တချို့ မကျော်နိုင်ဘူး။ ဒါပေမယ့် အရေးတော်ပုံ တကယ် အောင်ချင်ရင် ဒီအဆင့်ကို ကျော်နိုင်မှ ရပါမယ်။ ကယ်တင်ရှင်ကို zero-setting ထား၊ လုံးဝ မမျှော်ဘဲ သွားတာ အကောင်းဆုံးပါ။
အခုကယ်တင်ရှင်မျှော်သူတွေက ဘာဖြစ်နေလဲ ဆိုတော့ UN ကယ်ပါ၊ US ကယ်ပါ၊ လူမျိုးစုလက်နက်ကိုင်တွေ ကယ်ပါ၊ နောက်ဆုံး တချို့တွေ နေရွှေသွေးအောင် post တွေမှာ ဘကြီးရွှေ နားချပေးပါ၊ ပြည်သူဘက်က ရပ်တည်ပေးပါတို့ သွားပြောတာတွေက ရှိသေးတယ်။ အပေါ်သုံးမျိုးအော်တာကို နားလည်ပေးလို့ရပေမယ့် ဘကြီးရွှေကယ်ပါ သမားတွေကတော့ တကယ် ပုစွန်ဦးနှောက်လို့ပဲ ပြောချင်ပါတယ်။
အပေါ်သုံးခုလည်း အရမ်းကောင်းလှတယ်တော့ မဟုတ်ပါဘူး။ UN က လာရင်တောင် Process များလို့ အချိန်ကြာပါတယ်။ ဒါဆို US ရော? US ကို ကယ်ပါ ဆိုတော့ US နိုင်ငံသားတွေက ပြန်ပြောတာပေါ့၊ ငါတို့ရဲ့ တန်ဖိုးရှိတဲ့ စစ်သားတွေကို မင်းတို့ လွတ်မြောက်ဖို့ အသေခံခိုင်းချင်တာလားပေါ့။ အဲ့လိုဆိုတော့ ပြည်မက လူတွေ အခု ခံစားနေရတာ အတွက် ကူရာကယ်ရာ မရှိတော့ဘူးလားပေါ့။
ဒီနေရာမှာ ကျနော် ဘာလို့ ကူရာ ကယ်ရာလို့ သုံးလဲ။ (၂)ပိုင်းခွဲပြောချင်လို့ပါ။ ကျနော်တို့မှာ ကယ်ရာ (ကယ်တင်ရှင်) မရှိပါ၊ သို့သော် ကူရာ (ကူညီမယ့်သူ) တွေ ရှိပါတယ်။ ဘယ်သူတွေက ကူမှာလဲဆိုရင် အပေါ်က ပြောခဲ့တဲ့ အင်အားစု အားလုံးက ပါပဲ။
UN ကူညီနေပါတယ်။ Strong Condemnation တွေ လုပ်တယ်။ Human Right Violations တွေအတွက် စုံစမ်းစစ်ဆေးဖို့ အထူးအကြံပေး အဖွဲ့တွေ ဖွဲ့တယ်။ အထူးသံတမန် စေလွှတ်တယ်။ မြန်မာ သံအမတ်ကြီးကို အသိအမှတ်ပြုပေးတယ်။ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘူး။ ဒါတွေဟာ သံတမန်နည်းအရ ကုလရဲ့ အကူအညီပေးမှုတွေပါပဲ။
US ဘာတွေ ကူညီလဲ၊ Targeted Sanctions ချတယ် (ပြည်သူကို မထိပါ)။ လက်နက်ရောင်းချခွင့် ပိတ်တယ်။ CRPH နဲ့ NLD အစိုးရကိုသာ အသိအမှတ်ပြုကြောင်း ကြေညာတယ်။ စစ်ကောင်စီကို သူ့မဟာမိတ်နိုင်ငံတွေနဲ့အတူ ပူးပေါင်းရှုတ်ချတယ်။ အသိအမှတ်မပြုဘူး။ စစ်ကောင်စီရဲ့ နောက်ကကြိုးကိုင်သူ တရုတ်ကို တောင်တရုတ်ပင်လယ်မှာ မလှုပ်နိုင်အောင် လည်မျိုနင်းထားတယ်။ ဝီဂါအရေးဟာ Genocide မြောက်ကြောင်းကြေညာပြီး အုပ်ကြီးရှီကို ချီတုပ်လိုက်တယ်။ ဒါတွေဟာ US ရဲ့ ကူညီမှုတွေပါပဲ။
လူမျိုးစု လက်နက်ကိုင်တွေထဲမှာဆိုရင် KNU ဟာ လူထု ဆန္ဒပြပွဲတွေမှာ လူထုကို တတ်နိုင်သမျှ ကာကွယ်ပေးတယ်။ တခါတရံ စစ်တပ်က နယ်ကျွံလာရင် အရင်ကဆို ဆက်ဆံရေးရုံးတွေ အကြောင်းကြား ခြောက်လှန့်ပစ်ခတ်တာလောက်ပဲ လုပ်ပေမယ့် အခုဆို နည်းနည်း ကျွံရင် ကျွံသလို အပျောက်ဆော်နေတာ သိမှာပါ။
KIA ကတော့ ပြည်မကလူတွေနဲ့ ဘဝတူပါပဲ။ မြစ်ဆုံပြန်စနိုင်ရေးနဲ့ တရုတ်မြန်မာနယ်စပ်လမ်းကြောင်း ရှင်းလင်းနိုင်ရေးအတွက် အသည်းအသန် ထိုးစစ်ဆင်တာ ခံနေရတယ်။ တလှေတည်း မစီးချင်ရင်တောင် စီးမိရက်သား ဖြစ်အောင် ဖက်ဆစ်တပ်က တွန်းပို့နေတယ်။ ဒီရက်ပိုင်း KIA တွယ်ထည့်လိုက်လို့ စစ်ခွေးတွေကျသွားတာတွေ သတင်းဖတ်မိမှာပါ။
ဒါတွေဟာ လူမျိုးစုလက်နက်ကိုင်တွေဘက်က တတ်နိုင်သမျှ ကူညီပေးနေခြင်းပါ။ လူမျိုးစု လက်နက်ကိုင်တွေ ပေါင်းပြီး နေပြည်တော် တက်သိမ်းဖို့တော့ မမျှော်ပါနဲ့။ ခုနက ပြောသလိုပါပဲ။ သူတို့လည်း မကယ်နိုင်ပါဘူး။ ကူရုံပဲ ရပါတယ်။
ဆိုတော့ကာ အခု US က မြန်မာတွေကို ပေးချင်တဲ့ message က တတိယအဆင့်ဖြစ်တဲ့ ကိုယ့်အားကိုယ် ကိုးပြီး ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပါဆိုတာပါပဲ။ US တပ် မဝင်လာဘူးဆိုတာနဲ့ စိတ်ဓာတ်ကျမယ်ဆိုရင် ခင်ဗျားတို့ လုပ်နေတာဟာ နွေဦးတော်လှန်ရေးလို့ မခေါ်ထိုက် အသက်ပေးလိုက်ရတဲ့ အာဇာနည်တွေ တမလွန်ကနေ ငိုကြွေးနေလိမ့်မယ်။ ကယ်တင်ရှင် မလာတာနဲ့ အားလျှော့စရာ အကြောင်းမရှိပါ။
ကိုယ်လုပ်ရမယ့် အရာတွေ ဖြစ်တဲ့ Participate CDM, Support CDM, Strike against Dictatorship, Support CRPH, Implement Local Civil Administration, Disobey Unjust Laws, Make Social Punishment ဆိုတာတွေ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ချိနဲ့ ပြိုလဲဖို့ ကိုယ်လုပ်စရာ ရှိတာ ကိုယ်လုပ်နိုင်တာ အကုန်လုပ်ရမယ်။ ကိုယ်ကလုပ်စရာရှိတာလုပ်မှသာလျှင် ကူမယ့်လူတွေက ကိုယ်လုပ်တဲ့ step တိုင်းမှာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ကူညီပါလိမ့်မယ်။
အခုဆိုရင် ကိုရီးယားရှေ့နေတွေက မအလနဲ့ အပေါင်းအပါတွေကို ICC မှာ စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းနေတာတွေ၊ နိုင်ငံခြားရောက် မြန်မာတချို့က သက်ဆိုင်ရာ နိုင်ငံတွေမှာ အာဏာသိမ်းကောင်စီကို Terrorist Group အဖြစ် ကြေညာ နိုင်ဖို့ ကြိုးပမ်းနေတာတွေလည်း တွေ့မှာပါ။ ဘာမှ အားငယ်စရာမရှိပါဘူး။ The world is watching ဆိုတာ ဘောပွဲကြည့်သလို ထိုင်ကြည့်နေတာ မဟုတ်ပါဘူး။ သူတို့ ကူနိုင်သမျှ ကူပေးနေတယ်။
တနည်းပြောရင် The world is with us ပါပဲ။ တာလီဘန်အကြမ်းဖက်အစိုးရတောင် ထောက်ခံအသိအမှတ်ပြုတဲ့ နိုင်ငံတွေ ရှိခဲ့တဲ့ ကမ္ဘာ့သမိုင်းမှာ ဘယ်နိုင်ငံခြားအစိုးရရဲ့ အသိအမှတ်ပြုမှုကို မှ မရတာ ဒီဖက်ဆစ် စစ်ကောင်စီပဲ ရှိပါတယ်။ ဒီတခုနဲ့တင် ကျနော်တို့ အနိုင်ဂိုးသွင်းထားပြီး ဖြစ်ပါတယ်။ အချိန်မစေ့ခင် ဂိုးပြန်သွင်းမခံရအောင် ခံစစ်ကောင်းကောင်းနဲ့ တောင့်ခံ ထားနိုင်ဖို့ပဲ လိုပါတယ်။
ဒီပွဲဟာ ဓမ္မနဲ့ အဓမ္မကြား Stamina နဲ့ တိုက်ရမယ့်ပွဲဖြစ်တယ်။ ကျနော်တို့ သက်လုံကောင်းဖို့လိုတယ်။ ရန်သူဟာ ပြည်တွင်းပြည်ပက အမျိုးမျိုးသော Pressure အောက်မှာ ရှိနေတယ်။ လက်နက်တခုပဲ ကိုယ့်ထက်သာပါတယ်။ ကမ္ဘာကြီးအပါအဝင် ကျန်တာ အကုန်လုံး ကျနော်တို့ ရထားပါတယ်။ အားမလျှော့ပါနဲ့။ ဆက်တိုက်ကြပါမယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောတဲ့စကားနဲ့ ဒီစာ နိဂုံး ချုပ်ပါမယ်။
ပြည်သူ သာလျှင် အဓိကပါ
အရေးတော်ပုံ အောင်ရမည်
Dr Phyo Zin Winn
Zawgyi
US တပ္ မလာဘူးဆိုလို႔ တခ်ိဳ႕က စိတ္ညစ္သြားတယ္ ဘာညာနဲ႔ ျဖစ္ကုန္ေတာ့ အရွိကို အရွိတိုင္း ျမင္ေအာင္ေတာ့ ေျပာျပခ်င္လို႔ ဒီစာကို ေရးပါတယ္။ ဘာေကာင္မွေတာ့ မဟုတ္ပါဘူး။ ကိုယ္ဉာဏ္မီသေလာက္ေပါ့ေလ။
Revolution စလုပ္ၿပီဆိုကတည္းက အဓိက စိတ္ထဲမွာ ျပင္ဆင္ထားရမွာ (၃) ခုရွိတယ္။
(၁) မင္းေလာင္း မေမၽွာ္ပါနဲ႔။
(၂) ကယ္တင္ရွင္ မေမၽွာ္ပါနဲ႔။
(၃) ကိုယ့္အားကိုယ္ကိုးၿပီး ကိုယ့္ကံၾကမၼာကိုယ္ဖန္တီးပါ။
နံပါတ္ (၁) အဆင့္ကို ျပည္သူေတြ ေအာင္ျမင္စြာ ေက်ာ္လႊားနိုင္ခဲ့တယ္။ မင္းေလာင္း မရွာခဲ့ဘူး။ စစ္တပ္အာဏာစသိမ္းတဲ့ ေန႔ကတည္းကစလို႔ Collective Leadership ပုံစံနဲ႔ နယ္ပယ္အသီးသီးမွာ လႈပ္ရွားမႈ ပုံစံ အသီးသီး လုပ္ေဆာင္ခဲ့ၾကတယ္။ ကိုမင္းကိုနိုင္တို႔လို လမ္းျပနိုင္သူ တခ်ိဳ႕ရဲ့ လမ္းျပဦးေဆာင္မႈကို ခံယူတာက လြဲလို႔ ဒီတိုက္ပြဲၿပီးရင္ ဘယ္သူကေတာ့ျဖင့္ မင္းျဖစ္သင့္တယ္လို႔ မင္းေလာင္းေရြးတာ ရွိမေနခဲ့ဘူး။
ဒီ တခ်က္နဲ႔ တင္ ျပည္သူေတြဟာ ေတာ္ေတာ္ေလး ရင့္က်က္လာၿပီ ျဖစ္တယ္လို႔ သုံးသပ္နိုင္တယ္။ အခုအခ်ိန္ထိ ဒီပုံစံနဲ႔ CDM ေတြ၊ Protest ေတြကို ထိန္းထားနိုင္တဲ့အတြက္ ေအာင္ျမင္မႈ လမ္းေၾကာင္းမွန္ေပၚမွာ အတိုင္းအတာတခုထိ ေရာက္ေနၿပီလို႔ ေျပာနိုင္ပါတယ္။
နံပါတ္ (၂) အဆင့္မွာေတာ့ ေက်ာ္လႊားနိုင္သူေရာ၊ မေက်ာ္လႊားနိုင္သူပါ (၄)မ်ိဳး(၄)စား ေတြ႕ရတယ္။
ပထမတမ်ိဳးက အိမ္ထဲမွာေန ဘုရားပဲရွိခိုးေနၿပီး အေမရိကန္လာကယ္ပါေစ ဆုေတာင္းေနတဲ့ သက္ႀကီးပိုင္းအုပ္စု ရွိတယ္။ သူတို႔ကိုလည္း အျပစ္မေျပာသာပါဘူး။ သူတို႔ အရြယ္အရ သိပ္မစြမ္းေတာ့လို႔ ကယ္တင္ရွင္ ေမၽွာ္တာ ယုတၱိရွိပါတယ္။ ဒီအမ်ိဳးအစားထဲမွာ ငယ္ငယ္ရြယ္ရြယ္ သန္သန္မာမာႀကီးနဲ႔ Keyboard fighter ေတာင္ မလုပ္ရဲဘဲ ကယ္တင္ရွင္ေမၽွာ္ေနတဲ့ ငပ်င္းငေၾကာက္တခ်ိဳ႕လည္း ပါတယ္။
ဒုတိယတမ်ိဳးက်ေတာ့ US/ UN လာကယ္မယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ လမ္းေပၚထြက္ ဆႏၵျပေနတဲ့သူေတြလည္း ရွိတယ္။ သူတို႔က်ေတာ့ အခုလို US တပ္က မလာဘူးဘာညာ သတင္းထြက္ေတာ့ စိတ္ဓာတ္က်တာ ျဖစ္ၾကတာေပါ့။
တတိယ တမ်ိဳးက်ေတာ့ US/ UN လာလာမလာလာ ကိုယ္လုပ္စရာရွိတာ လုပ္မယ္ ျပည္တြင္းအင္အားပိုအားကိုးတယ္၊ လာရင္လည္း ပိုေကာင္းမယ္ဆိုၿပီး ေမၽွာ္လင့္ခ်က္ေလး နည္းနည္းပဲ ထားတယ္။ အခုလို သတင္းထြက္လည္း အဲ့လူေတြက သိပ္ shock မျဖစ္သြားပါဘူး။ လုပ္စရာရွိတာ ဆက္လုပ္မွာပါပဲ။
စတုတၱတမ်ိဳးကေတာ့ အေနာက္အုပ္စုကို လုံးဝမေမၽွာ္၊ ဖိရင္ႂကြ ထိရင္ခ် လူထုသာ အဓိက ဆိုတဲ့ အုပ္စုေပါ့။ leftist ideology ကို ပိုအားသန္တဲ့ အုပ္စုလို႔ ဆိုရင္လည္း သိပ္မမွားဘူးေပါ့။
အဲ့ေတာ့ အခု ဒီ နံပါတ္(၂) အဆင့္မွာ တခ်ိဳ႕ ေက်ာ္နိုင္တယ္ တခ်ိဳ႕ မေက်ာ္နိုင္ဘူး။ ဒါေပမယ့္ အေရးေတာ္ပုံ တကယ္ ေအာင္ခ်င္ရင္ ဒီအဆင့္ကို ေက်ာ္နိုင္မွ ရပါမယ္။ ကယ္တင္ရွင္ကို zero-setting ထား၊ လုံးဝ မေမၽွာ္ဘဲ သြားတာ အေကာင္းဆုံးပါ။
အခုကယ္တင္ရွင္ေမၽွာ္သူေတြက ဘာျဖစ္ေနလဲ ဆိုေတာ့ UN ကယ္ပါ၊ US ကယ္ပါ၊ လူမ်ိဳးစုလက္နက္ကိုင္ေတြ ကယ္ပါ၊ ေနာက္ဆုံး တခ်ိဳ႕ေတြ ေနေရႊေသြးေအာင္ post ေတြမွာ ဘႀကီးေရႊ နားခ်ေပးပါ၊ ျပည္သူဘက္က ရပ္တည္ေပးပါတို႔ သြားေျပာတာေတြက ရွိေသးတယ္။ အေပၚသုံးမ်ိဳးေအာ္တာကို နားလည္ေပးလို႔ရေပမယ့္ ဘႀကီးေရႊကယ္ပါ သမားေတြကေတာ့ တကယ္ ပုစြန္ဦးေႏွာက္လို႔ပဲ ေျပာခ်င္ပါတယ္။
အေပၚသုံးခုလည္း အရမ္းေကာင္းလွတယ္ေတာ့ မဟုတ္ပါဘူး။ UN က လာရင္ေတာင္ Process မ်ားလို႔ အခ်ိန္ၾကာပါတယ္။ ဒါဆို US ေရာ? US ကို ကယ္ပါ ဆိုေတာ့ US နိုင္ငံသားေတြက ျပန္ေျပာတာေပါ့၊ ငါတို႔ရဲ့ တန္ဖိုးရွိတဲ့ စစ္သားေတြကို မင္းတို႔ လြတ္ေျမာက္ဖို႔ အေသခံခိုင္းခ်င္တာလားေပါ့။ အဲ့လိုဆိုေတာ့ ျပည္မက လူေတြ အခု ခံစားေနရတာ အတြက္ ကူရာကယ္ရာ မရွိေတာ့ဘူးလားေပါ့။
ဒီေနရာမွာ က်ေနာ္ ဘာလို႔ ကူရာ ကယ္ရာလို႔ သုံးလဲ။ (၂)ပိုင္းခြဲေျပာခ်င္လို႔ပါ။ က်ေနာ္တို႔မွာ ကယ္ရာ (ကယ္တင္ရွင္) မရွိပါ၊ သို႔ေသာ္ ကူရာ (ကူညီမယ့္သူ) ေတြ ရွိပါတယ္။ ဘယ္သူေတြက ကူမွာလဲဆိုရင္ အေပၚက ေျပာခဲ့တဲ့ အင္အားစု အားလုံးက ပါပဲ။
UN ကူညီေနပါတယ္။ Strong Condemnation ေတြ လုပ္တယ္။ Human Right Violations ေတြအတြက္ စုံစမ္းစစ္ေဆးဖို႔ အထူးအႀကံေပး အဖြဲ႕ေတြ ဖြဲ႕တယ္။ အထူးသံတမန္ ေစလႊတ္တယ္။ ျမန္မာ သံအမတ္ႀကီးကို အသိအမွတ္ျပဳေပးတယ္။ အာဏာသိမ္းစစ္ေကာင္စီကို အသိအမွတ္မျပဳဘူး။ ဒါေတြဟာ သံတမန္နည္းအရ ကုလရဲ့ အကူအညီေပးမႈေတြပါပဲ။
US ဘာေတြ ကူညီလဲ၊ Targeted Sanctions ခ်တယ္ (ျပည္သူကို မထိပါ)။ လက္နက္ေရာင္းခ်ခြင့္ ပိတ္တယ္။ CRPH နဲ႔ NLD အစိုးရကိုသာ အသိအမွတ္ျပဳေၾကာင္း ေၾကညာတယ္။ စစ္ေကာင္စီကို သူ႔မဟာမိတ္နိုင္ငံေတြနဲ႔အတူ ပူးေပါင္းရႈတ္ခ်တယ္။ အသိအမွတ္မျပဳဘူး။ စစ္ေကာင္စီရဲ့ ေနာက္ကႀကိဳးကိုင္သူ တ႐ုတ္ကို ေတာင္တ႐ုတ္ပင္လယ္မွာ မလႈပ္နိုင္ေအာင္ လည္မ်ိဳနင္းထားတယ္။ ဝီဂါအေရးဟာ Genocide ေျမာက္ေၾကာင္းေၾကညာၿပီး အုပ္ႀကီးရွီကို ခ်ီတုပ္လိုက္တယ္။ ဒါေတြဟာ US ရဲ့ ကူညီမႈေတြပါပဲ။
လူမ်ိဳးစု လက္နက္ကိုင္ေတြထဲမွာဆိုရင္ KNU ဟာ လူထု ဆႏၵျပပြဲေတြမွာ လူထုကို တတ္နိုင္သမၽွ ကာကြယ္ေပးတယ္။ တခါတရံ စစ္တပ္က နယ္ကၽြံလာရင္ အရင္ကဆို ဆက္ဆံေရး႐ုံးေတြ အေၾကာင္းၾကား ေျခာက္လွန႔္ပစ္ခတ္တာေလာက္ပဲ လုပ္ေပမယ့္ အခုဆို နည္းနည္း ကၽြံရင္ ကၽြံသလို အေပ်ာက္ေဆာ္ေနတာ သိမွာပါ။
KIA ကေတာ့ ျပည္မကလူေတြနဲ႔ ဘဝတူပါပဲ။ ျမစ္ဆုံျပန္စနိုင္ေရးနဲ႔ တ႐ုတ္ျမန္မာနယ္စပ္လမ္းေၾကာင္း ရွင္းလင္းနိုင္ေရးအတြက္ အသည္းအသန္ ထိုးစစ္ဆင္တာ ခံေနရတယ္။ တေလွတည္း မစီးခ်င္ရင္ေတာင္ စီးမိရက္သား ျဖစ္ေအာင္ ဖက္ဆစ္တပ္က တြန္းပို႔ေနတယ္။ ဒီရက္ပိုင္း KIA တြယ္ထည့္လိုက္လို႔ စစ္ေခြးေတြက်သြားတာေတြ သတင္းဖတ္မိမွာပါ။
ဒါေတြဟာ လူမ်ိဳးစုလက္နက္ကိုင္ေတြဘက္က တတ္နိုင္သမၽွ ကူညီေပးေနျခင္းပါ။ လူမ်ိဳးစု လက္နက္ကိုင္ေတြ ေပါင္းၿပီး ေနျပည္ေတာ္ တက္သိမ္းဖို႔ေတာ့ မေမၽွာ္ပါနဲ႔။ ခုနက ေျပာသလိုပါပဲ။ သူတို႔လည္း မကယ္နိုင္ပါဘူး။ ကူ႐ုံပဲ ရပါတယ္။
ဆိုေတာ့ကာ အခု US က ျမန္မာေတြကို ေပးခ်င္တဲ့ message က တတိယအဆင့္ျဖစ္တဲ့ ကိုယ့္အားကိုယ္ ကိုးၿပီး ကိုယ့္ကံၾကမၼာကိုယ္ ဖန္တီးပါဆိုတာပါပဲ။ US တပ္ မဝင္လာဘူးဆိုတာနဲ႔ စိတ္ဓာတ္က်မယ္ဆိုရင္ ခင္ဗ်ားတို႔ လုပ္ေနတာဟာ ေႏြဦးေတာ္လွန္ေရးလို႔ မေခၚထိုက္ အသက္ေပးလိုက္ရတဲ့ အာဇာနည္ေတြ တမလြန္ကေန ငိုေႂကြးေနလိမ့္မယ္။ ကယ္တင္ရွင္ မလာတာနဲ႔ အားေလၽွာ့စရာ အေၾကာင္းမရွိပါ။
ကိုယ္လုပ္ရမယ့္ အရာေတြ ျဖစ္တဲ့ Participate CDM, Support CDM, Strike against Dictatorship, Support CRPH, Implement Local Civil Administration, Disobey Unjust Laws, Make Social Punishment ဆိုတာေတြ ဆက္လုပ္ရမွာ ျဖစ္ပါတယ္။ စစ္အာဏာရွင္စနစ္ ခ်ိနဲ႔ ၿပိဳလဲဖို႔ ကိုယ္လုပ္စရာ ရွိတာ ကိုယ္လုပ္နိုင္တာ အကုန္လုပ္ရမယ္။ ကိုယ္ကလုပ္စရာရွိတာလုပ္မွသာလၽွင္ ကူမယ့္လူေတြက ကိုယ္လုပ္တဲ့ step တိုင္းမွာ တိုက္ရိုက္ေသာ္လည္းေကာင္း သြယ္ဝိုက္၍ေသာ္လည္းေကာင္း ကူညီပါလိမ့္မယ္။
အခုဆိုရင္ ကိုရီးယားေရွ႕ေနေတြက မအလနဲ႔ အေပါင္းအပါေတြကို ICC မွာ စြဲခ်က္တင္နိုင္ဖို႔ ႀကိဳးပမ္းေနတာေတြ၊ နိုင္ငံျခားေရာက္ ျမန္မာတခ်ိဳ႕က သက္ဆိုင္ရာ နိုင္ငံေတြမွာ အာဏာသိမ္းေကာင္စီကို Terrorist Group အျဖစ္ ေၾကညာ နိုင္ဖို႔ ႀကိဳးပမ္းေနတာေတြလည္း ေတြ႕မွာပါ။ ဘာမွ အားငယ္စရာမရွိပါဘူး။ The world is watching ဆိုတာ ေဘာပြဲၾကည့္သလို ထိုင္ၾကည့္ေနတာ မဟုတ္ပါဘူး။ သူတို႔ ကူနိုင္သမၽွ ကူေပးေနတယ္။
တနည္းေျပာရင္ The world is with us ပါပဲ။ တာလီဘန္အၾကမ္းဖက္အစိုးရေတာင္ ေထာက္ခံအသိအမွတ္ျပဳတဲ့ နိုင္ငံေတြ ရွိခဲ့တဲ့ ကမၻာ့သမိုင္းမွာ ဘယ္နိုင္ငံျခားအစိုးရရဲ့ အသိအမွတ္ျပဳမႈကို မွ မရတာ ဒီဖက္ဆစ္ စစ္ေကာင္စီပဲ ရွိပါတယ္။ ဒီတခုနဲ႔တင္ က်ေနာ္တို႔ အနိုင္ဂိုးသြင္းထားၿပီး ျဖစ္ပါတယ္။ အခ်ိန္မေစ့ခင္ ဂိုးျပန္သြင္းမခံရေအာင္ ခံစစ္ေကာင္းေကာင္းနဲ႔ ေတာင့္ခံ ထားနိုင္ဖို႔ပဲ လိုပါတယ္။
ဒီပြဲဟာ ဓမၼနဲ႔ အဓမၼၾကား Stamina နဲ႔ တိုက္ရမယ့္ပြဲျဖစ္တယ္။ က်ေနာ္တို႔ သက္လုံေကာင္းဖို႔လိုတယ္။ ရန္သူဟာ ျပည္တြင္းျပည္ပက အမ်ိဳးမ်ိဳးေသာ Pressure ေအာက္မွာ ရွိေနတယ္။ လက္နက္တခုပဲ ကိုယ့္ထက္သာပါတယ္။ ကမၻာႀကီးအပါအဝင္ က်န္တာ အကုန္လုံး က်ေနာ္တို႔ ရထားပါတယ္။ အားမေလၽွာ့ပါနဲ႔။ ဆက္တိုက္ၾကပါမယ္။
သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေျပာတဲ့စကားနဲ႔ ဒီစာ နိဂုံး ခ်ဳပ္ပါမယ္။
ျပည္သူ သာလၽွင္ အဓိကပါ
အေရးေတာ္ပုံ ေအာင္ရမည္
Dr Phyo Zin Winn